Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေ အရင်သုံးလက် စ Viber message တွေ ၊ sticker တွေကို ဖုန်းထဲမှာ အသစ်ပြန်သွင်း ထားတဲ့ Viber ထဲ မှာပြန်ထည့်ချင် သူတွေ အတွက်ရည်ရွယ်ရေး သားပါတယ်။
ကျွန်တော်တို့ ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။ Viber သွင်းပြီးတာနဲ့ Code တောင်း တယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ် ။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။
ကျွန်တော်တို့ ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။ Viber သွင်းပြီးတာနဲ့ Code တောင်း တယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ် ။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။
ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ဖုန်း Firmware ကျသွားတဲ့အခါ ၊ Firmware ပြန်တင် လိုက်ရ တဲ့ အခါ Viber သုံးနေကျသူဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်းရပါပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် Code အသစ်ပြန်တောင်းပြီး activate ပြန်လုပ်ရပါတယ်။ ဒါကလည်း တစ်ခါတစ်လေ Code ပြန်မပို့တာတွေ ရှိပါသေးတယ်။
Internet မရှိတဲ့သူတွေ ၊ အင်တာနက် ရှိပေမယ့် Viber က Code ပြန်မပို့လို့ Viber အဆင်မပြေဖြစ်နေ သူတွေအတွက် အလုပ်ရှုပ်တာပေါ့ဗျာ။ အခု ကျွန်တော်ပြောပြမှာက Viber ကို ဖုန်းထဲမှာ ပုံမှန်သုံးစွဲနေစဉ် ကတည်းက အတွင်း data ကို copy/backup ကူးထားဖို့ပဲဖြစ်ပါတယ်။ iPhone တွေမှာဆိုရင် iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီး Documents ဆိုတဲ့ Folder ကို ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ သိမ်းထားလိုက်ရုံပါပဲ။
တကယ်လို့ ကိုယ့်ရဲ့ဖုန်းကို Firmware ပြန်တင်လိုက်ရပြီဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်း ၊ ပြီးတာနဲ့ iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီးရင် Documents ဆိုတဲ့ Folder ကိုဖျက်ပြီး ခုနက ကွန်ပျူတာထဲမှာသိမ်းထားခဲ့တဲ့ Documents folder ကိုပြန်ကူးထည့်ပေးလိုက်ရင် ။ Firmware မကျခင်တုန်းက activate လုပ်ထားပြီးသား Viber အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ activate လုပ်ပြီးအခြေအနေ ၊ အရင်ကပြောထားတဲ့ Viber Message တွေ ၊ Contact တွေကစ အရင်အနေအထားတိုင်းပြန်ပေါ်နေမှာဖြစ်ပြီး အသင့်သုံးစွဲရုံပါပဲ။
Android ဖုန်းတွေမှာလည်း ထိုနည်း၎င်းပါပဲ ။ Root Explorer ဆော့ဝဲသွင်းထားပြီး ဖုန်းရဲ့ root directory ထဲက data/app ထဲကိုဝင် ၊ com.viber.voip ထဲကိုဝင်ပြီး အတွင်းမှာပါတဲ့ folder တွေကို copy ကူးပြီး သိမ်းထား လိုက်ပါ။ အကယ်၍ ကိုယ့်ဖုန်းက Firmware ကျသွားလို့ ၊ Firmware အသစ်ပြန်တင်ထားလို့ Viber ပြန်သွင်းပြီးပြီဆိုရင် အပေါ်အဆင့်မှာတုန်းက copy ကူးသိမ်းထားတဲ့ folder တွေကို data/app ထဲက com.viber.voip folder ထဲပြန်ထည့်ပေးလိုက်ရုံပါပဲ။

အရင်အနေအထားအတိုင်းပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ကတော့ Android ဖုန်းမှာ root access တော့ရှိဖို့လိုပါလိမ့်မယ်
အခုပြောခဲ့တဲ့နည်းတွေဟာ iPhone ရော ၊ Android OS သုံးဖုန်းတွေရောကို အင်တာနက်မလိုပဲ Viber ကို နဂိုသုံးစွဲအနေအထားအတိုင်းပြန်ပြီး activated ဖြစ်စေမှာဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သက်နိုင်စိုး (Myanmar Mobile App Store)

From... News & In Myanmar
No comments:
Post a Comment