(၁) ဒီပင်္ကရာ ဘုရားပွင့်ရာ ကမ္ဘာကြီး ကုန်ဆုံးသောအခါ ကမ္ဘာကြီးတစ်ခုပေါ်လာသည်။
ထိုကမ္ဘာမှာ ဘုရားမပွငိ့သော သုညကမ္ဘာဖြစ်၏။
ထိုကဲ့သို့သော သုညကမ္ဘာကြီးပေါင်း မည်မျှဟု ရေတွက်မရအောင်များလှ၏ ။
ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။ ထိုကမ္ဘာ၌ ကောဏ္ဌညဗုဒ္ဓ ပွင့်တော်မူ၏ ။
ထိုဘုရားပွင့်ရာကမ္ဘာကို အသုညကမ္ဘာဟု ခေါ်၏ ။ ထိုဒီပင်္ကရာဗုဒ္ဓပွင့်ရာကမ္ဘာနှင့်
ကောဏ္ဌညဗုဒ္ဓပွင့်တော်မူရာ ကမ္ဘာနှစ်ခု အကြားကာလ၌ ပေါ်ခဲ့သော သုညကမ္ဘာကြီးပေါင်း အသင်္ချေသည် အလောင်းတော်ပရမီ ဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသင်္ချေ တစ်ခုဖြစ်၏ ။
(၂) ထိုကောဏ္ဌည ဗုဒ္ဓ ပွင့်ရာ ကမ္ဘာကုန်ဆုံးသောအခါ ဘုရားမပွင့်သည့် သုည ကမ္ဘာကြီးပေါင်း အသင်္ချေ လာပြန်၏ ။ ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။ ထိုကမ္ဘာ၌ မင်္ဂလာဗုဒ္ဓ ၊ သုမနဗုဒ္ဓ ၊ ရေ၀တ ဗုဒ္ဓ၊ သောဘိတ ဗုဒ္ဓ ဟူသော ဗုဒ္ဓလေးဆူ ပွင့်တော်မူ၏။

ထိုကောဏ္ဌည ဗုဒ္ဓပွင့်ရာ ကမ္ဘာမှ မင်္ဂလာဗုဒ္ဓတို့ပွင့်ရာ ကမ္ဘာတို့အကြားကာလ၌ ပေါ်ခဲ့သော
သုညကမ္ဘာကြီးပေါင်း အသင်္ချေသည် အလောင်းတော် ပါရမီဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသင်္ချေ တစ်ခုဖြစ်၏ ။
(၃) ထိုဘုရားလေးဆူ ပွင့်တော်မူရာ ကမ္ဘာကုန်ဆုံးသော အခါ သုညကမ္ဘာကြီးပေါင်း အသင်္ချေ လာပြန်၏ ။ ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။

ထိုကမ္ဘာ၌ အနောမဒဿီ၊ ပဒုမဗုဒ္ဓ၊ နာဒရ ဗုဒ္ဓ၊ ဟူသော ဘုရားသုံးဆူပွင့်တော်မူ၏ ။
ထို မင်္ဂလာဗုဒ္ဓ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာနှင့် အနောမဒဿီ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာအကြား၌ ဖြစ်ပေါ် ခဲ့သော သုညကမ္ဘာကြီးပေါင်းအသင်္ချေသည် အလောင်းတော် ပါရမီဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသင်္ချေ တစ်ခုဖြစ်၏။
(၄) နာဒရဗုဒ္ဓပွင့်ရာ ကမ္ဘာကုန်ဆုံးသောအခါ သုည ကမ္ဘာကြီးပေါင်းအသင်္ချေ လာပြန်၏ ။
ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။

ထိုကမ္ဘာ၌ ပဒုမုတ္တရ ဗုဒ္ဓပွင့်တော်မူ၏ ။ နာဒရ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာနှင့် ပဒုမုတ္တရဗုဒ္ဓ ပွင့်တော်မူရာ ကမ္ဘာအကြား၌ ဖြစ်ပေါ်ခဲ့သော သုညကမ္ဘာပေါင်း သည် ထို့နောက်ကမ္ဘာတစ်ခုပေါ်လာ၏ ။
★ ဤသို့လျှင် အလောင်းတော်ပါရမီဖြည့်ရာ
ဗုဒ္ဓန္တရ အသင်္ချေလေးရပ်ဖြစ်သည်။ ★
"ကမ္ဘာတစ်သိန်း "
★ ထိုနောက် ပဒုမုတ္တရ ဗုဒ္ဓပွင့်ရာ ကမ္ဘာမှ သိခီဗုဒ္ဓနှင့် ဝေဿဘူဗုဒ္ဓ နှစ်ဆူပွင့်တော်မူရာ ကမ္ဘာအထိ ကမ္ဘာပေါင်း တစ်သိန်းနှစ်ကမ္ဘာရှိ၏ ။

ကမ္ဘာတစ်သိန်း ဟူ၍အလွယ်ခေါ်ကြသည်။ ထိုကမ္ဘာများ အတွင်း၌ ဘုရား ၁၂ ဆူပွင့်တော်မူကြ၏ ။ အလောင်းတော် သည် ထိုကမ္ဘာ တစ်သိန်း နှစ်ကမ္ဘာ ကာလပတ်လုံး ပါရမီဆယ်ပါး အပြားသုံးဆယ် တို့ကို ဖြည့်ကျင့်တော် မူခဲ့၏။
ဤသည်ကား ဘုရားအလောင်းတော် ပါရမီဖြည့်ကျင့်ရာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ရေတွက်ပုံ ပင်ဖြစ်ပါသည်။
(အရှင်ဇ၀န မေတ္တာရှင်ရွှေပြည်သာ )
(အရှုံးမရှိသောဒဿန စာအုပ်မှ)
ဘုရားရှင်၏ ပါရမီဖြည့်ပုံကို နှလုံးသွင်း၍ ဂုဏ်တော်တွေကို ပွားများကြပါစို့ ။
From...Aye Chan Mon# Credit To : နှလုံးသားအာဟာရ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:
Post a Comment