
ဒီ အလှ သစ်ပင်လေးတွေ ဟာ အလွန် အမင်း စိတ်ဝင်စားဖွယ်ကောင်းလို့ နေပါတယ်။ လေထဲ ကြွပျံနိုင်တဲ့ ဒီ အလှ သစ်ပင်လေးတွေ ဟာ ကြည့်လိုက်ရင် သူတို့ ဘာသာ မျောပျံနေသလို ထင်မှတ်စေဖို့ ဂျပန် နည်း ပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Air Bonsai မှ တီထွင် ဖန်တီးပြုလုပ် ခဲ့တာဖြစ်ပါတယ်။
အမှန်တော့ အောက်ခြေ အထိုင်နဲ့ သစ်ပင် နှစ်ခုလုံး မှာ တပ်ဆင် ထားတဲ့ သံလိုက်နှစ်ခုကြောင့် ဒီ အပင် ဟာ လေပေါ် ချောချောမောမော အခု လို ကြွပျံပြီး လည်နေနိုင်ခြင်း ဖြစ်ပါတယ်။
အောက် အထိုင် နဲ့ ၂ စင်တီမီတာ အကွာမှာ ရစ်ဝဲနေတဲ့ ဒီ အပင်ဟာ ရေလောင်းပေးဖို့ လိုအပ်တယ် ဆိုပေမယ့် ဂရုစိုက်စောင့်ရှောက်မှု အနည်းကျဉ်း သာ လိုအပ်ပါတယ်။
ကုမ္ပဏီ အနေ နဲ့ ဒီ အပင်တွေ ကို ဈေးပေါပေါ နဲ့ ရောင်းချမှာတော့ မဟုတ်ပါ။ တစ်စုံ ကို ဒေါ်လာ ၂၀၀ (ယူရို ၁၄၀) နဲ့ အာမခံ ပါရှိမှာဖြစ်တယ် လို့ သိရပါတယ်။
ဖြန့်ဖြူးရောင်းချမယ့် ရက်စွဲ ကို ၂၀၁၆ သြဂုတ်လ အကြမ်းဖျင်း သတ်မှတ် ထားပြီး တစ်ခြားနိုင်ငံများ အတွက် သင်္ဘောဖြင့်ပို့ဆောင်မှုပေးခြင်း သာ ရနိုင်မယ်ဖြစ်ကြောင်း သိရပါတယ်။
Trend Myanmar
No comments:
Post a Comment