ထမင်း စားပြီးလို့  သွားကြား ညပ်တဲ့အခါ နီးစပ်ရာ ဘုရားစင် နတ်စင် က အမွှေးတိုင်တုတ် နဲ့ သွားကြား မထိုး မိစေနဲ့နော် လာဘ်တိတ် တတ်တယ် ။
လစာထုတ် လို့  ဈေးရောင်း ရလို့ ပဲဖြစ်ဖြစ် ပထမဆုံး ဦးဦး ဖျားဖျား ဝင်လာတဲ့ ငွေ ကို စီးကရက် ဝယ်တာ/ မီးသွေး ဝယ်တာ မီးခြစ် ဝယ်တာ/ထင်း ဝယ်တာ/ အမျိုးသမီး လစဉ် ပစ္စည်းဝယ်တာ/ ဖိနပ် ခြေအိတ် ဝယ်တာ မျိုးတွေ မလုပ်မိစေနဲ့နော် လာဘ်တိတ် တတ်တယ် ။
ပထမဆုံး လှူဖွယ် တစ်ခုခု အရင် ဝယ်ပြီး ဘုရား သို့မဟုတ် ရဟန်း တစ်ပါးပါး ကို လှူပါလေ။
ဆေးလိပ်သောက်တတ် သူများ အသစ်ကပြဿ နာ မရှိပါဘူး ။ စီးကရက် အတို ဆေးပေါ့လိပ် အတိုတွေကို
တစ်ချို့က နားကြားမှာ ညှပ်ထား တတ်ကြတယ် ။ မလုပ်ကြပါနဲ့ ခင်ဗျာ လာဘ်တိတ် တတ်တယ်။
ပြီးတော့ အိမ်ထောင်ဦးစီး ရဲ့ ပုဆိုး/လုံခြည် /အဝတ် အထည် တစ်မျိုးမျိုး ကို မသုံးတော့ရင် စွန့် ပစ် လိုက်ပါ ။
လက်နှီးစုတ် လုပ်တာ ကြမ်းတိုက်တာ ကလေး အနှီး လုပ်တာတွေ မလုပ်ကြပါနဲ့ လာဘ်တိတ် တတ်တယ်။
အလုပ် မလုပ်သူ ထံသို့  လာဘ်လာဘ သည် ရောက်မလာပါ ၊ အလုပ်လုပ်သူ အတွက်သာ လာဘ်လာဘ သည် ရောက်လာသည်။
ပုံမှန် ဝင်ငွေထက် နည်းတာ ,
ပုံမှန်ရောင်းနေကျ ပစ္စည်းတွေ မရောင်း ရပဲ ကျန်နေတာ ,
ပုံမှန် လာနေကျ ဖေါက်သည် အလာ နည်းသွားတာ , ----- -တွေဟာ
လာဘ်တိတ် သွားလို့ ဖြစ်တာပါ။
ဆင်ခြင်ကြခြင်းဖြင့် လာဘ်လာဘ များပွင့်လန်း ၍ ချမ်းသာ ကိုယ်စိတ်မြဲကြပါစေ.....................
အဂ္ဂမောင်
ကံတလူလောကီပညာ
Kan Ta Luu

No comments:
Post a Comment