Saturday, December 7, 2013

ကြွေလွင့် သွားရှာပြီဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ (သို့) နယ်လ်ဆင်မင်ဒဲလား




မွေးလာကတည်းက အသားအရောင်၊ မျိုးနွယ်စု၊ ကိုးကွယ်မှု အယူဝါဒ ဆိုတာတွေကြောင့် တစ်ခြားသူ တစ်ယောက် ကို မုန်းတီးခဲ့ကြတဲ့သူ မရှိပါဘူး။ မုန်းဖို့ အတွက် သင်ယူခဲ့ကြလို့ပါ။ မုန်းဖို့ အတွက်တောင် သင် ယူနိုင်ကြတယ် ဆိုရင် တစ်ခြားသူ တစ်ယောက်ကို အလိုလို ချစ်တတ်လာမယ့် ချစ်စိတ်ကိုလည်း သူတို့ သင်ယူနိုင်ကြမှာပါ...........။

တစ်နေရာရာကို လွတ်လွတ် လပ်လပ် သွားဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ့် ရည်ရွယ်ရာ မပြည့်ဝ မချင်းတော့ ကျွန်တော်တို့ အားလုံး သေမင်း
တမန်တောင်ကြားကို ထပ်တစ်လဲလဲ ကူးဖြတ်ကြရဦးမှာပါ..........။ 
တရား မျှတမှုနဲ့ လွတ်လပ်မှု အတွက် ကျွန်တော်တို့ ရုန်းကန်ရခဲ့တာက ပေါင်းစည်း လုပ်ဆောင်မှုတစ်ခုပါပဲ။ ပိုကောင်းတဲ့ ကမ္ဘာတစ်ခု ဖန်တီးနိုင်ဖို့က ကမ္ဘာပေါ်က လူတိုင်းရဲ့လက်ထဲမှာပဲ ရှိပါတယ်..................။

သမားရိုးကျ မဟုတ်ဘဲ အချိန်တော်တော်ကြာ ခံစားခဲ့ရတဲ့ ဒုက္ခဆင်းရဲ ကနေ ရုန်းထွက်ပြီး လူသားဆန်တဲ့ လူ့ အဖွဲ့ အစည်းတစ်ခု မွေးဖွားနိုင်တာကမှ ဂုဏ်ယူစရာပါ...................။

(၁၉၁၈) ဇူလိုင် (၁၈)တွင် မွေးဖွား။

(၁၉၄၃) ခုနှစ်တွင် အာဖရိကအမျိုးသား ကွန်ဂရက်သို့ စတင်ဝင်ရောက်။

(၁၉၅၆) ခုနှစ်တွင် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ဖမ်းဆီးခံရ။





(၁၉၆၂) ခုနှစ်တွင် အဖျက်အမှောင့် လုပ်ငန်းများ လုပ်သည်ဟု ဆိုကာ တစ်သက်တစ် ကျွန်း ပြစ်ဒဏ်ချ မှတ်ခံရ။  
(၂၇)နှစ်ကြာ ဖမ်းဆီးခံရပြီးနောက် .............
(၁၉၉၀) ခုနှစ်တွင် ပြန်လွတ်မြောက်လာခဲ့။ 
(၁၉၉၃) တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိ။

(၁၉၉၁) မှ (၁၉၉၇)အထိ အာဖရိက အမျိုးသား ကွန်ဂရက်မှာ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်။

(၁၉၉၄) ကနေ (၁၉၉၉) အထိ တောင်အာဖရိက သမ္မတ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပထမဆုံး လူမည်း သမ္မတဖြစ် လာခဲ့။

(၁၉၉၉) ခုနှစ်တွင် ရာထူးမှနုတ်ထွက်ခဲ့။

(၂၀၀၁) ခုနှစ်တွင် ဝှေးစေ့ကင်ဆာရောဂါခံစားခဲ့ရ။

(၂၀၀၄) ခုနှစ်တွင် နိုင်ငံရေးလုပ်ငန်းများမှ လုံးဝအနားယူ။

(၂၀၁၃) မတ်လတွင် အဆုတ် ကင်ဆာရောဂါ ပြင်းပြင်း ထန်ထန် ခံစားခဲ့ရပြီး 
(၂၀၁၃) စက်တင်ဘာ(၁) ရက်တွင် ဆေးရုံမှ ပြန်ဆင်း။

(၂၀၁၃) ဒီဇင်ဘာ (၅) ရက်တွင် ကွယ်လွန်။

  From...
YoYarLay

No comments:

Post a Comment