- အခု တစ်လော ကျမ ပြည်တွင်း ပြည်ပ ခရီးတွေ ကို ရက်ဆက် ဆိုသလို သွားလာဖြစ်နေတော့ ကြားရ မြင်ရ တွေ့ရတာတွေမှာ တိုင်းပြည်ရဲ့ အနာဂတ်ရေး အတွက် ပူပင်စရာ ရှိတာတွေကိုလည်း တွေ့မြင်လာရပါတယ်။
တနေ့ကပဲ ၁၁၅ မိုင် စခန်းမှာ ကားစောင့်ပေးတဲ့ အမျိုးသမီး အလုပ်သမားလေး တစ်ဦးနဲ့ စကားလက်ဆုံကျ ဖြစ်ခဲ့တယ်။ ကောင်မလေးရဲ့ နာမည် က မိုးသဇင် လို့ခေါ် တယ်။ အရပ်ပုပု၊ ပိန်ပိန်သေးသေး နဲ့ အသက် ၁၅ နှစ်ဝန်းကျင် အရွယ်ကောင်မလေးက အသားညိုညက်ညက်နဲ့ မျက်နှာကြည်ကြည်လေးပါ။
သူမ က ၇ တန်းကျောင်းသူ ဘ၀နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ် ရတယ်။ လုပ်ခ ရတဲ့ တစ်လ( ၃၅၀၀၀ ကျပ်) သုံးသောင်း ငါးထောင် ကျပ်ကို အမေဖြစ်သူ ကို အကုန်ပေး တယ်။ သူမမှာ မောင်နှမ ၄ဦး ရှိတယ်။ အကြီးဆုံး အကို က ဗိုလ်ကြီး အိမ်ထောင် ကျ သွားပြီ၊ ဒုတိယ အကို ကတော့ အလုပ် အလုပ်ပြီး လုပ်ခ ၀င်ငွေရဲ့ တ၀က် ကို အမေကို ပုံမှန်ပေးလေ့ရှိပါတယ်။
မိုးသဇင်ရဲ့  အမေ က အိမ်ဆိုင်လေး ဖွင့်ပြီးတော့ ယောက္ခမ ၂ဦးနဲ့ ၄ တန်း အရွယ် ဘုန်းကြီးကျောင်းသား ကို ကျွေးမွေးစောင့်ရှောက်တယ်လို့  သိရပါတယ်။မိုးသဇင် ရဲ့ အဖေ ကတော့ ရန်ကုန် က ဆီဆိုင် တစ်ခုမှာ အလုပ်လုပ်နေတယ်။
သူမရဲ့ အဖေ က သူ့အမေ ရှိရဲ့နဲ့ အိမ်ထောင်ရေး ဖောက်ပြန်ပြီး နောက် မိန်းမ ယူသွား တယ်။ အခု နောက်အိမ်ထောင် နဲ့ကလေးတောင် ရနေပြီ လို့ သူမကမျက်နှာကြည်ကြည် လင်လင် နဲ့ပဲ ပြောပြတယ်။
သူမရဲ့ အမေ က သူ့ ကို သစ္စာဖောက်ပြီး တာဝန်မဲ့ သွားတဲ့ လင်ယောက်ျားရဲ့ မိဘနှစ် ပါး စလုံးကို အိမ်ဦးခန်းမှာပဲ ထားပြီး လုပ်ကိုင်ကျွေးမွေးနေတုန်း ပဲလို့ မိုးသဇင် က ပြော တယ်။
“အမေက ပြောတယ်။ အဖေ မကောင်းတာ ကတော့ မကောင်း တာပဲ။ ဒါပေမဲ့ သမီး တို့အတွက် ကတော့ အဖေ ပဲ၊ သမီးတို့ အဖေ မကောင်းတဲ့အတွက် သူ့မိဘတွေကို အိမ်ပေါ် ကနေ နှင် မချနိုင်ဘူး၊ သူတို့သား တာဝန် မကျေပေမဲ့ အမေ ကတော့ တာဝန်ကျေ ရမယ်လို့ပြောပြီး ခုချိန်ထိ အဖိုးတို့ အဖွားတို့ကို လုပ်ကျွေးတယ်၊
အဖိုးနဲ့အဖွားက ဘုရားတရား လုပ်ရုံပဲ၊ သမီးတို့ကိုလည်း အဖေ ကို ပေးတွေ့ပေးပါ တယ်။ အဖေရဲ့ နောက်မိန်းမ နဲ့ ရတဲ့ ကလေးကိုတောင် အမေက သွားကြည့်ပေးတယ်”သူမ က မျက်နှာကြည်ကြည်လေးနဲ့ ပြောနေပေမဲ့ နားထောင်နေ ရတဲ့ ကျမကတော့ စိတ်ထဲ မှာ ခံစားချက် မျိုးစုံနဲ့ နောက်ဆုံး သက်ပြင်းမောချလိုက်မိတယ်။
အဖေဖြစ်သူ ရဲ့ ကိုယ်ကျင့် တရားမကောင်းမှု၊ ဖောက်ပြန်မှု၊ သားသမီး အပေါ် တာဝန် မကျေမှုတွေ ကို တခွန်း မှ အပြစ်မပြောတဲ့ သမီး၊ လင်ယောင်္ကျားရဲ့ ဖောက်ပြန်မှု၊ သစ္စာ မဲ့ မှုနဲ့ တာဝန် မကျေမှုတွေ အတွက် ခွင့်လွှတ် ပေးတဲ့ ဇနီးသည် အမျိုးသမီး တို့ရဲ့ စိတ်နှလုံးမြင့်မြတ်မှု အတွက် လေးစားမိပေမဲ့၊ ဒီလောက် ကောင်းတဲ့ အသိုင်း အ၀ိုင်းပေါ် မှာ အနိုင်ကျင့်တဲ့ သူ့အဖေ လို ယောင်္ကျားမျိုးတွေကိုလည်း ရွံ့ရှာမိပါတယ်။
ဒါ့အပြင် အိမ်ထောင်သည်ေ ယာင်္ကျား ကို မှ ရွေးချယ်ပြီး၊ အဲဒီယောက်ျား ကို မှီခိုနေရတဲ့ မိသားစု တစ်စုရဲ့ ဘ၀တွေ ကိုပါ ဖျက်ဆီးပြီး မှ ဘ၀ထူ ထောင် တတ်တဲ့မိန်းမတွေ ကို လည်း သနားစိတ် မဖြစ်မိ သလို၊ ရွံ့ရှာမိတာပါပဲ။
ဒီလို ဖောက်ပြန်တဲ့ ယောင်္ကျား၊ မိန်းမတွေ ကို လူ့ အသိုင်းအ၀ိုင်း လူ့အဖွဲ့အစည်းက လက်မခံ ပါဘူး။ ရွံ့ရှာ ပါတယ်။ သူတို့ရဲ့ ရှင်သန်ခြင်းဟာ သိက္ခာမဲ့ လှပါတယ်။လက်ရှိ မြန်မာနိုင်ငံရေး လောကထဲ ကို ၀င်ရောက်ဖို့ ကြိုးစားနေကြတဲ့ သူတွေထဲမှာ ခုလိုမျိုး အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ရှိနေတဲ့ သူတွေ ကိုလည်း သွားပြီး သတိပြု လိုက်မိတယ်။
ကိုယ့်ရဲ့ ခင်ပွန်း၊ ကိုယ့်မိသားစု အပေါ်မှာတောင် သစ္စာ မရှိတဲ့မိန်းမက လွှတ်တော် ထဲ ရောက်ပြီး တိုင်းပြည် ကို စီမံခန့်ခွဲ ရင် ဘာဖြစ်မလဲ။ ကိုယ့်ဇနီး၊ ကိုယ့်မိသားစု အပေါ်မှာတောင် သစ္စာ မရှိတဲ့ ဖောက်ပြန်တတ် တဲ့ ယောက်ျားတွေ ရဲ့ လက်ထဲ မှာ မြန်မာနိုင်ငံ ရဲ့ အနာဂတ် ဘာဖြစ်နိုင်မလဲ။
ကျမရဲ့ သဘောထား ကတော့ တကယ် ကို သစ္စာ မဲ့တဲ့ လူမှုရေးဖောက်ပြန်ခဲ့တဲ့ သူတွေ၊ ခိုးဝှက်နေ တဲ့ မသန့်ရှင်းတဲ့ လက်တွေ၊ မိသားစု၊ မိတ်ဆွေ သူငယ်ချင်း၊ ကျေးဇူး ရှင် စတာတွေ ကို သစ္စာမဲ့ တတ်တဲ့ အယူအဆတွေနဲ့ဖောက်ပြန် တတ်တဲ့သူတွေရဲ့ လက်ထဲ ကိုတော့ ကျမတို့ ရဲ့ တိုင်းပြည် ကို မပေးအပ်နိုင် ပါဘူး။
အဲလို လူတွေ က သူတို့ ပတ်ဝန်းကျင် က အသိုင်းအ၀ိုင်းလေး အတွက်တောင် သစ္စာ မစောင့်နိုင် တာ၊ တိုင်းပြည် တစ်ပြည်လုံး အတွက် သူတို့ ဘယ်လို သစ္စာ စောင့်သိနိုင် မှာလဲ။ လွှတ်တော်ထဲမှာ ကိုယ်ကျင့်တရား မကောင်းသူတွေ ကို ၀င်ခွင့် မပေးကြ ပါနဲ့၊
လက်ရှိ လွှတ်တော် ထဲမှာ ရောက်နေတဲ့ ကိုယ်ကျင့် တရား မကောင်းသူတွေ ကိုလည်း ဖယ်ထုတ်နို င် ဖို့ ကြိုးစားကြဖို့ လိုပါတယ်။
တိုင်းပြည် ရဲ့ အနာဂတ် ကို တည်ဆောက် တဲ့အခါမှာ အုပ်ချုပ်သူတွေ၊ ဥပဒေပြုသူတွေ က ကိုယ်ကျင့်တရား ဖောက်ပြန်သူတွေ ဖြစ်လို့မရပါဘူး။ အဲဒါကြောင့် လွှတ်တော်ထဲ ၀င်ဖို့ကြိုးစားမယ် ဆိုရင် ကိုယ်ဘယ်လောက် သန့်ရှင်း သလဲ ဆိုတာ ဆန်းစစ်ကြည့်ကြ ပါ။
ကျမတို့ တိုင်းပြည်၊ ကျမတို့ အားလုံး ရဲ့ အနာဂတ် ကို မသန့်ရှင်း တဲ့ သူတွေရဲ့ လက် ထဲ မှာ မထည့်နိုင်ပါဘူး။ အဲဒါကြောင့် ကိုယ်ကျင့် တရားမကောင်း သူများ နိုင်ငံရေး မလုပ်ကြ ပါ နဲ့လို့ပဲ မေတ္တာရပ်ခံ ပါတယ်။
မိတ်ဆွေများ အားလုံးကို လေးစား ချစ်ခင် လျက်ပါ။
Post By မေသင်္ကြန်ဟိန်(မြစ်မခ)
မြစ်မခ သတင်း အယ်ဒီတာ့ အာဘော်............
မြစ်မခ သတင်း အယ်ဒီတာ့ အာဘော်............
No comments:
Post a Comment