အနီးမီးယား ဆိုတာဟာ သွေးထဲမှာ ပုံမှန် ရှိရမယ့် သွေးနီဥတွင် အောက်ဆီဂျင် ကို သယ်ယူ ပို့ဆောင်ပေးသော အရာ သံဓါတ် ပါသော အရာ Hemoglobin ပမာဏ သို့မဟုတ်
သွေးနီဥ ဆဲလ် red blood cells (RBCs) တွေဟာ ပုံမှန် မမာဏထက်လျော့
နည်းနေခြင်းကို ဆိုလိုပါတယ် ။
တစ်ခါ တစ်လေ မှာတော့ သွေး ပမာဏ Blood volume လျော့နည်းနေခြင်း
Hypovolemia ကိုလည်း အနီးမီးယား လို့ခေါ်ပါသေးတယ် ။
သွေးယိုခြင်းကြောင့်ဖြစ်ပေါ် တတ်တဲ့ သွေး ပမာဏလျော့နည်းခြင်း Hypovolemia
ဟာလည်း
သွယ်ဝှိုက်သော နည်းနဲ့ အနီးမီးယားကို ဖြစ်စေပါတယ် ။
ဒါပေမယ့် hemoglobin
ပမာဏ ကတော့ များနေပြီး hypovolemia ကိုဖြစ်စေတဲ့ အခြား အချက်တွေ လည်း
ရှိပါသေးတယ် ။ အဲဒါတွေ ကတော့ ရေဓါတ် ခမ်းခြောက်ခြင်းနဲ့ အလွန်အမင်း
အန်ခြင်း တို့ပဲဖြစ် ပါတယ် ။
ပုံမှန်သွေး ပမာဏ လူတွေ မှာ ဘယ်လောက်ရှိရမလည်း .....?ပုံမှန် ရှိရမည့် ဟေမိုဂလိုဘင် ပမာဏ
ယောက်ျား .....................13.0 - 18.0 g/dl
မိန်းမ............................11.5 - 16.5 g/dl
အနီးမီးယား ကို ဘာတွေက ဖြစ်ပေါ်စေသလဲ ....?
အသိများတဲ့ ထင်ရှား တဲ့ အနီးမီးယားဖြစ်ပေါ်စေတဲ့ အချက်တွေ ကတော့ .........................
သွေးထွက် များခြင်းကြောင့် အနီးမီးယားဖြစ်ခြင်း ။ ။ ရာသီလာတဲ့ သွေး ပမာဏဟာ အလွန်အမင်း များပြားနေ ခြင်း ၊ သွေးထွက် များသော အနာများ ၊ အစာအိမ်နှင့် အူလမ်းကြောင်း တွင် အနာများဖြစ်ပေါ် ခြင်း ကင်ဆာ များ အထူး သဖြင့် အူမကြီး ကင်ဆာ စသည်တို့မှာ သွေးကို တဖြည်းဖြည်း ခြင်း စိမ့်ထွက်စေ တဲ့ အတွက်ကြောင့် အနီးမီးယား ကိုဖြစ်ပေါ်စေပါတယ် ။
Iron သံဓါတ် ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ ရိုးတွင်းခြင်ဆီ ဟာ သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်ဖို့ အတွက် အိုင်းယွန်း ကို လိုအပ်ပါတယ် ။ အိုင်းယွန်း ဟာ Hemoglobin molecules တွေဖြစ်ပေါ်ဖို့ ပုံစံ အတွက် အရေးကြီးတဲ့နေရာ ကနေ ပါဝင်ဆောင်ရွက်ပေးပါတယ် ။

အကယ်၍ အိုင်းယွန်း ရရှိမှုဟာ ကန့်သတ် ထားတယ်
ဒါမှမဟုတ် အစားအသောက်မှာ
သံဓါတ် အလုံ အလောက် မပါဝင် ဘူးဆိုရင် အကျိုးဆက် အနေနဲ့ အနီးမီးယား
ဖြစ်နိုင်ပါတယ် ။ ဒါကိုတော့ Iron deficency anemia လို့ခေါ်ပါတယ် ။
နာတာရှည်ရောဂါ များကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ မည်သည့် နာတာရှည်ရောဂါမဆို အနီးမီးယား ကို ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒါပေမယ့် တိကျတဲ့ဖြစ်စဉ် ကိုတော့ ယနေ့တိုင် မသိရသေးပါဘူး ။ နာတာရှည် ရောဂါတွေနဲ့ ပိုးဝင်ခြင်း သို့မဟုတ် ကင်ဆာရောဂါတွေဟာ ဒီလိုမျိုး အနီးမီးယားကို ဖြစ်ပေါ်စေ ပါတယ် ။
ကျောက်ကပ်ရောဂါနှင့် ဆက်နွယ်သော အနီးမီးယား ။ ။ ကျောက်ကပ်ဟာ erythropoietin လို့ခေါ် တဲ့ ဟော်မုန်း တစ်မျိုးကို ထုတ်လုပ်ပေးပါတယ် ။ အဲဒီကောင်က ရိုးတွင်းခြင် ဆီတွေ သွေးနီဥဆဲလ်တွေ ထုတ်လုပ် တဲ့ နေရာမှာ ကူညီပေးပါတယ် ။ နာတာရှည်ကျောက်ကပ် ရောဂါရှိတဲ့ လူတွေမှာ ဒီဟော်မုန်း ထုတ်လုပ်မှု ဟာ လျော့နည်း သွားပါတယ် ။ တစ်ဆက်တည်း မှာပဲ သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်မှု ဟာလည်း လျော့နည်း သွားပါတယ် ။ ဒီလိုမျိုး ကိုတော့ anemia related to chronie kidney diseases လို့ခေါ် ပါတယ် ။
အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်ပေါ်သော အနီးမီးယား ။ ။ ဗီတာမင်နဲ့ သတ္တု ဓါတ်တွေ ဟာ သွေးနီဥ ဆဲလ် ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ် ။ အိုင်းယွန်း အပြင် B12 နဲ့ folate ကလည်း hemoglobin ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ် ။
ဒီအထဲက ဘယ်အရာပဲ
ဖြစ်ဖြစ် ချို့ယွင်းသွားမယ် ဆိုရင် သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်တာကိုလျော့နည်း
သွားစေ တဲ့ အတွက် အနီးမီးယား ကို ဖြစ်ပေါ်စေပါတယ် ။ အာဟာရ ချို့တဲ့မှု ဟာလည်း
folate နဲ့ B12 ပမာဏလျော့နည်း ခြင်းကို ဖြစ်ပေါ်စေတဲ့ အရေးကြီးတဲ့ အချက်ပါပဲ
။ ဒါကြောင့် အသီးအရွက်ပဲ စားသုံး သူတွေ ဗီတာမင် ကို
လုံလုံလောက်လောက် မစားသုံးသူတွေဟာ B12 deficiency ဖြစ်ဖို့
အခွင့်အလမ်း များတဲ့ သူတွေဖြစ်ပါတယ် ။
Pernicious Anemia ။ ။ အစာအိမ်တွင် ပြသနာတခုခုရှိနေခြင်း သို့မဟုတ် အူတွေက ဗီတာမင်ဘီတွဲကို စုပ်ယူမှုနည်းခြင်းကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒီလိုမျိုး B12 deficiency ကြောင့်ဖြစ်ပေါ်တဲ့ အနီးမီးယား ကို pernicious anemia လို့ခေါ်ပါတယ် ။
Sickle cell anemia ။။ အချို့ လူတွေမှာ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေ ထုတ်လုပ်တဲ့ ပြသနာ ရှိတတ်ပါတယ် ။ ဒီလို အခြေအနေမျိုးမှာ ဆိုရင် hemoglobin ဟာ ပမာဏရော လုပ်ငန်းဆောင်ရွက်မှု မှာပါ ပြဿနာ ရှိလာပါတယ် ။ ပုံမှန် မဟုတ်တဲ့ hemoglobin molecules တွေ က သွေးနီဥ ပုံစံတွေကို မှုမမှန်ဖြစ်စေပြီး Crescent shaped ( sickle cells ) တံစဉ် ပုံစံလိုမျိုး ဖြစ်ပေါ်စေပါတယ် ။

သူ့ရဲ့
ပြင်းထန်မှု အဆင့်ပေါ် မှုတည်ပြီး Sickle cell anemia ကို
အမျိုး အစားများစွာ ခွဲခြားနိုင်ပါတယ် ။ ဒါဟာ မျိုးရိုး လိုက်ပြီး African ,
Eastern နဲ့ Mediterranean တွေမှာဖြစ်လေ့ရှိပါတယ် ။
Thalassaemia ။ ။ ဟေမိုဂလိုဘင်နဲ့ ဆက်နွယ်ပြီး အနီးမီးယားကို ဖြစ်ပေါ်စေတဲ့ အခြားအုပ်စု တစ်ခုဖြစ် ပါတယ် ။ Thalassaemia အုပ်စုများစွာ ရှိပါတယ် ။ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီးကွဲသွားလေ့ရှိပါတယ် ။ မျိုးရိုးလိုက်လေ့ ရှိပါတယ် ။

Alcoholism
။ ။ အရက်သောက်သုံးသူတွေ မှာ အာဟာရ ချို့တဲ့မှု ဗီတာမင် နဲ့ သတ္တု ဓါတ်တွေ
နည်းပါးမှု ဟာ ဆက်နွယ်နေ ပါတယ် ။ အယ်ကိုဟော ဟာ သူ့ဘာသာ ရိုးတွင်းခြင်ဆီ ကို
အဆိပ် အတောက်ဖြစ်စေ ပါတယ်။ သွေးနီဥတွေ ထုတ်လုပ်မှု ကိုလည်း လျော့နည်းစေပါတယ် ။
ရိုးတွင်းခြင်ဆီနှင့်
ဆက်နွယ်နေသော အနီးမီးယား ။ ။ အချို့သော သွေးကင်ဆာ သို့မဟုတ် Lymphomas
တွေဟာ သွေးနီဥ ထုတ်လုပ်မှုနှုန်း ကို ပြောင်းလည်းစေပြီး
သွေးဆဲတွေ အားလုံး ထုတ်လုပ်မှု ကို နည်းစေပါတယ် ။
Hemolytic
anemia ။ ။ ပုံမှန်သွေးနီဥ ရဲ့ ပုံစံဟာ သူ့ လုပ်ငန်းဆောင်ရွက်မှု အတွက်
အလွန်အရေးကြီး ပါတယ် ။ ဒီမှာ ဆိုရင်တော့ သွေးနီဥ ဟာ ပေါက်ကွဲပြီး ဒါကို
hemolysis လို့ခေါ်ပါတယ် ။ြ့ပီးတော့သူဟာ လုပ်ငန်းဆောင်ရွက်နိုင် ခြင်း
မရှိတော့ပါဘူး ။
အခြား ရှားပါးတဲ့ အချက်တွေ ကတော ကင်ဆာတွေ အသဲရောဂါတွေ မျိုးဗီဇ နဲ့ ဆိုင်တာတွေ
ခဲ အဆိပ်သင့်ခြင်း AIDS နဲ့ သွေးယိုတဲ့ရောဂါတွေ ပဲဖြစ်ပါတယ် ။
သွေးအားနည်းရင် ဘာ လက္ခဏာတွေ ဖြစ်တတ်သလည်း ?
လက္ခဏာတွေ ကတော့....................
ဦးခေါင်းပိုင်း မှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းမှုးခြင်း ၊ သတိလစ်ခြင်း ၊
မျက်လုံးမှာ ၀ါလာခြင်း ၊
အရေပြားမှာ ဖျော့တော့လာခြင်း အေးလာခြင်း ၀ါလာခြင်း ၊
သွေးကြော မှာ သွေးပေါင်ချိန် ကျလာခြင်း ၊
အသက်ရှု လမ်းကြောင်းမှာ အသက်ရှုမြန်ခြင်း တစ်နည်း တိုခြင်း၊
နှလုံး မှာ ရင်တုန်ခြင်း ၊ နှလုံးခုန်နှုန်းမြန်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း (angina) နှလုံး တိုက်ခိုက် ခံရခြင်း ၊
ကြွက်သား မှာ အားနည်းလာခြင်း ၊
အူလမ်းကြောင်း မှာ မစင် အရောင်ပြောင်းလာခြင်း ၊
သရက်ရွက် (spleen) မှာ ကြီးမားလာခြင်း ၊
အနီပြထားသော အရာများမှာ အလွန်ပြင်းထန်သော သွေးအားနည်းရောဂါမှာတွေ့ရလေ့ ရှိပါတယ် ။
သွေးအားနည်းရောဂါ ဘယ်လို ကုမလည်း ?
အိမ်မှာ ဆိုရင်
- ကိုယ့်ဘာသာ ကုဖို့ နဲနဲလေးပဲ လုပ်ဆောင်နိုင်ပါတယ် ။ ပုံမှန် အားဖြင့်
ဆေးကုသမှု လိုပါတယ် ။ ဥပမာ အနီးမီးယား က အစာအိမ် အနာကြောင့် ဖြစ်တယ် ဆိုရင်
aspirin , ibuprofen ကဲ့သို့ အကိုက် အခဲပျောက်ဆေးတွေကို ရှောင်သင့်ပါတယ် ။
ဒါမှမဟုတ်လည်း ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း လုပ်ဆောင်ရပါမယ် ။ ဆေးရုံမှာ ဆိုရင်
- သိပ် မပြင်းထန် ဘူး ဆိုရင် သွေးအားကောင်းစေတဲ့ဆေး Folic acid , B12 , Vit C
, Iron ပါတဲ့ဆေးတွေပေးလေ့ ရှိပါတယ် ။ ဒါမှ မဟုတ် Tot'hema လို
ဆေးလည်းပေး ပါတယ် ။ ပြင်းထန်တယ် ဆိုရင်တော့ သွေးသွင်း ကုသပါတယ် ။
ဘယ်လို ကာကွယ်မလည်း ?
အများစု ကတော့ ပုံမှန် အာဟာရပြည့်တဲ့ အစားအစာ နဲ့ အရက်ကို ထိန်းချုပ်ခြင်း ဖြင့် ကာကွယ်ပါတယ် ။ အကောင်းဆုံး ကတော့ ဆရာဝန်နဲ့ ပြသပြီး ဇစ်မြစ်ကို ရှာဖွေ သင့်ပါတယ် ။
ဘယ်လို ကာကွယ်မလည်း ?
အများစု ကတော့ ပုံမှန် အာဟာရပြည့်တဲ့ အစားအစာ နဲ့ အရက်ကို ထိန်းချုပ်ခြင်း ဖြင့် ကာကွယ်ပါတယ် ။ အကောင်းဆုံး ကတော့ ဆရာဝန်နဲ့ ပြသပြီး ဇစ်မြစ်ကို ရှာဖွေ သင့်ပါတယ် ။
သွေးအားကောင်းတဲ့ အစား အစာတွေ စားပေးပါ ။ အသား
ပဲ အမျိုးမျိုး အသည်း အမြစ် အရွက်များ ငါးသေးသေးလေး များ စသည် ။
Ref;emedicine health( october 6 2009)
;wikipedia စာရေးသူ....သက်တန့်ချို.......
http://thettantcho.blogspot.my/2009/10/anemia.html
No comments:
Post a Comment