ရန်ကုန်၊ ဇန်န၀ါရီ ၂၁
၂၀.၁.၂၀၁၄ ရက်နေ့ ၂၀၁၅ အချိန် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များ သ ည် လက်ခုပ်ကုန်း တိုက်နယ်ဆေးရုံတွင် အဆိပ်သောက်ခဲ့သဖြင့် မိန်းကလေးငယ်တစ်ဦး ဗိုက်အောင့်၊ မူးဝေကာ ရောက်ရှိကုသနေကြောင်း သတင်း အရ သွားရောက်စစ်ဆေးရာ ကွမ်းခြံကုန်းမြို့နယ်နေ န၀မတန်းကျောင်းသူ မ—-၊ (၁၄)နှစ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ၎င်းမှာ ၂၁.၁. ၂၀၁၄ရက်နေ့ ၀၅၃၀ အချိန်တွင်သေဆုံးသွားခဲ့ပါသည်။
ထိုကဲ့သို့ အဆိပ်သောက်သေဆုံး ရခြင်းနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ ၎င်းရည်းစား ထားသည့် ကိစ္စအား အဒေါ်ဖြစ်သူမှ ဆူပူ သွန်သင်ပြောဆိုသည်ကို စိတ်ဆိုးကာ နေအိမ် အိပ်ခန်းအတွင်း၌ ပိုးသတ်ဆေးသောက်ခဲ့သဖြင့် သေဆုံးခြင်းဖြစ်ကြောင်းသိရှိရပါ သည်။
၎င်းသေဆုံးမှုအား လက်ခုပ်ကုန်း နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ဖြင့်ရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
From...မြ၀တီ
No comments:
Post a Comment