Monday, March 2, 2015
VIRUS မ၀င်အောင် ကာကွယ်ခြင်း
Virus ဖန်တီးခြင်းတွေ ပဲ တင်ဖြစ်ခဲ့တာ များပါတယ်။ Virus ကာကွယ်ခြင်း အပိုင်း ကိုတော့ အခုမှပဲ တင်ဖြစ်တော့ တယ်။
ဒီ Post မှာတော့ Virus ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Trojans, Worms , Searchbars , Spyware နဲ့ အခြား Malware ပါဝင်တယ် လို့ မှတ်ယူ ရပါလိမ့်မယ်...
Virus ရန်ကနေ ကာကွယ်ချင်တယ် ဆိုရင်တော့ အခုဖော်ပြမယ့် အချက်လေးတွေ ကို အထူး သတိထား ဖို့တော့ လိုပါတယ်....
(၁) Security Patch များကို Install လုပ်ပါ။ သင့်ရဲ့ Operating System အတွက် available ဖြစ်နေတဲ့ security patch အားလုံး ကို ရယူ ဖို့နဲ့ install လုပ်ထားဖို့လိုပါတယ်...
အကယ်၍ Windows 98 နဲ့ နောက်ပိုင်း Windows တွေမှာ MSIE နဲ့ Windows Update တွေ အတွက် လိုအပ် တဲ့ Patch တွေ ကို Provide ပေးပေမယ့် Windows 95 နဲ့ အလားတူ system တွေအတွက် ကတော့ WindizUpdate ကို အသုံးပြုသင့်ပါတယ်...
]
အရေးအကြီးဆုံး ကတော့ အပတ်စဉ် updates တွေကို စစ်ဆေးပေးဖို့ နဲ့ သင့်ရဲ့ Operation System အတွက်တွေ့ ရှိထားတဲ့ အားနည်းချက် များနဲ့ ပတ်သတ် တဲ့ နောက်ဆုံး သတင်း အချက်အလက်တွေ ကို ရရှိဖို့ မျက်စိဖွင့် နားစွင့် ထားရမှာ ဖြစ်ပါတယ် ။
(၂) Antivirus Software နဲ့ Adware Removal Tools တွေ အပေါ်မှာ ပဲ အားကိုး အားထား မပြုပါနဲ့ Virus တွေကို ကာကွယ်ဖို့ အတွက် Antivirus Software တွေ Tools တွေကို သုံးတာ ဟာ ကောင်းတဲ့ သင့် Computer ကို ကာ ကွယ်ဖို့ အတွက် ကောင်းသော အလေ့အကျင့် တခုပါ...
ဒါပေမယ့် အဲဒီ Software တွေ Tools တွေ အပေါ် မှာပဲ အားကိုး မနေသင့်ပါဘူး... Training နဲ့ Virus Awareness ရှိနေဖို့ က ပို အရေးကြီးတာဖြစ်ပါတယ်... သိကြတဲ့ အတိုင်းပဲ လူအများစု က ကိုယ့် Computer မှာ Antivirus Software ကို run ထားတယ် ဆိုရင် Antivirus က ကာကွယ်ပေးလိမ့်မယ် ဆိုပြီး သတိ မမူတော့ပဲ စိတ်ချ လက် ချနေတတ်ကြပါတယ်...
အဲဒါဟာ မှားတယ် ဆိုတာကို အောက်ပါ အချက်တွေကို ကြည့်ခြင်းအားဖြင့် သိပါ လိမ့်မယ်.... အကယ်၍ သင့် Antivirus ရဲ့ virus definition တွေဟာ ရက်သတ္တပတ် ၂ ပတ်ကျော်သွားပြီ ဆိုရင် သင့်ရဲ့ Virus Scanner ဟာ အသုံးမ၀င်တော့ ပါဘူး...
ဘာကြောင့်လဲ ဆိုတော့ အသစ် ထွက်တဲ့ Virus တွေ ကို detected မဖြစ်ပဲ ၀င်ခွင့်ပြုနေသေး လို့ဖြစ်ပါတယ် ... သင့်ရဲ့ ဖိုင်တွေ ကို remove လုပ်ဖို့ ၊ exit လုပ်ဖို့နဲ့ emails အမြောက် အမြား ပို့ဖို့ အတွက် အလားအလာတွေ ရှိနေပါသေးတယ်...
free antivirus program တွေမှာ ဆိုရင် အများ အားဖြင့် တစ်လ တခါပဲ update ပေးပါတယ်... အဲလိုမျိုး software တွေ ကို ဘယ်တော့မှ အသုံးမပြုသင့် ပါဘူ... နောက် တစ်ခုက အသစ် ထွက်လာတဲ့ Virus တွေပြန့် နှံ့နေ တဲ့ အချိန်နဲ့ အဲဒီ Virus တွေရဲ့ Virus definition တွေကို update ပေးတဲ့ အချိန် ( ဆိုလိုတာကတော့ updae ကို သင်ရရှိတဲ့အချိန် ) ဟာ အမြဲလိုလိုပဲ နာရီပေါင်းများစွာ ကွာခြားနေတတ်ပါတယ်...
အကယ်၍ သင့်ရဲ့ ISP ( Internet Service Provider ) က email တွေကို filter လုပ်ပေးတယ် ဆိုရင်တောင် Virus အသစ်တွေ ကိုတော့ သင် ရရှိနေအုံးမှာပဲ ဖြစ်ပါတယ်.. Virus တွေဟာ တစ်ခါ တရံမှာ သင့်ရဲ့ Antivirus Software ကို disable လုပ်နိုင်ကြပါတယ်...
Popular ဖြစ်နေတဲ့ Antivirus Program တွေကို သုံးမယ် ဆိုရင် Virus တွေက အဲဒီ Program ကို သိပြီး terminate လုပ်ပါ လိမ့်မယ်... သင့်ရဲ့ ISP က Virus protection လုပ်ပေးနေသည့် တိုင်အောင် Virus အကုန်လုံး ကိုတော့ ရပ်သွားအောင် မလုပ်နိုင်ပါဘူး။
အရေးကြီး တာကတော့ Email Attachment တွေ မဖွင့်ခင် (သို့) Website ( or porn site) တစ်ခု ကနေ Softwar တွေ ကို download မလုပ်ခင် မှာ သင့် browser ရဲ့ disk cache ကို ဖယ်ရှားပေးဖို့ လိုပါတယ်...
ဘာကြောင့်လဲဆိုတော့ website တွေ့ရဲ့ Viruses scan အများစု ဟာ Email address ရဖို့ အတွက် သင့်ဆီ ကို ရောက်လာတတ် ပါတယ်...
(၃) Internet Explorer , Mocrosoft Word ( သို့ ) Outlook Express တွေကို မသုံး ပါနဲ့ လူသုံး အရမ်း များတဲ့ web browser တွေ၊ လူသုံး များတဲ့ word processor ( သို့ ) Windows Adress Book တွေ ကို အသုံးမပြုသင့် ပါဘူး..
ဘာကြောင့်လဲ ဆိုတော့ Netsky virus ကို ဥပမာ တစ်ခု အနေနဲ့ ကြည့် ကြည့်ပါ။ ၄င်း Virus က သင့် ရဲ့ Computer ကို Email address တွေ ရဖို့ အတွက် scan တွေဖတ်ပါတယ်...ဖိုင် အကုန်လုံး ကို scan ဖတ် တာတော့ မဟုတ်ပါဘူး.. အောက်ပါ ဖိုင် types တွေ ကို scan ဖတ်ပါတယ်... .
OFT ----- Outlook item template .
DOC ----- Microsoft Word Document .
EMl ----- Outlook Express email message .
WAB ----- Windows Adress Book .
DBX ----- Outlook Express email folder .
RTF ----- Rich Text formet .
TXT ----- Plain Text
ဒါကြောင့် အဲဒီ documents တွေထဲ မှာ ပါဝင်တဲ့ email address တွေ ကို ရယူပြီး Virus ကနေ mail တွေ ပို့ပါ တယ်... ကောင်းတာ ကတော့ တခြား email program တွေနဲ့ အခြား အခြားသော word processor တွေကို အသုံးပြုသင့်ပါတယ်...
Microsoft Word က ပဲ word processor အဖြစ် Available ဖြစ်တာ မဟုတ်ပါဘူး MS ထက် ကောင်းတာတွေ အများကြီး ရှိပါတယ်... ဥပမာ OpenOffice ကိုလည်း MS အစားသုံးလို့ ရပါတယ်... ၄င်းက viruses scan တွေ မဖတ်နိုင်အောင် ဖန်တီး ထားပါတယ်...
နောက်တစ်ခု ကတော့ Microsoft ရဲ့ Internet Explorer ( IE ) browser ကို လည်း အသုံး မပြုသင့် ပါဘူး.. ဘာလို့ လဲ ဆိုတော့ IE browser ဟာ မလိုအပ် တဲ့ features တွေကို user မသိပဲ (သို့) သဘောမတူ ပဲ အလွယ် တကူ ထည့်ပေးနိုင်လို့ဖြစ်ပါတယ်..
( ဥပမာ - search bar - Search bar တွေ ကို ဘာကြောင့် ကန့်သတ် သင့်လဲ ဆိုတော့ အဲဒီ software (search bar) က သင့် Computer မှာ သင်ရိုက် သမျှ key တွေ၊ သင် ၀င်ရောက် လည်ပတ်သမျှ website တွေ နဲ့ သင့်ရဲ့ Computer ကို အဝေး ကနေ အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့ အတွက် အချက်အလက်တွေ ကို Central hacker ဆီ ကို ပို့ပေးဖို့ အတွက် Adware တွေ Trojan တွေ အဲဒီ Search bar မှာပါဝင်တတ် ပါတယ်....)
U.S government's Computer Emergency Rediness Team ( US-CERT) ကနေ Microsoft's Internet Explorer( IE) bowser အသုံးပြုခြင်း ကို ရပ်တန့်ဖို့ သတိပေးထား ပါတယ်.. Vulnerability Note မှာကြည့်ပါ...
(၄) File-Type တွေ ကလည်း သိထားဖို့ လိုပါတယ် Windows တွေမှာ ပါတဲ့ စိုးရိမ် စရာ အပြစ် တစ်ခု ကတော့ file extension တွေကို ဖုံးကွယ် ဖို့ default setting ပါရှိခြင်းဖြစ်ပါတယ်... file extensions တွေဟာ အလွန် အရေး ကြီး ပါတယ်... ဘယ်တော့မှ hidden မလုပ်သင့်ပါဘူး...
သင့်ရဲ့ computer မှာရှိတဲ့ ဖိုင်တွေ ကို အလွယ် တကူ ခွဲခြား သတ်မှတ်ပေး ဖို့ နဲ့ ရှာဖွေတွေ့ ရှိဖို့ အတွက် ဖိုင် တွေ ကို ကိုယ်စားပြုတဲ့ icons တွေပြုလုပ်ထား ပါတယ်... အများ အားဖြင့်တော့ document ရဲ့ types အမျိုး မျိုးမှာ ကိုယ်ပိုင် icon တွေရှိကြပါတယ်...
ဥပမာ.. Adobe Acrobat file တွေ မှာ သိသာစေတဲ့ icon တစ်ခု ရှိပါတယ်... ဒါပေမယ့် အဲဒီ icon ထဲမှာ ပါဝင် တဲ့ Windows Executable file (.exe) ကို သတိ ထားမိချင်မှ ထားမိ ပါလိမ့်မယ်...ဒါ့အပြင် တခြား document တွေ နဲ့ ဆင်တူနေတာတွေလည်း ရှိနိုင်ပါတယ်...
ဒါကြောင့် file types ကို တွေ ကို သိထားဖို့ အရေးကြီးပါတယ်...
Extensions တွေကို ဖော်ပြပေး ထားပါတယ်...အဲဒီ extensions တွေ ပါဝင်တဲ့ ဘယ် attachment မဆို virus လို့ ယူဆနိုင်ပါတယ်... .
BAT ----- DOS batch file .
COM ----- DOS executable file .
CMD ----- Windows 2000 batch file .
CPL ----- Control Panel extension .
HTA ----- HTML application .
JS ----- JScript .
JSE ----- JScript Encoded Script .
LNK ----- Shortcut .
MSI ----- Microsoft installer database .
PIF ----- Shortcut to DOS program .
REG ----- Registary Entries .
SCF ----- Windows Explorer command .
SCR ----- Screen Saver .
VB ----- VB Script .
VBE ----- VB Encoded Script .
VBS ----- VB Script .
WS ----- Windows Script Host .
WSC ----- Windows Script Host - Componet .
WSF ----- Windows Script Host .
WSH ----- Windows Script Host - Setting file
ဒါ့အပြင်လည်း .EXE file အနေနဲ့ လည်း ရှိပါတယ်... ဒါပေမယ့် virus မဟုတ်တဲ့ executable files တွေ လည်း ရှိနေတော့ သတိတော့ ထားဖို့ လိုပါတယ်...
အကယ်၍ email တွေ ကနေပို့တဲ့အခါ ကိုယ် ယုံကြည် စိတ်ချမှု မရှိဘူး ဆိုရင် မဖွင့် ပါနဲ့... ပြီးတော့ ဘယ် OLE document ( OLE document တွေမှာ Word and Excel documents တွေပါဝင် ပါတယ် ) မဆို viruses ပါဝင်နိုင်တယ် ဆိုတာ မမေ့ပါနဲ့...
နောက် သတိထားရမယ့် extension တစ်ခု ကတော့ .ZIP ပါ။ အဲဒီ ထဲမှာ compressed files တွေပါဝင် ပါတယ် ... ZIP file တွေက သူတို့ ထဲမှာ ပါတဲ့ file ရဲ့ extensions တွေကို ဖုံးကွယ်ပေးဖို့ အသုံးဝင်နေဆဲဖြစ်ပါတယ်...
ဒါပေမယ့် လည်း ZIP လုပ်ထားတဲ့ Viruses တွေ ရဲ့ file names တွေမှာ အမှန်တကယ် ဖိုင်ရဲ့ extension ကို မသိနိုင်ဖို့ အတွက် spaces hoping အများကြီး ရှိတတ်ပါတယ်။ ( ဆိုလိုတာ ကတော့ file name မှာ ("...") ပါဝင် တာကို ပြောတာဖြစ်ပါတယ်...)
(၅) E-Mail ဖွင့်ကြည့်ရင် သတိထား ပါ ကိုယ်နဲ့ မသိတဲ့ သူတွေဆီက mail တွေ ကို ဖွင့်မဖတ်မိအောင် သတိ ထားဖို့လွယ်ပေမယ့် တခါတရံ ကိုယ်နဲ့ သိတဲ့ သူတွေဆီ က virus ပါတဲ့ mail တွေကို သတိမပြုပဲ ဖွင့်တတ်ကြ ပါတယ်...
အောက်မှာပြထား တဲ့ အချက် (၄) ချက်ကြောင့် သင် နဲ့ သိတဲ့ သူတွေရဲ့ နာမည်နဲ့ viurs ပါတဲ့ Mail တွေရောက် လာနိုင်ပါတယ်.... သူတို့ ရဲ့ Computer မှာ ရှိတဲ့ Software တွေကနေ သူတို့မသိ လိုက်ခင် မှာ သူတို့ ကိုယ်စား email တွေပို့နိုင် ပါတယ်။
Software တွေက တခြား တစ်ယောက်ဆီ ကနေ သူတို့ ရဲ့ E-mail address တွေ ကို ယူပြီး ပို့လိုက်တာ လည်း ဖြစ်နိုင် ပါတယ်။ နောက် တခုကတော့ သူတို့ ကိုယ်တိုင် အမှန် တကယ် ပေးပို့လိုက်တဲ့ E-mail တွေ ပဲဖြစ် ပါတယ်။
ပြီးတော့ spammer တွေ က သင် E-mail ဖွင့် ဖတ်ဖြစ်အောင် သူတို့ရဲ့ နာမည်တွေ ကို ရွေးချယ်ပြီး ပို့လိုက် တာ လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တခြားသူ တစ်ယောက် ကနေ E-mail ကို attachment နဲ့ လိုက်တဲ့ အခါ attachment နဲ့အတူ ပါလာတဲ့ E-mail ရဲ့ body ကို သတိထားကြည့်ဖို့ လိုပါတယ်...
နောက်ပြီး Message headers ကို လည်း သတိထား ရပါမယ်... ဒါပေမယ့် တခါ တရံမှာတော့ information အတု အယောင်တွေလည်း ဖြစ်နေတတ် ပါတယ် ... အများ အားဖြင့်တော့ delivery route တွေက ယုံကြည် စိတ်ချနိုင် ပါတယ်...။
( အခါ အခွင့် သင့်လျှင် ဆက်လက်ဖော်ပြပါမည်။ )
ဝင်းကမ္ဘာကျော်
မူရင်း။ ။ ကျနော့ မှတ်စု စာအုပ်
http://www.winkabarkyaw.net/2011/09/virus.html မှ ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment