လူသုံး တွင်ကျယ် သည့် email ဝန်ဆောင်မှု တွင် ၇၄ ခုမြောက် ဘာသာ စကား ထပ်ဖြည့်ခြင်း အနေဖြင့်မြန်မာ ဘာသာ စကား ကို Gmail တွင် အသုံးပြုနိုင် ပြီဖြစ်ကြောင်း Google ကဖေဖော်ဝါရီ ၂၅ ရက် က ထုတ်ပြန် ခဲ့သည်။
“လူဦးရေ ၅၃ သန်း ဝန်း ကျင်ရှိ တဲ့မြန်မာနိုင်ငံ မှာ အွန်လိုင်း သုံးစွဲမှု က များပြား လာနေပါတယ်။ ၂၀၁၁ ခုနှစ် တွင်းမှာ အင်တာနက် သုံးစွဲနိုင်သူ ၅၀၀၀၀၀ သာ သာလောက် သာ ရှိလို့ လူဦးရေ ရဲ့ တစ်ရာ ခိုင်နှုန်းတောင် မပြည့် မီ ခဲ့ပါဘူး။ ”ဟု Google ၏ ထုတ်လုပ်ရေး မန်နေဂျာ ဘရိန်း ကမ်မလာ က ဘလော့ဂ် တွင်ရေး သား ခဲ့သည်။
မိုဘိုင်းဖုန်း သုံးစွဲနိုင် မှု တိုးပွား လာခြင်းကြောင့်မြန် မာပြည်သူတွေ ရဲ့ အွန်လိုင်း သုံးစွဲမှု က ၂ဒသမ၆ သန်း အထိ တိုးပွား လာ ခဲ့ကြောင်း ၎င်းကပြောသည်။ “Google ကမြန်မာနိုင်ငံ က သုံးစွဲ သူတွေ မိခင် ဘာသာ စကား နဲ့ အသုံးပြုနိုင်အောင် လုပ်ဆောင် တဲ့ အပေါ် ကျွန်တော်တို့ အဖွဲ့ က ပိုပြီးသေချာ ခိုင်မာ မှုရှိအောင် ခက်ခက် ခဲခဲ လုပ်ဆောင်နေ တာဖြစ်ပါတယ်။”ဟု ကမ်မလာ က မှတ်ချက်ပြု စကား ဆိုသည်။