
I would prefer even to fail with honor than to win by cheating.
Sophocles (496 BC-406 BC)
ကလိမ်ကကျစ်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာ ရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။
(ဆိုဖကော်လ်စ်)

သူများက ကြိုက်သင့်တယ်ပြောလို့ လိုက်ပြီးကြိုက်လိုက်ရတာမျိုး မဟုတ်ပဲနဲ့ ကိုယ်ကိုယ်တိုင် ဘာကြိုက်တယ် ဆိုတာကို သိခြင်းဟာ ကိုယ့် စိတ်ကို ရှင်သန် တက်ကြွလာအောင် လုပ်ပေးခြင်းပဲ။ (ရောဘတ်လူးဝစ်စတီဗင်ဆန်)

လူတိုင်းမှာ မိုက်မဲမှုလေးတွေ ကိုယ်စီရှိကြပါတယ်၊ အဲဒီ မိုက်မဲမှုလေးတွေဟာ သူတို့ ပိုင်ဆိုင်တဲ့ အရာတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။ (ဂျိုရှ် ဘင်လင်းစ်)

စာဖတ်ခြင်းကြောင့် (အသိဉာဏ်) ပြည့်စုံသူ ဖြစ်ရသည်၊ ဆွေးနွေးခြင်းကြောင့် အဆင်သင့် ဆောင်ရွက်နိုင်သူ ဖြစ်ရသည်၊ စာရေးခြင်းကြောင့် (အချက် အလက်) တိကျသူ ဖြစ်ရသည်။ (ဖရန့်စစ် ဘေကွန်)

It is a farce to call any being virtuous whose virtues do not result from the exercise of its own reason. Mary Shelley (1797-1851)
ဆင်ခြင်တုံ တရားက ရလာတဲ့ ကိုယ်ကျင့် တရားမျိုး မရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ကိုယ်ကျင့် တရား ကောင်းတယ် လို့ ခေါ်တာဟာ ပျက်လုံး တစ်ခုပါပဲ။ (မေရီ ရှဲလီ)

လူ တစ်ယောက်ရဲ့စိတ် ဟာ ကင်းတဲပေါ်က ကင်းစောင့်(၇)ယောက်ထက် ပိုပြီး ကိုယ့်ကိုယ်ကို သတိပေးလေ့ရှိတယ်။ (ရ(ဒ်) ယာ့ဒ် ကစ်ပ်လင်)

ဖက်ရှင် ဆိုတာ ခြောက်လ တစ်ကြိမ်ပြောင်းလဲနေရလောက်အောင်ကို သည်းမခံနိုင်စရာကောင်းတဲ့ အကျီးတန် ပုံစံ တစ်မျိုးပဲ။ (အော်စကာဝိုင်း)

ကျနော့်ခြေထောက်နှစ်နေရာ မှာ ကျိုးသွားကြောင်း ဆရာဝန် ကို ကျနော်ပြောပြ လိုက် တယ်။ ဆရာဝန် က ဘာပြန်ပြောလဲ ဆိုတော့ အဲဒီနေရာတွေဆီ နောက်မသွားနဲ့တော့ တဲ့။ (ဟဲနီ ယန်းမန်း)

အတ္တဆန်မှု ဆိုတာ အမြဲတစေ ခွင့်လွှတ်ရမည့် အရာပဲ၊ ဘာ့ကြောင့်လဲ ဆိုတော့ ကုရာနတ္ထိ ဆေးမရှိဘူးလေ။ (ဂျိန်းအော်စတင်)

ကျွန်တော်တို့ ကမ္ဘာလောကထဲ ရှိ အမိုက်မှောင်ဆုံး မကောင်းမှုတွေ အနက် တစ်ခု ကတော့ လူကောင်း လူတော် ဆိုသူတွေ ရဲ့ သင်ကြားလို့ မရတဲ့ ရိုင်းစိုင်းမှု ပဲ။ (အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်)

ဘယ်တော့ မှ အားမလျှော့ နဲ့၊ ကံကြမ္မာပြောင်းလဲမှု ဆိုတာ ကာလဒေသ အပေါ်မှာလဲ မူတည်တယ်။ (ဟာရိုက်ဘီချာစတူး)

စိတ် ကို အသိဉာဏ် ရစေတဲ့ စကားလုံးတွေဟာ ရတနာတွေ ထက် ပိုတန်ဖိုး ရှိတယ်။ (ဟာ့ဇ်ရတ် အိုင်နယတ် ခန်)

ကျမ တို့ နောက်ဆုံး လူတွေ ကို ပေးနိုင်တဲ့ အကြင်နာဆုံး အရာကတော့ သစ္စာတရား ပါပဲ။ (ဟာရိုက် ဘီချာစတူး)

ရန်ညှိုး ဆိုတာ လက်နက်ပျံ တစ်ခုလိုပဲ၊ ပစ်တဲ့ ကာယကံရှင် ဆီ ပြန်လည်လာတတ် တဲ့ သဘော ရှိတယ်။ (၀ီလီယံမိတ်ခ်ပီးစ်သက်ခရေး)

ခံစားချက် မရှိခြင်းထက် ယုတ္တိ မရှိခြင်းက ပိုကောင်းပါသေးတယ်။ (ရှားလက်တ် ဘရွန့်တီ)

သတ္တိ ဆိုတာ တွေးတော ကြံစည်မှု ရဲ့ အကြီး အချုပ်၊ စိတ် ဆန္ဒ ရဲ့ ချပ်ဝတ် မိန်ညို၊ ဆင်ခြင်ဉာဏ် ရဲ့ ခံတပ် ပါပဲ။ (ဖရန့်ဆစ်စ် ဘေကွန်)

ယုံကြည်မှု ကို ရည်ရွယ်ရင်း အတိုင်း အချက် အလက်တွေပေါ်မှာပဲ တည်ဆောက် ရမယ်။ လုပ်ယူလို့ မရဘူး။ လုပ်ယူ ထားတဲ့ ယုံကြည်မှု ဟာ အမှားဖြစ်ဖို့ နီးစပ်တယ်။ (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်)

အသက်ရှင်ဖို့ စားတာ မျိုးပဲ ဖြစ်သင့်တယ်။ စားဖို့ အသက်ရှင်နေတာမျိုး မဖြစ်သင့်ဘူး။ (ဆော့ခရတ္တိ)

Time flies like an arrow. Fruit flies like a banana. Groucho Marx
ု့
အချိန်ဟာ မျှားတစ်စင်း ပစ်လွှတ် လိုက် သလို အကုန်မြန်တယ်။ စည်းစိမ် ဆိုတာ ငှက်ပျောသီး တစ်လုံး စားလိုက်သလို အပြုန်းမြန်တယ်။ (ဂရောင်ချို မာ့ခ်စ်)
http://zaylinthawtar1994.blogspot.my/search/label/%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%80%B8%E1%80%A1%E1%80%B1%E1%80%81%E1%81%9A%20%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%20%E1%80%98%E1%81%80%20%E1%80%92%E1%80%9E%E1%80%94
No comments:
Post a Comment