[ " ၂-ထပ်ရှိမှ-မှတ်မိမှာမို့-ထပ်ရှင်းလိုက်အုံးမယ်-" ] {အော်တိုဂီယာ-ကို-ဒီလိုမောင်းကြကွယ်}
မြန်မာနိုင်ငံ ကားလောက အပြောင်းအလဲ ကို-၀င်ရောက်လာတာ-ခု-မှ-၂-နှစ်ကျော်-၃-နှစ် အတွင်းလောက် ပဲ ရှိပါသေးတယ်--
အများဆုံးရောက်လာတဲ့ ကားများ က-အော်တိုဂီယာ--ကားများပါ---
သူတို့နဲ့ ပတ်သက်တဲ့-အခေါ်အဝေါ်လေးများ ကိုလည်း-တတ်နိုင် သလောက် အတိအကျ သိထားစေချင် တယ်-- ဂီယာ ထိုးပုံ နည်းစနစ် ကိုလည်း-စနစ်တကျ သိထားစေချင် လို့ပါ-
P = Parking position---> [ ကား ရပ်နား ထားတော့မယ် ဆိုရင်--ဒီနေရာ ကို ဂီယာတံပြောင်းထားပါ--သို့မှ သာ-ကားသော့ကိုဖြုတ်လို့ ရပါမယ်--ဒီနေရာ မရောက်မချင်း-သော့ချွတ်လို့ မရပါ-
စတတ်တာ ဆိုတဲ့--စက်နိုးလို့ ရနိုင်မယ့်နေရာ တစ်ခုပါ-ဟန်းဘရိတ် ဆွဲစရာ မလိုအောင်-ကားဘီးများကို လည်းချုပ်ပြီး သားဖြစ်နေပါ လိမ့်မယ်]
R = Reverse position---> [ မြန်မာပြည်က လူတိုင်း နီးပါးခေါ်နေကြတဲ့-Back Gear--ပါ----ကား-နည်းပညာ မှာတော့-ဘက် ဂီယာဆိုတာ မရှိပါ-
-လည်နိုင်တဲ့ အရာ တစ်ခုခုကိုနောက်ပြန် လှည့်ပေးလို့-Reverse-လို့ အတိ အကျခေါ်လိုက် ပါတယ်-သေချာ သတိထားကြည့်ပါ- -ကားကနောက်ကိုပြန်လှည့် သွားတာမှ မဟုတ်တာ--ဘီးတွေ ကိုပြောင်းပြန်-ပြန်လည် ခိုင်းလိုက် တာလေ-]
N = Neutral position---> [မြန်မာပြည်က လူတိုင်း နီးပါးခေါ်နေကြတဲ့-ဂီယာ ဖရီး ဆိုတာကြီးပေါ့-တစ်ချို့ စက်ပြင်များ ကိုယ်တိုင်-Normal-လို့ခေါ်ကြပြန်သေးတယ်-
ဒီနေရာမှာ-ဘာ ဂီယာ မှ မရှိတော့-လွတ်လွတ် လပ်လပ်ကြီးဖြစ်နေလို့ -ဖရီးဖြစ်နေတာ ကို-
အတင်းမွေးစား စကား ယူသုံးရင်း နဲ့-၁၀၀-မှာ-၉၉-ယောက်လောက် ခုထိ-အမှားမှတ်-အမှတ်မှားနေကြ တာပါ-
-ကားဝေါဟာရ မှာ ဖရီး ဆိုတာကို မသုံးပါဘူး-အရှိန်ပြောင်း- Gear Position အမျိုးမျိုး ရှိနေပေမယ့်-
-ဒီနေရာ မှာ ဂီယာ တံကို ထားလိုက်ရင်--ဘယ်နေရာကိုမှ မရောက်ပဲ--ကြားမှာ ပဲနေလို့- Neutral-လို့ခေါ်ထား ပါတယ်-တစ်နည်း အားဖြင့်-ဘက်မလိုက် ဘူးပေါ့--
နမူနာ--> ပါတီခေတ်တုန်း က- မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး-ဘက်မလိုက်သော ၀ါဒ-နဲ့-ကြားနေနိုင်ငံ အဖြစ်-Neutral Policy-ကို-ကျင့်သုံးသောကြွေး အထူဆုံးနိုင်ငံဖြစ်သည် ဟု- ကြွေးကြော်သံ ကို-သတင်းစာ ထဲမှာကြားဘူးနေကြ-ဒီ စကားလုံးပါ-]
D = Drive position---> [ဒါကတော့ ရှင်းပါတယ်--Drive --ဆိုတာမောင်းနှင်တော့မယ့် အချိန်မှာ သုံးပါ တယ်-ဂီယာနံပါတ် အချက်ရေ ရှိသလောက်-နောက်ဆုံး ဂီယာ အထိ အရှိန်နဲ့ လိုက်ပြီး-အလိုက် သင့်ပြောင်းပေး ပါလိမ့်မယ်-]
2 = 2 speed ---> [အများဆုံး အရှိန်ပြောင်း-၂-ခုပဲ ချိန်းပေး ပါမယ်တဲ့--ဒီနေရာမှာ ဂီယာ စထိုးပြီး ထွက် လည်း ရပါတယ်-ဘာထိုးထိုး-စထွက်မှာ-1-နဲ့ပဲ စထွက်မှာ ပါ-
အရှိန် ရလာရင်-နောက်တစ်ချက် ထပ်ချိန်းပေးမယ်--ဒါပါပဲ--တောင်တက်တဲ့ လမ်းမျိုးမှာ-သုံးသင့် တယ်- -မြေပြန့် မှာ-မေ့ထိုး မိရင်-ကား ကလည်းတော်တော်ပြေးပေမယ့် မလို အပ်ပဲ ဆီစားခြင်းကို ခံရပါမယ်-]
L = Low speed ---> [အနိမ့်ဆုံး-ဂီယာပါ--ဘုရားစူး-မိုးကြိုး ပွတ်--No.1--ဆိုတဲ့-ဂီယာ တစ်ချက် ပဲပြောင်းပေး ထားပါတယ်--အရှိန် ဘယ်လောက်ရောက်ရောက်-- ဒါပါပဲ--ဒါပါပဲ---
အမတ်စောက်ဆုံးတောင်တက်တဲ့ အခါ--ဆင်းတဲ့ အခါ သုံးပေးရပါတယ်--နောက်ပြီး-ဗွက်နစ်လို့ ရုန်းတဲ့ အခါ မလုပ် မဖြစ်လုပ်ရပါတယ်-
-တစ်ချို့ ကားလေးတွေ မှာ-B--လို့ပြောင်းသုံး ပါတယ်-basic-ပဲ လို့ နားလည် လိုက်ပါ-]
အော်တိုဂီယာ နဲ့ ပတ်သက် လို့တော့--မသိမဖြစ် သိထားဘို့--နောက်ထပ်ပြောစရာ-၂-ခု မက ကျန်သေး တယ်--
ကားဝေါဟာရ မှာ--ဂီယာတံ လို့ မခေါ်ပါဘူး---ကုတ် သဘောမျိုး-အတံ-ဖြစ်နေလို့--လီဗါ-လို့ခေါ်ပါတယ်---ဒီမှာတော့--စက်ကို အရှိန်မြှင့်တဲ့ ဟာ ကို-လီဗါတဲ့--
ခြေထောက်နဲ့ နင်း မှ ကားကိုပြေးခိုင်းတဲ့ အရာက--အမှန်တော့--acceleration pedal --လို့ခေါ်ပါတယ်--ဒီလိုပြောပြီး ကားပြင် ခိုင်းရင်--ဘယ်သူ မှ နား မလည်ကြလို့- စိတ်ထဲ က အဲ့လိုခေါ်--ပါးစပ် ကတော့--လီဗါ လို့ခေါ်လိုက်ပါ--
ဂီယာတံ ကတော့--အမှန်-က-ဂီယာဘောက်ကို ထိုးထားတဲ့ အတံ မို့ခေါ်လိုက်တာ-နဲနဲတော့ သဘာဝ ကျပေမယ့်---အရှိန် အမျိုမျိုးပြောင်းကာ ထုတ်လွှတ်ပေးနေတဲ့- Transmission --ဆိုတဲ့-ထုတ်လွှတ် မှုဖြစ် စဉ် အမျိုးမျိုး ကို-ပြောင်းရွှေ့ခိုင်းတဲ့--shift ---ဆိုတဲ့ စကားကို သုံးပေးထားတဲ့--ကုတ်မောင်း တံကြီး--Lever--အားလုံး ကိုပေါင်းခေါ်မှ- ပိုမိုပြီးပြည့်စုံ လို့---ဂီယာတံ ကို-- ပုံကျ ပန်းကျ-စတိုင် နဲ့--ကျွန်တော့်-ကားက--Transmission Shift Lever က သိပ်ထိုးလို့ မကောင်းလို့ကြည့်ပေးပါ ဆိုပြီး--စက်ဆရာ ကိုပြောကြည့်လိုက်ပါလား--
အွမ်--လို့ပြန်ပြောသံ ကြားရမယ်----စိတ်တိုတဲ့ ဆရာ နဲ့တွေ့ရင်လည်း-သူကိုင်နေတဲ့-ဂွ-နဲ့ကောက်ပေါက် တာ ခံရလိမ့်မယ်--ဒါကို လည်း--သိသာ သိစေ-- အသံ မထွက်မိကြစေ နဲ့--စိတ်ထဲ ကတော့--ဒီ အတိုင်းပြော --ပါးစပ် ကတော့--ဂီယာတံ--လို့ပဲ-ငပိ သံနဲ့-ပယ်ပယ် နယ်နယ် တွယ်လိုက်ပါ--
အော်တိုဂီယာ-များမှာ မပါ မဖြစ်ပါနေကျ-ဘုသေးသေး--လေးတစ်ခု ရှိသေးတယ်---အနီ သို့မဟုတ် အခြား အရောင်နဲ့လည်း ရှိတတ်တယ်--
ဒါလေး ကိုတော့--အတိ အကျ--Shift Lock ---လို့ရေးထား တယ်---ဒါလေးက--အော်တိုဂီယာ တတ် ကားများ-စက်နှိုးလို့ မရပဲဖြစ်ဖြစ်-ဘက်ထရီဒေါင်းနေတဲ့ အခါပဲဖြစ်ဖြစ်--ကားကို တွန်းရတော့ မယ်-ရွှေ့ ရတော့မယ် ဆိုပါစို့--
ဒီအချိန်မှာ ဂီယာတံ ကို--P --နေရာ မှကြိုက်ရာ တစ်ခုခု ကိုရွှေ့ဘို့ အရေးပေါ် လက်နဲ့ဖြုတ်ခိုင်း တဲ့-မင်နူရယ်လော့ ပါပဲ-
အရေးပေါ် ကားရွှေ့ဘို့ အတွက်-လက်-တစ်ဘက်နဲ ဘုလေးကို အရင်နှိပ်-ပြီးရင်လည်း-ကျန် တစ်ဘက်နဲ့-
ဘု-ကြီးကို လည်းနှိပ်ပြီး--N--နေရာကို သာပြောင်းလိုက်ပါ--ကြားနေပေါ်လစီလေ-
အော်မေ့လို့--သော့ကိုတော့--စတတ် မနိုးခင်နေရာအထိ ဖွင့်လိုက်ရတယ်-ဘရိတ် ကိုလည်း ကလပ်လို သဘောထားပြီး နင်းထားအုံး-
-ဒါမှ လိုအပ်တဲ့-မဂ္ဂနက်တွေ-ကက်တောက်တွေ ပွင့်သွားမှာ-ဘု-ကြီး က-Release--ပြန်လုပ်နိုင်မှာလေ-
အဆန်း တစ်ခုပြောပါ့မယ်-စက်ရပ်နေတဲ့ အချိန် မျိုးမှာ-အော်တိုဂီယာ မှာ-P-နေရာ တစ်ခုပဲ ကားကိုချုပ်ထား ပါတယ်---
P-နေရာ ကနေ-ကျန်-နေရာ တစ်ခုခု ကိုပြောင်းထားပြီး--ကားကို တွန်းကြည့်ရင်--ကား ကရွေ့ပါတယ်-R-ရောက်နေလည်း-ဖရီး- -D--ရောက်နေလည်း-ဖရီး--2-မှာထားလည်း ဖရီး--ဒီသဘောမျိုးပါ--
စက်နိုး မှ-သက်ဆိုင်ရာ အလုပ်ကို လုပ်ပါတယ်---စက်သေနေရင်--သူတို့လည်းသေနေတယ်ပေါ့---အသက် မ၀င်ပါ--စက်နှိုး ရင်တော့ အသက်ဝင် မှာပါ- ဒီတော့--ဒီနေရာတွေ မှာ-ဂီယာ တံရောက်နေရင်--စက်နှိုး မရအောင် လုပ်ပေး ထားပါတယ်--
အဓိက---P--ဆိုတဲ့နေရာရယ်----N--ဆိုတဲ့ ဖရီး-ရယ်--မှာ ဂီယာတံ ရှိမှ--စတတ်တာ-ခလုပ်ကို ဖွင့်ပေး ပါတယ်---တော်လိုက်တာ-- မယုံရင်စမ်းကြည့်----
တစ်ချို့များ- ကားကိုမောင်းလာရင်း နဲ့--ဆိုတော့--D--မှာပေါ့---လမ်းမှာ အချစ်နဲ့တွေ့တော့--အချစ်ရေ -နေလို့ မှကောင်းရဲ့ လား---ဘာညာ ကွိကွ-ရပ် စကားပြောတော့-- ဆီကုန်မှာ စိုးလို့-ဘရိတ် နင်းလျက်နဲ့ -သော့ ပိတ် စက်ရပ် လိုက်ပါတယ်---ပြီးမှစက်ပြန်နှိုးကြည့်တော့--စတတ်တာ လိုင်းအောက် သွားပါပြီ--
D-ဆိုတဲ့နေရာ မှာ ရှိနေလျက်ကိုး--
စောစော က-ဖွန်ကြောင်နေမိတော့-ပြာပြာ သလဲဖြစ်--နောက် ကား ကလည်း-ဟွန်းတီးတော့--ခြေမကိုင်မိ လက်မကိုင်မိ နဲ့--ဟင်းန် ဘရိတ်ကို ဆွဲပြီး-- နီးစပ်ရာ-ကို ပလိစ် ဟက်ပ်မီး-- လုပ်ကြပါအုံးဗျာ--ခု-စက်နှိုးလို့  မရတော့ဘူး--
ဘက်ထရီဒေါင်းသွားတာ ထင်ပါရဲ့--ဆိုပြီး--ဘက်ထရီ နဲ့ထောက်နှိုးဘို့ ထိကြိုးစားကြပါတယ်- ဒါတွေ က- တစ်ကယ်ကြုံဘူး တဲ့ဖြစ်ရပ်များစွာ ထဲက တစ်ခုပါ--
တစ်ချို့က မီးပွိုင့် မှာ-ဆီစားမှာ စိုးလို့-ဘရိတ်နင်းလျက် စက်သပ်--D-မှာတော့ ထိုးလျက်ပဲ--မီးစိမ်းတော့ပြန်နှိုးကြည့် --အထက်ကပြောတဲ့ဖြစ်စဉ် အတိုင်းပါပဲ--ပြောမယုံ-ကြုံဘူးမှ သိလိမ့်မယ်---
တစ်ချို့ ကလည်း--ဂီယာ ကို--N-မှာ ဖရီးရိုက်တယ် ဆိုပြီး-ထား--ဟင်းန်ဘရိတ် ကို ဆွဲပြီး ကားရပ် ---သော့ ချွတ်လို့-- မရတော့ပါဘူးရှင့်-လုပ်ကြပါအုံး--ဆိုပြီး- သော့ပြင် ကုလားလည်း သွားခေါ် ကာသော့ချွတ်ခိုင်းတဲ့ အဖြစ်လည်းတွေ့ဘူးတယ်---
ဒီတော့ အပြီးသတ် အမိန့်ချမှတ် လိုက်မယ်---
၁- ကားရပ်ရင်-----P- မှာအမြဲထား---ဟင်းန် ဘရိတ်-ထမင်းဘရိတ်ကို ဆွဲထားတဲ့ အကျင့် ကိုတော့ မမေ့ တတ်ရင်တော့ လုပ်--အမှန်က-နေရာတကာ ဟင်းန်ဘရိတ် မလိုဘူး-- ကုန်းဆင်း ကုန်းတက် မှာ ကားကြာ ကြာရပ်မှ လိုတယ်----
ဟင်းန်ဘရိတ်-ပြန်ဖြုတ် ဘို့မေ့တတ် တယ်--တစ်ချို့-ဟင်းန်းဘရိတ်က---လက်နဲ့ မချတော့ဘူး--ခြေထောက် နဲ့ ချဘို့ ဘယ်ဘက်ခြေထောက် နားက--ပေါင်ကြိုပေါင်ကြား နားမှာ -ခြေနင်းပြားသေးသေးလေးနဲ့ ထားကြ တယ်--ကျန်တဲ့ ရိုးရိုး လက်ကိုင်နဲ့ ထားတဲ့ ဟာလည်း-ထိုင်ခုံ-၂-ခုံကြားပေ မယ့်--ကျုပ်လည်းမေ့တတ်တယ်-ခင်ဗျ-
၂- ဆီကုန် မှာ စိုးလို့--ဆိုပြီး မီးပွိုင့်မှာ စက်မသတ်နဲ့---စက်သတ် ထားရင်တောင်--P-မှာ ထားလိုက်--အာရုံ များစွာ နဲ့ပြန်နှိုးရင် ချက်ချင်းနိုးမယ်--ခုခေတ်မှာ- လက်ကိုင်ဖုန်း ဖက်ရှင် ကိစ္စများကိုလည်း ထည့်ပြောပေး ရသေးတယ်---N--မှာ ထားလည်း ရတာပဲလို့--ပြန်မပြောနဲ့-ဘရိတ်နင်း မထားရင်နောက်ပြန် ကားလိမ့်မယ်-
၃-ကားပေါ်တက်တာ နဲ့----ဘရိတ် ကို အရင်နင်း--သော့ထည့်--ဒီ အတိုင်းနှိုး--လီဗါ နင်းစရာ မလိုဘူး--Idle Speed--ဆိုတဲ့-စလိုး အပတ်ရေ ကို-ဂါဗနာ ဆိုတဲ့-အရာများ က ခင်ဗျားအစား လုပ်ပေးလိမ့်မယ်--
၎- ဘရိတ် က--ကလပ် အလုပ်ကိုပါ လုပ်နေတယ်-ဆိုတာ-ခင်ဗျား မှတ်ထားပါ----ပိုင်ပိုင်နိုင်နိုင် နင်းထားမှ လိုချင်တဲ့-နေရာကို ထိုးနိုင်မှာ--
၅- ရိုးရိုး-AT-ဂီယာတံပေါ် က-ဘုကြီး ကို--ချုပ်ထားတဲ့ ဟာတွေ ကိုပြန်ဖြေဘို့--Release Button--လို့ခေါ် တယ်--
ဒါကိုနှိပ်ပြီးနောက်ကို စရွှေ့လိုက်ရင်--တီ-တီ-တီ-လိုကြားလိမ့်မယ်--အဲ့ဒါ-ဘက်ဂီယာ-အန္တရာယ်ရှိလို့ အသံပေးနေ တာ-- အသံကြားလိုက်ရင်-ဘုကို မနှိပ်နဲ့တော့-ဒီအတိုင်း သာသာယာယာ-နောက်ကို-တစ်ဆင့် ထပ်ရွှေ့ကြည့်--N-- ဆိုတဲ့ ခင်ဗျားတို့ပြောနေကျ ဖရီး--ဘု-နှိပ်စရာ မလိုဘူး--
နောက်ထပ်ရွှေ့ကြည့်--ကား စမောင်းမယ့်--D--ကိုရောက် ပါပြီ---ဘရိတ်ကို စလွှတ်ကြည့်-ကလပ်ကြွ သလိုဖြစ်သွားလို့--ကားက စရွေ့ပြီပေါ့-
ရှေ့ကိုမောင်းနေ သ၍-ဘု-ကြီး ကိစ္စ ကိုမေ့ထားလိုက်----D-ကနေ-အောက်ဘက်-2- ကိုလည်း--ဒီ အတိုင်းရွှေ့---ရတယ်---L-အထိတော့ မရပါ--- ဘုနဲ့ တားထား ပါတယ် ခင်ဗျာ--မ၀င်သင့် တဲ့-နေရာ ကို ၀င်သွားမှာ စိုးလို့ပါ--L--ကတော့--လုံးဝ ရပ်လျက်ဖြစ်စဉ် နီးပါးမှာ အသုံး လိုမှ--ဘု-ကြီးနှိပ်ပြီး ထိုးရမှာ--
ဥပမာ--တောင်တက်--တောင်ဆင်း-----ဗွက်နစ်---တဲ့ အခါမျိုး--
၆-D--ကနေ-ဆီစား သက်သာအောင်-ဖရီးရိုက်ချင် ပါသလား--တက်စီ မင်းအပေါင်း သူတော်ကောင်း တို့---ဘု-ကြီး မနှိပ်ပဲ-ဒီ အတိုင်းရှေ့ကို ပို့လိုက်--
N--ရောက်သွားမယ်---ပြန်မောင်းချင်ရင်--ဒီအတိုင်းပဲ-နောက်ကိုပြန်ပို့-D--ပြန်ရောက်မယ်--အတို ဆုံးပြောမယ်--
ဘုကြီးကို အားတိုင်း ယားတိုင်း-အမြဲနှိပ်ပြီး--ဂီယာမျိုးစုံကို ထိုးနေတဲ့ သူများ--ခုက စလို့ သတိချပ်ကြပါ--
ဘုကြီး ကို-ကား လုံးဝ-ရပ်သွားမှ စဉ်းစားပါ--မ၀င် သင့်တဲ့နေရာ ကို-လွယ်လွယ် ကူကူ မ၀င်အောင် တား ထားပါတယ်ဆိုတာ--
D- နဲ့မောင်းနေရင်း--ဘု ကိုနှိပ်ပြီးရှေ့ကို ပို့လိုက်တယ် ဆိုပါစို့--အားလွန် သွားရင်---N_နေရာကျော် တာနဲ့--R-နဲ့ စတွေ့မယ်---R_-နေရာကျော်ရင်--P-ထိရောက်သွားလိမ့်မယ်--
ဒါကိုတော့--မျက်စိမှိတ်ပြီး ယုံလိုက်ပါ--ယောင်လို့တောင် သွားမစမ်းပါနဲ့-- ဘာမဆို-ကျွမ်းကျင်မှု-ဟူ သည်ကြိမ်ဖန် များစွာလေ့ကျင့်ခြင်းမှ ရရှိလာသည်--ဆိုတဲ့-စကားလေး ကိုနှလုံးသွင်းကာ--ကြိုတင်ခါ-အချိန် ရသလောက်- ဇာတ်တိုက် ခါလေ့ကျင့်ခြင်း အားဖြင့်--မိမိ တို့ရဲ့--Driving- Skill---လေး များကို တိုးတက်အောင်လေ့ကျင့် ထားဘို့--တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း--
ကား မိတ်ဆွေများကို ခင်မင်လျက်--ကိုသက်--
Kothet Win
Over Drive နဲ့ S ဂီယာ အကြောင်းလေးလဲ သိချင်ပါတယ် ခင္မ်
ReplyDelete