GLAXY X9 အမည်ရှိ ဥက္ကာပျံကြီး တစ်လုံးသည် ကမ္ဘာမြေဆီသို့ ဦးတည်လာနေကြောင်း အမေရိကန် အာကာသ သိပ္ပံဌာ န NASA မှ ယနေ့သတင်းထုတ်ပြန်လိုက်ကြောင်း Yangon News မှသတင်းရရှိပါသည်။
အဆိုပါ ဥက္ကာပျံခဲကြီး ၏ အချင်းမှာ (16,8546,000) မိုင်ခန့် ရှိကာ အာရှ တိုက် အကျယ်အ၀န်းခန့် ရှိကြောင်းသိရှိရပါ သည်။ ယင်း ဥက္ကာပျံကြီးသည် နေစကြ၀ဠာ အတွင်း လှည့်လည်နေပြီး အနှစ် တစ်ထောင်တွင် တစ်ကြိမ်ကျ ကမ္ဘာ အနီးမှ ဖြတ်သန်းသွားခြင်းဖြစ်ပါသည်။
သို့သော် ယခုတစ်ကြိမ်တွင် ယင်း ဥက္ကာခဲကြီးမှာ ကမ္ဘာမြေနှင့် အလွန်နီး ကပ် စွာဖြတ်သန်း သွားမည်ဖြစ်ကြောင်း အမေရိကန် NASA ဥက္ကာပျံစူးစမ်းလေ့လာရေးဌာန (Glaxy and UFO project 1) မှ ပရော်ဖက်ဆာ မစ္စတာ ဒေးဗစ်ဘရိုင်ရ န်မေးစ် က ပြောကြားခဲ့ပါသည်။
” အားလုံးပဲ ဒီကိစ္စကို အရမ်း သိချင်နေကြတာ ကျွန်တော်နားလည်ပါတယ်။ ဒီ ဥက္ကာပျံကြီးကို ကျွန်တော်တို့လေ့ လာနေတာ (၁၀) နှစ် ရှိပါပြီ။ ဒါကြီးက လွန်ခဲ့တဲ့ အနှစ် (၁၀၀၀) ခန့်တုန်းကလည်း ကမ္ဘာ အနီးကဖြတ်သန်းခဲ့ပါ တယ် လို့ ရှေး အီဂျစ် မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ အဲ့ဒီတုန်းက အီဂျစ်ပြည်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ အခု ဒါကြီးက ကမ္ဘာဆီကို တစ်ကြော့ပြန်လာနေပါပြီ ။ ဒီ တစ်ခါက ပိုနီးပါ တယ်။
ကျွန်တော်တို့ တွက်ချက် ထားရသလောက်ပြောပြရရင်…… ဒီ ဥက္ကာပျံကြီးက အခု ကမ္ဘာမြေနဲ့ မိုင်ပေါင်း (45,386,000) မိုင် အကွာ အဝေးကိုရောက်ရှိနေပြီး တစ်နာရီကို (9,077,200) မိုင်အလျင်နှုန်းနဲ့လာနေတာပါ။
ဒီနေ့က စရေတွက်မယ် ဆိုနောက် ( ၄ ) ရက်နေရင် ကမ္ဘာ့ အပြင်ဖက် (၀.၈) မိုင် အကွာအဝေးကဖြတ်သန်းမှာပါ။ မတော်တစ်ဆ လမ်းကြောင်းပြောင်းပြီး တိုက်ရိုက် ကျရောက်လာရင်လည်း လာနိုင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဘုရားသခင် အလိုကျပါပဲ…” ဟု ဥက္ကာပျံနှင့် ပတ်သက်ပြီး NASA မှ မစ္စတာ ဒေးဗစ်ဘရိုင်ရန်မေးစ် ကပြောကြားခဲ့ပါသည်။
GLAXY X9 ဥက္ကာပျံကြီးဖြတ်သန်းမည့် ဖြစ်စဉ်အား (အော်ပရေးရှင်း ဘ လက်ဂျက်) ဟု အမည်ပေးထားပြီး အဆိုပါဖြစ်စဉ်ကြောင့် ကမ္ဘာ့ ဆွဲအားနှင့်ဥက္ကာပျံကြီး၏ ဆွဲငင်အားတို့ အပြိုင် ဆွဲငင်ကြမည်ဖြစ်၍ ကမ္ဘာတွင် အင်တာနက်လိုင်းများပြ တ်တောက်ခြင်း၊ ဂြိုလ်တု ဆက်သွယ်ရေးလိုင်းများပြတ်တောက်ခြင်း၊ ဖုန်းလိုင်းများပြတ်တောက်ခြင်း၊ ပင်လယ်ေ ရမျ က်နှာပြင်ရုတ်တရက်မြင့်တက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးတောင်များပေါက်ကွဲခြင်း၊ ကွန်ပျူတာ ကွန်ယက် စနစ်များပျက်စီးခြင်း၊ အနုမြူ သိုလှောင်ရာနေရာများနှင့် ဓာတ်ပေါင်းဖိုကြီးများ ပေါက်ကွဲမှုဖြစ်စဉ်များဖြစ်ပွားလိမ့်မည်ဖြစ်ကြောင်း နာဆာမှ သတင်းထုတ်ပြန်ထားပါသည်။
ထို့ပြင် ယင်းဥက္ကပျံကြီးသည် အချိန် မရွေးလမ်းကြောင်းပြောင်းလဲကာ ကမ္ဘာမြေဆီသို့ တည့် တည့် ၀င်ဆော င့်မိနို င်ကြောင်းလည်းသိရှိရပါသည်။
အကယ်၍ ၀င်ဆောင့်မိပါက နာရီဝက် အတွင်းကမ္ဘာကြီးမှာ ပျက်စီးသွားပြီး လူသား မျိုးနွယ်များနှင့် တိရစ္ဆာန်များမှာ လွန်ခဲ့သောနှစ်ပေါင်း ( ၁ ) သန်း ခန့်က ဒိုင်ဆိုဆောများ ကဲ့သို့ မျိုးတုန်းပျောက်ကွယ်သွားမည်ကြောင်း နာဆာ သုတေသီ တစ်ဦးဖြစ်သူ မစ္စတာ ဂျွန်ဘစ်ရှော့ ကပြောကြားထားပါ သည်။
GLAXY X9 ဥက္ကာပျံကြီး လာနေသည်ကို တစ်ကမ္ဘာလုံးရှိဂြိုလ်တုများ၊ အာကာသကြည့်မှန်ပြောင်းများ မှ စောင့်ကြ ည့်ေ နကြပြီး (၃၀.၄.၂၀၁၇) ည သန်းခေါင်ယံ အချိန်တွင် အဆိုပါဥက္ကာခဲပျံကြီးအား ကမ္ဘာအနီးမှဖြတ်သန်းသွားခြင်းအား အ နီးကပ်တွေ့မြင်ရမည်ဖြစ်ကြောင်း Yangon News သ တင်းဌာနမှ သတင်းထောက် ကိုနေမျိုး (ဖားကန့်) သတင်းရရှိလာပါ သည်။
သတင်းအရင်းအမြစ် : အမေရိကန်အာကာသသိပ္ပံဌာန (NASA)
26.4.2017
#YangonNews
#OperationBlackjackH1N9
ရန်ကုန် နယူးစ်သတင်းအဖွဲ့
26.4.2017
#YangonNews
#OperationBlackjackH1N9
ရန်ကုန် နယူးစ်သတင်းအဖွဲ့
No comments:
Post a Comment