နိမ့်ချည်တစ်ခါ မြင့်ကာ တစ်လှည့်
ညီခဲ့ တစ်ဖုံ စောင်းကြုံ တစ်ဖန်
သံသရာကြော လမ်း သဘောကို
သင်ရော အသိ ငါလည်း သိ၏ … ။
ငယ်ရွယ်စဉ် ကား လုလင် များမို့
ဝေးဝါး ဟစ်အော် ပျော်ပျော် ပါးပါး
လူထု ကြားဝယ် နားသူငယ်နှင့်
လမ်းဘယ် မမြင် လှုပ်ရှား ငင်လျှက်
ရှုပ်ယှက်ဗျာများ ခဲ့ဖူးပြီ… ။
ယခု မူကား ပျော်ပါး မမင်
အောင်မှု ခင်၍ သက်ပင်သေသေ
ရိုးကြေကြေ ဟု လမ်းရှည်ကိုဖောက်
ကိုယ်တည်းလျှောက် ကာ သာယာမှုကို ယူတော့မည်… ။
ရွှေဂျိုးဖြူ
From... World Myanmar
No comments:
Post a Comment