မိတ်ဆွေတစ်ဦး မှ ပေးပို့ လာတဲ့ ဆေးနည်းလေး ကို အများ သိအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ကျနော် အားကစား လုပ်ရင်း ခါးနာ တဲ့ ဒဏ်ရာ ကို ရခဲ့ပါတယ်။ လိမ်းဆေး မျိုးစုံလိမ်းကြည့် ခဲ့တယ်။ အနှိပ် သည်များနဲ့လည်း ကုသခဲ့ပါတယ်။
မပျောက်သေး လို့ အဘကြီး တစ်ယောက်က သူသိ ထားတဲ့ ဆေးနည်း ကို စမ်းကြည့်ဖို့ ပြောလာတာနဲ့ စမ်းကြည့် လိုက်တာ တကယ်လက်တွေ့ ပျောက်ကင်းခဲ့ပါတယ်။
သူငယ်ချင်း တစ်ယောက် ကလည်း ဒူးနာ လို့ ဒီဆေးနည်း ကို စမ်းကြည့်လိုက်တာ တကယ်ပျောက် သွားပါ တယ်လို့ ကျေးဇူးတင်ကြောင်း ပြောပြပါတယ်။
ဆေးနည်း ကတော့-
၁။ သင်္ဘောသီး အစိမ်း တစ်လုံး ကို ထိပ်ပိုင်းနေရာမှ ကြက်ဥ တစ်လုံး စာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကို လည်း မထုတ်ပဲ ထားပါ။
၂။ ကြက်ဥ ကို ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြက် ဥ ဆိုလျှင် ပိုကောင်းပါသည်)
၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ် လိုက်ပါ။ သူ့အစေးနှင့် သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေး များဖြင့် အုပ်ပေးထားနိုင်ပါသည်။
၎။ ၄င်း သင်္ဘောသီး ကို မီးသွေး မီးဖို ထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်း မှ ကြက်ဥ ကျက်သွားသည့် အထိ ဖုတ်ပါ။
၅။ ပြီးလျှင် အခွံ ကို ခွါချ လိုက်ပြီး အတွင်းမှ ကြက်ဥ ကို စားရမှာဖြစ်ပါတယ်။ တစ်ပတ် ကို တစ်ကြိမ်နဲ့ (၃)ကြိမ် ခန့် စားပေး ပါက ဒူးနာ၊ ခါးနာပျောက်ကင်း သွားပါလိမ့်မယ်။
အစာ လည်းဆေး၊ ဆေး လည်း အစာ ဆိုသလို လက်တွေ့ပျောက်ကင်းနိုင်သည့် သဘာဝ ကုထုံးဆေး နည်းလေး မို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
မင်္ဂလာပါ မှ ဦးအောင်ကျော်မြင့် ကိုယ်တိုင်စား ကိုယ်တိုင်ပျောက်လို့ ဆေးဖော်သူကျေးဇူးရှင် အား
ကျေးဇူး တင် မြန်မာဆေး မျှဝေပေး ပါသည်။
Ko Aung Kyaw Myint
မင်္ဂလာပါ

No comments:
Post a Comment