Friday, January 17, 2014

ဂီတ သမားကြီး၏ ငြိမ်းချမ်းရေး အိပ်မက်

Photo: ဂီတသမားကြီး၏ ငြိမ်းချမ်းရေးအိပ်မက် -------------- ရေးသားသူ- ဥက္ကာကိုကို  ငြိမ်းချမ်းရေးသည်သာပဓာနဟုခံယူထားသည့် ဂီတသမားကြီး၏ ရှည်လျားသည့်ဆံပင်နှင့် မုတ်ဆိတ်တို့မှာ ဖြူဆွတ်လျက်ရှိနေပါပြီ။ သူသည် သူတတ်ကျွမ်းသည့်ဂီတပညာဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုနေဆဲဖြစ်ပါသည်။ နိုင်ငံအတွက် ပေးဆပ်နေဆဲဖြစ်ပါသည်။ စစ်ဘေးဒုက္ခသည်များအတွက် လမ်းတကာ၊ လက်ဖက်ရည်ဆိုင်တကာပတ်၍ တီးခတ်ဖျော်ဖြေကာ ပိုက်ဆံရှာပေးနေဆဲဖြစ်ပါသည်။  “နေ၀င်ညကိုကူးဖြတ်ပြီးမှ ရောင်နီလာမယ့် နေ့သစ်ကိုရောက်မယ်...ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ တစ်ချိန်မှာ အောင်မြင်လွတ်မြောက်မယ်မဟုတ်လား ...သံသရာလမ်းဟာ မချောမွေ့တတ်တော့ တာဝန်ကိုယ်စီအား တင်းရှေ့ဆက်လှမ်း...”  နံနက်ခင်းနေရောင်နုနုအောက်မှာ ပျံ့လွင့်လာသည့်ဂီတ။ သီဆိုသူနှင့် တီးခတ်သူတို့က တက်ကြွစွာဟန်ပန်အပြည့်။ ခွန်အားဖြည့်မိငယ်။ မတ်တတ်ရပ်တီးခတ်နေသည့် ဂစ်တာသမားတို့နောက်မှာ ၆၇ နှစ်အရွယ် အဖွဲ့ခေါင်းဆောင်က ဘေ့စ်ဂစ်တာကို အားမာန်အပြည့်တီးခတ်လျက်ရှိသည်။ သူက လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်တေးဂီတအဖွဲ့ကို ဦးဆောင်နေသည့် ကိုရဲလွင်(မဇ္ဈိမလှိုင်း)ပင်။  ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်တိရစ္ဆာန်ရုံဘေးရှိ Morning Star လက်ဖက်ရည်ဆိုင်ရှေ့မှာ ကိုရဲလွင်ဦးဆောင်သည့် ပန်းရဲ့လမ်းအဖွဲ့က သာကေတမြို့နယ် စုရန်ပြေအခမဲ့ဆေးကုခန်းအတွက် ရန်ပုံငွေရှာဖွေပေးနေခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံပုံစံ ကပ်ခွာလေးနှစ်ခုကို ဘေ့စ်ဂစ်တာတွင်ကပ်လျက် သက္ကလပ်ဦးထုပ်ဟောင်းလေးကိုဆောင်းကာ မျက်မှန်ဝိုင်းအနက်တပ်ဆင်ထားသည့် ကိုရဲလွင်က “အသက်ကြီးလာတော့ အရင်ကအကြောင်းတွေမေ့နေပြီ”ဟုဆိုသည်။ သို့သော် ဂစ်တာကြိုးများပေါ်ပြေးလွှားနေသည့် သူ၏ပိန်ရှုံ့ရှုံ့လက်ချောင်းသွယ်များက ဂီတလက်ကွက်တွေကို ဘယ်တော့မှမမေ့။  အဖွဲ့သားများသီဆိုဖျော်ဖြေပြီး မကြာမီတွင် ကိုရဲလွင်၏လက်တွဲဖော်မိတ်ဆွေကြီး တေးရေးဆရာကိုနေ၀င်း ရောက်လာသည်။ ကိုနေ၀င်းက သူရေးစပ်ထားသည့် ခွန်အားဖြည့်မိငယ်သီချင်းကို စတင်သီဆိုလိုက်သည်။ ကိုနေ၀င်းနောက်တွင်ထိုင်လျက် ဘေ့စ်ဂစ်တာတီးခတ်နေသည့် ကိုရဲလွင်က အားမာန်တက်ကြွစွာဖြင့် သီချင်းကိုလိုက်ဆိုသည်။  “ဒီရေလှိုင်းတွေ တရိပ်ရိပ်တက်တော့ ပင်လယ်ပြင်ဟာလှုပ်ခတ်ရစမြဲလေ...အန္တရာယ်ဓားတွေ အထပ်ထပ်ရှေ့က ကာရံကွယ်၍ တားဆီးနေပါစေ...ဉာဏ်မြေကတုတ်မှာ စွမ်းအားသတ္တိ တမန်တော်ဟာ သတိတရားပဲ မမေ့နဲ့ဦး...”  ထိုနေ့သည် မကြာမီက ကွယ်လွန်သွားခဲ့သည့် မဇ္ဈိမလှိုင်းဂီတအဖွဲ့မှ ဂီတမှူးဇော်မျိုးထွဋ်၏ ရက်လည်နေ့လည်းဖြစ်သည်။ ခင်မောင်တိုးကွယ်လွန်သည်မှာလည်း နှစ်နှစ်ကျော်ခဲ့ပြီ။ လူစုံတက်စုံမပါဝင်တော့သည့် သူတို့အဖွဲ့လေးသည် ဂီတကို ဖန်တီးသီဆိုတီးခတ်နေရင်း လွမ်းရိပ်များသမ်းလျက်။ ဆိုင်အတွင်းမှ နားထောင်အားပေးသူတို့လည်း ငြိမ်သက်တိတ်ဆိတ်လျက်။  ကိုရဲလွင်ကို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာတွင် အဖစက်ရှင်တရားသူကြီးဦးမောင်မောင်(၁)၊ အမိဒေါ်ကြိုင်တို့မှ ပေါင်းတည်မြို့၌ မွေးဖွားခဲ့သည်။ မင်းဘူး၊ သုံးဆယ်၊ မိတ္ထီလာ၊ မေမြို့၊ တောင်ကြီး၊ မော်လမြိုင်တို့တွင် အခြေခံပညာကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ရသည်။  မောင်နှမဆယ်ဦးရှိပြီး ခရစ်ယာန်မိသားစုဖြစ်သည့်အတွက် ဘုရားကျောင်းတွင် သီချင်းများသီဆိုရင်း ဂီတဗီဇအစပျိုးခဲ့ရာမှ ရှစ်တန်းနှစ်အရောက်တွင် ၁၅ ကျပ်တန် ဂစ်တာလေးတစ်လုံးကိုပိုင်ဆိုင်ခဲ့သည်။ အစ်ကိုဖြစ်သူက အဘိုးကြီးအိုခါးကုန်းကုန်းသီချင်းကို စသင်ပေးခဲ့သည်။ ထိုစဉ်က အသက်(၁၃)နှစ်အရွယ် မော်လမြိုင်မြို့တွင် နေထိုင်စဉ်ဖြစ်သည်။ ကိုးတန်းနှင့် ဆယ်တန်းကို ရန်ကုန်မြို့တွင်သင်ကြားခဲ့ပြီး ဆယ်တန်းတွင် ငါးနှစ်ကြာခဲ့သည်။ ကိုးတန်းနှစ်တွင် အလုံ အ.ထ.က (၄)၌ ကိုရဲလွင်၏ အတန်းဖော်များမှာ ခင်ဝမ်းနှင့် ကျော်ဟိန်းတို့ဖြစ်ကြသည်။ သီချင်းစာအုပ်များဖတ်၍ လက်စမ်းပျိုးတီးခတ်စကာလပင်ဖြစ်သည်။ ကျောင်းသားလေးကိုရဲလွင်သည် ကျောင်းသားပွဲတော်တစ်ခုတွင် ကျော်ဟိန်းကသီဆို၍ သူက ဂစ်တာတီးပေးခဲ့ဖူးသည်။  အသက် (၁၇) နှစ်၊ (၁၈) နှစ်ဝန်းကျင်တွင် ဇာတ်အဖွဲ့တချို့နှင့်လိုက်၍ ဂစ်တာတီးခဲ့သေးသည်။ မြန်မာ့အသံတီးဝိုင်းတချို့တွင်လည်း သွားရောက်တီးခတ်ခဲ့သည်။ ထို့နောက် ၁၉၆၈ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ ကိုရဲလွင်ရောက်လာခဲ့ပြီး တတိယနှစ်အထိသာ ကျောင်းတက်ခဲ့သည်။ ကျောင်းပြင်ပရောက်သွားသော်လည်း ကျောင်းကိုတော့ အမြဲရောက်ဖြစ်ဆဲပင်။ ၁၉၇၄ ခုနှစ်တွင် E-Machine တီးဝိုင်းအဖွဲ့၌ တီးခတ်ချိန်တွင် ကိုရဲလွင်မှာ ဘေ့စ်ဂစ်တာသမားတစ်ဦးဖြစ်နေခဲ့ပါပြီ။ သီချင်းကိုတီးခတ်သီဆို၍ တိတ်ခွေနှင့်အသံသွင်းကာ လိုက်ဖြန့်ခဲ့ကြပြီး ဈေးကွက်သဘောတော့မဟုတ်ခဲ့ပေ။  အင်းစိန်၊ ကြို့ကုန်းရှိ အိမ်မည်းကြီးတစ်လုံးတွင် ခင်မောင်တိုး၊ ကိုနေ၀င်း၊ ကိုမောင်မောင် (အဉ္စလီ)တို့နှင့်အတူ နေထိုင်ရင်း ပြဿနာအုပ်စုဟု အမည်ခံခဲ့သည်။ မာလာဆောင်၊ ဂျီဟောလ်၊ သဇင်ဆောင်တို့ရှေ့၌ ညသန်းခေါင်ကျော် နှင်းစက်များအောက် ကိုရဲလွင်တို့အုပ်စုလေး၏ ဂစ်တာတေးသံများ ပျံ့လွင့်ခဲ့သည်။ ကိုနေ၀င်းရေးသားသည့် “အားလုံးကို ကျော်ဖြတ်ရမယ်”သီချင်းလေးကို အမြဲသီဆိုကြရင်း သူတို့အတွက် အားအင်ပြည့်ခဲ့သည်။  လိစ္ဆ၀ီများတေးဂီတအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကိုမောင်မောင်၏ အကြံပြုချက်အရ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ကို ၁၉၈၂ ဒီဇင်ဘာတွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ မဇ္ဈိမလှိုင်းသည် ၁၉၈၅ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့တွင် မဟာဆန်သူတေးစီးရီးကိုထုတ်လိုက်ပြီး တစ်နိုင်ငံလုံး ဟိုးဟိုးကျော်သွားခဲ့သည်။ အချစ်စစ်ဆိုတာ၊ ဒဏ္ဍာရီ၊ ဆည်းလည်းလှိုက်သံ၊ ပြန်မလှည့်တော့ဘူး၊ လွန်ခဲ့သောနေ့သီချင်းများ လူငယ်တို့ပါးစပ်ဖျား ရေပန်းစားသွားသည်။  မှတ်မှတ်ရရ မဆလခေတ်တွင် ကိုရဲလွင်တို့ E-Machine အဖွဲ့ အင်းလျားလိတ်ဟိုတယ်၌ ဖျော်ဖြေတီးခတ်ခဲ့ဖူးသည်။ ထိုပွဲတွင် ဧည့်သည်အဆိုတော်က စိုင်းထီးဆိုင်ဖြစ်ပြီး သီချင်းတီးခတ်သီဆိုနေချိန်တွင် မဆလပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ စင်ပေါ်တက်လာပြီး ဥက္ကဋ္ဌက ဂစ်တာတီးခတ်နေသူများကို ထိုးကြိတ်ခြင်း၊ ဒရမ်များကိုဖျက်ဆီးခြင်းများပြုလုပ်ကာ သောင်းကျန်းခဲ့ကြသဖြင့် ပွဲပျက်ခဲ့ရသည်။ အာဏာရှင်ခေတ်ဖြစ်သောကြောင့် အာဏာရှင်တို့ ထင်တိုင်းကြဲမှုကိုခံခဲ့ကြရသည်။ “ဦးနေ၀င်းပေါ့”ဟု ကိုရဲလွင်က ခပ်တိုတိုပင်ပြောသည်။  ထိုစဉ်က ကိုရဲလွင်တို့စင်ပေါ်တွင် တီးခတ်သီဆိုနေသည့်သီချင်းမှာ "Killing Me Softly with His Song" (သူ့သီချင်းနဲ့ငါ့ကို ဖြည်းဖြည်းချင်းသတ်နေတယ်)ဖြစ်သည်။  ကိုရဲလွင်က နိုင်ငံရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သူဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးဖြစ်ခဲ့ပြီး အင်န်အယ်လ်ဒီစာစောင်များ အိတ်ထဲပါလာသဖြင့် မေမြို့တွင် ခြောက်ရက်ခန့် ဖမ်းဆီးခံခဲ့ရသေးသည်။ ခင်မောင်တိုးနှင့် တီးဝိုင်းမန်နေဂျာ ကိုတင့်အောင်တို့နှင့်အတူ အင်းစိန်ထောင်သို့ ပို့ခံရသည်။ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်လိုက်သည့်နောက်ပိုင်းတွင် ကိုရဲလွင်က အင်န်အယ်လ်ဒီပါတီမှ ထွက်လိုက်ပြီး နေအိမ်မှာပင် ဂစ်တာသင်တန်းပေးနေခဲ့သည်။ စီးပွားဖြစ်မဟုတ်ဘဲ မတတ်နိုင်သူများကို အခမဲ့သင်ကြားပေးခဲ့သည်။  ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ကိုရဲလွင်မှာ ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရသည်။ သံဃာတော်များ၏ ငြိမ်းချမ်းစွာလမ်းလျှောက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် ဆူးလေမီးပွိုင့်၌ ငြိမ်းချမ်းစွာထိုင်လျက် မေတ္တာပို့နေသည့် ပြည်သူလူထုကို စစ်အစိုးရက ပစ်ခတ်ရိုက်နှက်ဖမ်းဆီးရာတွင် ကိုရဲလွင်မှာ လုံးဝထွက်မပြေးဘဲ ထိုင်လျက်ပင် မေတ္တာပို့နေခဲ့သည်။  စစ်ကြောရေးစခန်းရောက်သည့်အခါ အာဏာပိုင်များက အင်န်အယ်လ်ဒီ၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် မပတ်သက်ပါက ပြန်လွှတ်ပေးမည်ဟုပြောခဲ့သော်လည်း ကိုရဲလွင်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် သံဃာတော်များနှင့် ကျောင်းသားများကို ထောက်ခံကြောင်း ရဲဝံ့စွာဖြေလိုက်သည့်အတွက် ပြန်လွှတ်သည့်အထဲမပါဝင်ဘဲ ဆက်လက်ဖမ်းဆီးခံခဲ့ရသည်။  “ကိုယ့်ကိုရိုက်ဖို့ပြေးလာတဲ့လူနှစ်ယောက်ကို မေတ္တာထိုင်ပို့နေခဲ့တယ်။ ကိုယ့်အနားရောက်တော့ ကိုယ့်ကိုမရိုက်ဘဲဖြတ်သွားပြီး ပြေးနေတဲ့လူတွေနောက်ကို ဆက်လိုက်သွားတယ်။ အဲဒီနေ့က ဆူးလေလမ်းအလယ်မျဉ်းကြားမှာ ထိုင်ခဲ့တာ။ ဂျပန်သတင်းထောက် သေတဲ့နေ့လေ”ဟု ကိုရဲလွင်ကပြောပြသည်။  ထိုဖြစ်စဉ်အပြီးတွင် ၈၈ မျိုးဆက် ဂီတပညာရှင်များက “အနုပညာရှင်တွေဆိုတာ ဘုရင်အတွက်မဟုတ်ဘူး။ အမှန်တရားအတွက်၊ ပြည်သူအတွက်ပဲဖြစ်တယ်ဆိုတာ ဂီတသူရဲကောင်း ကိုရဲလွင်က ရဲဝံ့စွာရပ်တည်ပြခဲ့ပြီဖြစ်ပါတယ်”ဟူ၍ ကြေညာချက်ထုတ်ပြန်ခဲ့သည်။  ထောင်မှပြန်လွတ်လာသည့်အခါ ကိုရဲလွင်သည် ကိုနေ၀င်း၊ ကိုသားထွေးတို့နှင့်အတူ လက်တွဲ၍ Vertical Vibration တီးဝိုင်းကို တည်ထောင်ခဲ့သေးသည်။ ထို့နောက် ၂၀၁၁ ခုနှစ်အတွင်း ဒလမြို့နယ်အတွင်း ရေရှားပါးမှုများကြုံတွေ့နေချိန်တွင် ပန်းရဲ့လမ်းဂီတအဖွဲ့ စတင်ပေါ်ပေါက်လာခဲ့သည်ဟု အဖွဲ့ဝင်ကိုသားထွေးကဆိုသည်။  လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့ကို ကိုရဲလွင်ဦးဆောင်၍ ၂၀၁၁ ခုနှစ် မေလအတွင်း ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန်ရက်တို့ကို လမ်းဘေးတွင် သီချင်းများလိုက်လံသီဆို၍ ရန်ပုံငွေများရှာဖွေပေးခဲ့သည်။ ကချင်စစ်ဘေးသင့် ဒေသခံပြည်သူများအတွက်လည်း ရန်ပုံငွေများ ရှာဖွေလှူဒါန်းခဲ့ကြသည်။  “ကျွန်တော်တို့လက်နဲ့လှူတာက သိန်းတစ်ထောင်ကျော်ပါပြီ။ ပညာရေး၊ ကျန်းမာရေးကွန်ရက်တွေကို ရန်ပုံငွေရှာပေးခဲ့တာတွေနဲ့ပေါင်းရင် သိန်းပေါင်းသုံးထောင်ကျော်ရှိပါပြီ”ဟု ကိုသားထွေးကပြောသည်။  ကိုရဲလွင်ဦးဆောင်သည့် ပန်းရဲ့လမ်းအဖွဲ့သည် နိုင်ငံရေးသီချင်းများ၊ မဇ္ဈိမလှိုင်း၏နာမည်ကျော်တေးသီချင်းများကို လိုက်လံသီဆိုနေကြဆဲဖြစ်သည်။ “ဖိနှိပ်ပိတ်ဆို့မှုတွေကို ဂီတကရေလည်တွန်းနေရတယ်”ဟု ကိုရဲလွင်ကဆိုသည်။  အင်းလျားလိတ်တွင် အာဏာရှင်ဦးနေ၀င်း စင်ပေါ်တက်သောင်းကျန်းသည့်ဖြစ်စဉ်အပြင် ကိုရဲလွင်အတွက် မှတ်မှတ်ရရှိခဲ့သည့် အဖြစ်အပျက်တစ်ခုရှိသေးသည်။ ထိုစဉ်က E-Machine အဖွဲ့နှင့် ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲသို့ သွားရောက်ဖျော်ဖြေစဉ်ဖြစ်သည်။ တာဝန်ရှိသူများက သူတို့အဖွဲ့ကို မြန်မာ့ရိုးရာပုဆိုးနှင့် တိုက်ပုံဝတ်ဆင်တီးခတ်သီဆိုရမည်ဟု လာပြောကြသည်။  ထိုမျှပင်မကသေးဘဲ တစ်ဖွဲ့လုံးတွင် ဆံပင်အရှည်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်အရှည်နှင့်ဖြစ်သော ကိုရဲလွင်ကို ဆံပင်ညှပ်ရမည်ဟု ခိုင်းစေလာခဲ့သည်။ ထိုအခါ ကိုရဲလွင်က လက်မခံဘဲ ဆံပင်ကိုသျှောင်ထုံးထုံး၍ ဖျော်ဖြေခဲ့သည်။  “ဘာလို့လဲလို့မေးတော့ ယဉ်ကျေးမှုအရတဲ့။ ဒါဆို ဆံပင်ကို မြန်မာလိုပဲထားမယ်။ ဘိုကေတော့မညှပ်နိုင်ဘူးဆိုပြီး သျှောင်ထုံးထုံးလိုက်တယ်။ ဖျော်ဖြေတဲ့နေ့ကျ သွားနေတဲ့ကားပေါ်မှာ မတ်တတ်ရပ်တီးရင်းနဲ့ သျှောင်ထုံးက ခဏခဏပြေကုန်တယ်။ လူငယ်ပရိသတ်ကကြည့်ပြီး သဘောတွေကျနေကြတယ်”ဟု ကိုရဲလွင်က ရယ်လျက်ပြောပြသည်။  သူရေးစပ်ခဲ့သည့် ပန်းခရမ်းပြာသီချင်းသည် ၈၈ ခုနှစ်ဝန်းကျင်တွင် အလွန်ရေပန်းစားခဲ့သည်။ ကိုရဲလွင်သည် တေးသီချင်းများစွာကို ရေးစပ်သီကုံးခဲ့ပြီး ယခုခေတ်တိုင် လူငယ်ဂီတသမားတို့၏ လေးစားဖွယ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် တည်ရှိနေဆဲဖြစ်သည်။ နဒီမင်္ဂလာနှင့် သဇင်ညသီချင်းတို့မှာလည်း နိုင်ငံကျော်လူကြိုက်များခဲ့သည့် တေးသီချင်းများပင်ဖြစ်သည်။  သူသည် ငြိမ်းချမ်းရေးကို မက်မောသည်။ ဘာသာရေးကို ကိုင်းရှိုင်းသည်။ ကံ ကံ၏အကျိုးကို ယုံကြည်သူတစ်ဦးဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် လူထုနှင့်ပူးပေါင်းရင်း ကိုယ့်ကိုယ်ကိုယ် ကျစ်လျစ်ခိုင်မာလာစေရန် တည်ဆောက်လျက်ရှိသည်။ မေတ္တာဘာဝနာအားထုတ်ရင်း သည်းခံစိတ်ကိုမွေးမြူနေသည်။ မေတ္တာတိုးပွားလာလေ သည်းခံမှုအားပိုကောင်းလာလေဟု သူကခံယူထားသည်။ ခရစ်ယာန်မိသားစုမှ ဆင်းသက်လာသည့် ကိုရဲလွင်သည် နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာခဲ့ပါသည်။  နိုင်ငံရေးသမားတစ်ဦးအနေနှင့် ရပ်တည်မည်မဟုတ်သော်လည်း နိုင်ငံရေးတွင်လိုအပ်လာပါက ၀ိုင်းဝန်းကူညီရန် အသင့်ရှိကြောင်း ဗီအိုအေနှင့်အင်တာဗျူးတစ်ခုတွင် ဖြေကြားဖူးသည်။ အခြေခံဥပဒေပြင်ဆင်ရန်လည်း သူကလိုလားသည်။ “အခြေခံဥပဒေပြင်ဆင်မှပဲဖြစ်မယ်။ ဒါက ပိတ်ဆို့သူတွေအပေါ် မူတည်တယ်။ ပြည်သူတွေကတော့ ပြင်ဖို့ပဲတောင်းဆိုလို့ရတာ”ဟု သူကပြောသည်။  ပန်းရဲ့လမ်းကိုတည်ထောင်၍ ငြိမ်းချမ်းရေးကို သီချင်းများဖြင့် ဖော်ဆောင်နေပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင်အသင်းသားတစ်ဦးလည်းဖြစ်သည့် ကိုရဲလွင်ကို ပြည်ပရောက်မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်းက ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်အဖြစ် ချီးမြှင့်ခဲ့သည်။  ငြိမ်းချမ်းရေးသည်သာပဓာနဟုခံယူထားသည့် ဂီတသမားကြီး၏ ရှည်လျားသည့်ဆံပင်နှင့် မုတ်ဆိတ်တို့မှာ ဖြူဆွတ်လျက်ရှိနေပါပြီ။ သူသည် သူတတ်ကျွမ်းသည့်ဂီတပညာဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုနေဆဲဖြစ်ပါသည်။ နိုင်ငံအတွက် ပေးဆပ်နေဆဲဖြစ်ပါသည်။ စစ်ဘေးဒုက္ခသည်များအတွက် လမ်းတကာ၊ လက်ဖက်ရည်ဆိုင်တကာပတ်၍ တီးခတ်ဖျော်ဖြေကာ ပိုက်ဆံရှာပေးနေဆဲဖြစ်ပါသည်။  “ကမ္ဘာတစ်ခုလုံး မငြိမ်းချမ်းပါဘူး။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်က ငြိမ်းချမ်းနေတယ်ဆိုရင် ဂုဏ်ယူစရာပါ”ဟု ငြိမ်းချမ်းရေးဂီတသမားကြီးကဆိုပါသည်။  နေရောင်ခြည်သည် တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။ ရန်ကုန်တိရစ္ဆာန်ရုံဘေးရှိ Morning Star လက်ဖက်ရည်ဆိုင်ရှေ့တွင် “ခွန်အားဖြည့်မိငယ်”သီချင်းကို ရေးသားသူကိုနေ၀င်းက ဆက်လက်သီဆိုနေသည်။ သူ၏နောက်တွင် သက္ကလပ်ဦးထုပ်ဟောင်းလေးကိုဆောင်းကာ မျက်မှန်ဝိုင်းအနက်တပ်ဆင်ထားသည့် ဘေ့စ်ဂစ်တာသမားကြီးကိုရဲလွင် (မဇ္ဈိမလှိုင်း)က အားမာန်အပြည့်ဖြင့်တီးခတ်ပေးရင်း သီချင်းတွင်မျောပါစီးဆင်းနေသည်။  “အရှုံးမပေးနဲ့...မိငယ်ရေ ...ရဲရင့်မှ ကျော်ဖြတ်လှမ်း... အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ ...တကယ် ကိုယ်ကျိုးစွန့်နိုင်မှ”  ဆောင်းနံနက်ခင်းက တည်ငြိမ်ငြိမ်းချမ်းလျက်။  ဓာတ်ပုံ- နစ်ကီ
ဓာတ်ပုံ- နစ်ကီ
ငြိမ်းချမ်းရေးသည်သာ ပဓာနဟုခံယူထားသည့် ဂီတသမားကြီး၏ ရှည်လျားသည့် ဆံပင်နှင့် မုတ်ဆိတ်တို့ မှာ ဖြူဆွတ်လျက်ရှိနေပါပြီ။ သူသည် သူတတ်ကျွမ်းသည့်ဂီတပညာဖြင့် ပြည်သူလူထုကို အလုပ် အကျွေးပြုနေဆဲဖြစ်ပါသည်။ နိုင်ငံအတွက် ပေးဆပ်နေဆဲဖြစ်ပါသည်။ စစ်ဘေးဒုက္ခသည်များအတွက် လမ်းတကာ၊ လက်ဖက်ရည်ဆိုင် တကာပတ်၍ တီးခတ်ဖျော်ဖြေကာ ပိုက်ဆံရှာပေးနေဆဲဖြစ်ပါသည်။

“နေ၀င်ညကိုကူးဖြတ်ပြီးမှ ရောင်နီလာမယ့် နေ့သစ်ကိုရောက်မယ်...ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ တစ်ချိန်မှာ အောင်မြင်လွတ်မြောက်မယ် မဟုတ်လား ...သံသရာလမ်းဟာ မချောမွေ့တတ်တော့ တာဝန်ကိုယ်စီအား တင်းရှေ့ဆက်လှမ်း...”

နံနက်ခင်းနေရောင်နုနုအောက်မှာ ပျံ့လွင့်လာသည့်ဂီတ။ သီဆိုသူနှင့် တီးခတ်သူတို့က တက်ကြွစွာဟန်ပန် အပြည့်။ ခွန်အားဖြည့်မိငယ်။ မတ်တတ်ရပ်တီးခတ်နေသည့် ဂစ်တာသမားတို့နောက်မှာ ၆၇ နှစ်အရွယ် အဖွဲ့ခေါင်းဆောင်က ဘေ့စ်ဂစ်တာကို အားမာန်အပြည့်တီးခတ်လျက်ရှိသည်။ သူက လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်တေးဂီတအဖွဲ့ကို ဦးဆောင်နေသည့် ကိုရဲလွင်(မဇ္ဈိမလှိုင်း)ပင်။



၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်တိရစ္ဆာန်ရုံဘေးရှိ Morning Star လက်ဖက်ရည် ဆိုင်ရှေ့မှာ ကိုရဲလွင် ဦးဆောင်သည့် ပန်းရဲ့လမ်းအဖွဲ့က သာကေတမြို့နယ် စုရန်ပြေအခမဲ့ဆေးကုခန်း အတွက် ရန်ပုံငွေ ရှာဖွေပေးနေခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံပုံစံ ကပ်ခွာလေးနှစ်ခု ကို ဘေ့စ်ဂစ်တာတွင် ကပ်လျက် သက္ကလပ်ဦးထုပ်ဟောင်းလေး ကိုဆောင်းကာ မျက်မှန်ဝိုင်းအနက် တပ်ဆင်ထားသည့် ကိုရဲလွင်က “အသက်ကြီးလာတော့ အရင်ကအကြောင်းတွေမေ့နေပြီ”ဟုဆိုသည်။ သို့သော် ဂစ်တာကြိုးများပေါ်ပြေးလွှားနေသည့် သူ၏ပိန်ရှုံ့ရှုံ့လက်ချောင်းသွယ်များက ဂီတလက် ကွက်တွေကို ဘယ်တော့မှမမေ့။

အဖွဲ့သားများသီဆိုဖျော်ဖြေပြီး မကြာမီတွင် ကိုရဲလွင်၏လက်တွဲဖော် မိတ်ဆွေကြီး တေးရေးဆရာ ကိုနေ၀င်း ရောက်လာသည်။ ကိုနေ၀င်းက သူရေးစပ်ထားသည့် ခွန်အားဖြည့် မိငယ်သီချင်းကို စတင်သီ ဆိုလိုက်သည်။ ကိုနေ၀င်းနောက်တွင်ထိုင်လျက် ဘေ့စ်ဂစ်တာတီးခတ်နေသည့် ကိုရဲလွင်က အားမာန် တက်ကြွစွာဖြင့် သီချင်းကိုလိုက်ဆိုသည်။

“ဒီရေလှိုင်းတွေ တရိပ်ရိပ်တက်တော့ ပင်လယ်ပြင်ဟာလှုပ်ခတ်ရစမြဲလေ...အန္တရာယ်ဓားတွေ အထပ်ထပ်ရှေ့က ကာရံကွယ်၍ တားဆီးနေပါစေ...ဉာဏ်မြေကတုတ်မှာ စွမ်းအားသတ္တိ တမန်တော်ဟာ သတိတရားပဲ မမေ့နဲ့ဦး...”

ထိုနေ့သည် မကြာမီက ကွယ်လွန်သွားခဲ့သည့် မဇ္ဈိမလှိုင်း ဂီတအဖွဲ့မှ ဂီတမှူးဇော်မျိုးထွဋ်၏ ရက်လည်နေ့ လည်းဖြစ်သည်။ ခင်မောင်တိုးကွယ်လွန်သည်မှာလည်း နှစ်နှစ်ကျော်ခဲ့ပြီ။ လူစုံတက်စုံမပါဝင်တော့သည့် သူတို့အဖွဲ့လေးသည် ဂီတကို ဖန်တီး သီဆိုတီးခတ်နေရင်း လွမ်းရိပ်များသမ်းလျက်။ ဆိုင်အတွင်းမှ နားထောင် အားပေးသူတို့လည်း ငြိမ်သက်တိတ်ဆိတ်လျက်။

ကိုရဲလွင်ကို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာတွင် အဖ စက်ရှင်တရားသူကြီးဦးမောင်မောင်(၁)၊ အမိဒေါ်ကြိုင်တို့ မှ ပေါင်းတည်မြို့၌ မွေးဖွားခဲ့သည်။ မင်းဘူး၊ သုံးဆယ်၊ မိတ္ထီလာ၊ မေမြို့၊ တောင်ကြီး၊ မော်လမြိုင်တို့တွင် အခြေခံပညာကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ရသည်။

မောင်နှမ ဆယ်ဦးရှိပြီး ခရစ်ယာန် မိသားစုဖြစ်သည့်အတွက် ဘုရားကျောင်းတွင် သီချင်းများသီဆိုရင်း ဂီတဗီဇအစပျိုးခဲ့ရာမှ ရှစ်တန်းနှစ်အရောက်တွင် ၁၅ ကျပ်တန် ဂစ်တာလေးတစ်လုံးကိုပိုင်ဆိုင်ခဲ့သည်။ အစ်ကိုဖြစ်သူက အဘိုးကြီးအိုခါးကုန်းကုန်းသီချင်းကို စသင်ပေးခဲ့သည်။ ထိုစဉ်က အသက်(၁၃)နှစ် အရွယ် မော်လမြိုင်မြို့တွင် နေထိုင်စဉ်ဖြစ်သည်။ ကိုးတန်းနှင့် ဆယ်တန်းကို ရန်ကုန်မြို့တွင်သင်ကြားခဲ့ပြီး ဆယ်တန်းတွင် ငါးနှစ်ကြာခဲ့သည်။ ကိုးတန်းနှစ်တွင် အလုံ အ.ထ.က (၄)၌ ကိုရဲလွင်၏ အတန်းဖော်များမှာ ခင်ဝမ်းနှင့် ကျော်ဟိန်းတို့ဖြစ်ကြသည်။ သီချင်းစာအုပ်များဖတ်၍ လက်စမ်းပျိုးတီးခတ် စကာလပင်ဖြစ် သည်။ ကျောင်းသားလေး ကိုရဲလွင်သည် ကျောင်းသားပွဲတော်တစ်ခုတွင် ကျော်ဟိန်းက သီဆို၍ သူက ဂစ်တာ တီးပေးခဲ့ဖူးသည်။

အသက် (၁၇) နှစ်၊ (၁၈) နှစ်ဝန်းကျင်တွင် ဇာတ်အဖွဲ့တချို့နှင့်လိုက်၍ ဂစ်တာတီးခဲ့သေး သည်။ မြန်မာ့အသံ တီးဝိုင်းတချို့တွင်လည်း သွားရောက်တီးခတ်ခဲ့သည်။ထို့နောက် ၁၉၆၈ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ် သို့ ကိုရဲလွင်ရောက်လာခဲ့ပြီး တတိယနှစ်အထိသာ ကျောင်းတက်ခဲ့ သည်။ ကျောင်းပြင်ပရောက် သွားသော် လည်း ကျောင်းကိုတော့ အမြဲရောက်ဖြစ်ဆဲပင်။ ၁၉၇၄ ခုနှစ်တွင် E-Machine တီးဝိုင်းအဖွဲ့၌ တီးခတ်ချိန် တွင် ကိုရဲလွင်မှာ ဘေ့စ်ဂစ်တာသမားတစ်ဦးဖြစ်နေခဲ့ပါပြီ။ သီချင်းကိုတီးခတ်သီဆို၍ တိတ်ခွေနှင့် အသံသွင်း ကာ လိုက်ဖြန့်ခဲ့ကြပြီး ဈေးကွက် သဘောတော့မဟုတ်ခဲ့ပေ။

အင်းစိန်၊ ကြို့ကုန်းရှိ အိမ်မည်းကြီးတစ်လုံးတွင် ခင်မောင်တိုး၊ ကိုနေ၀င်း၊ ကိုမောင်မောင် (အဉ္စလီ)တို့နှင့်အတူ နေထိုင်ရင်း ပြဿနာအုပ်စုဟု အမည်ခံခဲ့သည်။ မာလာဆောင်၊ ဂျီဟောလ်၊ သဇင်ဆောင်တို့ရှေ့၌ ညသန်းခေါင်ကျော် နှင်းစက်များအောက် ကိုရဲလွင်တို့အုပ်စုလေး၏ ဂစ်တာတေးသံများ ပျံ့လွင့်ခဲ့သည်။ ကိုနေ၀င်းရေးသားသည့် “အားလုံးကို ကျော်ဖြတ်ရမယ်”သီချင်းလေးကို အမြဲသီဆိုကြရင်း သူတို့အတွက် အားအင်ပြည့်ခဲ့သည်။

လိစ္ဆ၀ီများတေးဂီတအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကိုမောင်မောင်၏ အကြံပြုချက်အရ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ကို ၁၉၈၂ ဒီဇင်ဘာတွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ မဇ္ဈိမလှိုင်းသည် ၁၉၈၅ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့တွင် မဟာဆန်သူတေးစီးရီးကိုထုတ်လိုက်ပြီး တစ်နိုင်ငံလုံး ဟိုးဟိုးကျော်သွားခဲ့သည်။ အချစ်စစ်ဆိုတာ၊ ဒဏ္ဍာရီ၊ ဆည်းလည်းလှိုက်သံ၊ ပြန်မလှည့်တော့ဘူး၊ လွန်ခဲ့သောနေ့သီချင်းများ လူငယ်တို့ပါးစပ်ဖျား ရေပန်းစားသွားသည်။

မှတ်မှတ်ရရ မဆလခေတ်တွင် ကိုရဲလွင်တို့ E-Machine အဖွဲ့ အင်းလျားလိတ်ဟိုတယ်၌ ဖျော်ဖြေတီးခတ်ခဲ့ဖူးသည်။ ထိုပွဲတွင် ဧည့်သည်အဆိုတော်က စိုင်းထီးဆိုင်ဖြစ်ပြီး သီချင်းတီးခတ်သီဆိုနေချိန်တွင် မဆလပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ စင်ပေါ်တက်လာပြီး ဥက္ကဋ္ဌက ဂစ်တာတီးခတ်နေသူများကို ထိုးကြိတ်ခြင်း၊ ဒရမ်များကိုဖျက်ဆီးခြင်းများပြုလုပ်ကာ သောင်းကျန်းခဲ့ကြသဖြင့် ပွဲပျက်ခဲ့ရသည်။ အာဏာရှင်ခေတ်ဖြစ်သောကြောင့် အာဏာရှင်တို့ ထင်တိုင်းကြဲမှုကိုခံခဲ့ကြရသည်။ “ဦးနေ၀င်းပေါ့”ဟု ကိုရဲလွင်က ခပ်တိုတိုပင်ပြောသည်။

ထိုစဉ်က ကိုရဲလွင်တို့စင်ပေါ်တွင် တီးခတ်သီဆိုနေသည့်သီချင်းမှာ "Killing Me Softly with His Song" (သူ့သီချင်းနဲ့ငါ့ကို ဖြည်းဖြည်းချင်းသတ်နေတယ်)ဖြစ်သည်။

ကိုရဲလွင်က နိုင်ငံရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သူဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးဖြစ်ခဲ့ပြီး အင်န်အယ်လ်ဒီစာစောင်များ အိတ်ထဲပါလာသဖြင့် မေမြို့တွင် ခြောက်ရက်ခန့် ဖမ်းဆီးခံခဲ့ရသေးသည်။ ခင်မောင်တိုးနှင့် တီးဝိုင်းမန်နေဂျာ ကိုတင့်အောင်တို့နှင့်အတူ အင်းစိန်ထောင်သို့ ပို့ခံရသည်။ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်လိုက်သည့်နောက်ပိုင်းတွင် ကိုရဲလွင်က အင်န်အယ်လ်ဒီပါတီမှ ထွက်လိုက်ပြီး နေအိမ်မှာပင် ဂစ်တာသင်တန်းပေးနေခဲ့သည်။ စီးပွားဖြစ်မဟုတ်ဘဲ မတတ်နိုင်သူများကို အခမဲ့သင်ကြားပေးခဲ့သည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ကိုရဲလွင်မှာ ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရသည်။ သံဃာတော်များ၏ ငြိမ်းချမ်းစွာလမ်းလျှောက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် ဆူးလေမီးပွိုင့်၌ ငြိမ်းချမ်းစွာထိုင်လျက် မေတ္တာပို့နေသည့် ပြည်သူလူထုကို စစ်အစိုးရက ပစ်ခတ်ရိုက်နှက်ဖမ်းဆီးရာတွင် ကိုရဲလွင်မှာ လုံးဝထွက်မပြေးဘဲ ထိုင်လျက်ပင် မေတ္တာပို့နေခဲ့သည်။

စစ်ကြောရေးစခန်းရောက်သည့်အခါ အာဏာပိုင်များက အင်န်အယ်လ်ဒီ၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် မပတ်သက်ပါက ပြန်လွှတ်ပေးမည်ဟုပြောခဲ့သော်လည်း ကိုရဲလွင်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် သံဃာတော်များနှင့် ကျောင်းသားများကို ထောက်ခံကြောင်း ရဲဝံ့စွာဖြေလိုက်သည့်အတွက် ပြန်လွှတ်သည့်အထဲမပါဝင်ဘဲ ဆက်လက်ဖမ်းဆီးခံခဲ့ရသည်။

“ကိုယ့်ကိုရိုက်ဖို့ပြေးလာတဲ့လူနှစ်ယောက်ကို မေတ္တာထိုင်ပို့နေခဲ့တယ်။ ကိုယ့်အနားရောက်တော့ ကိုယ့်ကိုမရိုက်ဘဲဖြတ်သွားပြီး ပြေးနေတဲ့လူတွေနောက်ကို ဆက်လိုက်သွားတယ်။ အဲဒီနေ့က ဆူးလေလမ်းအလယ်မျဉ်းကြားမှာ ထိုင်ခဲ့တာ။ ဂျပန်သတင်းထောက် သေတဲ့နေ့လေ”ဟု ကိုရဲလွင်ကပြောပြသည်။

ထိုဖြစ်စဉ်အပြီးတွင် ၈၈ မျိုးဆက် ဂီတပညာရှင်များက “အနုပညာရှင်တွေဆိုတာ ဘုရင်အတွက်မဟုတ်ဘူး။ အမှန်တရားအတွက်၊ ပြည်သူအတွက်ပဲဖြစ်တယ်ဆိုတာ ဂီတသူရဲကောင်း ကိုရဲလွင်က ရဲဝံ့စွာရပ်တည်ပြခဲ့ပြီဖြစ်ပါတယ်”ဟူ၍ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထောင်မှပြန်လွတ်လာသည့်အခါ ကိုရဲလွင်သည် ကိုနေ၀င်း၊ ကိုသားထွေးတို့နှင့်အတူ လက်တွဲ၍ Vertical Vibration တီးဝိုင်းကို တည်ထောင်ခဲ့သေးသည်။ ထို့နောက် ၂၀၁၁ ခုနှစ်အတွင်း ဒလမြို့နယ်အတွင်း ရေရှားပါးမှုများကြုံတွေ့နေချိန်တွင် ပန်းရဲ့လမ်းဂီတအဖွဲ့ စတင်ပေါ်ပေါက်လာခဲ့သည်ဟု အဖွဲ့ဝင်ကိုသားထွေးကဆိုသည်။

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့ကို ကိုရဲလွင်ဦးဆောင်၍ ၂၀၁၁ ခုနှစ် မေလအတွင်း ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန်ရက်တို့ကို လမ်းဘေးတွင် သီချင်းများလိုက်လံသီဆို၍ ရန်ပုံငွေများရှာဖွေပေးခဲ့သည်။ ကချင်စစ်ဘေးသင့် ဒေသခံပြည်သူများအတွက်လည်း ရန်ပုံငွေများ ရှာဖွေလှူဒါန်းခဲ့ကြသည်။

“ကျွန်တော်တို့လက်နဲ့လှူတာက သိန်းတစ်ထောင်ကျော်ပါပြီ။ ပညာရေး၊ ကျန်းမာရေးကွန်ရက်တွေကို ရန်ပုံငွေရှာပေးခဲ့တာတွေနဲ့ပေါင်းရင် သိန်းပေါင်းသုံးထောင်ကျော်ရှိပါပြီ”ဟု ကိုသားထွေးကပြောသည်။

ကိုရဲလွင်ဦးဆောင်သည့် ပန်းရဲ့လမ်းအဖွဲ့သည် နိုင်ငံရေးသီချင်းများ၊ မဇ္ဈိမလှိုင်း၏နာမည်ကျော်တေးသီချင်းများကို လိုက်လံသီဆိုနေကြဆဲဖြစ်သည်။ “ဖိနှိပ်ပိတ်ဆို့မှုတွေကို ဂီတကရေလည်တွန်းနေရတယ်”ဟု ကိုရဲလွင်ကဆိုသည်။

အင်းလျားလိတ်တွင် အာဏာရှင်ဦးနေ၀င်း စင်ပေါ်တက်သောင်းကျန်းသည့်ဖြစ်စဉ်အပြင် ကိုရဲလွင်အတွက် မှတ်မှတ်ရရှိခဲ့သည့် အဖြစ်အပျက်တစ်ခုရှိသေးသည်။ ထိုစဉ်က E-Machine အဖွဲ့နှင့် ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲသို့ သွားရောက်ဖျော်ဖြေစဉ်ဖြစ်သည်။ တာဝန်ရှိသူများက သူတို့အဖွဲ့ကို မြန်မာ့ရိုးရာပုဆိုးနှင့် တိုက်ပုံဝတ်ဆင်တီးခတ်သီဆိုရမည်ဟု လာပြောကြသည်။

ထိုမျှပင်မကသေးဘဲ တစ်ဖွဲ့လုံးတွင် ဆံပင်အရှည်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်အရှည်နှင့်ဖြစ်သော ကိုရဲလွင်ကို ဆံပင်ညှပ်ရမည်ဟု ခိုင်းစေလာခဲ့သည်။ ထိုအခါ ကိုရဲလွင်က လက်မခံဘဲ ဆံပင်ကိုသျှောင်ထုံးထုံး၍ ဖျော်ဖြေခဲ့သည်။

“ဘာလို့လဲလို့မေးတော့ ယဉ်ကျေးမှုအရတဲ့။ ဒါဆို ဆံပင်ကို မြန်မာလိုပဲထားမယ်။ ဘိုကေတော့မညှပ်နိုင်ဘူးဆိုပြီး သျှောင်ထုံးထုံးလိုက်တယ်။ ဖျော်ဖြေတဲ့နေ့ကျ သွားနေတဲ့ကားပေါ်မှာ မတ်တတ်ရပ်တီးရင်းနဲ့ သျှောင်ထုံးက ခဏခဏပြေကုန်တယ်။ လူငယ်ပရိသတ်ကကြည့်ပြီး သဘောတွေကျနေကြတယ်”ဟု ကိုရဲလွင်က ရယ်လျက်ပြောပြသည်။

သူရေးစပ်ခဲ့သည့် ပန်းခရမ်းပြာသီချင်းသည် ၈၈ ခုနှစ်ဝန်းကျင်တွင် အလွန်ရေပန်းစားခဲ့သည်။ ကိုရဲလွင်သည် တေးသီချင်းများစွာကို ရေးစပ်သီကုံးခဲ့ပြီး ယခုခေတ်တိုင် လူငယ်ဂီတသမားတို့၏ လေးစားဖွယ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် တည်ရှိနေဆဲဖြစ်သည်။ နဒီမင်္ဂလာနှင့် သဇင်ညသီချင်းတို့မှာလည်း နိုင်ငံကျော်လူကြိုက်များခဲ့သည့် တေးသီချင်းများပင်ဖြစ်သည်။

သူသည် ငြိမ်းချမ်းရေးကို မက်မောသည်။ ဘာသာရေးကို ကိုင်းရှိုင်းသည်။ ကံ ကံ၏အကျိုးကို ယုံကြည်သူတစ်ဦးဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် လူထုနှင့်ပူးပေါင်းရင်း ကိုယ့်ကိုယ်ကိုယ် ကျစ်လျစ်ခိုင်မာလာစေရန် တည်ဆောက်လျက်ရှိသည်။ မေတ္တာဘာဝနာအားထုတ်ရင်း သည်းခံစိတ်ကိုမွေးမြူနေသည်။ မေတ္တာတိုးပွားလာလေ သည်းခံမှုအားပိုကောင်းလာလေဟု သူကခံယူထားသည်။ ခရစ်ယာန်မိသားစုမှ ဆင်းသက်လာသည့် ကိုရဲလွင်သည် နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာခဲ့ပါသည်။

နိုင်ငံရေးသမားတစ်ဦးအနေနှင့် ရပ်တည်မည်မဟုတ်သော်လည်း နိုင်ငံရေးတွင်လိုအပ်လာပါက ၀ိုင်းဝန်းကူညီရန် အသင့်ရှိကြောင်း ဗီအိုအေနှင့်အင်တာဗျူးတစ်ခုတွင် ဖြေကြားဖူးသည်။ အခြေခံဥပဒေပြင်ဆင်ရန်လည်း သူကလိုလားသည်။ “အခြေခံဥပဒေပြင်ဆင်မှပဲဖြစ်မယ်။ ဒါက ပိတ်ဆို့သူတွေအပေါ် မူတည်တယ်။ ပြည်သူတွေကတော့ ပြင်ဖို့ပဲတောင်းဆိုလို့ရတာ”ဟု သူကပြောသည်။

ပန်းရဲ့လမ်းကိုတည်ထောင်၍ ငြိမ်းချမ်းရေးကို သီချင်းများဖြင့် ဖော်ဆောင်နေပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင်အသင်းသားတစ်ဦးလည်းဖြစ်သည့် ကိုရဲလွင်ကို ပြည်ပရောက်မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်းက ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်အဖြစ် ချီးမြှင့်ခဲ့သည်။

ငြိမ်းချမ်းရေးသည်သာပဓာနဟုခံယူထားသည့် ဂီတသမားကြီး၏ ရှည်လျားသည့်ဆံပင်နှင့် မုတ်ဆိတ်တို့မှာ ဖြူဆွတ်လျက်ရှိနေပါပြီ။ သူသည် သူတတ်ကျွမ်းသည့်ဂီတပညာဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုနေဆဲဖြစ်ပါသည်။ နိုင်ငံအတွက် ပေးဆပ်နေဆဲဖြစ်ပါသည်။ စစ်ဘေးဒုက္ခသည်များအတွက် လမ်းတကာ၊ လက်ဖက်ရည်ဆိုင်တကာပတ်၍ တီးခတ်ဖျော်ဖြေကာ ပိုက်ဆံရှာပေးနေဆဲဖြစ်ပါသည်။

“ကမ္ဘာတစ်ခုလုံး မငြိမ်းချမ်းပါဘူး။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်က ငြိမ်းချမ်းနေတယ်ဆိုရင် ဂုဏ်ယူစရာပါ”ဟု ငြိမ်းချမ်းရေးဂီတသမားကြီးကဆိုပါသည်။

နေရောင်ခြည်သည် တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။ ရန်ကုန်တိရစ္ဆာန်ရုံဘေးရှိ Morning Star လက်ဖက်ရည်ဆိုင်ရှေ့တွင် “ခွန်အားဖြည့်မိငယ်”သီချင်းကို
ရေးသားသူကိုနေ၀င်းက ဆက်လက်သီဆိုနေသည်။ သူ၏နောက်တွင် သက္ကလပ်ဦးထုပ်ဟောင်းလေးကိုဆောင်းကာ မျက်မှန်ဝိုင်းအနက်တပ်ဆင်ထားသည့် ဘေ့စ်ဂစ်တာသမားကြီးကိုရဲလွင် (မဇ္ဈိမလှိုင်း)က အားမာန်အပြည့်ဖြင့်တီးခတ်ပေးရင်း သီချင်းတွင်မျောပါစီးဆင်းနေသည်။

“အရှုံးမပေးနဲ့...မိငယ်ရေ ...ရဲရင့်မှ ကျော်ဖြတ်လှမ်း... အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ 

  အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ ...တကယ် ကိုယ်ကျိုးစွန့်နိုင်မှ”

ဆောင်းနံနက်ခင်းက တည်ငြိမ်ငြိမ်းချမ်းလျက်။

  ရေးသားသူ- ဥက္ကာကိုကို
7Day News Journal
...တကယ် ကိုယ်ကျိုးစွန့်နိုင်မှ”

ဆောင်းနံနက်ခင်းက တည်ငြိမ်ငြိမ်းချမ်းလျက်။

ဓာတ်ပုံ- နစ်ကီ


No comments:

Post a Comment