
ဘာမှန်းတောင် မသိသေးဘူး
လောကကြီးက
မျက်စိတစ်ဖက် မှိတ်ပြနေပြီ.......
အသားထဲမှာ လောက်တက်နေ သလို
လောက်ကောင် ရဲ့ အသားထဲမှာလည်း
နောက်ထပ်…
လောက်တက်နေပြန်ရင်. . . . ဒုက္ခ။
က, ကြီး . . . .လို့
အော်ဖတ်ဖို့ ပြင်ရုံ ရှိသေး၊
က, ကြီးက ပက်လက် လှန်ပြ
ငါ ဘယ်လို ဖတ်ရမှာတဲ့ လဲ. . . .။
-
ဝ, လုံးကို ကြည့်ရင်း . . .
သုညက အယောင်ဆောင်ထား သလား. . .လို့
သံသယ ၀င်တတ်ပြီ။
သုညက ၀, လုံးယောင်ဆောင် တာ ကိစ္စမရှိ၊
မသိတသိ လူတွေက. . .
ဝ, လုံးရဲ့ ၀ိုင်းဝိုင်းစက်စက် တန်ဖိုးကို
သုည. . .လို့ သတ်မှတ်လိုက် မှ
. . .ဒုက္ခ။
-
ဘယ်မှတောင် မသွားရသေးဘူး
လောက, ကို ပြတင်းပေါက် ဖွင့်လိုက်တာ
ဒုက္ခကို ခလုတ်တိုက် မိပြီ. . . ။ ။
ကဗျာဆရာကြီးများ ၏ ကဗျာများ စုစည်းမှု
No comments:
Post a Comment