အမေရိကန်နိုင်ငံ မှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ် စခန်းမှာ
လေ့ကျင့်ခန်း ဆင်းနေတဲ့ ဗုံးကြဲလေ ယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့်
ပျောက် ဆုံးသွားတယ်။ စုံစမ်းဖို့ လေယာဉ် - ၅ စင်း ထပ်လွတ် လိုက်တယ်။ ၅ -
မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေ့ အချိန်ထိ ပေါ်မလာခဲ့ကြပေ။
၁၉၇၀ ခုနှစ်က သံမဏိ တန်ချိန် - ၂ သောင်းကျော် တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာ ထဲမှာ ပျောက်ဆုံး ခဲ့တယ်။ အီတလီနိုင်ငံ ဘိုလော့နာမြို့မှာ ရထား တစ်စင်း ဟာ လူ - ၁၃၇ ယောက် တင်ပြီး ၁၅ - မိနစ် သာ ဖြတ် သန်းသွား ရတဲ့ လှိုဏ်ခေါင်းထဲ ဝင်သွားတာ ပျောက်ဆုံး သွားပြီး ၄၂ - နှစ်ကြာ မှ ပြန်ပေါ်လာ ခဲ့တယ်။
ရထားပေါ် က ပါသွားသူတွေ ဟာ အသက်ကြီး မသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့ အချိန်က အရွယ်ပဲ၊ သူတို့ ကိုမေးတော့လည်း ဘာမှ မေးလို့ မရဘူး။ သိပ္ပံပညာရှင်တွေက time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန် မဲ့သော နေ ရာတဲ့။
၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါ က ခရီးသည်လေယာဉ် တစ်စင်း ဟာ ပျံတက်ပြီး ပျောက်ဆုံး သွားခဲ့ ကာ၊ ၁၉၉၀ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံးသွား ခဲ့တယ်။
သိပ္ပံပညာရှင်တွေ က ခရီးသည်တွေ ရဲ့ ဒီအန်အေ ကို စစ်ကြည့်တော့ မအိုကြောင်း အတည်ပြု ထောက် ခံပေး ခဲ့တယ်။ သူတို့ ကိုမေးတော့ သူတို့ ဘာမှ မသိပါဘူးတဲ့။
ဒုတိယ ကမ္ဘာစစ် တုန်းက မြန်မာနိုင်ငံ ရခိုင် ရိုးမတောကြီးထဲ မှာ မဟာမိတ်တပ်ကြီး တစ်တပ် လုံး ပျောက် သွား ခဲ့တယ်။ အင်္ဂလိပ် ဝန်ကြီးချုပ် ချာချီ ကိုယ်တိုင် ကမ္ဘာ့စစ်ရေး မှာ မကြုံဘူးသော ထူးဆန်း သည့် အကြောင်း အရာတခုဟု မှတ်ချက်ပြုပေးခဲ့တယ်။ သူတို့လည်း ခုချိန်ထိ ပေါ်မလာကြသေးဘူး။
ဘုရားရှင် လက်ထက် က ပျောက်ဆုံးမှုများ
ဘုရားရှင် မပွင့်မီ နှစ်ပေါင်း - ၇၀၀ အလို က ပြိတ္တာ တစ်ဦးဟာ လူယောင် ဖန်ဆင်းပြီး၊ သူ့ ရဲ့မယားဟောင်း ကို ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားတွေပေး ကာ မိဘတွေ ဆီက တောင်ယူပြီး ခေါ်သွားခဲ့တယ်။
၇ - နှစ်လောက် ကြာတော့ မယားက ပြန်ချင် တယ်ပြောတော့ ပြိတ္တာ က ပြန်ဖို့ မဖြစ်နိုင်ကြောင်း၊ လူ့ အသက် နဲ့ ဆို နှစ်ပေါင်း - ၇၀၀ ကြာမြင့် သွားပြီဖြစ်ကြောင်း ပြောပြတော့၊ မယုံကြည်တဲ့ အတွက် အတင်းပြန် ပို့ခိုင်း တယ်။
ပြိတ္တာလည်း ပြန်ပို့ တဲ့ အခါမှာ သူနေ ခဲ့တဲ့နေရာတွေ ဟာ မမှတ်မိတော့ပဲ ဘုရားရှင် ပွင့်ထွန်းတဲ့ အချိန်ဖြစ်နေတော့ အမျိုးသမီး လည်း ဘုရားရှင် ကို လျှောက်ထားတော့ ထွက်သွား ချိန်ဟာ နှစ်ပေါင်း - ၇၀၀ ကြာသွား တာ ဟုတ်မှန်ကြောင်းဖြေကြားပြီး၊ ပြိတ္တာဘုံ နဲ့ လူဘုံ ရဲ့ အချိန် ကွာခြားမှုကြောင့် ဆိုတာ ကို ဟောကြားတော်မှုခဲ့တယ်။
အမျိုးသမီးလည်း ကြောက်လန့် တုန်လှုပ်ပြီ မိမိ ဝတ်ဆင် ထားသော လက်ဝတ် ရတနာ များကို ရောင်းချကာ ဘုရားရှင်အား ကျောင်းဆောက် လှူ တန်းလိုက်တယ်။ သေလွန်တော့ အထက်နတ်ပြည် ကို ရောက်သွားခဲ့ တယ်။
နောက် တစ်ခုကတော့ ဗာရာဏသီ မင်းကြီးသည် ပြိတ္တာမတွေ ဖျားယောင်းပြီး ရေထဲမျောလိုက် တဲ့ သရက် သီး ကို လိုချင်လို့ လိုက်သွား ခဲ့ရာမှ ပြိတ္တာမတွေနဲ့ ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၁၅၀ ကြာသွား ခဲ့တယ်။
နောက်တစ်ခါ ကုန်သည် တစ်ယောက်ဟာ အခြားကုန်သည်တွေ နဲ့ ကုန်ကူး သွားတုန်း မယားက ပြိတ္တာ အာနုဘော် နဲ့ လှေ ကို တားထားပြီး မဲနှိုက်တဲ့ အခါမှာ သုံးခါစလုံး သူချည်း ကျတဲ့ အတွက် ရေထဲ ကိုပစ်ချ ခံခဲ့ရတယ်။
ရေထဲ သို့ မကျမီ မှာ ပြိတ္တာ က ခေါ်ယူသွားပြီး ပေါင်းသင်းနေထိုင် လိုက်တာ နှစ်ပေါင်း - ၅၀ ကျော် ကြာသွား ခဲ့ တယ်။ မြန်မာပြည် က ဦးရှင်ကြီး ဝတ္တူ ကလည်း အဲဒီ သဘောမျိုးပါပဲ။
တကယ်တော့ ကမ္ဘာ က အဖြေ မထုတ် နိင်ဘူး ဆိုတာဟာ ဗုဒ္ဓဘာသာဝင် မဟုတ် တာလည်း တစ်ကြောင်း ၊ နောက် တခါ ဖြစ်တဲ့ အကြောင်း အရာဟာ ဘုရားရှင်တို့ မှသာလျှင် ဖြေရှင်းနိုင်တဲ့ အရာဖြစ်လို့ အဖြေ မထုတ်နိုင်ကြတာပါ။
ဘုရားရှင် က ကိစ္စတစ်ခု ကို ယုံကြည် ဖို့ရန် အကြောင်း သုံးချက် နဲ့ ညှိရ မယ်တဲ့။ ထို အချက် သုံးချက်ကတော့ -
၁။ မျက်မြင် ကိုယ်တွေ့ အားဖြင့်၎င်း၊
၂။ ဝေဖန် ဆင်ခြင်ဉာဏ် အားဖြင့်၎င်း၊
၃။ဘုရားရှင် တို့၏ ဟောပြောမှုကြောင့်၎င်း၊ ယုံကြည်ရမယ်တဲ့။
ဒီဖြစ်စဉ်တွေ က သက်သေပြချက် မရှိဘူး။ စဉ်းစားဝေဖန် လို့လဲ မရဘူး။ ဘုရားရှင် တို့၏ ဉာဏ်တော် အရ သာ ဖြစ်တဲ့ အတွက်ကြောင့်မို့ အဖြေ မရှိကြတာပါ။
ဒါ့ကြောင့် လည်း အိုင်းစတိုင်း က ပြောခဲ့ တာပေါ့။ သိပ္ပံပညာရှင်တွေ မဖြေရှင်းနိုင်တဲ့ အရာကို ဗုဒ္ဓဘာသာ က ဖြေရှင်းပေးလိမ့် မယ် တဲ့။ တကယ်တော့ ဘုရားရှင် ရဲ့ ဂုဏ်တော်ကိုးပါး ထဲက ‘လောကဝိဒူ’ဆိုတဲ့ ဂုဏ်တော် ဟာ လောက အကြောင်း အကုန်သိတယ်လို့ ပြောတာပါ။
ဗုဒ္ဓဘာသာဝင် များ လည်း မိမိတို့ ဘာသာ ၏ တန်ဘိုး ကို နားလည်နိုင်ကြပါစေခင်ဗျာ . . .
ရှယ် ပေးကြပါဦးဗျာ။ လိုက်လိုချင် လို့ မဟုတ်ပါဘူး။ လူတွေ ကို ပိုသိစေချင် လို့ပါ။
Ko TharDu
ကောင်းသန့် စာပေ
FB wall

No comments:
Post a Comment