ဗြဟ္မပုတ္တမြစ်ကမ်းဘေးမှာ စာသင်ကျောင်းကြီး တစ်ကျောင်းရှိတယ်။ ဘုရင် မင်းဆက် ရာချီပြီး တည်ရှိခဲ့ တဲ့ ကျောင်းဖြစ်သလို၊ ဆရာ အဆက်ဆက် ပြောင်းခဲ့တဲ့ ကျောင်းတော်ကြီးလည်းဖြစ်တယ်။ ဒီကျောင်းထွက်တွေ ထဲကပဲ ဘုရင်၊ စစ်သူကြီး၊ အမတ်တွေဖြစ်ခဲ့တာ မနည်းဘူး။ ဒီကျောင်းမှာ အုပ်ချုပ်ပြီး သင်တဲ့ ဆရာတွေ ကလည်း ဒီလိုပဲ အဆင့်ဆင့် ပညာတွေ လက်ပြောင်းပေးခဲ့ရင်းက ကျောင်းတော်ကြီးဟာ နှစ် ရာချီပြီး တည် တံ့နိုင် ခဲ့ပါတယ်။
ကျောင်း စာသင်ခန်းမကြီးထဲမှာ စာသင်ရင် ကြောင် တစ်ကောင်ကို ကျောင်းတိုင်မှာ ကြိုးနဲ့ ချည်ထား တတ်တယ်။ အဲဒါ ဘာသဘောနဲ့ ကြောင် ကို ကြိုးချည် ထားတာလဲဆိုတာ မပြောနိုင်ကြဘူး။ စာသင်ချိန်ရောက်ပြီဆိုတာနဲ့ ကျောင်းဝင်းထဲက ကြောင်တစ်ကောင်ကို ဖမ်းလာပြီး တိုင်မှာ ကြိုးနဲ့ ချည်ထားလိုက်ကြတာပဲ။
ကြောင်ကြိုး ချည်ပြီးမှ ဆရာကလည်း စာပို့ချ၊ ကျောင်းသားတွေ ကလည်း စာအံ၊ ဒါဟာ အစဉ် အလာပဲ။ နောက်ပိုင်း ကြောင် ကို ကြိုးချည် မထားရင် စာသင်လို့ရတယ်လို့တောင်မထင်တော့ဘူး။
ကြောင်ကြိုး ချည်ပြီးမှ ဆရာကလည်း စာပို့ချ၊ ကျောင်းသားတွေ ကလည်း စာအံ၊ ဒါဟာ အစဉ် အလာပဲ။ နောက်ပိုင်း ကြောင် ကို ကြိုးချည် မထားရင် စာသင်လို့ရတယ်လို့တောင်မထင်တော့ဘူး။
ကြောင် ကို ကြိုးချည်ပြီးမှ စာသင်တာ ဘာကြောင့်လဲလို့ ဘယ်သူမှ မစူးစမ်း ခဲ့တာ နှစ်ပေါင်းများစွာကြာမှ သူရိယ ဆိုတဲ့ ဘုရင်က ဘာကြောင့် ကြောင် ကို ကြိုးချည်ပြီး စာသင်ရတယ် ဆိုတာ စူးစမ်းတော့တယ်။ အမတ်တွေ လည်း အဖြေကို ရှာရင်းက ဒီကျောင်းက ထွက်သွားတဲ့ ဆရာကြီး တစ်ဦးဟာ ဟိမ၀န္တာတောထဲမှာ ရဟန်းပြုပြီး နေတယ်၊ အဲဒီ ရဟန်း ဆရာဟာ အသက် ရာကျော်လောက် ရှိနေပြီ ဆိုတော့ တောထဲလိုက်ပြီး ရဟန်းကြီး ကိုရှာကာ ကြောင်ပြဿ နာကို မေးကြတယ်။
ရဟန်းကြီးက "အဲဒီကြောင်ကို ကြိုးနဲ့ စချည်ခဲ့တာ ငါပဲ" လို့ပြောလိုက်တယ်။ "ဟုတ်တယ်။ တစ်နေ့ ကျောင်းကကြောင် တစ်ကောင်ဟာ စာသင်နေတဲ့ စာသင်သားတွေကြား ပြေးလွှား ဆော့ကစားနေတော့ အာရုံပျက်တယ်ဆိုပြီး ငါ့ဆရာက တိုင် တစ်တိုင်မှာ ကြိုးနဲ့ သွားချည်ထားဖို့ ပြောခဲ့တယ်။
ဒါနဲ့ ငါ ကိုယ်တိုင် ကြိုးနဲ့ ချည်ထားခဲ့တာ။ ဘာလဲ အသင်တို့ ခုထိ အဲဒီကြောင်ကို ကြိုး မဖြုတ်ပေး သေးဘူးလား" တဲ့။ ကြောင်ကို ကြိုးဖြုတ်ပေးဖို့ အချိန်ရောက်နေပြီထင်ပါတယ်။
ဒါနဲ့ ငါ ကိုယ်တိုင် ကြိုးနဲ့ ချည်ထားခဲ့တာ။ ဘာလဲ အသင်တို့ ခုထိ အဲဒီကြောင်ကို ကြိုး မဖြုတ်ပေး သေးဘူးလား" တဲ့။ ကြောင်ကို ကြိုးဖြုတ်ပေးဖို့ အချိန်ရောက်နေပြီထင်ပါတယ်။
Credit to Original Writer
No comments:
Post a Comment