Sunday, July 5, 2015

ပြည်ပ က ဝင်လာ တိုင်း လာရောက် ဝါးမျို တာမျိုးဘဲ ဖြစ်မယ်လို့ ပြောလို့မရ




၁၉၇၅ ခုနှစ်လောက် က အသက် ၂၂ ရှိ တဲ့ တိုနီ ဆိုသူ ဟာ ဖိလစ်ပိုင် နိုင်ငံ က မြို့ တစ် မြို့ မှာ ရေခဲမုံ့ ဆိုင်လေး စဖွင့် ခဲ့ရာက ၁၉၇၈လောက်ရောက်တော့ ဘာဂါတွေ ဘာတွေ ပါရောင်းတဲ့ အမြန်ရ အစားအစာ ဆိုင်လေး ဖြစ်လာတယ် ။ 

ဆိုင်ခွဲတွေ ဖွင့်လာနိုင်ပြီး ရပ်တည်နေ ခဲ့တယ်။ ၁၉၈၂ မှာ ဖိလစ်ပိုင်ဈေးကွက်ထဲ ကို McDonald’s လို ကမ္ဘာကျော် ဘာဂါ ဆိုင်ကြီးတွေ ဝင်လာတယ်၊ ပုံမှန် အတိုင်းဆိုရင် သူတို့ က ဝါးမြို့ပြီး SME လေးတွေ ဖြစ်တဲ့ လုပ်ငန်းတွေ ပျောက်ကွယ်သွားကြလေ့ ရှိတယ် ။ 

 ပေါင်းပြီး ဈေးကွက် ကို သိမ်းသွားတာ ဝယ်သွား တာတွေ ဖြစ်လေ့ ရှိပေမဲ့ သူ တည်ထောင်ထား တဲ့ JOLLIBEE ဆို တဲ့ ဆိုင် ကလေး ကတော့ သူဈေးကွက်မှာ ရအောင် ပြိုင်ဖို့ ကြိုးစား ခဲ့တယ်။ သူတို့ ဟာ ပြိုင်နိုင် ဖို့ နိုင်ငံတကာ လုပ်ငန်းကြီးတွေ ရဲ့ Business Process လုပ်နည်း လုပ်ဟန်တွေလေ့လာ တယ် ။

သူတို့ လိုရအောင် လိုက်လုပ်တယ် သူတို့ လုပ်နိုင်တာ ကို ကိုယ်လည်း ရအောင် ကြိုးစားတယ် ဖိလစ်ပိုင်  ဈေးကွက် မှာ ဖိလစ်ပိုင်တွေ ကြိုက်တဲ့ အရသာ ကို သူက သိနေတော့ နောက်ပိုင်းမှာ ဈေးကွက် မှာ ရအောင် ယှဉ်ပြိုင်လာနိုင် ခဲ့တယ်။

အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီး လုပ်နိုင် လာခဲ့ကြတယ် နောက်ပိုင်း မှာတော့ သူ့ ဆိုင်ဟာ ဖိလစ်ပိုင် တစ်နိုင်ငံ လုံးမှာ အနိုင် ရရှိခဲ့ယုံသာ မက သူဆိုင်ခွဲတွေ ကို ဖိလစ်ပိုင် အပြင်မှာပါ တိုးချဲ့ ဖွင့်လှစ် လာနိုင်ခဲ့ တယ် ။ 



 
McDonald’s ရှိတဲ့ အမေရိကန်ပြည် မှာ ပါ တိုးချဲ့နိုင် ခဲ့ ပြီး ၂၀၁၃ မှာ ဆိုင်ခွဲပေါင်း ၈၀၀ ကျော် လာခဲ့တဲ့ အပြင် Chowking, Greenwich Pizza, Red Ribbon bakeshop, Mang Inasal စတဲ့ လုပ်ငန်းတွေ နဲ့ Burger King Philippines ကို ဝယ်ယူ သိမ်းပိုက်နိုင်ခဲ့တယ်။၂၀၁၁ မှာ သူဆိုင်ပေါင်း ၂၅၁၀ ရှိနေတယ်လို့ wiki မှာ ဖော်ပြထားပါတယ်။ 



အကယ်၍ သာ သူဟာ ဖိလစ်ပိုင်မှာ လုပ်ကိုင်နေတုန်း နိုင်ငံတကာ က ဝင်မလာရင် သူဖာသူ ဆိုင် ခွဲလေးတွေ တိုးပြီး သူ့ တိုင်းပြည် က ထွက်နိုင်မှာ မဟုတ်ဘူး အခုလို နိုင်ငံတကာ တံဆိပ်တွေ ဝင်လာ တာကို ရအောင် ပြိုင်ဖို့ ကြိုးစားနိုင်ခဲ့တာကြောင့် သူဟာ နိုင်ငံတကာ ကုမ္ပဏီကြီး ဖြစ်ပြီး ကမ္ဘာအနှံ့ မှာ အောင်မြင် ခဲ့ တာလို့ ဆိုနိုင်ပါတယ်။


သူ့ အဖြစ်အပျက် ဟာ ပြည်ပ က ဝင်လာတိုင်း လာရောက် ဝါးမျို တာမျိုး ဘဲ ဖြစ်မယ်လို့ ပြော မရတာကို သက်သေပြသွား သလိုပါဘဲ။ နောက်ပြီး ကိုယ့်ဆီ လာပြီး စီးပွား လုပ်တာဟာ လုပ်နည်း ကိုင်နည်းတွေကို သင်ကြားဖို့ လာရောက်ပြသ သလိုလည်း ဖြစ်တတ်ပါတယ်။ 



တစ်ခုတော့ ရှိတယ် ကိုယ့်ဆီက SME ဆိုသူတွေ က တခုခု တကယ်လုပ်တတ် လို့ အားသာ လို့ ဈေးကွက် ရှိလို့ လုပ်နေကြ တာလား အခွင့်အလန်းတွေ ဂွင်တွေ နဲ့ လုပ်ပိုင်ခွင့် အသစ်တွေကြား လုပ်နေကြတာလား ဆိုတာတော့ သုံးသပ်ဖို့ လိုတယ်။ 


ကာပေးမှ စောင့်ရှောက်ပေး မှ အာဏာ ပိုင်ပါ မှ စီးပွားလုပ်တတ်တယ် ဆိုရင်တော့ ကိုယ်တိုင်းပြည် အပြင် ထွက်ရဲကြမှာ မဟုတ်ဘူးပေါ့။
 

သို့ သော် ပြည်ပ မှာ အလုပ်အကိုင်တွေ မှာ သူတို့ နဲ့ တန်းတူ ဝင်လုပ်နိုင်သူတွေ ရှိသလို လုပ်ငန်းထောင်နိုင် ခဲ့ တဲ့ ဖိလစ်မောင် တို့လို သူတွေလည်း ရှိတယ်။
 

နည်းပညာမှာ ဆိုလည်း 2C2P လို ယိုးဒယားဈေးကွက် ၈၀% ရထားတာ နိုင်ငံ ၁၄ ခု မှာ ရုံခွဲတွေ ဖွင့်ပြီး စင်္ကာပူ စထရိတ်တိုင်း က အာရှပေးပယ် လို့ တင်စားတာတွေ ကြားသိ ရလို့ မြန်မာ လူမျိုး ပိုင် ရှင် ကိုအောင်ကျော်မိုး တို့ လိုသူတွေလည်း ရှိတယ်ဆိုတာ ဂုဏ်ယူနိုင်ပါတယ်။ တိုင်းပြည် top 10 သူဌေးကြီးတွေ အပြင် မှာ ထွက်ပြီး player မလုပ်နိုင်ကြ တာတော့ တစ်ပိုင်းပေါ့လေ။
 

 ပြောချင်တာ ကတော့ ကိုယ်လူမျိုးတွေ အတွက် ဆိုပြီး နိုင်ငံတကာ ကို ဟိုကာ ဒီကာ လုပ်ပြီး ခက်အောင် ကျပ်အောင် လုပ်နေတာ ဟာ တိုင်းပြည် မှာ ပိုညံ့ တဲ့ ပစ္စည်း ဝန်ဆောင်မှု့တွေ ကို ပိုပေးနေကြရတဲ့ တိုင်း သူပြည်သားတွေ မျက်နှာ ကို လည်း ကြည့်သင့်တယ်လို့ မြင်တယ်။ 

အရင်က ကိုကာကိုလာ ကို ယိုးဒယား က တောင်ကျာ် လာရတော့ မလပ်ဆပ် ဘူး တစ်ဘူးထောင်ကျော်ပေးသောက် ရတယ် ။ အခု ၂၀၀ ၃၀၀ လောက် နဲ့ ရတယ် ပြည်သူတွေ ကျမ်းမာရေး အတွက် အသုံး ပိုသေချာတဲ့ ပစ္စည်းသောက် ရတယ် ဆိုတာမျိုး တွေးလို့ရတယ်။ 

တစ်ခါ တစ်ရံ ကာတာတွေဟာ ကာပေး ခံရတဲ့ သူ အနဲစု အတွက် ခံစား ရဖို့ ပြည်သူသန်း ၅၀ က ဈေးပိုပေး ကြာရှည် သုံးနေရရင် လည်း တိုင်းပြည် ကို ကာတာလား အမျိုးတွေကို ကာတာလား ဆိုတာ မသေချာပြန် ဘူး။ ဖြစ်သင့် တာက အတိုင်းအတာ တစ်ခု အချိန်တစ်ခုထိ ဘဲ ကာပြီး အဲဒီ အချိန် မတိုင် ခင် ပြိုင်နိုင်အောင် မြေတောင်မြောက်ပေးသင့်တယ်။ ထောက်ပံ့ပေးသင့်တယ်။ 

အခုတော့ တစ်လော က FDI ဥပဒေ ထွက်တော့ သူတို့ ကို အခွန်တွေ လွတ်ပြီးလျော့ပြီး ပြည်တွင်းက အခွန်ပေးပြိုင် ရသလိုတွေ ဖြစ်လာတယ်။ သူတို့ ရင်းတာ ယူလာတော့ ခွင့်ပေးပြီး ကိုယ်ဆီ က စက်ရင်းဖို့ တင်သွင်းတော့ အခွန်ကောက်တယ် FDI ကို ဆွဲဆောင် သလို ပြည်တွင်း လုပ်ငနှ်းရင်တွေဖြစ်လာအောင် ဆွဲဆောင် သင့်တယ်။ 

အတား အဆီး အဟန့် အတားတွေ ကို ဖြေလျော့ပေးသင့်တယ် အဆိုးဆုံး က အစိုးရ ပါဝင်မှု့ ပါတိုင်း ခက်ခဲပြီး ကုန်ကျစားရိတ်များတဲ့ ဝန်ထမ်းတွေ ကို လုပ်ငန်းရှင်များ ကို လုပ်စားစေတဲ့ ကူညီ ဖို့ ထက် ထိမ်းချုပ်ခွင် ဖန်စေ တဲ့ အနေ အထားတွေ လျော့ကျပျောက်ကွယ်ဖို့ ဖန်တီးနိုင်ဖို့ လိုတယ်။

 ပြည်တွင်း အခွန် လို ခက်အောင်ရှုပ်အောင် လုပ်တာတွေ ကနေ နိုင်ငံတကာ လို ဖြစ်သင့်တယ်။
တကယ်တော့ ကာပေးတိုင်း လည်း ဘာမှ ထူးမလာတာ တွေလည်း အများကြီး။ IP ဆိုတဲ့ အသိဉာဏ် ပစ္စည်း ဆိုင်ရာ အကာအကွယ် ဆိုရင် ဆိုရင် ၁၉၉၅ က လာတယ် အဆင့်သင့် မဖြစ်လို့ ၁၀နှစ် ဆုတ်တယ် ၂၀၀၅ မှာ ထိ ဘာမှ မလုပ်ဘာ မှ မထူးဘူး ။ 


၂၀၀၅ က နေ ၂၀၁၃ ရွေ့ သွားတယ် တကယ် ၂၀၁၃ ရောက်တော့ လည်း ထပ်ရွေ့တယ် ဆိုလို တာက အချိန်တောင်းလည်း ပိုတိုးတက်အောင် ဘာမှအချိန်ရတုန်းမလုပ်ဘူး။ 

အာဆီယံ လည်း ၁၈နှစ်ကြိုသိတာဘဲ လူတွေ ရာထောင်ချီပြီး ဝန်ထမ်းတွေ ပြည်ပ ပို့တယ် ဘာညာ နဲ့ တကယ် အနား ကပ်တော့ ဘာမှမလုပ်ဘူး နီးရင် အဆင့်သင့်မဖြစ်ဘူးပြောပြီး ထပ်ဆုတ်ဖို့ ဘဲ ကြိုးစားနေ ကြမယ် ဆိုရင်တော့ ရှက်စရာကောင်းတယ် လို့ ထင်တယ်။ 

တရုပ် WTO မဝင်ခင် ၃ နှစ် မှာ အဆင့်ဆင့် လုပ်သွား သလိုမျိုး အတုယူ သင့်တယ်။ သူတို့ ကပြိုင်နိုင် ဖို့ လို တာတွေ ကာတုန်း လုပ်သွားတာ အမြဲ မကာဘူး။
 

အဓိက က တော့ ကိုယ်ရောက်နေတဲ့ နေရာ အနေ အထား ရနေတာက လုပ်ငန်းဖြစ်ဖြစ် ရာထူးဖြစ်ဖြစ် ကိုယ့် အရည် အချင်း အဆက် အသွယ် ပိုင်ဆိုင်မှု့ နဲ့ အစွမ်း အစ စတာ တွေအပေါ် တကယ်တည်ရင် မပြိုင်နိုင်စရာ မရှိပါဘူး ။ 

မတန်မရာရောက်နေသူတွေ ဘဲ ကြောက်ပြီး မပြိုင်နိုင်တာ လို့ မြင်တယ်။ တကယ် ပြိုင်လို့ ဟန်ချက်ပျက် အရေးနိမ့် ခဲ့ရင်တောင် မြန်မာ က အဲဒီလိုဖြစ် မှ အားထည့်ပြီး ကြိုးစား တတ်ကြတော့ ဒါမှဘဲ လုပ်ဖြစ်ကြ မှာ မဟုတ်လား ။ 

စာမေးပွဲနား နီးမှာ စာလုပ်ကြတဲ့ လူမျိုးလေ ကိုယ့်ဆီမှာ လည်း Jollibee လို success story တွေ ဖြစ်လာစေချင် တယ်။ ကိုယ့် လူမျိုးတွေ အလုပ်ရကြတာ ဂုဏ်ယူနိုင်ကြတာ ဝင်ငွေ တက်လာတာ မျိုး ဖြစ်စေချင်တာ မဖြစ်နိုင် ဘူး လို့ ဘယ်သူပြောနိုင် လို့လည်း ကျွန်တော်တော့ မျှော်လင့်နေချင် ပါသေးတယ် ။  မိတ်ဆွေတို့ ကြိုးစားပေး ကြပါ။ ကျေးဇူးတင်ပါတယ်။


 Ye Myat Thu

No comments:

Post a Comment