
" တပည့်တော်ရဲ့ ကျောင်းတိုက်တစ်တိုက်သာ ကောင်းဖို့လောက် ဆိုရင် ဒါလောက် မကြိုးစားပါဘူး ။ နောင် အနာဂတ်အတွက် နိုင်ငံ ရော သာသနာရော ကောင်းဖို့ကို ရည်ရွယ်တာ ဖြစ်ပါတယ်။ တပည့်တော်စိတ်မှာ တိုက်တစ်တိုက် ဂိုဏ်းတစ်ဂိုဏ်း သာသနာ တစ်ရပ် ကောင်းစားရေးဆိုတဲ့ စိတ်ထား မရှိပါဘူး။
အများကောင်း စားစေလိုတဲ့ စိတ်ချည်းပါပဲ။ တပည့်တော်က သာသနာရေးစိတ်နဲ့ ချည်း ကြိုးစားတာမဟုတ် ပါဘူး။ နိုင်ငံရေးစိတ်နဲ့လည်း ကြိုးစား တာပါ။ ဗုဒ္ဓမြတ်စွာရဲ့ အမွေအနှစ်ဖြစ်တဲ့ သာသနာတော်ကြီးကို လည်းကောင်း သာသနာတော်ကို ကြည်ညိုထောက်ပံ့ကြတဲ့ ဒကာ ဒကာမတို့နေရာ နိုင်ငံတော်ကို လည်းကောင်း အင်မတန် သာယာစေလိုတဲ့ဆန္ဒ တပည့်တော်မှာ ပြင်းပြနေပါတယ်ဘုရား။ ပြီးတော့လည်း သာသနာတော်ကို အကြောင်းပြုပြီး န်ုင်ငံပါ အေး ချမ်းသာယာတယ်ဆိုတဲ့ ဂုဏ်ကို အလွန်လိုချင်ပါတယ်။ "
ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး။ဗုဒ္ဓမြတ်စွာ သာသနာ ၏ ရှေးခါဘိုးဘ လက်ထက် ကလျှင် ရသည့်တန်ခိုး ထပ်မညှိုးအောင် အားကြိုးမာန်တက် ငါ ဆောင်ရွက် သည် ဆက်လက်တည်တံ့ရုံသာတည်း။ (တစ်ဘဝသံသရာ စာမျက်နှာ - ၃၈၉ )
ဆရာတော်သည် အများကောင်းကျိုးအတွက် ကြိုးစားမှု ကြောင့် ကြမှုများကြောင့် လုပ်ရ ကိုင်ရ ကြံစည် ရသော ခန္ဓာကိုယ် ပင်ပန်း မှုများကို လုံးဝပင်ပန်းသည် မထင်ပေ။ သတ္တဝါတို့ ကောင်းကျိုး အတွက် ဗုဒ္ဓ မြတ်စွာ၏ အလောင်းအလျာ ဘဝများစွာတွင် ကိုယ် ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုးခံကာ ပါရမီ ဖြည့်ခဲ့  ပုံများကို အလွန် အားကျတော်မူပါသည်။အကြွင်းမဲ့ ကြည်ညိုလေးစား အားရ တော်မူပါသည်။ ဘုရား အလောင်းတော်၏ ပါရမီတော်ကျင့်စဉ်ကို အားကျကာ သာသနာတော်အတွက်ဆိုလျှင် အသက်ပင်သေသေ မနေမနား ကြိုးစားမည်ဟု စိတ်ထားခဲ့ပေသည်။
" ဘုရားဖြစ်မှ သာဝကဖြစ်မှ တပည့်တော်က ကြည်ညိုတာ မဟုတ်ပါဘူး။ အလောင်းတော် ဘဝကိုပါ ကြည်ညို တာပါ။ " ( တစ်ဘဝသံသရာ စာမျက်နှာ - ၃၅၇ )
ဤစာစုဖြင့် ဆရာတော်အရှင်ဇနကာဘိဝံသ အား ရိုသေလေးမြတ် စွာ ပူဇော်ပါသည်။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ "ကိုယ်ကျင့်အဘိဓမ္မာ " စာအုပ်မှ ကောက်နုတ် ပူဇော်ပါသည်။
From...Words of Buddha
No comments:
Post a Comment