၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ စတင်ကာ မြန်မာအစိုးရသစ် တာဝန်ယူလိုက်ပြီး စာရွက်ပေါ်တွင် မဖော်ပြ ထားသော်လည်း အစိုးရ အဖွဲ့ကို လက်တွေ့ဦးဆောင်နေသူ မှာ ဒေါ်အောင်ဆန်းစုကြည် ပင် ဖြစ် သည်။ အစိုးရသစ် လက်အောက် ရှိ ဝန်ကြီးဌာန သစ် ၏ ဦးစားပေး အစီအစဉ်များနှင့် သဘောထားများ ကိုလည်း တရုတ် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် စီးပွားရေး လုပ်ငန်းများက စောင့်ကြည့်လျက် ရှိသည်။
လက်ရှိ အချိန်ထိမူ တာဝန်ယူမှုသာ ရှိပါက မည်သည့်နေရာမှ လာသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါစေ လိုလား သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားလျက် ရှိသည်။ ထို့အတူ အကျင့်ပျက်မှုနှင့် ပတ် သက်လျှင် ရှင်းလင်းသည့် ညွှန်ကြားချက်များကို ၎င်း၏အဖွဲ့ထံသို့ ဒေါ်စုက ထုတ်ပြန်ထားပြီး လက်ဆောင် လက်ခံရယူရေးနှင့် ပတ်သက်သည့် စည်းမျဉ်းများကိုလည်း တင်းကျပ်ထားသည်။
သစ်ခုတ်လှဲမှု ယာယီဆိုင်းငံ့ခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ထူထောင်ခြင်း၊ ဖားကန့်ကျောက်စိမ်းတွင်းများနှင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသရှိ ရွှေတွင်းများထံသို့ သွားရောက်ခြင်းများ ကို ကြည့်ပါက သတ္တုတူးဖော်ရေး လုပ်ငန်းမှ ပေါ်ထွက်လာမည့် ထိခိုက်မှုများ လျှော့ ချရေး ကို အစိုးရအဖွဲ့သစ် ဦးစားပေးကြောင်း သိသာနိုင်သည်။
ယင်းကဲ့သို့သော ထိခိုက်ပျက်စီးမှု ပေါ်ပေါက်စေနိုင်သည့် လုပ်ငန်းများစွာနှင့် တရုတ်စီးပွားရေးသမားများ ပါဝင်ပတ်သက်နေပြီး နယ်စပ်ဒေသ တစ်လျှောက်ရှိ မြန်မာလက်နက်ကိုင် အုပ်စုများနှင့်လည်း ပူးပေါင်း လုပ်ကိုင်လျက် ရှိသည်။ အဆိုပါ စီးပွားရေးသမားများမှာ တရုတ်နိုင်ငံ၏ ကိုယ်စားပြုသူများ မဟုတ်သော် လည်း ယင်းမှန်ဘီလူးမှ တစ်ဆင့် တရုတ်စီးပွားရေး လုပ်ငန်းပုံစံမှာ မည်ကဲ့သို့ ဖြစ်သည် ဟု မြန်မာပြည်သူ များက ရှုမြင်နေကြသည်။
တစ်ဖန် တရုတ်နိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံ၏ အရေးကြီးသော လက်တွဲဖော် ဖြစ်သည်ဟု အသိအမှတ် ပြုနေရသေးသည်။ အခြေခံအဆောက်အဦ လုပ်ငန်း၊ ထောက် ပံ့ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံ တာဝန်ယူမှုရှိရှိ ရင်းနှီးမြှုပ်နှံမှု သည် မြန်မာ့ ဖွံ့ဖြိုး တိုးတက်မှုအတွက် လွန်စွာ အရေးပါသည်။
မြန်မာ-တရုတ် ဆက်ဆံရေးနှင့် သတင်းစာ ရှင်းလင်းပွဲတိုင်းတွင် နေရာယူထားသည်မှာ ဧရာဝတီမြစ်ပေါ် တွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် မြစ်ဆုံဆည် စီမံကိန်းပင် ဖြစ် သည်။ မြန်မာနိုင်ငံ တစ်ဝန်း ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းကြောင့် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးခဲ့သည်။
မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန် မတိုင်ခင် မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြီးအကျယ် တွန်းအားပေးခဲ့သည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည်ဟု ဆုံးဖြတ်လိုက်ခြင်းကြောင့်လည်း ဦးသိန်းစိန် ခေါင်းဆောင် သည့် အရပ်သားအစိုးရသည် ယခင်ဆယ်စုနှစ်များစွာက အာဏာရှင် အုပ်ချုပ်မှု ပုံစံဖြင့် ကွဲပြားလိမ့်မည်ဟု မြန်မာပြည်သူများက ယုံကြည်ခဲ့ကြသည်။
ကံဆိုးစွာပင် ယင်းဆုံးဖြတ်ချက်သည် ငါးနှစ်ကြာပြီးနောက် ပြဿနာများကို ဒေါ်အောင်ဆန်းစုကြည်ပေါ် ပုံကျ လာစေတော့သည်။ မကြာသေးခင်က သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ် မတိုင်ခင်တွင် မြစ်ဆုံ ဆည် စီမံကိန်း ကို ပြန်လည်သုံးသပ်ရန် ကော်မရှင်သစ်တစ်ရပ် ဖွဲ့စည်းမည်ဟု သူမက ထုတ်ပြန်လိုက် သည်။
ကော်မရှင် ၏ တာဝန်မှာ စီမံကိန်းတွင် အသုံးပြုမည့် နည်းပညာများသည် အပြည်ပြည်ဆိုင်ရာ စံချိန် စံနှုန်း၊ ပြည်တွင်းဥပဒေရေ သယံဇာတ၊ ရေကြောင်းသွားလာမှုနှင့် ဧရာဝတီမြစ် ရေရှည် တည်တံ့နိုင်မှု အပါအဝင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာအပေါ် အကောင်းအဆိုး သက်ရောက်မှု၊ လျှပ်စစ်ဓာတ်အား ထုတ် လုပ်မှုနှင့် စီးပွားရေးရာ အလားအလာ၊ မြန်မာနှင့် တရုတ် ရင်းနှီးမြှုပ်နှံသူများ အပြန်အလှန် အကျိုးပြုနိုင်မှု အပေါ် အဆိုပြုရန် စသည်တို့ ပါဝင်သည်။ အဆိုပါ ကော်မရှင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။