ဟိန်းဇော် တွေ့ဆုံမေးမြန်းသည်
မကြာခင်သေးခင် ကာလ ကနိုင်ငံခြား ဘဏ်ကိုးခု ကိုပြည်တွင်း၌ လုပ်ကိုင်ရန်ခွင့်ပြုခဲ့သည်။ နိုင်ငံခြား ဘဏ် များ ၀င်လာခြင်း ကပြည်တွင်းဘဏ်လောက အတွက် အခွင့် အလမ်းဖြစ်စေနိုင်သလို စိန်ခေါ်မှုများ လည်းဖြစ်စေ နိုင်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ ဘဏ်လောက ၏ လက်ရှိ အခြေအနေ၊ နိုင်ငံခြားဘဏ်များ ခွင့်ပြုခြင်း၏ သက်ရောက် မှုနှင့် ပြည်တွင်း ဘဏ်လောက အလားအလာ များကို ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (ငြိမ်း) နှင့် ကမ္ဘောဇ ဘဏ် ၏ အကြီးတန်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးသန်းလွင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
ဆရာဦးသန်းလွင် မင်္ဂလာပါ။
လက်ရှိမြန်မာပြည် မှာ ဘဏ် လုပ်ငန်းတွေ အနေနဲ့ ဘယ်လို အခက် အခဲ စိန်ခေါ်မှုတွေ ရှိ နေလဲ ဆိုတာ နဲ့ စလိုက်ချင်ပါတယ်။
ပဏာမ အနေနဲ့ပြောချင် တာက ဘဏ် ဆိုတာက ဘယ် Society မှာ မဆို၊ ဘယ်နိုင်ငံ မဆို မရှိလို့ မဖြစ်ဘူး။ ဘဏ် ကနေရာတကာမှာ လိုအပ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ ဆိုရမယ်။ ဒီကနေ့ ဆိုကြည့်လိုက် ရင် အပြည်ပြည် ဆိုင်ရာငွေကြေးပေးချေမှု အပိုင်းမှာ အဓိက ပါဝင်နေပြီး အပြည်ပြည် ဆိုင်ရာ စီးပွားရေး ရဲ့ နောက်ကွယ်မှာ ရှိနေတယ်။
ဘဏ် မရှိဘဲနဲ့တော့ ဒီကနေ့ ကမ္ဘာ့ စီးပွားရေးမှာ လည်ပတ်နိုင်အောင်လုပ်နိုင် ဖို့နည်းတယ်။ ဒါကြောင့် လည်း မြန်မာနိုင်ငံ ကိုလည်း မကြာမကြာ လာနေတဲ့ ပရော်ဖက်ဆာ စတစ်ဂလက် က ကမ္ဘာ့ဘဏ်မှာ လုပ်နေကတည်းက သိတယ်။
အန်ကယ် က IMF မှာလည်း လုပ်ဖူးတော့ သူ့ဟော ပြောပွဲတွေ၊ ဆွေးနွေးပွဲတွေလည်း အတော် တက်ဖူး တယ်။ အဲဒီမှာ တစ်ခု သူက ဘာပြောလဲ ဆိုတော့
''ဘဏ် ဆိုတာ ကတော့ တိုင်းပြည်စီးပွားရေး ရဲ့ဦးနှောက်ပဲ''လို့ တင်စားတယ်။ ဒါကလည်း ဘာကြောင့်ပြော လဲ ဆိုတော့ ဘယ်ငွေရေးကြေးရေး Crisis ပဲဖြစ်ဖြစ်၊ စီးပွားရေး Crisis ဖြစ်ဖြစ် ဥပမာ- ၁၉၉၇ ခုနှစ် အာရှ မှာငွေရေးကြေးရေး အကျပ်အတည်းက တစ်ဆင့် Economic Crisis တွေဖြစ်တယ်။
နောက်တစ်ခါ ၂၀၀၈ ခုနှစ် မှာလည်း တစ်ကမ္ဘာလုံး စီးပွားရေး အကျပ်အတည်းတွေဖြစ် တယ်။ ဒါလည်း ငွေရေးကြေးရေး ကနေ စတာပဲ။ တစ်နည်း အားဖြင့် ဒီ Crisis ဟာ ဘယ်ကနေ စပြီး မောင်းတံဖြုတ် လိုက်တာလဲ ဆိုတော့ ဘဏ်က စဖြစ်တာဗျ။
ဒါကြောင့် အန်ကယ် တို့ တိုင်းပြည် ဟာ ဘာကြောင့် နောက် ကျနေလဲ ဆိုတော့မြန်မာနိုင်ငံ က ၁၉၆၂- ၁၉၆၃ ခုနှစ် မတိုင်မီ ကာလတုန်းက ဆိုရင် အန်ကယ်တို့ တိုင်းပြည် က အရှေ့ တောင်အာရှ မှာ အချမ်းသာ ဆုံး၊ အတိုး တက်ဆုံးနိုင်ငံဖြစ်ခဲ့တယ်။ တိုင်းပြည် က ဘာကြောင့် အဆင်းရဲ ဆုံးနိုင်ငံဖြစ်သွားလဲ ဆိုတာ အဓိက အချက်ကနှစ်ချက်ပဲရှိတယ်။
နံပါတ်-၁ က ၁၉၆၃ ခုနှစ်တုန်း က ပြည်တွင်း ပုဂ္ဂလိကဘဏ်၊ နိုင်ငံခြားဘဏ် အကုန်ပြည်သူပိုင် သိမ်းတယ်။ အဲဒီတုန်းကနိုင်ငံခြား ဘဏ် ၁၄ ဘဏ် ရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်။ International Transaction တွေ ဘာတွေပေါ့။
သူနဲ့ပြိုင်နိုင် တဲ့ပြည်တွင်း ပုဂ္ဂလိက ဘဏ် ကလည်း ဆယ်ခု ရှိတယ်။ ပြိုင်နိုင်တယ်။ နိုင်ငံတော် အစိုးရပိုင် တဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် ဆိုတာ သူလည်းနိုင်ငံခြားဘဏ် နဲ့ပြိုင်တယ်။ပြိုင်တော့ ဘဏ်လုပ်ငန်းက တအား တိုးတက် လာတယ်။ အဲဒီလို တအား တိုးတက်နေတဲ့ ဘဏ်လုပ်ငန်း က ၁၉၆၃ ခုနှစ်ကျတော့ ဖျာ လိပ် သွားတယ်။ ပြည်သူပိုင် သိမ်းပစ်လိုက်တယ်။ ဒါက ပထမ အချက်ပဲ။
နောက်တစ်ခါ ၁၉၆၄ ခုနှစ် ကျတော့ မြန်မာပြည် တစ်ပြည် လုံးမှာ ရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ အကုန် လုံးပြည်သူပိုင် သိမ်းပစ်တယ်။ အဲဒီတော့ ပုဂ္ဂလိက လုပ်ငန်း ချုပ်ငြိမ်းသွားတယ်။ အဲဒီ အချက်နှစ် ချက်ဖြစ်တဲ့ ဘဏ်လုပ်ငန်း ချုပ်ငြိမ်းသွားတာရယ်၊ ပုဂ္ဂလိက လုပ်ငန်း ချုပ်ငြိမ်း တာရယ်ကြောင့် တိုင်းပြည်က အဆင်းရဲ ဆုံးနိုင်ငံဖြစ်သွားတယ်။
ဒီနှစ်ချက်တည်းနဲ့ ကို ကျွန်တော်တို့ တိုင်းပြည်ဟာ ဇောက်ထိုး ကျသွား တယ်။ တောက်လျောက် ကျနေ ရာနောက်ဆုံး ကျတော့ ကမ္ဘာ့ အဆင်းရဲဆုံးဖြစ်သွားတယ်။
အဲဒါကြောင့် ကျွန်တော် ဆိုလို တာက ဘဏ်လုပ်ငန်းက အရေးကြီးတယ်။ငွေရေးကြေးရေး ကဏ္ဍ အရေးကြီး တယ်။ ငွေလွှဲပြောင်းမှု အရေးကြီး တယ်။သင်္ကြန်ကာလ မှာ မြန်မာနိုင်ငံ ဟာ ကမ္ဘာမှာ ရှိတဲ့နိုင်ငံ အားလုံး ထက် ကို ရုံးပိတ်ရက် အရှည်ဆုံးဖြစ်နေတယ် ။
တောက်လျောက် ပိတ်တဲ့ ထဲမှာ ဘယ်နိုင်ငံမှ ဒီလောက် မပိတ်ဘူး။ ဆယ်ရက်မက ပိတ်သွား တယ်။ တောက်လျောက် ပိတ်တာ က တရုတ်ပြည်လိုနိုင်ငံမျိုးနှစ်သစ်ကူး ကာလဆို သိပ်အလေးထား တဲ့နိုင်ငံ တချို့ပုဂ္ဂလိက လုပ်ငန်း တွေဆို တစ်လလုံး ပိတ်တာ။
အဲဒီလိုနိုင်ငံ မှာတောင် ဘဏ်လုပ်ငန်း က ငါးရက်ခြောက်ရက်ပဲ ပိတ်တယ်။ ဒီထက် မပိုဘူး။ အများဆုံးပိတ် တယ်။ မြန်မာနိုင်ငံ က သူ့ စံချိန်ချိုး သွားတယ်။ သိတဲ့ အတိုင်း ဘဏ် ပိတ်တော့ ATM ရော၊ Money Changer ပါ အကုန်ပိတ် ပဲ။
ဘာမှ အလုပ်မဖြစ်တော့ဘူး။နိုင်ငံခြားငွေလွှဲတာရော အကုန် ပိတ်ပဲ။ နောက်ဆုံး ကျတော့ ဘာဖြစ်သလဲ ဆိုတော့ ဒီမှာကသာ မတွက်တတ်လို့။ Research က အားနည်းလို့ သူများနိုင်ငံမှာ ဆိုရင် ဒီလို ဘဏ် လုပ် ငန်းတွေ ဆက်တိုက် ပိတ်လို့ ကတော့ တစ်ရက်ဆိုလည်း တစ်ရက် ဘယ်လောက်နစ်နာ သလဲဆိုတာ တွက် ချက်သိရတယ်။
တိုင်းပြည် စီးပွားရေးပါ အထိနာတယ်။ ငွေလွှဲပြောင်းမှု ထိခိုက်တယ်။ နိုင်ငံခြား ငွေလွှဲမှု အကုန်ထိ တယ်။ နောက်နိုင်ငံခြား မှာ Foreign Exchange Market ဆိုတာ၂၄ နာရီ ဖွင့်ရတယ်။ နောင်ရှိ လာတဲ့အချိန် အဲဒါ ပိတ်ရင်တော့ သွားပြီ။ တစ်ကမ္ဘာလုံးနဲ့ အဆက် အသွယ်ပြတ်သွားတဲ့ သဘော ပဲ။ အဲဒီတော့ မလုပ်ရဘူး။
ဒါကြောင့် အစိုးရ ရုံးပိတ်ရင် ပိတ်ဗျာ။ ဒီပြင် ရုံးပိတ်ရင် ပိတ်ဗျာ တစ်လ မကလို့ နှစ်လ သုံးလ ပိတ်ချင်လည်း ရတယ်။ ဘဏ်ကျတော့ သိပ်မပိတ် နဲ့။ငွေကြေး စီးဆင်းမှု သိပ်အရေးကြီးတယ်။ ဘဏ် ကိုကြာ ရှည်ပိတ်ရင် အသက်သွေးကြောကို ပိတ်လိုက် သလိုပဲ ဒုက္ခရောက် တယ်။
ဘဏ်လုပ်ငန်း က ရှင်းရှင်းပြော ရရင်နှစ်ပေါင်း ၅၀လောက်နောက်ကျနေ တယ်။ ပြန်လည် ရှင်သန်တာ ကတော့ လက်ရှိ သမ္မတကြီး ဦးသိန်းစိန် လက်ထက် မှာပေါ့။ ဟိုတုန်းကတော့ ဖွင့်ပေး တယ်ဆိုပေမဲ့ ကိုင် ထားတာကိုး ဘာမှလုပ်လို့ မရဘူး။
စဖွင့်ပေးတဲ့ အချိန်ကျတော့ အရှိန်အဟုန် နဲ့ စထောင်တာ က လေးငါးနှစ်ပဲ ရှိသေးတယ်။ အဲဒီမှာ Challenge ဆိုတာ ကတော့ အများကြီးပေါ့ဗျာ။ အများကြီး ထဲမှာ အန်ကယ် တို့ကနိုင်ငံခြား ဘဏ်နဲ့ ဘယ်လိုသွားပြိုင် မလဲ။ ပြိုင်လို့ မရဘူး။ ပြိုင်လို့ မရလို့ အန်ကယ်တို့ က Compliment လုပ်တယ်။
သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တယ်။ အန်ကယ် တို့ အဲဒါ ကို သိတော့နိုင်ငံခြား နဲ့ တခြား ဘဏ်တွေလည်း လုပ်ကြ ပါတယ်။ အန်ကယ်တို့ ဘဏ်ဆိုရင် SMBC ဂျပန် ဘဏ် နဲ့ ပူးပေါင်းဆောင်ရွက် ဖို့လုပ်ထားတယ်။
နောက်တစ်ခါ Siam Commercial ဘဏ် သူနဲ့ လည်း ချိတ်ဆက် ထားတယ်။နိုင်ငံခြားငွေ လွှဲပြောင်းမှုတို့၊ သူတို့ဆီ အကူအညီ တို့ပေါ့ဗျာ။ အရေးအကြီးဆုံး ဟာ ဒီတိုင်းပြည် မှာနှစ် ၅၀ နောက်ကျနေတာ က Capacity လိုတယ်။ Training ပေါ့။
ကိုယ့် ၀န်ထမ်းတွေ ကျွမ်းကျင် ၀န်ထမ်းဖြစ်လာအောင်၊ ပရော်ဖက်ရှင်နယ် တွေဖြစ် လာအောင် ပျိုးထောင်ပေး ဖို့လိုတယ်။ Capacity ကတော့ အရေးကြီးဆုံးပဲ။ Capacity Training လုပ်တယ် ဆိုတာ အချိန်ကြာ တယ်။ သူတို့ လိုက်နိုင်၊ မလိုက်နိုင် ဆိုတာလည်း အမျိုးမျိုး ရှိတယ်။ သူတို့ရဲ့ Capability က ဘယ်လောက်ရှိ သလဲဆိုတာလည်း လိုသေးတယ်။
အဲဒီတော့ ဒီကြားထဲမှာ အန်ကယ်တို့က ဘာလုပ်လဲ ဆိုတော့ ပြည်ပ ရောက်နေတဲ့ ကိုယ့်မြန်မာ လူမျိုး တခြားနိုင်ငံ သား လည်းဖြစ် ရင်ဖြစ်နေမှာပေါ့။ သူတို့တစ်တွေ ကို အန် ကယ် တို့က ဆွဲ ဆောင် တယ်။ ပြန်ခေါ် တယ်။ မြန်မာ လူမျိုးတွေ ကလည်း ပြန်လာ ချင်ကြပါတယ်။
တချို့ ကျတော့လည်း ကိုယ့်နိုင်ငံကို လွမ်းတာပေါ့နော်။ သူတို့ကိုချောက် ချီးချောက်ချက်ပေး လို့တော့ မရ ဘူးပေါ့ ဗျာ။ ထိုက်သင့်တဲ့ လစာပေါ့နော်။သူတို့ ဟိုမှာလောက်တော့ မရဘူးပေါ့နော်။ ပေးရတာလည်း တန်ပါတယ်။ သူတို့ ဦးနှောက် ကကောင်းတာကိုး။
ဒီမှာ မရနိုင်တဲ့ ပညာမျိုး ရခဲ့တာ။ ကိုယ့်နိုင်ငံတိုး တက်ဖို့ အတွက် ဘဏ် လုပ်ငန်း တိုးတက်ဖို့ အတွက် ဆွဲဆောင် တဲ့နေရာမှာ ဒီလို လူမျိုးတွေ လိုတယ်။ ဘာလို့လဲ ဆိုတော့ လတ်တလော လည်ပတ်ဖို့ အခုလုပ် ရမယ်လေ။ Training ပေးနေ တာကြာတယ်။ ချက်ချင်း မတတ် ဘူး။ Capacity ဆိုတာ အဲဒါကိုပြောတာ။
အဲဒါ ကတော့ အန်ကယ်တို့ က Main Challenge ပဲ။ ဘဏ်တိုင်းမေးကြည့်၊ ဌာနတိုင်း မေးကြည့်၊ ပုဂ္ဂလိက လုပ်ငန်းတွေ လည်းမေးကြည့် လောလောဆယ် ဒါ အဓိကပဲ။
အခုနိုင်ငံခြားဘဏ် ကိုးခု ကို ခွင့်ပြုပြီး သွားပြီ။ တချို့လည်း စတင်နေ တဲ့ အနေအထား ရှိနေတော့ ဒီ Challenges ကို တခြား ဘယ်လို နည်းနဲ့ဖြေရှင်းနေကြတာကော ရှိလဲ။ ဥပမာ- အရင် ကတောင် စိန် ခေါ်မှု ရှိနေတာ။ နောက် ထပ်နိုင်ငံခြားဘဏ်တွေ စတင်လာပြီ ဆို တော့ ဘယ်လိုမျိုး လုပ်ကြဖို့ ရှိလဲ။
နိုင်ငံခြား ဘဏ်တွေ စ၀င်လာတော့ ခုနကပြောသလို ပူးပေါင်းလုပ်နေတယ်။ ပူးပေါင်းလုပ်နေ တယ် ဆိုတဲ့ အထဲ မှာChallenge တစ်ခုက ဘာစ၀င်လာလဲ ဆိုတော့ သူတို့ ကလည်း ဘဏ် ခွဲ ဖွင့်ပြီ ဆိုတော့ အခု သုံးဘဏ် ဖွင့်ပြီးပြီ ဆိုတော့ပြည်တွင်း လူလည်း သူတို့က Recruit လုပ်ရသေးတယ်။
နောက်ဆုံးတော့ ၀န်ထမ်းတွေရွေးချယ် ခန့်ထားတဲ့ အပိုင်းမှာ ဒီဘက်ကလည်းပြန်ဆွဲတယ်။ လခ ပိုကောင်းကောင်းပေး တာပေါ့ဗျာ။ အန်ကယ်တို့ ဘဏ်ကလည်း ပါသွားတာပဲ။ ဒါပေမဲ့ အန်ကယ်တို့က ကိစ္စမရှိဘူး။
ဘာလို့ဆို တော့ ဒီလူတွေ ပါသွားတယ် ဆိုတော့ လည်း ဘာပဲပြောပြော ဒီလူတွေTraining ရတယ်။ နိုင်ငံခြား ဘဏ် အတွေ့ အကြုံတွေရတယ်။ တချို့လည်း အငယ်ပိုင်းက အစ ရာထူးအဆင့် တိုင်းမှာ လည်း Training ရမယ်။ ဘဏ်တွေများရင် များလာ သလို သူတို့လည်း Training များလာရင် ကိုယ့်လူမျိုး က Training ရတယ် ဆိုတဲ့ဟာ ကိုယ်က၀မ်း သာတယ်။ ပီတိဖြစ်တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ဘဏ်လုပ်ငန်း နားလည်တဲ့ သူ များလာတယ်။ သူတို့နိုင်ငံခြားဘဏ်တွေ မှာတော့ လုပ်ရကျိုးနပ်တာပေါ့ဗျာ။ ဒါပေမဲ့ ဘာပဲပြောပြော ဒီလို Training ရတဲ့ လူမျိုးတွေ ကိုယ့်လူမျိုးထဲ က ထွက်လာ တာပေါ့။ Training ပေးမယ်၊ နိုင်ငံခြား လွှတ်မယ်၊ ပညာသွား သင်ခိုင်းတယ် ဒါမျိုးတွေ ရှိလာမှာပဲ။
အဲဒီ အတွက် အန်ကယ် တို့ ဘက်က ဆုံးရှုံးမှု တစ်ခု ရှိပေမဲ့ တစ်ဖက် ကတော့ အမြတ်ထွက်တယ်။ တိုင်းပြည် ရှုထောင့် ကနေကြည့်ရင် တော့ အမြတ်ထွက်တယ်။
နိုင်ငံခြား ဘဏ်တွေ ထဲမှာ Bank of Tokyo Misubishi၊ SMBC၊ OCBC ၊ UOB တို့ ဖွင့်ပြီးပြီ။ သိရ သလောက် နိုင်ငံခြား ဘဏ်တွေက ငွေချေးတဲ့ အခါ မှာ ပြည်တွင်း ဘဏ်တွေ ကနေတစ်ဆင့် လုပ်မယ် ဆိုတော့ အဲဒါ က တော့ ဘယ်လိုမျိုး လုပ်မှာလဲ။ ပုဂ္ဂလိက ဘဏ်တွေ က သူတို့ ဆီကနေ ဘယ်လိုပြန်ချေး ရမှာလဲ။
သူတို့က Whole Sale ပေါ့ဗျာ။ ဗဟိုဘဏ်က လိုင်စင်ချ တဲ့ အခါမှာ Restrictive Licence (အကန့် အသတ် နဲ့ပေး တဲ့ လိုင်စင်) မျိုးကို ဘယ်နိုင်ငံ မဆို အဲဒီလို မျိုးပေးတာပဲ။ တစ်ဆင့်ချင်းပေးတာပေါ့။
လောလောဆယ် သူတို့က Retail ဆိုတာ ဘဏ်ခွဲတွေ ဥပမာ-Deposit တွေ ဘယ်သူပဲလာလာ အဲဒါမျိုး ခွင့် မပေးသေးဘူး။ ပြီးတော့ နံပါတ်-၂ က Kyat Transaction မရသေးဘူး။ ဒေါ်လာနဲ့ပဲ၊ နိုင်ငံခြားသုံးငွေနဲ့ လုပ်တာ ကိုင်တာ တစ်ခုတည်းနဲ့ပဲ ရမယ်။ အဲဒီ ပုံစံမျိုးတော့ရှိတာပေါ့။
နောက်တစ်ခါ Corporate ပေါ့။ နိုင်ငံခြား ကုမ္ပဏီတွေ ဘာတွေနဲ့ ပဲ လုပ်လို့ရမယ်။ တစ်ဦးချင်း အနေနဲ့အပ် လို့ မရဘူး။ လက်လွှဲလို့ မရဘူး။ တစ်ဦးချင်း အနေနဲ့ပေးလို့ မရဘူး။ ပြည်တွင်းက ဘဏ် မဟုတ်ဘဲ နဲ့ တခြား ကုမ္ပဏီတွေ အဖွဲ့အစည်း ကြီးတွေ ဆိုရင်ကော သူတို့နဲ့ တိုက်ရိုက်ချိတ်လို့ ရသလား။
အဲဒါတော့ ကျွန်တော်လည်း သိပ်တော့ မသဲကွဲဘူးဗျ။ တစ်ခု ရှိတာက ဗဟိုဘဏ် ကလည်း အဲဒါ သဲသဲ ကွဲကွဲဖြေတတ် ဖို့တော့ လိုတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကုမ္ပဏီ ဆိုတဲ့နေရာ မှာ နိုင်ငံခြား ကုမ္ပဏီ ကိုပြောတဲ့ အထဲမှာ ဥပမာ Joint Ventureပေါ့။ ပြည် တွင်း အဖွဲ့အစည်းတွေ နဲ့ သူတို့ JVလုပ်ထား တာရှိ တယ်လေ။
ဖက်စပ် လုပ်ထားတာ ရှိတယ်။ အဲဒါ ကျတော့ ခွင့်ပြုတယ် ဆိုပေမဲ့ ဘယ်လိုလဲ ဆိုတော့ သူတို့လည်း မဖြေ ဘူး။ အဲဒါလည်း ဗဟိုဘဏ်က ရှင်းဖို့ လိုတယ်။ ဟိုတုန်းကလည်း အန်ကယ်တို့ အကြံ ပေးတယ်။ နိုင်ငံခြား ဘဏ်တွေ လက်ခံရင် နံပါတ်-၁ Offshore Bank ။ Offshore Bank ဆိုတာ ကတော့ နိုင်ငံခြားသုံးငွေပဲ လုပ်ခွင့်ပေးတယ်။
နိုင်ငံခြား ကုမ္ပဏီနဲ့ပဲ လုပ်ခွင့်ပေးတယ်။ ပြည်တွင်း ဘာလုပ်လုပ် မရ သေးဘူး။ Offshore က ဒီအတိုင်းပဲ။ အခုတော့ပြည်တွင်း က ပါလာပြီပေါ့။သူများနိုင်ငံက အဲဒီလို တစ် ဆင့်ချင်း လုပ်တယ်လေ။ အဲဒါမျိုး တွေ လုပ်ပါ။ နောက် Branch ကိုပေး မဖွင့်ပါနဲ့။ Subsidiary ပေးဖွင့်ပါ။
Branch နဲ့ Subsidiary က ဘယ်လို ကွာခြားလဲ ဆိုတော့ Branch ဆိုတာနိုင်ငံခြား ကနေ သူတို့ ဥပဒေနဲ့ငွေ လာထည့် တယ်။ အချိန်မရွေး သူတို့ပြန်ထုတ်သွားလို့ ရတယ်။ ဒီဟာက အကန့်အသတ် မရှိ ဘူး။
Subsidiary ကျတော့ ပြည်တွင်းက ဥပဒေ နဲ့ တည်ထောင် ရတာ ဖျက်ချင်ရင် ပြည်တွင်း စည်းကမ်း တွေရှိ တယ်။ Branch ကျတော့ သူ့ပြည်ပ စည်းကမ်းနဲ့ Branch ဆိုတာက သူ့လုပ်ငန်း ကို ပြန်ရုပ်သွား လို့ရတယ်။
အဲဒါကြောင့် Subsidiary လုပ်ပါ ဆိုတာ ကို အန်ကယ်တို့ အကြံပေးတာကို လက်မခံဘူး။ ဘဏ်ခွဲတွေ စပြီး ခွင့်ပြုချိန် ကရော ခွင့်မပြုခင် ကပါ နိုင်ငံခြားဘဏ် တွေလာဖို့ က နည်းနည်းစောသေး တယ်။
ပြည်တွင်း ဘဏ်တွေ အတွက် စိန်ခေါ်မှု ပိုရှိတယ် လို့ပြောကြတာတွေလည်း ရှိတော့ ဆရာ့ အမြင်အရ ဆိုရင် နိုင်ငံခြား ဘဏ်တွေ အခုအချိန်မှာ ခွင့်ပြုလိုက်တာ ကပြည်တွင်း ဘဏ်တွေ အတွက်ကောင်းကျိုး နဲ့ ဆိုးကျိုးဘယ် ဟာ ပိုပြီးများနေလဲ။
အန်ကယ်ကတော့ အရင်ကတည်းကပြောတယ် ။ ပြည်ပ ဘဏ်တွေ တစ်ချိန်တုန်း ကလည်း ၁၄ ဘဏ် တောင် ရှိခဲ့ တာကိုး။ အဲဒီတော့ အန်ကယ်တို့ ဘာကြောက်တာလဲ။ လာပါစေ။ ဒါပေမဲ့ စည်းမျဉ်းစည်း ကမ်းအတိုင်းသာ လုပ်ဖို့ လိုပါတယ်။ ဗဟိုဘဏ်က ထိန်းကျောင်းဖို့ လိုတယ်။ သေချာ ကိုင်တွယ်တတ်ဖို့ လို တယ်။
အန်ကယ်တို့ တစ်ခု စိုးရိမ် တာက ဗဟိုဘဏ်မှာ ကိုင်တွယ်နိုင် တဲ့ Capacity ရှိပါ့ မလား။နိုင်ငံခြား ဘဏ်က လူတွေက တအား ကျွမ်းကျင် တာလေ။နိုင်ပါ့မလား ဆိုတာ အန်ကယ်က အဲဒါစိုး ရိမ်တာ။ ဘာလို့ ဆိုတော့ ဗဟိုဘဏ် မှာလည်း ပြင်ပက ၀န်ထမ်းတွေလည်း အများကြီးပါ။ အဲဒီမှာ ကျွမ်းကျင်းမှု အတိုင်းအတာ က နည်းနည်းလေးမေးခွန်းထုတ် စရာရှိနေတယ်။
အရင်တုန်း ကတော့ ၁၉၆၃ခုနှစ်မတိုင်ခင် ဆရာဦးစံလင်း တို့ လက်ထက် တုန်းကတော့ ဗဟိုဘဏ် ဆိုတာ က ရှင်း ရှင်းပြော ရရင် အန်ကယ် တို့ဆို အင်္ဂလိပ်လို ကျွမ်းကျွမ်း ကျင်ကျင်ပြောဆို လုပ်ကိုင်တတ် တယ်။ ဦးစံလင်း တို့ ဆို ဟိုတုန်း က နိုင်ငံခြားဘဏ် ၁၄ ဘဏ် ကို သူ့အိတ်ထဲ ထည့်ထားတာ။ လှုပ်တောင် မလှုပ်ရဲဘူး။ ဘယ်လောက်တော်လဲ ဆို သူကအောက်စဖို့ဒ် တက္ကသိုလ်ကျောင်းထွက်ဖြစ်တယ်။ အင်္ဂလန်မှာ လည်း အကြာကြီးနေဖူးတယ်။
လုပ်ငန်းကျွမ်းကျင် တာတော့မပြောနဲ့ အရှေ့တောင် အာရှမှာ ဘဏ်လုပ်ငန်း မှာ အတော်ဆုံး ပုဂ္ဂိုလ်လို့ အသိအမှတ်ပြု ခံရတယ်။ ဒါကြောင့်လည်း အရှေ့တောင်အာရှမှာ အန်ကယ်တို့ က Lead လုပ်တာလေ။
ဒါကြောင့် အခုနေခါ မှာ ဗဟိုဘဏ် အပိုင်း ကလည်းပြု ပြင်ဖို့ လိုတယ်။ ဒီအတိုင်း သွားလို့တော့မရဘူး။
အန်ကယ် ဗဟိုဘဏ် ကို အမြဲတမ်း အကြံပေးတယ်။နိုင်ငံခြား မှာရောက်နေတဲ့ ကိုယ့်မြန်မာလူမျိုး ကို လည်း ခေါ် သုံးပါ၊ ဒါပေမဲ့ လစာတော့ကောင်းကောင်းပေး ရမယ်။ ဗဟိုဘဏ် က လွတ်လပ်ပြီ ပဲဗျာ ပေးနိုင် ပါတယ်။
အဲဒီတော့ စိန်ခေါ်မှုက ခုနက Capacity ပဲလား။ တခြားကောဘာ တွေရှိသေးလဲ။
တခြား ကတော့ Technology မှာ အန်ကယ် တို့နောက် ကျနေတယ်။ မနေ့တစ်နေ့ က ဖွင့်တဲ့ SMBC ကို သွားကြည့်လိုက် အနေအထား အပြင်အဆင်၊ စက်တွေ ဘာတွေက အစသူတို့ က အန်ကယ် တို့ ထက် အများကြီး သာတယ်လေ။ .... ဥပမာ ဆိုပါစို့ဗျာ။ သူတို့ Vault လေးခေါ်ပြတော့ သူတို့ Vault System
က ငွေ သိုလှောင်ခန်း အပြင် အဲဒီမှာ အသေးလေး တစ်ခု ရှိသေးတယ်။ အတွင်းမှာ တစ်ခု ရှိသေးတယ်။
သူက တစ်စုံတစ်ယောက် အထဲမှာ ကျန်နေရင် အသက် ရှုတာတွေ ဘာတွေ ရပ်မသွားအောင်နှိပ်လိုက် ရင် လေ၀င်တယ်။ ဒါလေးတွေ လုပ်ထားတယ်။ ဒါခေတ်ပေါ်နည်း။ ဒါလေးတွေ Techology အပိုင်း မှာ ကိုယ့် ထက်တော့ အများကြီးရှေ့ရောက်နေတာပေါ့။
Bank Technology ပြီးတော့ငွေရေး၊ ကြေးရေး Techonology။ နောက် ကမ္ဘာ့ဈေးကွက်ကို သွားနေတဲ့ Technology ပေါ့။ ဒါတွေ က Product တွေက အန်ကယ်တို့ ဆီမှာ နည်းနည်းပဲ ရှိသေးတယ်။ သူတို့က အများ ကြီးရှိနေပြီလေ။ Foreign Exchange Market ၊ Money Market တွေ ဘာတွေ လုပ်ပြီ။
ငွေချေးတာနဲ့ ပတ်သက်လို့ လက်ရှိ ကတော့ အပ်ငွေ Deposit ကို ပဲပြန်ချေးနေ ရတာပေါ့နော်။ နောက်ပိုင်း ကျရင်နိုင်ငံခြား ဘဏ်တွေ ဆီကချေးပြီး တစ်ဆင့်ပြန်ချေး မယ် ဆိုတော့ ချေးငွေက ပိုရလာနိုင်တာပေါ့။
ဒါလည်း ရှိနိုင်တာပေါ့။
နောက်တစ်ခု က ဘာလဲ ဆိုတော့ Capital ပေါ့။ Capital ဆို တာ အန်ကယ်တို့က ထင်တာ ဥပမာ- ကမ္ဘောဇ ဘဏ် ဆိုရင် တခြားဘဏ်တွေထက် အများကြီး ကြီးတယ် လေ။ အကြီးဆုံး ဘဏ်တောင် မှပဲ Capital က ကျပ်ဘီလီယံနှစ်ရာ ရှိတယ်။ ဘီလီယံနှစ်ရာ ဆိုရင် Equalvalent လုပ်ကြည့်လိုက်ရင် အကြမ်းဖျင်းဒေါ်လာ သန်းပေါင်း နှစ်ရာရှိတယ်။
သူများနိုင်ငံ မှာ ဒေါ်လာ သန်းပေါင်းနှစ်ရာ မတည်ငွေနဲ့ တည်ထားတဲ့ ဘဏ် ဆိုတာ နည်း နည်းလေး။ သေးသေးလေး။ သာမန် ဘဏ်လေး ဆိုရင် ဒေါ်လာ တစ်ဘီလီယံ၊ နှစ်ဘီလီယံ၊ ငါးဘီလီယံ အဲဒီလောက် ရှိတယ်လေ။
ဒီမှာ က ကျပ်နှစ်ရာ ဘီလီယံ ဆိုတာ တိုင်းပြည် အတွက် ဘာမှ မရှိဘူး။ ဘဏ်သေးသေးလေး ပဲခေါ်တယ်။ ဒီမှာသာ ကိုယ်က အကြီးဆုံးဖြစ် နေတာ။ အဲဒီတော့ Capital အခုလည်း အန်ကယ် တို့က နည်းတယ်။ အင်မတန် နည်းတယ်။ Capital အရ ဆိုရင် သူတို့ဆီ က Capital ကပြန်လာမှ ရမယ်။ ငွေချေးရမယ်။
နောက်ပြီး Operation အတွက် လိုတာလုပ်ရမယ်။ အများကြီးပဲ။ငွေချေးဖို့ ထဲမှာ ခင်ဗျားတို့ ထင်တာကတော့
နိုင်ငံခြားမှာ အတိုးနှုန်းနည်းတယ်။ ဒါ UMFCCI မှာ ခဏ ခဏပြောတယ်။ ဒါ ခင်ဗျား တို့လုပ်ပါ။ အတိုးနည်း နည်း နဲ့ပြန်ချေးပေးပါလား ဆိုတာ မရဘူး။ မရဘူး ဆိုတာ အန်ကယ်တို့ တိုင်း ပြည်မှာ Country Rating မရှိသေး ဘူး။
ဒီ တိုင်းပြည် ဟာ A လား၊ B လား၊ C လား၊ D လား မသိဘူး။ သူများ တိုင်းပြည် မှာ Rating ဆိုတာ ရှိတယ်။ Rating ဆိုတာ တိုင်းပြည် က အခြေခံ အချက်တွေ က အများကြီးပေါ့။ ဒါမှ သူများနိုင်ငံ ကချေးတဲ့ အခါ
စဉ်းစား လို့ရမှာ။ နံပါတ်- ၂ က ဘာလဲ ဆိုတော့ Institution Rating၊ ကုမ္ပဏီ ရဲ့ Rating ၊ ဥပမာ- အန်ကယ်တို့ ဘဏ် ဆိုရင်လည်း မရှိဘူးသေးဘူး။ ဘယ် အဖွဲ့အစည်းမှ မရှိဘူး။ မေးကြည့်လိုက်။ တိုင်းပြည် ရဲ့Rating မရှိရင် အဖွဲ့အစည်း Rating ဘယ်ရှိ မလဲ။
သူက Foreign Exhange Rate Cover ဖြစ်ဖို့ က Hedging လို့ခေါ်တယ်။ ဥပမာ- နိုင်ငံခြားကငွေချေးတယ်။ ခင်ဗျား တို့ လွယ်လွယ်မြင်တာကိုး။ ဒါပေမဲ့ အဲဒီနိုင်ငံခြား ကငွေချေးတာ ကို ပြန်ဆပ်တဲ့ အခါမှာ ခုလို Hedging လို့ခေါ်တဲ့ ဟာမျိုး လုပ်ရတယ်။ Future Market အနာဂတ် မားကက် လို့ခေါ်တာပေါ့။
လိုအပ်ချက် က အများကြီး ရှိတယ်။ ဒါတွေ မရှိတော့နောက်ဆုံးငွေချေးပြီ ဆိုတဲ့ အခါကျတော့ အဲဒါ ကို ထည့် တွက် တော့ ငွေချေးတာက ခုနလိုနှု န်းတွေနဲ့ မရတော့ဘူး။ သူများနိုင်ငံ မှာငွေချေးရင် ၂ ရာခိုင်နှုန်း၊ ၃ ရာ ခိုင်နှုန်း၊ ၄ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း နဲ့ အတိုးနှုန်းပေါ်တင် ချေးလို့ ရတယ်။ ဒီ တိုင်းပြည်ချေးလို့ မရဘူး။
Country Rating မရှိတဲ့ အတွက် ငွေချေးရင် လန်ဒန်မှာ ရှိတဲ့ Rating ပေါက်ဈေး မှာ တိုင်းပြည်ရွဲျ့အေငညါ မရှိတဲ့ အတွက် ၄ ရာခိုင်နှုန်း ထပ်တင်မယ် ဆို ပြီး တင်လိုက်တယ်။ နောက်တစ်ခါ အဖွဲ့အစည်း Rating မရှိဘူး။ ကျွန်တော်တို့ က International Auditing Firm မဆက်စပ် ထားဘူး၊ မလုပ်ထားဘူး ဆိုရင် Rating
မရှိဘူး။ မရှိရင် Rate အတွက် ထပ်တင်တယ်။
Rating ဆိုတာ ကို နည်းနည်းလောက် ရှင်းပြပါလား ဆရာ။
Rating ဆိုတာ က အဆင့် သတ်မှတ် တာပေါ့။ Rating ခေါ်ပြီ ဆိုရင် ပြည်တွင်း မှာ Rating Agency
လည်း မရှိသေး ဘူး။ နိုင်ငံခြား ကခေါ်မယ်၊ ဒေသတွင်းမှာ ဆိုရင် မလေးရှား ရှိတယ်။ စင်ကာပူ ရှိတယ်။ အဲဒီ ကခေါ်ပြီး လုပ်တယ်။ ပိုက်ဆံတော့တော်တော်လေးပေး ရမယ်။ သူတို့က ဒီတိုင်းပြည်၊ ဒီ အဖွဲ့ အစည်းမှာ ရှိတာ အကုန်ကြည့် တယ်။
စာရင်း အထားအသို ဘယ်လို ရှိလဲ။ အုပ်ချုပ်မှု စနစ် ဘယ်လို ရှိလဲ။ ဘဏ်ခွဲတွေ ဘယ်လိုရှိလဲ။ ငွေရေး ၊ကြေးရေး တစ်ခုလုံး စနစ်တွေဘယ်လို ချထားလဲ ဆိုတာအ ပြည်ပြည် ဆိုင်ရာ လုပ် ထုံးလုပ်နည်း အတိုင်းဖြစ် ရမယ်။
မရှိဘူး ဆိုရင်တော့ ထပ်ပြီး ရှိ အောင်ပြန်လုပ် ရမယ်။ ကောင်းသွားပြီ ဆိုတော့ မင်း အဆင့်က ဘယ်လောက် ဆိုပြီး သတ်မှတ်ပေးတယ်။ ငွေချေးတဲ့ အခါမှာ ဒါကြည့် တယ်။ ဘယ် အဖွဲ့အစည်းက သူ့ကို ဒီလောက်တော့ သတ်မှတ်ထား တယ်။ ဒီကောင် သိပ်မဆိုးဘူး။ ဒါဆိုငွေချေးတဲ့ အခါမှာ သူ့ကို အတိုး လျော့ယူလို့ ရတယ်။
အဲဒီတော့ နိုင်ငံခြားမှာပေါက်နေ တဲ့ ၅ ရာ ခိုင်နှုန်း ဆိုရင် သူက စိတ်မချတဲ့ ဟာဆိုရင် ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင် နှုန်း၊ ၄ ရာခိုင်နှုန်း တင်လိုက်တာပေါ့။ ဗဟိုဘဏ် ရဲ့ Capacity အားနည်း တာတွေတော့ ဆရာပြော သွားတယ်။
နောက်တစ်ခု က ဗဟိုဘဏ် က အစိုးရသစ် တက်လာပြီးနောက်ပိုင်း မှာ အရင်ထက် ပို လွတ်လပ် တယ် လို့တော့ပြောကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆရာ အနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
အရင်နဲ့ စာရင်တော့ အများကြီးကောင်းလာ ပါတယ်။ အရင်နဲ့ စာရင်လူတော်လေးတွေ ခန့်ထားတာရှိပါ တယ်။ ဒါပေမဲ့ တော်တော် များများ ခန့်ထား တာတော့ နိုင်ငံခြား ဘွဲ့ရတဲ့ သူတွေ၊ နိုင်ငံခြားမှာ ပညာ သင်ဖူး တယ်။ အလုပ်လည်း တချို့လုပ်ဖူးတယ်။ ပညာ တတ်တော့မှန်တယ်။ အများစုက ဘဏ်လုပ်ငန်းအတွေ့ အကြုံ မရှိဘူး။
တက္ကသိုလ်က ပါမောက္ခတွေ ပါတယ်။ ဒါပေမဲ့ ဘဏ်လုပ်ငန်း အတွေ့အကြုံ မရှိလို့ အတွေ့အကြုံ ပျိုးထောင်ပေးဖို့ လိုတယ်။ လွတ်လပ်မှုက ဘယ်အပေါ် မှာ မူတည်သလဲ ဆိုတော့ ဒါ အစိုးရ ကလည်း မမှား ဘူး။
သူ ကလော လောဆယ် ဗဟိုဘဏ် ကို သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း အနေနဲ့ တည်ထောင်တာ မှန်တယ်။ ဥပဒေ လည်း တည်ဆောက်တယ်။ မှန်တယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့ကျတော့ သိပ်ပြီးတော့ လွတ်လပ် ခွင့်ပေးလို့ မရသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့Capacity ကျွမ်းကျင်တဲ့ ၀န်ထမ်း သိပ်နည်းနေလို့ဖြစ်တယ်။
(ဆက်ရန်) #Interview #B2BMagazine (August, 2015)
Myanmar B2B Management Magazine
No comments:
Post a Comment