၁ - အသက်ရှည်ခြင်း၊
၂ - အဆင်းလှခြင်း၊
၃ - ချမ်းသာကြီးခြင်း၊
၎ - ခွန်အားဗလနှင့် ပြည့်စုံခြင်း၊ ၅- ဈာန် မဂ် ဖိုလ်တရားများကို ရနိုင်ခြင်း၊
၆- ပစ္စုပ္ပန် သံသရာ တို့၌ အကျိုးများခြင်းကြောင့် ကထိန် သင်္ကန်း နှင့် အတူတကွ အခြံအရံဖြစ် ကုန်သော ဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ် သြဇာ အရ သာ တို့ကို ဆက်ကပ် လှူဒါန်းရခြင်း၊
၇ - သီလဆောက်တည်ရခြင်း၊
၈ - တရားနာရခြင်း
၉ - အလှူခံပုဂ္ဂိုလ်၊ အလှူဝတ္ထုနှင့် ပတ်သက်၍ သမထ ဝိပဿနာ ပွားများရခြင်း။
'' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤ ဝါဆို သင်္ကန်းကို လှူဒါန်း ရသဖြင့် . . .
'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''
'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော် များအရ သင်္ကန်း၏ အဓိက အကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန် ရမည်ဖြစ်ပေသည်။
ထို့ပြင် ဘဝသံသရာ ကျင်လည် ရစဉ်ဝယ် -
'' ရွှေသို့အဆင်း၊ မြူကြေးကင်း၍
ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။
ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤ ဝါဆိုသင်္ကန်း အလှူ သည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်Óဏ် ဖိုလ်Óဏ် မြတ်နိဗ္ဗာန် ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်းလှူဒါန်း ခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသွေ ရပေမည်။
ေ
ဇာတိက
From...အင်းလေးမီဒီယာ

No comments:
Post a Comment