( ဆယ်ကျော်သက်အရွယ် ကလေးများရှိသော မိဘများ အတွက် အထူးသိပေးချက် )
ဒီနေ. ရန်ကုန်ဆရာစံလမ်းထိပ် Pearl Condo အောက်က Asia Light မှာ
လင်းလင်း အခွေအသစ်ဝင်ဝယ်ရင်း တွေ.ခဲ့တာလေးပါ။
တကယ့်ချာတိတ်လေး တစ်ဖွဲ. ( ၁၅နှစ် အရွယ်လောက် ) အရက်တစ်ပုလင်း စုဝယ်နေကြတယ်
မြင်ကွင်းက မလှဘူးဗျာ။ ထားလိုက်ပါလေ။
ပြန်ထွက်လာတော့ ဘေးက Eucalypt ဆိုတဲ့ဆိုင်မှာ တံခါံးတွေပိတ်ထားပြီး
အထဲမှာ DJ ဖွင့်ထားတဲ့ အသံတွေ အပြင်က အတိုင်းသား ကြားနေရတယ်။
အပြင်မှာ ကလေးတွေ ၃၀ လောက်ရှိတယ်။
တချို. ချာတိတ်တွေ က မူးလို. တချို.က ဆေးလိပ်လေးတွေ လက်ကြား ညှပ်လို.
ချာတိတ် မလေးတွေ ဆို ဆယ်တန်းတောင် မရောက်သေးတဲ့ အရွယ်တော်တော် များ များလေးတွေ အားလုံးရဲ. ဝတ်စားဆင်ယင်မှုက မောင်နှချင်း တွဲ မသွား သင့်တဲ့ ပုံစံတွေ
Night Club ဝတ်စား ဆင်ယင်မှုပေါ့ ။
တခါးကြီးပိတ်လို. အဝမှာ ကျွန်တော်မျက်မှန်းတန်းမိတဲ့ စားပွဲထိုးလေး က လက်မှတ်ရောင်းနေ တယ် (ဝန်ခံပါတယ် အရင်က ကျနော် ထိုင်ခဲ့တဲ့ ဆိုင်ပေါင်း များစွာထဲမှာ ဒီ တစ်ဆိုင်လည်း ပါတယ်)
သွားစပ်စုကြည့်တယ်။ promotion ပွဲလားဆိုတော့မဟုတ်ဘူးဆရာ " Day Club " တဲ့။ နေ.လည် ၂ နာရီမှာ ဖွင့်တာဆိုတော့ဟုတ်တာပေါ့ " Day Club " ပေါ့လေ။
မင်းကွာ ငါလည်း Night Club သွားပါတယ်။ အခုက ကလေးတွေ ချည်းပဲ ဆိုတော့
အထဲမှာ ဒီထက် ငယ်တာလေးတွေတောင် ရှိသေးတယ်တဲ့။
သူတို.တွေက ညဖက် ထွက်လို. အိမ်က မိဘတွေနဲ. သိပ် အဆင် မပြေဘူးလေတဲ့။
ကျနော် တစ်လမ်းလုံး အပြန်မှာ စဉ်းစားတယ်။ ဒီကလေးတွေ အိမ်က မိဘတွေ ကို ဘယ်လိုပြောခဲ့သလဲ။ ဘာကို အတုခိုးနေကြတာလဲ။
ဘာကြောင့် ခွင့်ြ့ပုနေကြ တာလည်း။ ခေတ်မှီတယ် ဆိုတာ ဘာလဲ။
ချစ်စရာ လူငယ်လေးတွေ ဆို တဲ့ ဂုဏ်ကို ဘာလို. မထိန်းတော့တာလဲ။
ကျွန်တော်လည်း အဖေတယောက်ပါ ရင်လေးမိတယ်။
ရှယ်ပေးကြပါဗျာ။ ကလေးတွေအတွက်ပါ။
Nga Tu
Ko Win Naing
by..,..သတင်းပေါင်းစုံ
Myawady News မှ ကူးယူ မျှဝေသည်..

No comments:
Post a Comment