ကြောင် အများစုဟာ
အသက် ၉ ခုမြောက်မှာ မျိုးရိုး ဗီဇပြောင်းလဲ လေ့ရှိတယ်လို့ ဆိုပါတယ် ။
အဲဒီလိုထဲ မှာ မှ ဒီကြောင်လေး ဟာ တောင်ပံ တစ်စုံ ပါတယ် ဆိုရင်
သင် အံ့သြသွားပါသလား ။ ဒီကြောင်လေးမှာ အစပိုင်း ကတော့ နောက်ကျော ဖက်မှာ
အစို့ ပုံစံလေးတွေ စထွက် လာပြီး နောက်ပိုင်း မှာတော့ တောင်ပံ ပုံစံ အဖြစ်
ကူးပြောင်းသွားတာ ဖြစ်ပါတယ် ။
ဖြစ်စဉ် ကတော့ တရုတ်နိုင်ငံ Sichuan
စီရင်စု မှာ ဖြစ်ပါတယ် ။ ကြောင်လေးရဲ့ ပိုင်ရှင် Feng ကတော့
သူ့ရဲ့ကြောင်လေး ဟာ လွန်ခဲ့တဲ့ မိတ်လိုက်တဲ့ ရာသီမှာ စိတ်ဖိစီးမှု
အလွန် များပြီးနောက် ယခုလို အတောင်ပံတွေ ထွက်လာခဲ့ တယ်လို့ဆိုပါတယ် ။
သူက ဆက်ပြောပါတယ်
။ " ကျနော့ရဲ့ကြောင်လေး Tom ဟာ သူရဲ့ မိတ်လိုက်ဖက် ကြောင်မလေးရဲ့ ဒုက္ခပေး
ရန်ရှာမှု ကို အမြဲတမ်း ခံနေရတဲ့ အတွက် ယခုလို စိတ်ဖိစီးမှုတွေ ကြုံပြီး အတောင်
ပံတွေ ထွက်လာရခြင်း ဖြစ်ပါတယ်" လို့ ရှင်းလင်းပြောကြားခဲ့ပါတယ် ။
အစပိုင်း ကတော့ အဖု ပုံစံလေးနဲ့ တိုးထွက် လာပြီး အလွန် လျှင်မြန်စွာ
ကြီးထွားလာပါတယ် တစ်လလောက်ကြာပြီးတဲ့ အခါမှာ တောင်ပံ တစ်စုံ
ဖြစ်သွားပါတယ်လို့ သူက ဆက်ပြောပါတယ် ။ ကြောင်မ အများစု ရဲ့ ကိုယ် အပူရှိန်တွေက
သူ့ကို ဒုက္ခပေး သလိုဖြစ်ပြီး တောင်ပံတွေ ထွက်လာပါတယ် ။
Genetic
ကျွမ်းကျင်သူတွေ ကတော့ ဒါဟာ သူ့ရဲ့ ဘ၀ အရည်အသွေး ကိုတော့ ထိခိုက်စေမှု
မရှိပါဘူး ပူလွန်းတဲ့ ရာသီမှာ အန္တရာယ် မရှိတဲ့ ကြီးထွားဖွံ့ဖြိုးမှု တစ်ခု
ဖြစ်တယ်လို့ ဆိုပါတယ် ။ ပိုင်ရှင်က ဆက်ပြောပါသေးတယ် ။ သူ့ရဲ့ကြောင် ဟာ
တစ္ဆေ တစ်ကောင် မဟုတ်ပါဘူး အဲဒီ အတောင်ပံမှာ အရိုးတွေ ပါရှိပြီး သူ့ကို
ကြောင် နတ်သား ပုံစံ ဖြစ်စေတာပါလို့ ဆိုပါတယ် ။
စာရေးသူ......သက်တန့်ချို...
http://thettantcho.blogspot.my/2009/10/blog-post_29.html
No comments:
Post a Comment