
(၁) မျိုးရိုးဗီဇပြုပြင် ထားတဲ့သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ သဘာဝနည်းဖြင့်စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံတို့ ကို ဈေးကွက်အတွင်းရောက်ရှိဖို့ ရာ သင့်တင့်တဲ့ကာလ တခုစောင့်ဆိုင်းရပါတယ်။
သို့ သော် နည်း ပညာများတိုးတက်ခေတ်မီလာတဲ့အမျှ ၀ိသမလောဘသားများဟာအပင်ကြီးထွား မှု မြန်ဆန်ရင့် မှည့်ပြီး ငွေမြန်ုမြန်ပေ ရောင်း ချနိုင်ရေးအတွက် GMO(ခေါ်)သဘာဝလွန် စိုက်ပျိုး နည်းတွေ သုံး၍ ဆေးထိုး-ဆေးဖြန်း -ဆေးအုပ်ခြင်းများ ပြုလုပ်နေကြပါတယ်။
အခွံဖယ်၍ စားသုံးရသော အခွံမာသီး များက ပြဿ နာ သိပ် မရှိသော်လဲ၊ ဥပမာ အခွံပါ ၀ါးစား ရတဲ့ ခရမ်းချဉ်၊ စပျစ်၊ စတော်ဘယ်ရီ များနဲ့  ပဲသီး အမျိုးမျိုး၊ ဂေါ်ဖီထုပ် အပါအ၀င် ဟင်းသီးဟင်း ရွက် အားလုံး ကို ရေစင်စင်မ ဆေးကြော ဘဲစားသုံးမိပါက၊ ဓာတုဆေးဝါးတွေ ရဲ့ ဘေးထွက် ဆိုးကျိုးအဖြစ် အစာအဆိပ်သင့်ရုံသာမက ကင်ဆာရော ဂါတွေ ပါ ဖြစ် လာစေနိုင်ပါတယ်။
(၂) တာရှည် ခံအောင်ပြုပြင်ထားတဲ့ အသားများ ကြက်အူချောင်း/၀က်အူချောင်းတွေ၊ အသား လုံး/အသားပြား/အသားခြောက်တွေ၊ Hot Dog တွေမှာ အသားကို တာရှည်ခံစေ ဖို့ အတွက် ဆိုဒီယမ်နိုက်ထရိတ် ဓာတုပစ္စည်းများ ထဲ့သွင်းထားတာကြောင့် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်စေ သလို၊ ကင်ဆာဝေ ဒနာသည်များ စားသုံးမိခြင်းကလည်း ကင်ဆာအဖုအကျိတ်တွေကို လျှင်မြန် စွာ ကြီးထွားပြန့် နှံ့ လာစေနိုင်ပါတယ်။
(၃)မိုက်ကရိုဝေ့ဖ်မီးဖိုနဲ့ ဖောက်ထားတဲ့ ပြောင်းဖူး ပေါက်ပေါက်များ။ ပြောင်းဖူးပေါက်ပေါက်တွေ
က အရသာရှိ၍ စားလို့ ကောင်းတာမှန်သော်လဲ အလွန်အကျွံစားမိတဲ့အခါ မိုက်ခရိုဝေ့ဖ်မီးခိုးငွေ့  နဲ့  ပြောင်းဖူးပေါက်ပေါက် တို့ ဓာတ်ပြုခြင်းကြောင့် ထွက်ရှိလာတဲ့ perfluorooctanoic နဲ့  diacetyl ဓာတ်များက အဆုပ်ကင်ဆာ ဖြစ်စေပါ တယ်။
ဒါ့ပြင် မိုက်ခရိုဝေ့ဖ် အပူဓာတ်စီးနေတဲ့ ပြောင်းဖူးပေါက်ပေါက်(ပူပ)ူတွေကို ပလပ်စတစ် နဲ့ လုပ် ထားတဲ့ အိတ်(သို့ မ ဟုတ်) ပန်းကန်ခွက်တွေထဲ ထဲ့စားခြင်းက ပန်ကရိယ ကင်ဆာ ဖြစ် လာနိုင် ပါတယ်။
(၄) သစ်သီးခြောက်များ။ ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ် စတဲ့ သစ်သီးခြောက် စားသုံးခြင်းက ကျမ္မာရေးကို ကောင်း ကျိုးပြုစေတယ် လို့ လူသားအားလုံးက ယုံကြည်နေကြပါတယ်။ သင့်တင့် မျှတတဲ့ပမာ စားသောက်ခြင်းက ကျမ္မာရေး ကိုကောင်းကျိုးပေးသော် လည်း၊လွန်ကျူးစွာ စား သောက် မိရင်တော့သစ်သီးခြောက်တွေမှာသုံး ထားသော နွမ်း ခြောက် ဆေး များ၊ အချို- အငံဓာတ်များက လူကိုဘေးဖြစ်စေပါ တယ်။
ဒါ့ပြင်ကျမ္မာရေးသုတေသီများ ရဲ့ လေ့လာ စမ်းစစ်ချက် များအရ၊ ဈေးကွက်ထဲ မှာရောက်နှင့်နေပြီးသော ထိုသစ် သီးခြောက် တွေ၏ ၉၈%ထဲမှာ ကင်ဆာရောဂါကိုဖြစ်စေနိုင်တဲ့ အစွန်းအထင်းချွတ်ဆေးတွေ နဲ့ ပိုးသတ်ဆေးတွေ ပါရှိနေတယ်လို့ ဆိုပါတယ်။
(၅) ဆိုဒါ အချိုရည်များ။ ဆိုဒါ အချိုရည်တွေကို အရသာကောင်းစေဖို့ အတွက် အချိုဓာတ်တွေ သာမက၊ အရောင် လှစေဖို့ အတွက် အရောင်ဆိုးဆေးများ သုံးထားပါတယ်။ ဒါ့ပြင် အမြှုပ် ထစေ ဖို့ အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ တွေ ထဲ့သွင်းထားတာကြောင့် ထိုဓာတ်ပေါင်းစု က လူ့ ခန္ဓာကိုယ်ကိုယ်တွင်း ကလီဆာများကို အက်ဆစ် ဓာတ်ပြုပြီး ကင်ဆာဆဲလ်တွေ တိုးပွား လာစေနိုင်ပါတယ်။
(၆) ဆေးသကြားခဲများ။ စူးခရို့ စ်(ခေါ်)သကြားအစားထိုး ဆေးသကြားခဲများ/အချိုမှုန့် များ နှင့် သဘာဝကိုဆန့် ကျင် ၍ ဓာတုပစ္စည်းတွေဖြင့်ပြောင်းလဲ ကာ ဟင်းခတ်မှုန့် ပြုလုပ်ထားကြသော (ကြက်-၀က်-ဟင်းရွက်)အမှုန့် ချိုချိုများ က သွေးတိုး၊ ဆီးချို ရောဂါများသာမက၊ ကိုယ် ၀န်ဆောင် များကို သားလျောစေတဲ့အပြင် ကင်ဆာရောဂါ အမျိုးမျိုး တို့ ကိုပါ ဖြစ်စေနိုင်ပါတယ်။
(၇)ဂျုံမှုန့် ဖြူဆွတ်ဆွတ်များ။သဘာဝဂျုံမှုန့် တွေကိုဓာတုချွတ်ဆေးတွေသုံး၍ ဖြူဆွတ်အောင် ပြုပြင်
ထားခြင်းကြောင့် ၊ ဂျုံထဲရှိ ကစီဓာတ်တွေ နဲ့  glycemic ဓာတ်တွေ ပြောင်းလဲဖောက်ပြန်သွားကာ ရင်သားကင်ဆာဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး သွေးထဲရှိသကြားပမာဏများ တိုးပွား လာပြီးတော့၊ ကင်ဆာအကျိတ်အဖုတွေကို လျှင်လျှင်ြ မန်မြန်ပြန့် ပွားစေပါတယ်။
(၈) ကန်မွေး ငါးများ။ သဘာဝနဲ့ ဆန့် ကျင်၍ မွေးမြူသော ငါး/ပုစွန်ကန်များ ကို ရေစင်စင် မဆေးကြောဘဲ အစိမ်းစား မိတဲ့အခါ ကင်ဆာရောဂါဖြစ်စေပါ တယ်။ အကြောင်းရင်း ကတော့ မွေး ကန်ထဲမှ ရေ(PH ပမာဏ) နဲ့ ရေအပေါ့ အငန် ဓာတ်တွေကို သဘာဝရေ အတိုင်းရရှိအောင် အသုံးပြုထားတဲ့ ရေသန့် ဆေးအမျိုးမျိုး၊ ပိုးသတ်ဆေးများ၊ ငါး/ပုစွန်ကြီး ထွားဆေးနဲ့ အကြေးခွံမာဆေးတွေရဲ့ ဘေးထွက်ဆိုး ကျိုးများကြောင့် ပါဘဲ။
(၉) ပြုပြင်ထားတဲ့ အဆီတုများ မာဂျရင်း၊ ထောပတ်တု နဲ့  ကရင်မ်တို့ လို ဟိုက်ဒြိုဂျင် ဓာတ်သုံး ၍ ပြုပြင်ထားတဲ့ အဆီ တုများက လူ့ ခန္ဒာကိုယ်တွင်းရှိ ဆဲလ် အမြှေးပါးများ ဖွဲ့ စည်းတည်ဆောက် မှုကို ကမောက်ကမဖြစ်စေကာ၊ ကင်ဆာဆဲလ်အဖြစ် ဦးတည်လာပါတော့တယ်။
(၁၀) ဖန်တီးထားတဲ့ သကြားမှုန့် ဖြူဆွတ်ဆွတ်များ။ ဥပမာ ကြံဖြင့်ပြုလုပ်ထားတဲ့ သကြားများက လူကိုဘေးဥပါသ် မဖြစ်စေပါဘူး။ သို့ သော် ဖရူးတို့ စ်(ခေါ်) ချိုအောင်ဖန်တီးထားတဲ့ သကြား မှုန့် ဖြူဆွတ်ဆွတ်တွေ က သွေးထဲမှ သကြား ဓာတ်ကို ချက်ချင်းဆိုသလိုမြင့်မားလာစေကာ၊ ကင်ဆာဆဲလ်များကိုလည်း ကြီးထွားလာစေပါတယ်။
သုတေသီများ၏ လေ့လာစမ်းစစ်ချက်များအရ၊ ဈေးနှုန်းသက်သာတဲ့ ဖရူးတို့ စ်သကြားဖြူဆွတ် ဆွတ် တွေဖြင့် ပြု လုပ်ထားသော ကွတ်ကီး၊ ကိတ်၊ ဒိုးနတ်၊ သစ်သီးခြောက်၊ အချိုရည်မျိုးစုံ စသည် တို့ က ကင်ဆာဖြစ် လာအောင် စေ့ဆော်ပေး တယ်လို့  ဆိုပါတယ်။
3-02-2014 နေ့ ထုတ် ကြေးမုံသတင်းစာ (စာမျက်နှာ ၁၃) မှာပါ တဲ့ဆောင်းပါးလေး ပါ။
FB မိတ်ဆွေများ ကျမ္မာေ၇းဗဟုသုတရစေဖို့ အတွက် စေတနာ များစွာဖြင့်.မျှဝေလိုက် ရပါ တယ်ရှင်။ (ဆောင်းပါးရှင်....ပေါက်ပေါက်)
<<လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ပေါက်ပေါက်….မျှဝေသည်) (မှီငြမ်း….Daily Health Tips) -- promise.pauk (ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)
From... MyanmarDaily.net
No comments:
Post a Comment