ကျွန်တော့် ကို အမျိုးစောင့် ဥပဒေကို ထောက်ခံ လား မထောက်ခံဘူးလား မေးရင် ကျွန်တော် ဘာမှ ဖြေမှာ မဟုတ်ဘူး ။ ဘာ့ကြောင့်လဲ ဆိုတော့ ဖြေနေစရာ မလိုဘူးလေ ... ။
ခု လူတွေက အမျိုးစောင့် ဥပဒေကို ကန့်ကွက်နေတာ လူ့အခွင့်အရေး ဆိုတဲ့ စကားစု ၁ ခုနဲ့ ကန့်သတ်နေကြတာပါ ။
ဒါဆို ကျွန်တော်တို့ ကြည့်လိုက်ကြ ပါဆို လူ့အခွင့် အရေး ကို သုံးနေတဲ့ US ကို .... ။
သူတို့ နိုင်ငံ အတွက် လူ့ အခွင့်အရေး ဆိုတာ သိပ်ကို လိုအပ်တာပေါ့ဗျာ ။
ဘာ့ကြောင့်လဲ ... ?
သူတို့ဟာ ကျွန်တော်တို့ နိုင်ငံလို ကိုယ့်ထီး ၊ ကိုယ့်နန်း ၊ မှ မဟုတ်တာ ။ နိုင်ငံပေါင်းစုံ က လူမျိုးပေါင်းစုံ စုပေါင်းပြီးမှ US ဆိုတဲ့ နိုင်ငံ ဖြစ်ပေါ်လာတာ ။ ဒီတော့ လူမျိုးပေါင်းစုံ ကို ထိန်းချုပ်တာ လူ့အခွင့် အရေးနဲ့ပါ ။
ကျွန်တော်တို့ နိုင်ငံကို ပြန်ကြည့်မယ် ဆိုပါဆို့ . ။ ကျွန်တော်တို့ နိုင်ငံ ဟာ တိုင်းရင်း သားပေါင်းစုံ နဲ့ ဟိုးအရင် ကတည်းက မြန်မာ နိုင်ငံတော်ဆိုပြီး တည်ထားခဲ့တာ ကြာပါပြီ ။
နှစ်တွေ ကြာညောင်းခဲ့ သလို ပထမ မြန်မာ နိုင်ငံတော် ၊ ဒုတိယ မြန်မာ နိုင်ငံတော် ဆိုပြီး ရှိလာခဲ့တာပဲ မဟုတ်လား ။
ဒီတော့ အချိန်တွေ တရွှေ့ရွှေ့နဲ့ ကုန်ဆုံးလာ သလို ၊ ပြောင်းလဲ မှုတွေလည်း ဖြစ်လာတယ် ၊
ဖြစ်တယ် ပျက်တယ်ပေါ့ဗျာ ။ဒီတော့ ဖြစ်တည်တာကို လက်ခံပြီး ပျက်စီးမှာကို ထိန်းသိမ်းရမယ် ။
ဒ့ါကြောင့် မို့ ကျွန်တော်တို့ အတွက် လိုအပ်လာတာ အမျိုးစောင့် ဥပဒေပဲ ။ လူ့ အခွင့်အရေး ဆိုတာနဲ့ ပိတ်ပင်ရအောင် ကျွန်တော်တို့ကနိုင်ငံပေါင်းစုံ က လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ မဟုတ်ပါဘူး ခင်ဗျာ ။
ခုဖြစ်နေတဲ့ပုံစံက ။
ကိုရီးယားမှာ အနွေးထည် ကြီးတွေ ၀တ်ရင် ၊မြန်မာ နိုင်ငံမှာ လိုက်ဝတ်ကြတယ် ။နိုင်ငံခြားမှာ တင်းဘားလမ်း အထူကြီးတွေစီးရင် ၊ မြန်မာ နိုင်ငံမှာ လိုက်စီးတယ် ။
ကိုယ့်နိုင်ငံရဲ့ ရာသီဥတု ကိုက်မဲ့ ပုံစံကို မသိဘူး ။သူများ ပုံစံ ပုံတူ ကူးဖို့ပဲ သိတယ် ။
ကိုယ်နဲ့ ကိုက်မကိုက် ၊ ရာသီ ဥတု အခြေ အနေကို မသိဘူး လေ ။
အမျိုးစောင့် ဥပဒေနဲ့ လူ့ အခွင့်အရေးလည်း ဒီအတိုင်းပဲဗျ ။
ဒီတော့ကာ အမျိုးစောင့် ဥပဒေ ကို ထောက်ခံသည်ဖြစ်စေ ၊ မထောက်ခံသည်ဖြစ်စေ ။
စဉ်းစားပေါ့ဗျာ ၊ တိုင်းတပါး ရဲ့ အမြင် မလွှမ်းပဲ ကိုယ်ပိုင် အမြင်နဲ့မြင်ကြည့်ပေါ့ဗျာ ။
ဒီလောက်ပါပဲ ဆက်ပြီး ဥပမာ ပြနေရင်............................................
We Love True မှ ကူးယူဖေါ်ပြသည်....

ဒ့ါကြောင့် မို့ ကျွန်တော်တို့ အတွက် လိုအပ်လာတာ အမျိုးစောင့် ဥပဒေပဲ ။ လူ့ အခွင့်အရေး ဆိုတာနဲ့ ပိတ်ပင်ရအောင် ကျွန်တော်တို့ကနိုင်ငံပေါင်းစုံ
ခုဖြစ်နေတဲ့ပုံစံက ။
ကိုရီးယားမှာ အနွေးထည် ကြီးတွေ ၀တ်ရင် ၊မြန်မာ နိုင်ငံမှာ လိုက်ဝတ်ကြတယ် ။နိုင်ငံခြားမှာ တင်းဘားလမ်း အထူကြီးတွေစီးရင် ၊ မြန်မာ နိုင်ငံမှာ လိုက်စီးတယ် ။
ကိုယ့်နိုင်ငံရဲ့ ရာသီဥတု ကိုက်မဲ့ ပုံစံကို မသိဘူး ။သူများ ပုံစံ ပုံတူ ကူးဖို့ပဲ သိတယ် ။
ကိုယ်နဲ့ ကိုက်မကိုက် ၊ ရာသီ ဥတု အခြေ အနေကို မသိဘူး လေ ။
အမျိုးစောင့် ဥပဒေနဲ့ လူ့ အခွင့်အရေးလည်း ဒီအတိုင်းပဲဗျ ။
ဒီတော့ကာ အမျိုးစောင့် ဥပဒေ ကို ထောက်ခံသည်ဖြစ်စေ ၊ မထောက်ခံသည်ဖြစ်စေ ။
စဉ်းစားပေါ့ဗျာ ၊ တိုင်းတပါး ရဲ့ အမြင် မလွှမ်းပဲ ကိုယ်ပိုင် အမြင်နဲ့မြင်ကြည့်ပေါ့ဗျာ ။
ဒီလောက်ပါပဲ ဆက်ပြီး ဥပမာ ပြနေရင်............................................
No comments:
Post a Comment