
မိတ်ဆွေတို့ အတွက် ဒီတစ်ခါ တင်ပြပေးချင် တာကတော့ video တွေကို download ဆွဲတဲ့ အခါ လျင်မြန်စေမယ့် နည်းလမ်းလေးပါ ။ ကျွန်တော်နဲ့ အတူလိုက်ပြီး လုပ်ကြည့်ကြနော်။
ကဲစလိုက် ရအောင်ဗျာ ။ ပထမဆုံး Mozilla Firefox ကတစ်ဆင့် google ကိုဖွင့်လိုက်ပါ ။ပြီးလျှင် ဘယ် ဘက် အပေါ်ထောင့်က Tools မှ Add-ons ကိုကလစ်လိုက်ပါ။ ပြီးလျှင်ပေါ်လာသော page တွင် Get Add-ons ကိုရှာပြီး ကလစ်လိုက်ပါ။
ပြီးပါက ညာဘက် အပေါ်ထောင့်က search အကွက်မှာ Video DownloadHelper လို့ ရိုက်ထည့်ပြီးရှာပါ။ Video DownloadHelper နဲ့ အခြား၂ခု၊ ၃ခုလောက် ကို install လုပ်လိုက်ပါ။ Video DownloadHelper ကိုတော့ မဖြစ်မနေinstallလုပ်ပါ။ installလုပ်ပြီးပြီဆိုလျှင်Mozillaကိုပိတ်ချလိုက်ပါ။ restartချတဲ့ သဘောပေါ့ဗျာ။ ပြီးမှပြန်ဖွင့်ပြီး ကိုယ် download လုပ်ချင်တဲ့ videoကို yahoo, youtube လိုမျိုး ကိုယ် အဆင်ပြေသင့်တော်မယ့် ဆိုဒ်တစ်ခုမှာ ရှာပြီး download ဆွဲကြည့်ပါ။ အရင်က dowmlaod ဆွဲလို့ကြာချိန်ထက် ပိုမြန်တာတွေ့ရပါလိမ့်မယ်။
စမ်းသပ်ပြီး download လုပ်ကြည့်ပါ မိတ်ဆွေတို့ရေ။ အစစအရာရာ အဆင်ပြေပါစေဗျာ။
အဆင်ပြေရင်တော့ မိတ်ဆွေတို့ Like&share ပေးပေါ့နော်၊ ဟုတ်တယ်မလား။ ဒီထက်ကောင်းတဲ့ postတွေ တင်ပေးနိင် ရန်ကြိုးစားလျက်..........
အိုင်တီ နည်းပညာရဲ့ မင်းသားလေး........။
From...အိုင်တီ နည်းပညာ
No comments:
Post a Comment