ကလေးငယ်များ အား ထမင်းပွဲ အသင့်ပြင်ဆင်ပေးခြင်းထက် ၎င်းတို့ ကိုယ်တိုင်
ထမင်းဟင်း ခူးခပ် ခွင့် ပေးခြင်း က အနာဂတ် ကျန်းမာရေး အတွက် ကောင်းမွန်သည့်
အလေ့အထ တစ်မျိုး ဖြစ်စေနိုင်ကြောင်း သုတေသီ များက ထောက်ခံ ပြောကြားလိုက်သည်။
မိသားစု တစ်ခု တွင် အတန်ငယ်မျှ သိတတ်သည့် အရွယ်ရောက်လာသည့် ကလေးများ ကို
မိဘ များက ထမင်း ဟင်း ထည့်၍ ပြင်ဆင်ပေးခြင်းထက် ကလေးများ စိတ်ကြိုက် ထမင်းဟင်း
ခူးခပ်စေခြင်းဖြင့် ၎င်းတို့ အတွက် လုံလောက်သည့် အာဟာရ ပမာဏ ကို ကိုယ်တိုင်
ချင့်ချိန် တွက်ချက် တတ်လာစေကြောင်း သိရ သည်။
ကလေးများ က မိမိ အတွက် သင့်တော်မည် ဟု ယူဆ ရသည့် အစား အသောက် ပမာဏ ကို
အလို အလျောက် အလေ့အကျင့်ရ ချိန်ညှိ တတ်လာပြီး ယင်း က အနာဂတ် တွင် အဝ လွန်မှု
ဖြစ်နိုင်ခြေ အကျိုး ဆက် ကို လျော့နည်း သွားစေမည် ဖြစ်သည်။
အမေရိကန်နိုင်ငံ မှ သုတေသီ များက မိဘ များ အနေဖြင့် ကလေးများ အစား အသောက်
မကုန်သည့် အခါ အတင်း အကျပ် ဖိအားပေးပြီး ဆက်လက် စားသောက်စေရန်
တိုက်တွန်းခြင်းသည် လည်း မဖြစ်သင့်သည့် လုပ်ရပ်တစ်ခု ဟု မှတ်ချက်ပေးခဲ့သည်။









