တရားထိုင်ခြင်း ဟာ
အကျိုးကျေးဇူး များတယ် ဆိုတာ လူတိုင်း လိုလို သိကြပေမဲ့ ခက်ခဲနက် နဲ တဲ့ ကိစ္စလို့
ထင်မြင် ကြပြီး တစိုက် မတ်မတ် လုပ်ကြတဲ့သူ ရှားပါတယ်။ အထူးသဖြင့်
လူငယ် အများစု က တရားထိုင် တာဟာ ဘာသာရေး အလုပ်ဖြစ်ပြီး ငယ်ရွယ်စဉ် မှာ
မလိုအပ်သေးဘူး လို့ထင်ကြပါတယ်။
ဒါပေမဲ့ တရားထိုင်ခြင်း ကို တပတ်လောက် လုပ်ကြည့်လိုက်ရင် ပဲ ခံစားရတဲ့ကောင်းကျိုးတွေ ကို သိရှိ လာနိုင်ပြီး အကျိုးကျေးဇူးတွေ ကိုလည်း လက်တွေ့ကြုံလာ ရမှာဖြစ်ပါတယ်။ ဘ၀ မှာ စိတ်တည်ငြိမ်ခြင်း၊ စိတ်အေးချမ်းခြင်း ကို ပိုင်ဆိုင် လာတဲ့ အခါ ပျော်ရွှင်ချမ်းမြေ့ပြီး လူမှုရေး ဆိုင်ရာပြဿ နာများ၊ ကျန်းမာရေး ဆိုင်ရာပြဿ နာများလည်း လျော့ပါး လာမှာ အသေ အချာပါပဲ။
တရားထိုင်ခြင်း ဟာ ကိုယ်စိတ်နှစ်ပါးလုံး မှာ ငြိမ်းချမ်းမှု အပြည့် တည်ဆောက်ခြင်း ဖြစ် ပါ တယ် ။ နေ့စဉ် ဘ၀ မှာ လူတွေ ဟာ အမျှင် မပြတ်တွေးတောကြံဆနေကြပြီး ခန္ဓာကိုယ် က အိပ်စက် အနားယူနေရင်တောင် စိတ်နှလုံး က အလုပ် လုပ်နေဆဲ ပါပဲ။
ဦးနှောက် ဟာ ခန္ဓာကိုယ် က အိပ်နေစဉ် မှာတောင် အလုပ် လုပ်နေဆဲဖြစ်တဲ့ အတွက် အနား ယူ ဖို့အချိန် တစ်ချိန် မဖြစ်မနေ လိုအပ် ပါတယ်။ အမြဲ လည်ပတ်နေတဲ့ စက်တစ်လုံး ဟာ ပြုပြင် ထိန်းသိမ်းရေး ကို မကြာ မကြာ လုပ်ပေးဖို့ လို သလိုပဲ ကျွနိုပ် တို့ရဲ့ ဦးနှောက် ဟာလည်း မကြာခဏ သန့်စင် ရှင်းလင်းပေးဖို့ လိုအပ် ပါတယ်။