
အမှတ်တမဲ့ ကြည့်မိမယ် ဆိုရင်တော့ ခေါင်းလောင်း တစ်ခုရဲ့ နှုတ်ခမ်းဝ နဲ့ ဆင်တူလှပါတယ် ။ အသေ အ ချာလေ့ လာကြည့်မယ် ဆိုရင်တော့ ရေထဲက ကြီးမားတဲ့ အပေါက်ကြီးတွေဟာ ဆည် (သို့မဟုတ်) ကန်ထဲက ရေစီး ဆင်းမှုကို ထိန်းချုပ်ဖို့နဲ့ အောက်ဖက်ဧရိယာမှာ ရှိတဲ့ ရေစီးကြောင်းတစ်ခုနဲ့ ဆက်သွယ်ဖို့အတွက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ။
ဒီရေလွှဲတဲ့ အပေါက်ကြီးတွေ (သို့မဟုတ် ) တွင်းနက်ကြီးတွေဟာ ရေကန် ကို ရေ လွှမ်းမိုးမှုမှ ကာကွယ်နိုင်ပြီး ရေကန် သို့မဟုတ် ဆည်တွေ ပျက်ဆီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ် ။


ရေလွှဲလမ်းကြောင်း ဆိုတာ ကန် တစ်ခုကနေ ရေစီးကြောင်း ထွက်ပေါ်မှုကို ထိန်းချုပ်ဖို့ နဲ့ ရေအောက်ဧရိယာ ကို ရေလွှဲ ပေးဖို့ အထူးသဖြင့် မြစ်တစ်ခုကို တားဆီးပြီး ဆည်အဖြစ်ပြုလုပ်တဲ့အခါမှာ အလွန် ကို အသုံးဝင်ပါတယ် ။
ရေလွှဲအပေါက်ကြီးတွေဟာ ရေလျှံမှု မဖြစ်အောင်ကာကွယ်ပေးပြီး ရေတက်တဲ့ အချိန် ရေလျှံတဲ့အ ချိန်တွေမှာ တောင်မှေ၇တွေဟာ ပုံမှန်အတိုင်း ဒီရေလွှဲလမ်းကြောင်းထဲကို စီးဝင်နိုင်ပါတယ် ။


England နိုင်ငံ Derbyshire မှ အပေါ်ဖက် Derwent တောင်ကြားမှ ရေလှောင်တမံ မှ ပုံများဖြစ်ပါတယ် ။ ဒီရေ လှောင်တမံ ဟာ ၀ိုင် (Y) ပုံသဏ္ဍာန် ရှိပြီး Ashop မြစ်ဟာ ဒီရေလှောင်တမံထဲကို အနောက်ဖက်မှ စီးဝင်ပါတယ် ။
Derwent မြစ်က တောင်ဖက်မှ စီးဝင်ပြီး Howden ရေလှောင်တမံကို ဖြတ်သန်းပြီးလာခြင်းဖြစ်ပါတယ် ။ ပြီး မှ Derwent ရေလှောင်တမံကို ဖြတ်ပြီး နောက်ဆုံး Ladybower ရေလှောင်တမံထဲကို စီးဝင်ပါတယ် ။
အရှည် ကတော့ ၃ မိုင်ရှိပြီး အဲဒီရေလှောင်တမံတည်ဆောက်တဲ့အချိန်က ၁၉၄၃ ခုနှစ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ အကြီး ဆုံးရေလှောင်တမံဖြစ်ခဲ့ပါတယ် ။

အချို့အပေါက်ကြီးတွေဟာ ခေါင်းလောင်းကို ပြောင်းပြန်လှန် သကဲ့သို့ တည်ဆောက်ထားတာဖြစ်ပြီး အရပ် မျက်နှာ အကုန်လုံးက ရေတွေဟာ ညီတူညီမျှ စီးဝင်နိုင်ပါတယ် ။
အချို့ အလွန်အေးတဲ့ဒေသတွေမှာဆို ဒီ အ ပေါက် ကြီးတွေကို ရေမခဲသွားစေဖို့ ရေခဲခြင်းကို ကာကွယ်နိုင်တဲ့ အရာ (Ice - Breaking arrangements) တွေ နဲ့ ပြုလုပ်ထားရပါတယ် ။
ဒီအပေါက်ကြီးကို ရေတွေခဲပြီး ပိတ်ဆို့သွားခြင်းမှ ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ် ။


Monticello ဆည်ကတော့ ကန်တစ်ခုဖြစ်ပြီး California နိုင်ငံ Napa မြို့မှာတည်ရှိပါတယ် ။ ၁၉၅၃ နဲ့ ၁၉၅၇ ကြားမှာတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။
အမြင့်ပေ ၂၀၄ ပေ ၇ှိပြီး အရှည် ကတော့ ၁၀၂၃ ပေ ရှိပါတယ် ။ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ဒုတိယအကြီးဆုံးကန်ကြီးလည်း ဖြစ်ပါတယ် ။







Source
No comments:
Post a Comment