
(၁) ယုံကြည်မူ ရှိရမယ်
******************
အလုပ် အတူ တွဲလုပ်မယ့် သူငယ်ချင်း ကို ယုံကြည်မူ မရှိဘူး ဆိုရင် အလုပ် အတူ တွဲပြီး မလုပ်ပါနဲ့။ လုပ်ရင် လည်း အောင်မြင်မှာ မဟုတ်ပါဘူး။ လူ တစ်ယောက်နဲ့ တစ်ယောက် အတွက် ယုံကြည်မူ ဆိုတာ အလွန်ပင် လိုအပ်ပါတယ်။
(၂) သူ့ရဲ့အားနည်းချက် ကို နားလည်ပေးရ လိမ့်မယ်
*****************************************
အားနည်းချက် ဆိုတာ လူတိုင်း လူတိုင်း မှာ ရှိတတ်ကြပါတယ်။ ဒါကြောင့် မိမိနှင့် အလုပ် အတူ တွဲလုပ်မယ့် သူငယ်ချင်း မှာ အားနည်းချက် ရှိတယ်ဆိုရင် နားလည်ပေးမှသာ အောင်မြင်ပါလိမ့်မယ်။
(၃) မိမိ ထူးချွန်သော်လည်း တစ်ပါးသူ ကို မနိမ့်ချ ပါနဲ့
*****************************************
တစ်ချို့ က ငါ တော်တာပဲ၊ ငါတတ် တာပဲဆိုပြီး တစ်ပါးသူ ကို ဆက်ဆံတဲ့ အခါမှာ တစ်ဖက်စောင်း နင်း ပြော ဆို ဆက်ဆံတတ်လေ့ ရှိတယ်။ တကယ်တော့ အဲဒီလို မလုပ်သင့်ပါဘူး။ မိမိတော်သော် လည်း အသာစီး ကနေ မဆက်ဆံသင့်ပါ။
(၄) မိမိ တာဝန် ယူထားတဲ့ အလုပ် ကို တာဝန်ကျေအောင် လုပ်ပါ
**************************************************
မလုပ်နိုင်တဲ့ အလုပ် ကို တာဝန် မယူပါနဲ့။ လုပ်နိုင်တဲ့ အလုပ် ကိုသာ တာဝန်ယူပါ။ တာဝန် ယူပြီးပြီ ဆိုရင် လည်း တာဝန်ကျေပွန် စွာ အလုပ်လုပ်ပါ။
(၅) ဖေးမ ကူညီပါ
***************
TeamWork နဲ့ အလုပ် လုပ်တဲ့ အခါမှာ မိမိ က တာဝန်ကျေပွန်စွာ လုပ်ကိုင် နိုင်သော် လည်း တစ်ပါးသူ အခက် အခဲတွေကို ဖေးမ ကူညီ နိုင်ရပါလိမ့်မယ်။ သို့မှသာ လုပ်ငန်းအောင်မြင် ပါလိမ့်မယ်။
(၆) မကဲ့ရဲ့ နဲ့ အတင်း အဖျင်း မပြောပါနဲ့
********************************
ဒီအချက် ကတော့ Team Work နဲ့ အလုပ် လုပ်သူတိုင်း ကြုံတွေရမယ့် အချက် တစ်ခုပါပဲ။ တစ်ယောက် မကောင်းကြောင်း ကို တစ်ယောက် ပြောမယ်။ တစ်ယောက် မရှိရင် တစ်ယောက် ကို ကဲ့ရဲ့ တာ ပြစ် တင် ဝေဖန်တာတွေ မလုပ် သင့်ပါဘူး။ စိတ်ဓာတ် ကွဲပြားစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
Photo by- mgcpuzzles
ကျော်လင်းနိုင် (ရိုးရာလေး) www.yoyarlay.com
No comments:
Post a Comment