ဂေါတမ ဗုဒ္ဓ သက်ရှိထင်ရှား ရှိစဉ် အခါ တုန်
နောက်တစ်နေ့
နံနက်စောစော ၌ ရဟန်း တို့က မုလေးပန်း တို့ကို “ သင်တို့ အညှာများမှ မကြွေကျမီ ငါတို့ သည် ရာဂ စသည် တို့မှ ကင်းကွာလွတ်မြောက်အောင် ပြုကြ ကုန်အံ့ ” ဟု ပြောဆို သကဲ့သို့ ပြုကာ တရား ကို အပြန်းအထန် အားထုတ်ကြသောကြော င့် ရဟန္တာ များ အဖြစ်သို့် ရောက်သွားကြောင်းကို တစ်ဦးသော သူက ပြောသည်။
နောက် တစ်ဦးက ညှိုးရော် သွားသော ပဒုမ္မာ ကြာပွင့် မှ ပွင့်ဖတ် တို့ ကြွေကျကျပုံ ကို မြင်ရာမှ အနိစ္စ သဘော ကို ထိုးထွင်း သိမြင်ကာ ပစ္စေကဗုဒ္ဓ များဖြစ်သွားကြသော ပဒုမ္မဒေ၀ီ မိဖုရား ၏ သားငါးရာ တို့ အကြောင်းပြောပြီးနောက် ၌ ရှင်မဟာသီလ၀ံသ ၏ ပါရာယန ၀တ္တုနှင့် မြန်မာ့ ၀တ္တုရှည် များ ဖြစ်ပေါ် တိုး တက်လာမှု သမိုင်း ကို
ရှည်လျားစွာ ပြောပါသည်။
နောက် တစ်ဦးက ညှိုးရော် သွားသော ပဒုမ္မာ ကြာပွင့် မှ ပွင့်ဖတ် တို့ ကြွေကျကျပုံ ကို မြင်ရာမှ အနိစ္စ သဘော ကို ထိုးထွင်း သိမြင်ကာ ပစ္စေကဗုဒ္ဓ များဖြစ်သွားကြသော
ရှည်လျားသောကြောင့် သူပြောပြခြင်း များကို
အစီအစဉ် တကျ မမှတ်မိတော့ပါ။ အခြားသူ တစ်ဦးက ခုနစ်နှစ်သား အရွယ်
သာမဏေငယ် တစ်ပါးသည် ရှင်သာရိပုတ္တရာ မထေရ်မြတ်ြ်ကီးနှင့်
အတူ ဇေတ၀န်ကျောင်းတော် မှ ဆွမ်းခံရန် ထွက်လာ ၏ ။
လမ်းခရီး တစ်နေရာ တွင်
လယ် အတွင်း သို့ရေ သွင်းရန် ဖောက် ထားသော ရေမြောင်း အတွင်း ၌ ရေ တို့ကွေ့၍ကောက်၍
တန်း၍ တွန်း ၍ တိုး၍ စီးဆင်းနေသည် ကို မြင်တွေ့ရသော အခါ ထို စီး ဆင်းနေသောရေ ၌
စိတ် ရှိပါသလားဟု ရှင်သာရိပုတ္တရာ မထေရ်မြတ်အား မေးလျှောက်ကြောင်း၊
ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက
ရေ ၌ စိတ် မရှိကြောင်း ပြောသော အခါ သာမဏေငယ် သည် ‘ စိတ် မရှိသောရေကို ပင်လျှင်
လိုရာ အရပ်သို့ သယ်ယူနိုင်ပါ က စိတ်ရှိသော ငါသည် ငါ့ ဘ၀ကို အရဟတ္တဖိုလ် အရောက်
အဘယ့်ကြောင့် မဆောင်ယူနိုင်သူ ဖြစ်ရမည်နည်း၊ ဆောင်ယူနိုင်သူ ဖြစ်ရ မည်သား ’ ဟု အားမာန် သတ္တိ ရရှိသွားသောကြောင့် ရှင်သာရိပုတ္တရာမထေရ်မြတ်အား
ခွင့်ပန် ၍ ဇေတ၀န် ကျောင်း သို့ ပြန် သွားကာ တရား အားထုတ်ကြောင်း၊
ထိုနေ့မှာပင် အရဟတ္တဖိုလ် သို့ ဆိုက် ရောက် သွားကြောင်း ပြောပြသည်။ မဂ် ဆိုက်ရာ၌
ဖြစ်ပေါ်သော စိတ်သဘာဝ အကြောင်း များကိုလည်း အလေးအနက်ပြောသည်။