တိုကျို၊ ဖေဖော်ဝါရီ ၂။ ။ အစ္စလာ မ္မစ်နိုင်ငံတော် အိုင်အက်စ်
စစ်သွေး ကြွများက ဒုတိယမြောက် ဂျပန်နိုင်ငံ သား ဓားစာခံ ဂျာနယ်လစ်
တစ်ဦးကို သတ်ဖြတ်ကြောင်းပြော ကြားခဲ့သည့် ဗီဒီယို တစ်ခု ထုတ်လွှင့်ခဲ့
ပြီးနောက်ပိုင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ယင်းသို့ ရက်စက်စွာ
သတ်ဖြတ် ခဲ့ခြင်း အပေါ်ပြင်းပြင်း ထန်ထန်ရှုတ် ချလိုက်ပြီး ''အကြမ်း
ဖက်သမားများအား ၄င်းတို့ လုပ်ဆောင်ခဲ့သမျှတိုင်း အတွက် ပြန်လည်ပေး
ဆပ်ခိုင်းမည်'' ဟုကတိပြုပြော ကြားသွားသည်။
အစွန်းရောက် အကြမ်းဖက်မှု များနှင့် ရင်ဆိုင် ခဲ့ရချိန်တွင်
အနောက်နိုင်ငံ များ မှခေါင်းဆောင် များ က ထိုကဲ့ သို့ကြွေးကြော်မှု
များရှိခဲ့သော် လည်း လက်ရှိ အချိန်ထိ ၄င်းတို့နှင့် စစ်သွေးကြွများ အကြား
ထိပ်တိုက်တွေ့ ဆုံမှုမျိုး ကိုတွေ့မြင် ရသေးခြင်း မရှိသေးပေ။စစ်သွေးကြွ များ ၏ ဓားစာခံ အဖြစ် ဖမ်းဆီး ခံခဲ့ရသော ဂျပန်နိုင်ငံ သား ကန်ဂျီဂိုတို နှင့် ဟာရူနာ ယူကာဝါ တို့ သတ်ဖြတ် ခံခဲ့ ရပြီးနောက်ပိုင်း ထိုကဲ့သို့ ဝန်ကြီးချုပ် အာဘေးက လက်တုန့်ပြန်မည် ဟုပြောကြား လိုက်ခြင်း သည် စစ်ရေးဆိုင်ရာ ရှေးရိုးစွဲဝါဒီ နိုင်ငံတွင် အံအားသင့် စရာဖြစ်ခဲ့ရသည်။
ကာလကြာ ရှည်စွာ စစ်ဆန့် ကျင်ရေး လမ်းစဉ် ကျင့် သုံးခဲ့သောနိုင်ငံ အတွက် ယခုအကျပ် အတည်းသည် အရေး ပါသော အပြောင်း အလဲ တစ်ခု လည်းဖြစ် သွားနိုင်သည်။
၁၂ ရက် တာ ဓားစာခံ ဖမ်းဆီး ခံရမှု ကာလ အဆုံးသတ် ပိုင်းတွင် ဒုတိယမြောက် ဓားစာခံ ဂိုတို သတ်ဖြတ်ခံ လိုက်ရပြီးနောက် အမေရိကန်နှင့် ယင်း၏ အနောက် အုပ်စု မဟာမိတ် များကြုံတွေ့ ခဲ့ရသော အကြမ်းဖက်မှု ပုံစံ များနှင့် ကင်းလွတ် ခဲ့ပြီး ငြိမ်းချမ်း တိုးတက်သော ဂျပန်နိုင်ငံ အတွက် ကမ္ဘာကြီး သည် ရုတ်ခြည်း ပင် ပိုမို အန္တရာယ် ကြီးမားသောနေရာ တစ်ခုနှင့် တူလာ ခဲ့သည်။
ဂျပန်တို့ ယခုကြုံတွေ့ ခဲ့ရသည့် အဖြစ် အပျက် ပုံစံ သည် ၉/၁၁ တိုက်ခိုက်မှုဖြင့် အမေရိကန် တို့ ကြုံတွေ့ ခဲ့ရ မှု သို့မဟုတ် ယမန် လကပြင်သစ်နိုင်ငံ၊ ချာလီဟက် ဒို မဂ္ဂဇင်း တိုက်နှင့် ဂျူး စူပါမားကက် တို့ အကြမ်းဖက် တိုက် ခိုက်ခံ ရမှုမျိုးနှင့် အလား သဏ္ဍာန် တူကြောင်း အချို့ကပြောသည်။
''ဒါဟာ ဂျပန်တွေ အတွက် ၉/၁၁ တိုက်ခိုက်မှု ပါပဲ။ ဂျပန်တွေ အနေနဲ့ သူတို့ရဲ့ စိတ် ရင်းစေတနာကောင်းလေးတွေ ၊ မြင့်မြတ် တဲ့ ရည်ရွယ်ချက်တွေ က အန္တရာယ် ကြီးမား တဲ့ ကမ္ဘာပေါ်ရဲ့ တခြားနေ ရာတွေ ကနေ နိုင်ငံကို ကာကွယ်နိုင် လိမ့်မယ် လို့ အိပ်မက် မက်နေတာကို ရပ်ဖို့ အချိန်ကျပါပြီ''ဟု ဂျပန် သံတမန် တစ်ဦးဖြစ်ခဲ့ ဖူးသူ ကူနီဟီကို မီယာကီ ကပြောကြား သွားသည်။
Written by သည်တိုင်းမ်အော့ဖ် အိန္ဒိယ
From... http://www.searchmyanmar.com/link/frame/cid/46822
No comments:
Post a Comment