Samsung ရဲ့  နောက်ဆုံးထွက် Galaxy S5 ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မိတ်ဆက်ပြသ သွား မှာ ဖြစ်ကြောင်း သိရ ပါတယ်။
ထူးခြားချက်အနေနဲ့ လက်ဗွေစနစ် ပါဝင်လာခြင်း ဖြစ်ပြီး လက်ဗွေ စနစ်က မျက်နှာပြင်ပေါ် မှာ ဖြစ် ပါတယ်။ ဖန်သား မျက်နှာပြင်မှာ ဖိထားရမှာလည်း မဟုတ်ပါဘူး။

swipe လုပ်နေကျအတိုင်းပဲ လက်ညိုး၊ လက်မ တို့နဲ့ ဆွဲဖွင့်လိုက်တာနဲ့ လက်ဗွေမှန်ရင် အလို အလျောက် ပွင့်သွားမယ့် စနစ် ဖြစ်ပါတယ်။ ဒီတော့ iPhone ရဲ့  Home Button က လက်ဗွေ စနစ်၊ HTC One Max က နောက်ကျော လက်ဗွေ စနစ်တို့နဲ့ မတူတော့ ပါဘူး။
ဖန်သား မျက်နှာပြင်ပေါ်မှာ ပါလာမယ့် လက်ဗွေဖြင့် ထိန်းချုပ်လုံခြုံရေး စနစ် ဖြစ်ပါတယ်။ ဒီမှာက Motion ကိုပါ မှတ်သားခြင်း ဖြစါပါတယ်။
Samsung Galaxy S5 က အလူမီနီယမ် ကိုယ်ထည်နဲ့ တစ်မျိုး၊ ပလပ်စတစ် ကိုယ်ထည်နဲ့ တစ်မျိုး ထွက်ရှိမှာ ဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက် Mobile World Congress မှာ မိတ်ဆက်ပြ သ တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )
http://www.yoyarlay.com/science-tech/mobile/39950-samsung-galaxy-s5-will-be-laucnhed-on-feb-24

No comments:
Post a Comment