မျက်တောင်တွေကို တွန်းထွက်လာတာ
မိုးရေစက်တွေမှ မဟုတ်ဘဲ
လိပ်ပြာခွဲ ချိန်ခွင်ဆီက
လှုပ်ခတ်နေမှုဟာ
မျက်ရည်ကို တနင့်နင့်စိုစေခဲ့တယ်.............
ဘယ်သူကိုမှ မပေးနိုင်ဘူး
ဘယ်သူကမှလဲ သူ့လောက်
သူ့ရင်သွေး ကိုနွေးစေမှာမဟုတ်ဘူး
လူ့လောကလာခါစ လူသားပေါက်စ
ဝေးပြပြ အရပ်ဆီက
သူမြင်နေရတယ်.......................
စူးရှနေတဲ့ ဆာလာသံနဲ့
ကလေးငယ်ရဲ့အော်ငြီးမှုဟာ
သူ့အတွက်
အမျှအတမ်းပေးဝေမှုမှ မဟုတ်ဘဲ
သူထားပစ်ခဲ့ရတယ်
သူ့ရင်သွေးရဲ့ရှေ့ရေးလမ်းတွေ
သူဆွံ့အ ခဲ့ရတယ်
သူ့ရင်သွေးအတွက် ဆုံးမစာတွေ..............
ဒီစာကို ဇာတ်နာအောင်မရေးခဲ့ဘူး..................
နောက်ဆုံး....
ချိန်ခွင်ရဲ့ တစ်ဖက်မှာက
သူ့နာမည်ပါတဲ့ ခဲတစ်လုံး
အခြားတစ်ဖက်မှာ
ပေးခဲ့လိုသူနာမည်ပါ ခဲတစ်လုံး
အားမသန်လို့လျှော့လိုက်တဲ့မာန်မှာ
သူ့နာမည်ပါခဲတစ်လုံးဖက်က
မျက်ရည်ပူတွေစီးကျနေသယောင်....
(ရွာတစ်ရွာရောက်ရင်း နာရေးအိမ်တစ်အိမ်မှ ပြောပြချက်အရ ကိုယ်တွေ့မြင်ကွင်းတစ်ခုအားရေးဖွဲ့ထားပါသည်)
လေသွေးညို
No comments:
Post a Comment