အခု အချိန်မှာ...သဘာဝဘေးအန္တရာယ် တွေဟာ နေရာတိုင်း မှာ ဖြစ်ပေါ်နေကြတာ ကို စာဖတ်သူတိုင်း သိရှိကြမှာပါ.....
တစ်ကယ့် ကိုယ်တွေ့ကြုံလာတဲ့ အချိန်....ပျာယာ မခတ် ပဲ လုပ်ဆောင်သင့်သည်များကို အချိန်မှီ လုပ်ဆောင်နိုင် ဖို့အတွက် ဒီဆောင်းပါးလေး ကို ပြန်လည်ဝေမျှလိုက်ပါတယ်........ငလျင် လှုပ်ရင် စားပွဲ အောက်မှာ နေပါ တို့၊ တံခါး ကျည်းဘောင် အောက် မှာ နေပါ တို့ အစရှိ သဖြင့် အရပ်ပြော စကားတွေ ရှိကြတာ ကို ကြားဖူး ကြမှာပါ။ အဲဒါတွေ အားလုံး ကို ခေါင်းထဲ က ထုတ်ပစ် လိုက် ပါတော့။
အခု ဆောင်းပါး ကို ဖတ်ပြီးတဲ့နောက် မှာ စာဖတ် ပရိသတ် တွေ ရဲ့ အတွေး အခေါ် ပြောင်းသွား
နိုင် ပြီး တစ်နေ့နေ့ မှာ သင်တို့ရဲ့ အသက်တွေ ကို ကယ်တင်နိုင်ဖို့ အထောက် အကူဖြစ် ပါလိမ့်မယ်။ (Doug Copp ၏ "The Triangle of life ဆောင်းပါး ကို ဘာသာပြန်ဆိုပါသည်။)
ကျွန်တော့် နာမည်ကဒေါက်ဂ် ကော့ပ် ပါ။ ကျွန်တော် ဟာ ကမ္ဘာပေါ် မှာ အတွေ့ အကြုံ အရင့်ဆုံး ကယ်ဆယ် ရေး အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေး အကြီး အကဲနှင့် သဘာဝ ဘေး အန္တရာယ် စီခံခန့်ခွဲ ရေးမှူး ရာထူး ကို ရရှိထား သူပါ။
ကျွန်တော် ဟာ ပြိုကျနေတဲ့ အဆောက် အအုံ (၈၇၅) ခုထဲ ကို တွား သွား ဝင်ရောက် ခဲ့ဖူးပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း (၆၀)ကျော် က ကယ်ဆယ် ရေး အဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ် ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေ မှာ ဆိုရင် ကယ်ဆယ်ရေး အဖွဲ့တွေကို တောင် တည်ထောင်ပေးခဲ့ဖူးပါတယ်။
၁၉၈၅ ခုနှစ်နောက်ပိုင်း မှာ ကမ္ဘာပေါ် မှာဖြစ်ပျက် သမျှ အကြီးစား သဘာဝ ဘေးအန္တရာယ် တိုင်း မှာ
ဝင်ရောက် တာဝန် ထမ်းဆောင်ဖူး ပါတယ်။
၁၉၈၅ ခုနှစ်၊ မက္ကဆီကို စီးတီး ငလျင်ဖြစ်ပြီးတဲ့နောက် မှာ ကျွန်တော်ကျောင်း တစ်ကျောင်းထဲ ကို အရင် ဆုံး တွားသွား ဝင်ရောက်တဲ့ အခါမှာ ကျောင်းသား ကလေးငယ် အားလုံး သူ တို့တွေ ရဲ့စာသင် စားပွဲတွေအောက် မှာ ရှိနေတဲ့ မြင်ကွင်း ပါပဲ။
ဒါပေမဲ့ ကလေးတွေ အားလုံး အရိုးတွေ စိစိ ညက်ညက်ကြေတဲ့ အထိ ပိမိနေကြ တာကို စိတ်မချမ်း မြေ့ ဖွယ်မြင်တွေ့ ခဲ့ရပါတယ်။ တစ်ကယ်လို့သာ ကလေးငယ်တွေ ဟာ အခန်း အလယ်လျှောက် လမ်း ထဲက သူတို့တွေရဲ့ စာသင်ခုံ တွေ နဲ့ဘေးကပ်လျက် လဲလျောင်း နေခဲ့ကြမယ် ဆိုရင်တောင် အသက် ဆုံးရှုံးချင်မှ ဆုံးရှုံးကြ ရမှာ ပါ။