Facebook ဟာ လူမှု ကွန်ယက်တွေ ရဲ့ အင်ဂျင်စက်ကြီး ( the Google) တစ်ခုဖြစ် လာနေ ပါပြီ။ သင့်ရဲ့ status ကို အခုပဲ Update မလုပ် ဘူးဆိုရင် ဓါတ်ပုံတွေ ကို တင်တာ၊ (သို့) ထူးခြားတဲ့ မေးခွန်းမျိုးစုံတွေ ကို ရရှိပါ လိမ့်မယ်။
ဘယ်သူ့ကို မှပြောလေ့ မရှိတဲ့ ကျွနိုပ်တို့ ရဲ့ ကိုယ်ရေး သတင်း အချက်အလက်တွေ ကို တင်ကြ တယ်။ နောက် ပြီး ကျွနိုပ်တို့ ရဲ့ ကိုယ်ရေး အသေးစိတ် အချက်အလက်တွေ ကို မှန်မှန် ကန်ကန် ထည့် သွင်းပေးနေ သရွေ့ လုံခြုံစိတ်ချရတယ်၊ ကိုယ့် သူငယ်ချင်း အချင်းချင်း ဆက်သွယ်ရာမှာ အဆင်ပြေတယ်လို့ ထင်တတ်ကြတယ်။
ပြဿ နာ က ကျွန်ုပ်တို့ရဲ့ သတင်းအချက် အလက်တွေ ကို
ဘယ်သူတွေ ၀င်ရောက်ကြည့် ရှုနေကြ သလဲ ဆို တာ ဘယ်လိုမှ မသိနိုင်ပါဘူး။
သင်နှင့် သင့် မိသားစု ဘေးကင်း လုံခြုံမှု ရှိဖို့ အတွက် သင့် facebook ပေါ် ထည့် မတင် သင့်တဲ့ အချက် အလက် အချို့ ရှိပါတယ်။
Facebook နှင့် တခြား လူမှု ကွန်ယက်တွေပေါ် ကနေ ဖယ်ထုတ် သင့်တာ (သို့) မတင်သင့် တဲ့ အချက် (၅) ချက် က ။
(၁) သင်နှင့် သင့် မိသားစု မွေးနေ့ အပြည့်အစုံ
ကျွန်ုပ်တို့ အားလုံး Facebook စာမျက်နှာပေါ် ကိုယ့် သူငယ်ချင်းတွေဆီ က “Happy birthdays” ကို ရချင်ကြ တယ်။ လူတွေ က ကိုယ့် ကို သတိတရ ရှိနေကြတယ်၊ ကိုယ့်ရဲ့နေ့ထူးနေ့မြတ် မှာ ဂရုစိုက်ပြီး စာတွေရေးပေး ကြ တယ်ဆိုတဲ့ အသိ ကို ရင်ထဲ ခံစားရရှိစေတယ်။
ပြဿ နာက သင်မွေးနေ့မွေးရက်တွေ ကို ဖော်ပြလိုက်တဲ့ အချိန်မှာ ကိုယ်ရေး အချက် အလက် ခိုးယူ ရ ရှိနိုင်အောင် တစ်စိတ် တဒေသ ကို အထောက် အကူပေးလိုက် သလိုဖြစ်နေပါတယ်။ နေ့ရက် ကို လုံးဝ မထည့် သွင်းတာ အကောင်းဆုံးပဲဖြစ်တယ်။ တကယ် လို့ ထည့်မယ် ဆိုရင် အနည်းဆုံး ခုနှစ်လောက် ကိုချန် လတ်ထားလိုက်ပါ။ သူငယ်ချင်း စစ်စစ်တွေ က သိရင် သိလောက် မှာပါ။
(၂) သင့်ရဲ့ Relationship Status
သင့်မှာ တစ်စုံ တစ်ယောက် နဲ့ ဆက်နွယ်မှု ရှိရှိ၊ မရှိရှိ အဲဒါ ကို လူတိုင်း သိနိုင်အောင် မလုပ်မိဖို့ အရေးကြီး ပါ တယ်။ သင့် ရဲ့ Status ကို single ပြောင်းလိုက်မယ် ဆိုရင် စိမ်းရောင်လေးပြပေးမှာ ဖြစ်တယ်။
(၃) သင့် ရဲ့ လက်ရှိ တည်နေရာ
တစ်ရက် ၂၄ နာရီ အတွင်း သင် ဘယ်နားရောက်နေသလဲ ဆိုတာ သိရှိစေနိုင် တဲ့ Facebook ပေါ်က (Location tagging feature) တည်နေရာဖော်ပြပေး တဲ့ အချက်အလက် ကို ကြိုက်နှစ် သက်သူတွေ အများ အပြား ရှိကြတယ်။
အိမ်မှာ မရှိဘူး၊ အပန်းဖြေ ခရီးသွားနေတယ် လို့ ပြောလိုက် location feature ထည့်ထား တယ် ဆိုရင် ခရီးမိုင် ဘယ်လောက်ဝေးတယ် ဆိုတာ သိသွားပြီး သင့် အိမ်ဖောက်ထွင်း ခံရနိုင်ပါတယ်။ ကိုယ်ရှိတဲ့နေရာ ကို ဘယ်တော့မှ မပြောပါနဲ့။ ခရီးသွားနေတဲ့ အချိန် ရိုက်ထားတဲ့ ဓာတ်ပုံ များကိုလည်း တင်ချင်ရင် အိမ်ရောက်ပြီး မှ တင်ပါ။
(၄) ကလေးတွေ သာ အိမ်မှာ ရှိနေကြောင်း သိစေတဲ့ အချက်
မိဘတွေ က ကလေးတွေသာ အိမ်မှာ ရှိနေကြောင်း သိစေတဲ့ အချက် အလက်တွေ ကို မထည့်သွင်း မိဖို့ အရေးကြီး ပါတယ်။ ကိုယ့် သူငယ်ချင်း အချင်းချင်း ကသာ ကိုယ့် status ကို ၀င်ကြည့်နိုင်မယ် လို့ ထင်ကောင်း ထင်မိ ပါလိမ့်မယ်။ ကိုယ့် account ထဲ ကို ဘယ်သူ ၀င်ကြည့်နေလဲ ဆိုတာ မသိနိုင်ပါဘူး။
(၅) နာမည်ဖော်ပြထားတဲ့ ကလေးတွေ ရဲ့ ဓာတ်ပုံများ
ကျွန်ုပ်တို့ ကလေးတွေကို ချစ်တော့ ဟုတ်ပါတယ်။ သူတို့ အတွက် ဆိုရင် ဘာမဆို လုပ်ပေးကြတယ်။ လူ အများ စု က ကလေးတွေရဲ့ ဓာတ်ပုံတွေ ကို နာမည်နဲ့ တကွ (သို့) ဗီဒီယို ဖိုင်တွေကို facebook ပေါ် တင်သင့် မတင်သင့် တချက်မှတောင် မစဉ်းစားကြဘဲ ချက်ချင်းကောက်တင် လိုက်ကြတာပါပဲ။
မိဘ ၁၀ ဦး တွင် တစ်ဦး က သူတို့ ကလေးတွေ ရဲ့ မွေးနေ့၊ မွေးတဲ့ အချိန်က အစ အသိ အကျဖော်ပြ ထား တယ် ။ သူတို့ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးတွေ ရဲ့ ပုံတွေ ပါ တင်ကြတယ်။ အဲဒီလို အချက်အလက် မျိုးတွေ ကို ကိုယ့်ကို အနောက်ယှက်ပေးချင်တဲ့ သူတွေကနေ အသုံးပြုခံရနိုင်ပါတယ်။
Ref:...Trend Myanmar
From... သတင်းဘုရင်

No comments:
Post a Comment