အခု အချိန်မှာ...သဘာဝဘေးအန္တရာယ် တွေဟာ နေရာတိုင်း မှာ ဖြစ်ပေါ်နေကြတာ ကို စာဖတ်သူတိုင်း သိရှိကြမှာပါ.....
တစ်ကယ့် ကိုယ်တွေ့ကြုံလာတဲ့ အချိန်....ပျာယာ မခတ် ပဲ လုပ်ဆောင်သင့်သည်များကို အချိန်မှီ လုပ်ဆောင်နိုင် ဖို့အတွက် ဒီဆောင်းပါးလေး ကို ပြန်လည်ဝေမျှလိုက်ပါတယ်........ငလျင် လှုပ်ရင် စားပွဲ အောက်မှာ နေပါ တို့၊ တံခါး ကျည်းဘောင် အောက် မှာ နေပါ တို့ အစရှိ သဖြင့် အရပ်ပြော စကားတွေ ရှိကြတာ ကို ကြားဖူး ကြမှာပါ။ အဲဒါတွေ အားလုံး ကို ခေါင်းထဲ က ထုတ်ပစ် လိုက် ပါတော့။
အခု ဆောင်းပါး ကို ဖတ်ပြီးတဲ့နောက် မှာ စာဖတ် ပရိသတ် တွေ ရဲ့ အတွေး အခေါ် ပြောင်းသွား
နိုင် ပြီး တစ်နေ့နေ့ မှာ သင်တို့ရဲ့ အသက်တွေ ကို ကယ်တင်နိုင်ဖို့ အထောက် အကူဖြစ် ပါလိမ့်မယ်။ (Doug Copp ၏ "The Triangle of life ဆောင်းပါး ကို ဘာသာပြန်ဆိုပါသည်။)
ကျွန်တော့် နာမည်ကဒေါက်ဂ် ကော့ပ် ပါ။ ကျွန်တော် ဟာ ကမ္ဘာပေါ် မှာ အတွေ့ အကြုံ အရင့်ဆုံး ကယ်ဆယ် ရေး အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေး အကြီး အကဲနှင့် သဘာဝ ဘေး အန္တရာယ် စီခံခန့်ခွဲ ရေးမှူး ရာထူး ကို ရရှိထား သူပါ။
ကျွန်တော် ဟာ ပြိုကျနေတဲ့ အဆောက် အအုံ (၈၇၅) ခုထဲ ကို တွား သွား ဝင်ရောက် ခဲ့ဖူးပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း (၆၀)ကျော် က ကယ်ဆယ် ရေး အဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ် ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေ မှာ ဆိုရင် ကယ်ဆယ်ရေး အဖွဲ့တွေကို တောင် တည်ထောင်ပေးခဲ့ဖူးပါတယ်။
၁၉၈၅ ခုနှစ်နောက်ပိုင်း မှာ ကမ္ဘာပေါ် မှာဖြစ်ပျက် သမျှ အကြီးစား သဘာဝ ဘေးအန္တရာယ် တိုင်း မှာ
ဝင်ရောက် တာဝန် ထမ်းဆောင်ဖူး ပါတယ်။
၁၉၈၅ ခုနှစ်၊ မက္ကဆီကို စီးတီး ငလျင်ဖြစ်ပြီးတဲ့နောက် မှာ ကျွန်တော်ကျောင်း တစ်ကျောင်းထဲ ကို အရင် ဆုံး တွားသွား ဝင်ရောက်တဲ့ အခါမှာ ကျောင်းသား ကလေးငယ် အားလုံး သူ တို့တွေ ရဲ့စာသင် စားပွဲတွေအောက် မှာ ရှိနေတဲ့ မြင်ကွင်း ပါပဲ။
ဒါပေမဲ့ ကလေးတွေ အားလုံး အရိုးတွေ စိစိ ညက်ညက်ကြေတဲ့ အထိ ပိမိနေကြ တာကို စိတ်မချမ်း မြေ့ ဖွယ်မြင်တွေ့ ခဲ့ရပါတယ်။ တစ်ကယ်လို့သာ ကလေးငယ်တွေ ဟာ အခန်း အလယ်လျှောက် လမ်း ထဲက သူတို့တွေရဲ့ စာသင်ခုံ တွေ နဲ့ဘေးကပ်လျက် လဲလျောင်း နေခဲ့ကြမယ် ဆိုရင်တောင် အသက် ဆုံးရှုံးချင်မှ ဆုံးရှုံးကြ ရမှာ ပါ။
အရှင်းဆုံးပြောပါမယ်။ အ ဆောက်အအုံ တစ်ခု ပြိုကျတဲ့ အခါ မျက်နှာကြက်တွေ ရဲ့အလေးချိန် ဟာ ပရိဘောဂတွေ ရဲ့ အပေါ်တည့်တည့် ကို သက်ရောက်တာကြောင့် အောက် တည့်တည့် မှာ ရှိတဲ့ အရာဝတ္ထု အားလုံး ကြေမွ သွားကြပါတယ်။
ဒါပေမဲ့ အဲဒီ အပျက်အစီး ပုံရဲ့ဘေးနေ ရာလေးတွေ ကတော့ ဂလိုင်များ အ ဖြစ်ကျန် ခဲ့ပါတယ်။ အဲဒီနေရာ လွတ် ကို ကျွန်တော် က "အသက်ကယ် တြိဂံ" လို့ အမည်ပေးထားပါတယ်။
အရာဝတ္ထု တစ်ခု ဟာကြီးမား တောင့်တင်းလေ ပိုမို ခိုင်ခံ့လေ ဖြစ်လို့ သူတို့ ရဲ့ဘေးက ကွက်လပ် ဟာလည်း ပိုပြီး ကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေ အနေနဲ့ အဲဒီနေရာလွတ် ထဲမှာ ဘေးမသီ ရန်မခနေ ထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။
ငလျင် ကြောင့်ပြိုပျက်နေတဲ့ အဆောက် အအုံ ပုံတွေကို တီဗွီ မှာ တွေ့ရတဲ့ အခါ အသက်ကယ် တြိဂံတွေကို လိုက်ပြီး ရေတွက်ကြည့်ပါ။ ပြိုပျက် နေတဲ့ အဆောက် အအုံ တစ်ခု အထဲမှာ အတွေ့ရ အများဆုံး ဂျီဩမေတြီ ပုံသဏ္ဌာန် ကတော့ တြိဂံဖြစ်ပြီး နေရာ တစ်ကာ မှာ တွေ့ရပါလိမ့်မယ်။
ဘေးရန်ကင်းဖို့ လက်တို့ အညွန်း......
၁။ ငလျင်လှုပ်လို့ အဆောက်အအုံ တစ်ခုပြိုတော့ မလို ဟန်ပြင်နေရင် လူ တော်တော် များများဟာ တစ်ခုခု အောက် ထဲ ဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံ ပိသေ ကြရပါတယ်။ စာရေး စားပွဲတွေ၊ ကား တွေ အစရှိတဲ့ အရာတွေအောက် ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုး နဲ့ ကြုံတွေ့ ကြရပါတယ်။
၂။ ခွေးတွေကြောင်တွေ နဲ့ ကလေးငယ် တွေဟာ သန္ဓေသားလောင်း ပုံစံ အတိုင်း ခွေအိပ်လေ့ ရှိတာ ကို မြင် ဖူး ကြမှာပါ။
ငလျင်လှုပ်ပြီ ဆိုရင်လည်း အဲဒီလို အနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝ ကပေးတဲ့ဘေးကင်း လုံခြု ရေး အသိပညာ ပါပဲ။ ခွေခေါက်နေခြင်း အားဖြင့် နေရာလွတ်သေးသေးလေး ထဲ မှာ အသက်ရှင်ရက် ကျန်ရှိဖို့ အခွင့် သာသွားစေပါတယ်။
အလွယ် တစ်ကူ ပြားချပ် မသွားနိုင်တဲ့ ဆိုဖာထိုင်ခုံ၊ ခုတင် အစ ရှိတဲ့ ထုထည်ကြီးကြီး အရာ တွေဘေး မှာခွေခေါက်နေ လို့ ရမယ့် နေရာလွတ်မျိုး ရှိတတ်ပါတယ်။
၃။ ငလျင်လှုပ်နေစဉ် ကာလ အတွင်း မှာ ပျဉ်ထောင်အိမ်တွေ ဟာ အလုံခြုံ ဆုံး ပါပဲ။ သစ်သား ဟာ ကွေး လွယ် ညွတ်လွယ် လို့ ငလျင်လှိုင်းတွေ နဲ့ အတူ အလိုက်သင့် လှုပ်ရှားနိုင် ပါတယ်။ ပျဉ်ထောင်အိမ် တစ်လုံး ပြိုကျတယ် ဆိုစေဦးတော၊့ နေရာလွတ်တွေ အများကြီးချန်ထား ခဲ့ပါလိမ့်မယ်။
ဒါ့အပြင် ပျဉ်ထောင် အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေး ချိန်လည်း နည်းပါးပါတယ်။ အုတ် တိုက်တွေ ကတော့ ငလျင်လှုပ်ရင် အုတ် ချပ်တွေ အဖြစ် တစ်စစီပြိုကွဲ ကျသွား တတ်လို့ အောက်မှာ ရှိနေမယ့်လူတွေ အတွက် အန္တရာယ်ရှိပါတယ်။
၎။ ညအချိန် ငလျင်လှုပ်တဲ့ အခါခုတင် ပေါ်မှာ တိုက်တိုက် ဆိုင် ဆိုင်ရောက် နေရင် ခုတင်ဘေးကိုသာ လှိမ့် ချလိုက် ပါ။ ငလျင်လှုပ်ရင် ခုတင်ဘေး လှိမ့်ဆင်းဖို့ အကြံပြုချက်တွေကို သာ ခုတင် ခြေရင်းမြင်သာ တဲ့နေရာ မှာ ကပ်ထား ပေးနိုင်မယ် ဆိုရင် လူအသေအပျောက် နည်းသွားနိုင်ပါတယ်။
၅။ ငလျင် လှုပ်ချိန် မှာ တံခါး၊ ဒါမှ မဟုတ် ပြတင်းပေါက် ကနေပြေးထွက် ဖို့ အချိန် မရတော့ဘူး ဆိုရင် ဆိုဖာ ကြီး ကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာခွေခေါက်ပြီးနေလိုက်ပါ။
၆။ တံခါး ကျည်းဘောင်အောက်မှာ ဝင်ပုန်းတဲ့ သူတွေဟာ သေဆုံးကြရပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက် သွား ချိန်မှာ အပေါ်က အုတ်၊ အင်္ဂတေ အစ ရှိတာတွေ ပြိုကျလာနို င် လို့ အခန် မသင့်ရင် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်။
၇။ လှေကားခွင် ထဲမှာ ဘယ်တော့မှ မ နေပါနဲ့။ လှေကားတွေ ဟာ ပင်မ အ ဆောက်အအုံ နဲ့ တစ်ဆက် တည်း မရှိ တတ်ဘဲ ပုခက်လွှဲ သလို ယိမ်းခါနေ အောင် တည်ဆောက် ထားတတ်တာ မို့ ငလျင်လှုပ်ပြီ ဆို ရင် ပြုတ်ကျ လာပြီး အောက်မှာ ရှိတဲ့သူတွေကိုလှေကား ထစ်တွေ က အပိုင်းပိုင်း ခုတ်ဖြတ်ပစ် တတ်ပါ တယ်။
အဆောက်အအုံ ပြို မကျနိုင်ဘူး ဆိုရင်တောင် ထွက်ပြေးနေတဲ့ သူတွေနဲ့ လှေကားပြည့်သွားပြီး ပြုတ်ထွက် သွားနိုင်တဲ့ အန္တရာယ် ရှိလို့ လှေကား ကြံ့ခိုင်မှု ကို မပြတ်စစ်ဆေး သင့်ပါတယ်။
၈။ နံရံတွေ ရဲ့အတွင်းဘက်ထက် အ ပြင်ဘက်မှာရောက်နေစေဖို့ ကြိုးစား ပါ။ အတွင်းဘက် မှာ ရောက်နေ လို့ အဆောက်အအုံ ပြိုကျခဲ့ရင် ထွက်ပေါက် ရှာမရဖြစ်တတ် ပါတယ်။
၉။ ငလျင် လှုပ်ချိန်မှာ မော်တော် ယာဉ်တွေ အတွင်း ဝင်ရောက် ပုန်းအောင်း သူတွေဟာ ပြင်ပက အရာတွေ သူတို့ အပေါ် ပိတဲ့ အခါ ထွက်ပြေးလို့ မရဘဲ ပိသေကြရ ပါတယ်။ တစ်ကယ် လို့သာ ကားထဲက ထွက်လာပြီး ကားဘေးနား ကပ်လျက် ခွေခေါက် အိပ်နေရင်တောင် အသက် ရှင်သန်မှု အခွင့်အရေး ပိုရှိနေပါသေးတယ်။
ကားတွေဟာ ဘယ်လောက်ပဲ ပိပိ သူတို့ရဲ့ဘေးကပ် လျက်မှာ သုံးပေလောက် ကွက်လပ် ကျန်ခဲ့တတ် ပါ တယ်။ ဒီ ကွက်လပ် လေးဟာ အသက်ကယ် တြိဂံပါပဲ။
၁၀။ ပြိုကျ ပျက်စီးနေတဲ့ သတင်းစာ တိုက်တွေ နဲ့ စာရွက် အသုံးများတဲ့ အ ခြားရုံးတွေကို ဝင်ရောက် ကြည့်ရှု ဖူး တဲ့ အတွေ့အကြုံ အရ စက္ကူတွေဟာ လွယ်လွယ် နဲ့ပြားကပ် မသွားတတ်တာ ကိုတွေ့ရပါတယ်။ စက္ကူပုံ ကြီးဘေး နားမှာ ဆိုရင်တော့ နေရာ လွတ်ကြီး ကြီးမားမား ကျန်တတ်ပါတယ်။
ဒီအချက်တွေ ကို ၁၉၉၆ ခုနှစ် မှာ လက်တွေ့စမ်းသပ်ကြည့်ပြီးသား ဖြစ်ပြီး တူရကီ အစိုးရ၊ အစ္စတန်ဘူလ် မြို့ အုပ်ချုပ်ရေး အဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင် ခဲ့တဲ့ စမ်းသပ် ချက်မှာ သိပ္ပံနည်းကျ အဖြေထွက် ခဲ့ပါတယ်။
ကျွန်တော်တို့ ပူးပေါင်း အဖွဲ့ ဟာ လူသား တို့ရဲ့ခံစားမှု အတိုင်း သိရှိ ခံစားနိုင်တဲ့ လူတူ စက်ရုပ် (၂၀) ကို ကျောင်း တစ်ကျောင်း နဲ့ နေအိမ် တစ်လုံးထဲ ထည့်ပြီး အဆောက်အအုံ တွေကို ဖြိုချကြည့်ခဲ့ပါတယ်။
စက် ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်း တဲ့ စနစ် အတိုင်း နေရာချ ထားခဲ့ပြီး ကျန်တဲ့ စက်ရုပ် (၁၀) ရုပ် ကိုတော့ ကျွန်တော့် ရဲ့အသက်ကယ် တြိဂံနည်း စနစ် အတိုင်း နေရာချထားခဲ့ပါတယ်။
အဆောက်အအုံတွေ ပြိုကျ သွားပြီးတဲ့နောက် မှာတော့ ကျွန်တော်တို့ ပူးပေါင်း အဖွဲ့ဟာ အဆောက်အအုံ ပျက်ထဲ ဝင်ပြီး ဗီဒီယို မှတ်တမ်းတင် ခဲ့ပါတယ်။ အဲဒီ အခါမှာ တစ်ခုခု အောက်ထဲပြေး ဝင်ပုန်းတဲ့ နည်းကို သုံးရ င်အသက်ရှင်စရာလမ်း မမြင်တဲ့ အနေအထားတွေ မှာ အသက်ကယ် တြိဂံနည်း စနစ်ကို သုံးတဲ့ သူတွေဟာ အသက်အန္တရာယ် ကနေ လွတ်ငြိမ်း ချမ်းသာဖို့ ရာနှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။
ဒီ ဥပမာ ကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီ ဆိုရင် ပျာယာခတ် မသွား ဘဲ အခိုင်အခံ့ ပစ္စည်းတွေ ရှိတဲ့ နေရာ တွေဘေးကွေးကွေး ကလေး ဝင်ထိုင် နေတတ်ဖို့ လိုအပ်တယ် ဆိုတာ သိကြ မယ်လို့ထင် ပါတယ်။
ကမ္ဘာကြီး မှာ သဘာဝဘေး အန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေ ရဲ့အသက် အန္တရာယ် ပိုမို ရှိ လာ တဲ့ အတွက် တစ်ခုခုဖြစ်လာ ခဲ့လို့ ရှိရင် အဆင်သင့်ဖြစ်နေစေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက် ကယ် ပစ္စည်းတွေ များများစား စား ထားရှိဖို့လိုအပ်ပါမယ်။
ကိုယ့်ပတ် ဝန်းကျင်မှာ အသက်ကယ် တြိဂံဘယ် နှစ်ခု ရှိနိုင်တယ် ဆိုတာကို ကြိုတင်ရှာ ဖွေထားသင့် ပါတယ် လို့ အကြံပြုလိုက် ပါရစေ။
(Doug Copp ၏ "The Triangle of life ဆောင်းပါး ကို ဘာသာပြန်ဆိုပါသည်။)
သိန်း မြင့်
Credit: Original Writer KZ
www.bellbagan.com www.facebook.com/bellbagan
No comments:
Post a Comment