ဒီ ရက်ပိုင်း Android OS ဖုန်း အသုံးပြုသူတွေ အတွက် ဘာဆော့ဝဲရေးရင်ကောင်းမလဲ လို့ စဉ်းစားရင်းနဲ့အခု မှ ဖုန်း စသုံးမယ့် user တွေရော ၊ သုံးနေကျ users တွေရောလို အပ် မယ့်ဆော့ဝဲ တစ်ခု ကိုရေးသားဖြစ်သွားပါ တယ်။
ဆော့ဝဲ နာမည်ကိုတော့ MMAS Root & Font Installer လို့အမည်ပေး ထားပါတယ်။ ဒီဆော့ဝဲလေးက ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲဆိုရင် ဖုန်းကို root လုပ်ခြင်း ၊ မြန်မာဖောင့် ထည့်ခြင်း ၊ မြန်မာကီးဘုတ်ထည့်ခြင်းများကို MMAS Root & Font Installer တစ်ခုထဲနဲ့တင် ဖုန်းကို root လုပ်နိုင် ၊ မြန်မာ Font ထည့်သွင်းနိုင် ၊ မြန်မာကီး ဘုတ် ထည့်သွင်းနိုင်ပြီဖြစ် ပါတယ်။
ဒီဆော့ဝဲလေးကို ကျွန်တော် အရင်တုန်း ကရေးနေကျဆော့ဝဲ ပုံစံတွေနဲ့မတူဘဲ ဒီဇိုင်း layout ပိုင်းကို သိသိ သာသာပြောင်းလဲရေးသား ထားပါတယ်။
အသုံးများတဲ့ Root Tool တွေဖြစ်တဲ့ vRoot,Baidu Root ဆော့ဝဲများ ၊ users ရဲ့ဖုန်းတွေကို error အနည်းဆုံးနဲ့ မြန်မာစာထည့်သွင်းပေးမယ့် Z.F.C Zawgyi Changer ၊ မြန်မာကီးဘုတ် အတွက်အကောင်းဆုံးကီးဘုတ်ဖြစ်တဲ့ Bagan Keyboard Pro တို့ကို MMAS Root & Font Installer ဆော့ဝဲ ထဲမှာတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။

ဒါကြောင့် ဖုန်းကို root လုပ်ချင်သူ ၊ မြန်မာ Font ထည့်ချင်သူ ၊ မြန်မာကီးဘုတ် ထည့်ချင်သူတွေ အနေနဲ့ MMAS Root & Font Installer ဆော့ဝဲကိုဖုန်းမှာသွင်းထားလိုက်ရင် အားလုံးပြည့်စုံ သွားမှာဖြစ်ပါတယ်။ MMAS Root & Font Installer for Android ကို Android 4.0 နှင့် အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။
MMAS Root & Font Installer for Android ကို အောက်က link မှာရယူနိုင်ပါတယ်။
http://www.zwmnna.com/2014/01/root.html
Credit to -MMAS-ThetNaing Soe
http://www.zwmnna.com/2014/01/root.html
Credit to -MMAS-ThetNaing Soe
From...မောင်(စွယ်စုံကျမ်း)
No comments:
Post a Comment