သင်္ကြန် တွင် ယခင် နှစ်များက ပုံမှန်ရေကစား ချိန်ကို တစ်ရက်လျှင် ၁၁ နာရီ ခွင့် ပြုခဲ့ ရာမှ ယခုနှစ်တွင် တစ်ရက် လျှင် ကိုးနာရီ သာ ရေ ကစားခွင့် ရရှိမည်ဖြစ်သည် ။
ယခင်ကရေကစား ချိန် ကို နံနက် ၇ နာရီ မှ မွန်းတည့်  ၁၂ နာရီ အထိ ၊ မွန်းလွဲ ၂ နာရီ မှ ညနေ ၆ နာရီ အထိ သတ်မှတ်ထားရာ မှ ယခုနှစ် တွင် သင်္ကြန် မဏ္ဍပ်များ ၌ ရေကစားချိန် ကို နံနက် ၈ နာရီ မှ မွန်းတည့်  ၁၂ နာရီ ၊ ညနေ ၃ နာရီ မှ ညနေ ၆ နာရီ အထိ ပြောင်း လဲမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့် ရှင်းမှု ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ် သင်္ကြန် ကာလတွင် ရန်ကုန်မြို့ တွင်း ရှိ မြို့နယ် များသို့  ပုံမှန်ရေပေးဝေနေ ကျ အချိန် ထက် လျှော့ ၍ရေပေးဝေမည်ဖြစ် ပြီး တစ်ခြားမြို့နယ် များသို့ လည်း ယခင်နှစ်များ ကထက် တစ်နာရီလျှော့ ချ ၍ ရေပေးဝေ သွား မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ တွင်း မြို့နယ် များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်း မတော်၊ ဗဟန်းနှင့်  ဒဂုံမြို့နယ် တို့ ကို နံနက် ၈ နာရီ မှ ၁၁ နာရီ အထိ၊ ညနေ ၃ နာရီ မှ ၆ နာရီ အထိ ပုံမှန်ရေပေးဝေနေကျ အချိန် ထက်လျှော့ချ၍ ပေးဝေမည်ဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင် နှင့်  စမ်းချောင်းမြို့နယ် တို့ကို နံနက် ၈ နာရီမှ ၁၀ နာရီ အထိသာ ရေပေး ဝေမည်ဖြစ်ကြောင်း ၎င်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
(Xinhua)
http://www.searchmyanmar.com/link/frame/cid/57468
No comments:
Post a Comment