Saturday, October 31, 2015

သုဂတိဘုံ သို့ ဘဝ ကူးနည်း . ... .သေနည်း

OneOne Kaw's photo.


မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့ လည်း အရေးကြီးပေသည် ။
သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ် လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ် လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။


မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ် တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြ သည် ။ သံယောဇဉ် တွေ ကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ 

ခင်ပွန်း၊ ဇနီး ၊ သမီး ၊ သား ၊ ဆွေမျိုး ညာတကာ ဆိုသည် မှာ ဒီ ဘဝ တွင် ခဏ လာပြီး ဆုံဆည်း ကြ ခြင်း ဖြစ် သည် ။ ကံ စီမံရာ အတိုင်း သူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊ စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူး တွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး ။ တွယ်တာဖို့ မလိုဘူး ။ စိတ်ကို ရှင်းရှင်းထား အားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။

သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက် တစ်ဘဝ အတွက် အကျိုးပေး သဖြင့် ဘဝ ကူး အတွက် အလွန် အရေးကြီး သည် ။ သေခါ နီး ကာလ ဆိုတာ ကိုယ် အား နှုတ် အား တွေ လျော့ ပါး နေတဲ့ အတွက် ကာယကံ မှု ၊ ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရ မည် ။ 



Sunday, October 25, 2015

အဘိဓမ္မာ ဆိုတာ ဘာလဲ


နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ's photo.
အဘိဓမ္မာ ဆိုတာ ဘာလဲ ဆိုရင် The nature of our life ပဲ။  ဘ၀ ရဲ့ သဘာဝ ကို အသေးစိတ် ပြောထားတာ ကို အဘိဓမ္မာ ခေါ်ပါတယ်။

အင်ဂျင်နီယာ သင်တဲ့ ကျောင်းသားတွေ ကွာ။ မော်တော်ကား တစ်စင်း ကို ဘယ်လို တည်ဆောက်ထား သလဲ ။ မော်တော်ကား တစင်းထဲ မှာ ပစ္စည်း အရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လိုပေါင်းစပ်တယ်။ 

ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ် တကျ မော်တော်ကား တစင်း တည်ဆောက်ထား သလို၊ ရေဒီယို တလုံး တည်ဆောက် ထားသ လို ဟော ဒီ  Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။

ဒီတော့ ဒီ တခုကို ဘာတွေ နဲ့၊ ဘာတွေ နဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လို များ အချိုး ညီညီ တည်ဆောက် ထား သလဲ ဆိုတာ အဲဒီ အတတ်ပညာ ဟာ ဘာလဲ ဆိုရင် အဘိဓမ္မာ။ သုံးလုံးတည်းပဲ။ ဘာတွေလဲ ဆိုရင် .............

စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်။

ဘာတွေလဲ
စိတ်, စေတသိက်, ရုပ်ပါဘုရား။


စိတ်-၈၉-ပါးရှိတယ်။
 စေတသိပ် ၅၂-ပါးရှိတယ်။ 
ရုပ် ၂၈-ပါးရှိတယ်။ 

လူဆိုလို့ ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို ၊ ဘယ်လို တည်ဆောက်၊
 ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန် ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ 
နတ်ဗြဟ္မာ ဆိုရင် ဘယ်လို၊ 
ရဟန္တာ ဆိုရင် ဘယ်လို၊ 

အဲဒီလို ပုဂ္ဂိုလ် အမျိုးအစားတွေ ကို လိုက်ပြီးတော့၊ ဘ၀ အမျိုးမျိုးတွေ ကို လိုက်ပြီးတော့ စိတ် အမျိုး အစားတွေ ကို၊ စေတသိက် အမျိုးအစားတွေ ကို၊ ရုပ် အမျိုးအစားတွေ ကို သူ့ဟာနဲ့ သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ် တည်ဆောက်ပုံ ကို ဖော်ပြတာဟာ အဘိဓမ္မာ။

The nature of mentality and materiality ရုပ် နာမ် တို့၏ သဘာဝ၊ အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။ 
အဘိဓမ္မာ ခုနစ်ကျမ်း ဆိုတဲ့ စာအုပ် ကို လှမ်း မကြည့်နဲ့၊ လှမ်း မကြည့်နဲ့၊ မင်းတို့တွေ အဘိဓမ္မာ ခုနစ်ကျမ်း ကို လှမ်းကြည့်ရင် အကုန်လုံး လန့်သွားမှာ၊ စာအုပ်က နည်းတာမှ မဟုတ်ဘဲ။ ဖတ်လဲ ဘာမှ နားမလည်ဘူး။ 

Saturday, October 17, 2015

မငိုကြသူများ

 နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ's photo.


 ■ ဘုရားရှင်ဟာ သားသေတဲ့ သူကြွယ် ရဲ့ အိမ် ကို ကြွပါတယ်။ ဘုရားရှင် ကို ရှိခိုးပြီး ထိုင်နေတဲ့ အဲဒီ သူကြွယ် ကို ``အို သူကြွယ်၊ ဘာလို့ ၀မ်းနည်းနေသလဲ`` လို့ မေးပါတယ်။ 

`` မြတ်စွာဘုရား၊ တပည့်တော် သား သေတဲ့ အချိန်ကစပြီး ၀မ်းနည်းနေပါတယ်``လို့ လျှောက်တော့ အို သူကြွယ်၊ ကွဲတတ်တဲ့ သဘော ရှိတဲ့ အရာဆိုတာ ကွဲ တာပဲ။ 

ပျက်တတ် တဲ့ သဘော ရှိတဲ့ အရာဆိုတာ ပျက် တာပဲ။ အဲဒီ ကွဲပျက် တာဟာလည်း တစ်အိမ်တည်း မှာသာ မဟုတ်၊ တစ်ရွာတည်း မှာသာ မဟုတ်၊ တကယ်တော့ အတိုင်း အတာ မရှိတဲ့ စကြ၀ဠာတွေ မှာ ဘ၀သုံးပါး မှာ မသေသူ ဆိုတာ မရှိ၊ မပျက် ဘဲ မြဲတည်နိုင်တဲ့ သင်္ခါရ တရား တစ်ခုလေးတောင် မရှိ၊ သတ္တ၀ါမှန် သမျှ သေကြရတယ်။ 

သင်္ခါရ မှန်သမျှ ပျက်ကြရတယ်။ ရှေး ပညာရှိတွေ ဟာလည်း သားသေတဲ့ အခါ ``သေတတ်တာ သေတယ်၊ ပျက်တတ် တာ ပျက်တယ်``လို့ တွေးကာ ၀မ်းမနည်းခဲ့ကြဘူး လို့ မိန့်တော်မူပါတယ်။
ပြီးတော့ အတိတ် ဇာတ်ကြောင်းကို ဆောင်တော်မူပါတယ်။


■ ဗာရာဏသီပြည် မှာ ဗြဟ္မဒတ် မင်း မင်းပြုတဲ့ အခါ ဘုရားလောင်း ဟာ ဗာရာဏသီမြို့တံခါး အနီးရှိ ရွာလေး တစ်ရွာ က ပုဏ္ဏားအိမ် မှာ ဖြစ်ကာ ဥစ္စာနှစ် ကို ဖြစ်စေပြီး လယ်ယာ အလုပ်နဲ့ အသက်မွေး ၀မ်းကျောင်းပြုလုပ်ပါတယ်။ 


လက်ဖက်ခြောက် ခပ်ထားသည့် ရေနွေးကြမ်း သည် ဆေးတစ်ခွက် ဖြစ်သည်

ဗဟု သုတ's photo.



 မြန်မာ့ရိုးရာ ဓလေ့ထုံးစံ အရ နေ့စဉ် သောက်သုံးနေသော လက်ဖက်ခြောက် ခပ်ထား သည့် ရေနွေးကြမ်း သည် ဆေး တစ်ခွက် ဖြစ်သည် ဟု ဆိုလျှင် မှားမည် မထင်ပေ။ 

ယနေ့ သုတေသန ပြုလုပ်မှု အရ လေဖြတ်မှု အန္တရာယ် ကို ကာကွယ်ရန် အတွက် နေ့စဉ် ရေနွေးကြမ်း အနည်း ဆုံး လေးခွက် သောက်သုံး သင့်ကြောင်း တွေ့ရှိခဲ့သည်။

 နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသူ သည် ရေနွေးကြမ်း လုံးဝ မသောက်သော သူ များ ထက် လေဖြတ်မှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်း သည်ကို လေ့လာ တွေ့ရှိရသည်။ 

သို့သော် ရေနွေးကြမ်း လေးခွက်ထက် လျော့နည်းစွာ သောက်သော သူများတွင် ထိထိရောက်ရောက် အကျိုး မရှိကြောင်း တွေ့ရသည်။ နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သော သူများသည် ဦးနှောက် အတွင်း သွေးခဲနိုင်မှု ၂၁ ရာခိုင် နှုန်း လျော့နည်းကာ လေဖြတ်မှု အန္တရာယ် လျော့ပါးမှုနှင့် ဆက်စပ် နေသည် ကို သုတေသန ပြုလုပ် ရှာဖွေ တွေ့ ရှိ ခဲ့ကြသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့ရှိ ကာရို လင်စကာ တက္ကသိုလ် မှ သိပ္ပံ ပညာရှင်များ က အမျိုးသား၊ အမျိုးသမီး ၇၅ဝဝဝ ခန့် ကို လေ့လာခဲ့ရာမှ အဆိုပါ တွေ့ရှိ ချက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။


Wednesday, October 7, 2015

ဒဏ္ဍာ၇ီ { Ko Kyaw Gyi } Cover

*** ချစ်သူ့ နှုတ်ခမ်း လွမ်း၍ နမ်းသော် 
         နမ်း၇ာမထင် လွမ်း၇ာထင်လို့ 
           ၇င်မှာညိပြီ " ဒဏ္ဍာ၇ီ "

{ မောင်စိန်ဝင်း ပုတီးကုန်း }




Tuesday, October 6, 2015

မွေးနေ့..မွေးရက်များ နဲ့ သူရဲ့ ဂုဏ်သတ္တိ များ.

 ငွေတာရီ's photo.


 တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...

တစ်ကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...
Do You Believe in Numerology?



နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..ခေါင်းမာတယ်. ရိုးသား တယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်..ကြင်နာတတ်တယ်..ဒေါသလွယ်တယ်..

 ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူ တယောက်ဖြစ်ချင်တယ်.. လူတွေ အားလုံး ရဲ့ အထက်မှာပဲ နေချင်တယ်.. တစ်ခါ တစ်ရံ မှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင် ဘူး. မိမိကိုယ် ကို ယုံကြည်တတ် တဲ့ လူစားမျိုးဖြစ်တယ်..

ငယ်ငယ်ရွှယ်ရွှယ် နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့ အရွယ်ရောက်မှ ပဲ လက်ထပ် ဖြစ်ကြတာ များပါတယ်..


Wednesday, September 30, 2015

ကွမ်းရွက်နှင့်ပျောက်ကင်းသော ရောဂါများ

 တောင်တန်းပြာပြာ ကြည်နူးစရာ's photo.

 နှလုံးရောဂါ (Heart Attack)
နံနက်ရေချိုးပြီးတိုင်း ရင်ဘတ်နှလုံး တည့်တည့်နေရာ လက်ဝဲဘက် ရင်အုံမှာနေ့စဉ် ကွမ်းရွက် တစ်ရွက် ကပ်ပါနှလုံးနှင့် ဆိုင်သောရောဂါ မှန်သမျှ အကောင်းဆုံး စက်လေး တစ်လုံး တပ်ထားသလို ကို အကောင်း ဆုံး ကာကွယ်ပေးပါတယ် ။

မျက်စိရောဂါနှင့်ရေတိမ်ရောဂါ
ညတိုင်း ကွမ်းရွက် ကပ်ရင် ( ၈ ) လနှင့် (၁၄ ) လ အတွင်း မျက်မှန်ကျွတ်နိုင်ပါသည် ။ မျက်လုံးထောင့် များ၍ လက်မခွံ အရွယ် ကွမ်းရွက်ကိုရေစွတ်၍ ကပ်ပါ ။
အဓိကမှာ မျက်လုံးနှင့်နှစ်ခေါင်း ဘက်ထောင့်နှစ်ခုကို ဂရုပြု့ကပ်ပါနေ့အခါလဲ ကပ်နိုင်ပါတယ် ။


computer ကြည့်သူ ၊ Tv အကြည့် များသူ ၊ Fb သုံးသူများလဲ ကပ်သင့် ပါသည် မျက်လုံး အလုံးလိုက် ကိုက်သောရောဂါ ရေတိမ်ရောဂါ မှုန်တဲ့ရောဂါ မူးတဲ့ရောဂါနှင့် နုသော တိမ်များပျောက်ကင်း၏ ။
 

Wednesday, September 23, 2015

မိဘ ကို ပြစ်မှား တဲ့ အပြစ်များ

11953235_711001079043824_6119242731429889997_n



မေး။ ။ မိဘ များကို ပြန်ပြောခြင်း၊ နှုတ်လှံ ထိုးခြင်း၊ ကိုယ်ထိ လက်ရောက် စော်ကားခြင်း တို့အတွက် ကံကြီး ထိုက်သော အခါ ၄င်း ကံကြွေးများ ပြေအောင် မည်သို့ ဆောင်ရွက်သင့်ပါ သလဲဘုရား။

ဖြေ။ ။ မိဘ ဆရာသမား တို့အား ပြန်ပြောခြင်း၊ နှုတ်လှံ ထိုးခြင်း၊ ရိုက်ပုတ်ခြင်း ၊ စသည့် ကိုယ်ထိ လက်ရောက် ကျူးလွန် စော်ကားခြင်း တို့ အတွက် ခင်ပွန်းကြီး ၁၀-ပါး ပြစ်မှားခြင်းကြောင့် ဖြစ်သည့် ဒဏ် ၁၀-ပါး အပြစ် များ ဖြစ်တတ်ပါသည်။
 

၎င်းတို့မှာ-
၁။ ကြမ်းကြုတ်သော ဝေဒနာ ကို ခံရခြင်း။
၂။ ကိုယ်ပျက်ခြင်း။
၃။ အနာရောက်ခြင်း။
၎။ ရူးသွပ်ခြင်း။
 

ဝါတွင်း ကာလနှင့် အိမ်ထောင်ပြု လို့ ရ/မရ (ဗဟုသုတ အနေ နဲ့ ဖတ်သင့် ပါသည်)

 ရွှေမြန်မာများ's photo.


 မြန်မာ ဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာ နဲ့ မသက်ဆိုင် တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန် အရိုး စွဲနေတဲ့
ယုံကြည်ချက် တစ်ချို့ ရှိပါတယ်။


ဥပမာပြောရရင် ….
သေသူ ကို သရဏဂုံ တင်ပေးရမယ် ဆိုတဲ့ အချက်၊
ဘုရားတောင် မှ မိဘကျေးဇူး ကို နို့တစ်လုံး ဘိုးပဲ ကျေအောင် ဆပ်နိုင်တယ် ဆိုတဲ့ အချက်၊
သာသနာ့ဘောင် ၀င်မယ့် မောင်ရှင်လောင်း ကို နတ်ပြပေးရတယ် ဆိုတဲ့အချက်၊
အလှူပွဲတွေ မှာ မိုးတားဖို့ အတွက် ရှင်ဥပဂုတ်ပွဲ ထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့ အချက် စတာတွေပါ။



ဒါတွေက အလွန်လွဲမှားပြီး ယနေ့ အထိ အများ လက်ခံ ယုံကြည်နေကြတဲ့ အရာတွေ ထဲက ထင်ရှားတဲ့
အချက်လေးတွေပါ။


ဒီ အလွဲတွေ ထဲက နောက် တစ်ခုက ၀ါတွင်း ကာလ အိမ်ထောင်မပြုရ ဆိုတဲ့ အချက်ကလည်း တစ်ခု အပါ အ၀င် ဖြစ်နေပြန်ပါပြီ။
 

ဝါမ၀င်ခင် အိမ်ထောင်ပြု မှ ဖြစ်မယ်၊ ၀ါကျွတ် မှ အိမ်ထောင်ပြုကြမယ် ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီ အချက် အပေါ် မှာ မျက်မှောက်ခေတ် လူငယ် အတော် များများ ဘ၀င် မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။


Saturday, September 19, 2015

၁၉၄၃ - ကမ္ဘာကျော် စမ်းသပ်မှု တစ်ခု အကြောင်း( ဖြစ်ရပ်မှန်)



 

ယုံကြည်ရန် ခက်ခဲ လာသော ခေတ်ပေါ် နည်းပညာများ

အမေရိကန်ပြည်ထောင်စု တပ်မတော်တွင် အသုံးပြုရန်ရည် ရွယ်၍ ထုတ်လုပ်နေသော ကိုယ်ပျောက် ၀တ်စုံသည် အောင်မြင်လု နီးပါးရှိနေပြီ ဟု သိရသည်။ တစ်စ တစ်စ တိုးတက် လာသော သိပ္မံနည်း ပညာများ သည် ယုံကြည်ရန် ခက်ခဲလာသည်။


 ရေဒီယို၊ တီဗီ၊ ဂြိုလ်တု၊ မောင်းသူမဲ့လေယာဉ်၊ ကွန်ပြူတာ အစရှိသည့် ခေတ်ပေါ် ကိရိယာများသည် အံ့ဖွယ် များပင်ဖြစ်သည်။ ယင်း ကိရိယာများ မပေါ်ခင် ယင်း ကိရိယာများ၏ အလုပ်လုပ်ပုံ ကိုပြောပြလျှင် မည်သူမျှ ယုံမည်မဟုတ်ပေ။ 

ကမ္ဘာတစ်ခြမ်း တစ်နေရာမှ ဖြစ်ပျက်နေသည် တို့ကို ရုပ်ရော အသံရော တစ်ပြိုင်နက်ကြားနိုင်မြင်နိုင် ရခြင်းသည် ရှေးယခင် ခေတ်က ဆိုလျှင် သဘာဝလွန် စွမ်းအင် များကို ပိုင်ဆိုင်မှ သာလျှင် ဖြစ်နိုင်မည် ဟုယူ ဆကြလိမ့်မည်။ 

ယခု အမေရိကန်တို့ စမ်းသပ်နေသော ကိုယ်ပျောက်ကား များနှင့် ကိုယ်ပျောက် ၀တ်စုံ တို့မှာ ဆန်းသည်ဟု ထင်ရသော်လည်း မဆန်းပါ။

လွန်ခဲ့သည် နှစ်ပေါင်း ၆၀ ခန့် ကပင် သင်္ဘောကြီး တစ်စီးလုံးကို ပျောက်အောင် ဖျောက်နိုင်ခဲ့သည် မှာလဲ အမှန်ပင်ဖြစ်သည်။




၁၉၄၃ - ကမ္ဘာကျော် စမ်းသပ်မှု ၏ အစ  Philadephia Experiment

ထူးဆန်းသော ပညာရှင်ကြီး တက်စလာ သည် ၁၉၄၃ ခုနှစ်တွင် စမ်းသပ်မှု တစ်ခုကိုပြုလုပ်ခဲ့သည်။ ထို စမ်းသပ်မှု ကို အစ က လျို့ဝှက်ပြုလုပ်ခဲ့သော်လဲ စမ်းသပ်မှု တွင် ကိုယ်တိုင် ပါဝင်ခဲ့သူများ မှ ပေါက်ကြားကာ ကမ္ဘာကျော် ခဲ့သော စမ်းသပ်မှု တစ်ခုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် Philadephia Experiment အမည်နှင့်ပင် ရုပ်ရှင်ကား တစ်ကား ထွက်ရှိခဲ့သည်။

Experiment စပြီ

မူလ အစ ၁၉၃၆ ခုနှစ်ပိုင်း ကတည်းက ဤ စမ်းသပ်မှု ကို တိရိစ္ဆာန် များဖြင့်စမ်းသပ်နေခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင်ကား ကမ္ဘာကျော် Philadephia Experiment ကို သင်္ဘောသား အစုံ အလင်ဖြင့် USS Eldrige သင်္ဘောပေါ်တွင် စမ်းသပ်ခဲ့သည်။ 


မူးယစ်ဆေးဝါးတွေ က ဦးနှောက် ကို ဘယ်လိုဖြစ်စေသလဲ?



မူးယစ်ဆေးဝါးတွေက ဦးနှောက် ကို ဘယ်လိုဖြစ်စေသလဲ? သုံးစွဲသူ ရဲ့ ဦးနှောက် ကို ဘယ်လိုပြောင်းလဲ သွားစေသလဲ ၊ ဘယ်လို ဖြစ်စေသလဲ ဆိုတာ ကို အောက်မှာ ဆက်လက် ဖတ်ရှုကြည့်ပါ။


မူးယစ်ဆေးဝါး သုံးစွဲလိုက်သည့် အခါ.............
၁. Marijuana

ဆေးခြောက်မှာ ပါဝင်တဲ့ အဓိက ဓာတ်ပစ္စည်းဖြစ်တဲ့ THC ဟာ ဦးနှောက် ဆဲလ်တွေကို Dopamine ဟော် မုန်း ထွက်ဖို့ လှုံ့ဆော်ပါတယ်။၊ (ဥပမာ Dopamine = အစားကောင်း စားခြင်း နဲ့ လိင်ဆက်ဆံခြင်း တို့မှာ ထွက်တဲ့ ဟော်မုန်းပါ။ )

၂. Magic Mushrooms

လေ့လာမှုတွေမှာ Mushroom တွေမှာ အဓိက ပါတဲ့ ပစ္စည်း Psilocybin ဟာ ဦးနှောက် ရဲ့ ပုံမှန်လှုပ်ရှားမှု ကို ရပ်တန့်စေပြီး ဦးနှောက်ရဲ့ ကွဲပြားခြားနားတဲ့ နေရာတွေကို တိုက်ရိုက် ဆက်သွယ်ပေးပါတယ်။ အဲဒိ ဆက်သွယ်မှုတွေဟာ အသုံးပြုသူကို အရောင်တွေမြင်ရတာ၊ အသံတွေကြားရတာ၊ စိတ်ဖိစီးမှု လျော့ နည်းစေ တာ တို့ကို ပေးစွမ်းပါတယ်။

၃. Alcohol

အရက်ဟာ ဦးနှောက် ထဲမှာ ပါတဲ့ Neurotransmitter တွေရဲ့ level ကို ပြောင်းလဲပေး ပါတယ်။ အဲဒိ အရာတွေ က ခန္ဓာကိုယ် တစ်လျောက်လုံး စီးဆင်းနေတဲ့ အတွေး အခေါ် အမူအရာတွေ ကို ထိန်းချုပ်ပေးတဲ့ အရာတွေပါ။  အရက်ဟာ တွေးခေါ်တာ၊ အသက်ရှုတာ၊ နှလုံးခုန်တာတွေ ကို နှေးကွေးသွားစေခြင်းမှာ အဲဒိ တက်ကြွတဲ့ messenger ဆဲလ်တွေကို ထိန်းချုပ်ပြီး နှေးကွေးတဲ့ ဆဲလ်တွေကို လွှတ်ပေးလိုက်လို့ပါ။ Dopamine လယ်ဗယ်လဲ တက်စေပါတယ်။




Monday, September 14, 2015

ကိုယ်ခံအား ကို မြင့်တက်စေတဲ့ ကြက်သွန်နီ သံပုရာ ဆမ်း



Lwin Pyin's photo.

အလွန် ရိုးရှင်းပြီး လုပ်ရ လွယ်ကူတဲ့ မီးဖိုချောင် ထဲက ဆေးနည်း တစ်မျိုးကို ကျန်းမာရေး သတင်းများ စာမျက်နှာ မှ မျှဝေပေးချင်ပါတယ်။ အဲဒါ ကတော့ ကြက်သွန်နီ သံပုရာ ဆမ်း ဖြစ်ပါတယ်။

(၁) ကြက်သွန်နီ ကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံ ခွါပါ။
(၂) ပုံထဲက အတိုင်း အကွင်းလိုက် လှီးထား ပါ။ ရေ မဆေးပါနဲ့။
(၃) ကြက်သွန်နီပေါ် ကို သံပုရာသီး ညှစ်ထည့်ပါ။
(၄) ချိုတဲ့ အရသာပေါ်လာ ပါမည်။ မွန်တဲ့ အနံ့များ ပျောက်သွားမည်။
(၅) ၄င်းကြက်သွန်နီ သံပုရာဆမ်း ကို မကြာခဏ စားပေးပါ။ 

ထမင်းနှင့်သော်၎င်း၊ အခြား အစားအစာများနှင့်သော်၎င်း တွဲစားနိုင်ပါသည်။

ဒီနည်း ကတော့ ထမင်း စားခါနီး ၂ မိနစ် အတွင်း အလွယ် တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ် ပါတယ်။ 
 

နှစ်ပေါင်း (၉၀) ကျော် နစ်မြုပ်ပျောက်ဆုံးနေသည့် သင်္ဘော ဘာမြူ ဒါ ပင်လယ်ကွေ့တွင် ပြန်ပေါ်လာ

 Shwe Su's photo.


နှစ်ပေါင်း (၉၀) ကျော် နစ်မြုပ်ပျောက်ဆုံးနေသည့် သင်္ဘော ဘာမြူ  ဒါ  ပင်လယ်ကွေ့တွင် ပြန်ပေါ်လာ
၁၁.၉.၂၀၁၅ ကမ္ဘာ ပေါ် မှာ လေယာဉ် နဲ့ သင်္ဘော များ အပျောက် အများဆုံး Bermuda Triangle ဘာမြူဒါ တြိဂံဒေသ ပိုင် ပင်လယ်ပြင်တွင် ယနေ့ နံနက်ပိုင်း ၌ သင်္ဘောပျက် တစ်စီး ရေပေါ်တွင် မျောပါနေကြောင်း ကမ်းခြေစောင့်တွေက သတင်းပို့ခဲ့ကြပါတယ်...

အဆိုပါ သင်္ဘောပျက် မှာ SS Cotopaxi ဖြစ်ပြီး ၊ ၁၉၂၅ ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့တွင် သင်္ဘောသား (၃၂)ယောက် နဲ့ အတူ ကျောက်မီးသွေး များ တင်ဆောင်သွားခဲ့ပြီး တောင် ကာလိုလိုင်းနားပြည်နယ်မှ ကျူးဘားနိုင်ငံ ဟာဘာနာမြို့သို့ ခုတ်မောင်းသွားခဲ့ ရာ ပင်လယ်ပြင် ၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။


သန်လျက် အကြောင်း သိကောင်းစရာ

 သုတကြယ်စင်'s photo.


 သန်လျက် ဆိုသည်မှာ ရှေးအခါ က မြန်မာ ဘုရင်များ စစ်သူရဲကောင်းများ သာ ကိုင်စွဲရသော ထက်ရှ လွန်း သည့် စစ်လက်နက် တစ်မျိုးဖြစ်သည်။ သန်လျက် ကို ထိုးရာ၌ ၎င်း၊ ခုတ်ရာ၌ ၎င်း အသုံးပြုနိုင်သည်။

မင်းမြှောက်တန်ဆာ ငါးပါး တွင် သန်လျက် သည် မပါ မဖြစ် ပါဝင်ရသော မင်းမြောက်တန်ဆာ တစ်ခု
လည်းဖြစ်သည်။


မင်းခမ်း မင်းနား များတွင် သန်လျက် ကို လင်္ကျာမင်း ခမ်းတော် အဖြစ် တွေ့ရသည်။ ထို့ကြောင့် `လင်္ကျာတော် က၊ ရွှေလှော် သိင်္ဂါ၊ မျက်စိမြွှာသား၊ ရတနာ သန်လျက်၊ လျှံလက် လျှပ်လျှပ်၊ သားမြီးယပ်နှင့်....´ စသည်ဖြင့် စပ်ဆိုခဲ့ကြသည်။ 

ရှေးအခါ က ထီးဖြူဆောင်းမင်းများ သာ ကိုင်စွဲလေ့ ရှိသော်လည်း နောက်ပိုင်း တွင်  ဘုရင် ၏ ချီးမြောက် မှု့ ခွင့်ပြုချက်ဖြင့် ဘွဲ့တံဆိပ်ရ စစ်သူရဲကောင်း တို့ ကိုင်စွဲခွင့် ရကြပုံကို ရာဇဝင် သမိုင်းများတွင်လေ့ လာ တွေ့ ရှိနိုင်သည်။


 
သန်လျက် ပြုလုပ်ရာတွင် လုပ်သော သံသည် အလွန်ကောင်းမွန် ရသည်။ ငှက်ခါးရောင် အဆင်း ရှိသော သံစိမ်းခဲ ကိုသာ အသုံးပြုရသည်ဟု အဆိုရှိသည်။

အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြသော မြန်မာ့ အဂ္ဂိရိတ်နည်း  ၊မြန်မာ့ ပန်းပဲ ပညာဖြင့် သန်လျက်ကောင်း တစ်ခုပြုလုပ်ပုံ အဆင့်ဆင့် မှာ အောက်ပါအတိုင်းဖြစ်သည်။

Saturday, September 12, 2015

ရာဇ၀င် ထဲက သတို့သမီး သို့မဟုတ် စောမွန်လှ

 New Myanmar News's photo.


 မောဘုရင် စ၀်ဖှလုံဟိုမိန်း နှင့် စယ်လန့် မင်းသမီးလေး အကြောင်း ပါလို့ ပေါင်းဖက်ရာက အမွာပူးမောင်နှစ်မ နှစ်ယောက် ကို မွေးဖွား လာခဲ့ပါသည်။ စောမွန်လှ သည် အကြီးဖြစ်ပြီး မောင်တော် ခွန်ကော်လန်း သည် ငယ်ဖြစ်သည်။

စောမွန်လှ ကို မွေးဖွားချိန်၌ မိန်းမောလုံ နန်းတွင်း မှာ ရှိသည့် စစ်လက်နက် ပစ္စည်းများ အားလုံးတို့သည် အရောင်ဖြိုးဖြိုး ဖြောက်ဖြောက် များ လင်းလက်ပြီး လုပ်ရှား ခါရမ်း နေခြင်းဖြစ်သည်။ (ထိုသို့ဖြစ်ခြင်းကို သျှမ်း ဘာသာ အရ လတ်လှိုင်း တယ် လို့ခေါ်ဆိုပါသည် ။ 

အဓိပ္ဗါယ် ကတော့ ထူးဆန်းတဲ့ဖြစ်ရပ်၊ ) ထို့ကြောင့် သမီးတော်လေး အား စ၀်မိန်းလတ် ဟုခေါ်တွင်ခဲ့ရာ အချို့က စ၀်မွန်းလတ် ဟုခေါ်ဆိုခဲ့ကြပါ သည်။ မြန်မာလို ပြန်ဆိုရေးသားရာ မှ စောမွန်လှ ခေါ်ဆိုရေးသား ခဲ့ခြင်းဖြစ်သည်။ (မယ့်ခူး ခေးရှဲန်)
 

AD- 1044-1077 မြန်မာ သက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက် တွင်၊ ပထမ မြန်မာနိုင်ငံ ကို တည်ထောင် သည် ဟု အဆိုရှိသော အနုရုဒ ခေါ် အနော်ရထာမင်း နန်းတက် လေသည်။ ထို အနော်ရထာ မင်းလက်ထက် တွင် လူစွမ်းကောင်း များ ပေါ်ပေါက် ခဲ့သည်။ ပထမ ၄-ဦးမှာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ဖြစ်ကြသည်။

ငထွေရူး- မြင်းမူ အရပ်သား ထန်းတက် သမားဖြစ်သည်။ ထန်းပင် အပင် တစ်ထောင်ကို တက်ခါဆင်း ခါလှီး သည်မှာ တစ်နံနက် အချိန်မှီ ပြီးသောသူ ဖြစ်သည်ဆိုပါသည်။
 

Thursday, September 10, 2015

ကုသိုလ် အကုသိုလ် အကြောင်း သိကောင်းစရာ

 Buddha, Dhamma, Sangha - ရတ်ပိပြကာ's photo.



မိမိတို့နေ့စဉ်နှင့် အမျှ ပြုလုပ်နေသည့် ကုသိုလ် အကုသိုလ်တွေ ကို စစ်ကြမယ်

''ကောင်းမူ ကုသိုလ် ပြုခြင်း သည် ချမ်းသာ သုခ ကို စုဆောင်းသည် မည်၏။ မကောင်းမှု အကုသိုလ်ပြု လုပ်ခြင်း သည် ဆင်းရဲ ဒုက္ခ ကို စုဆောင်းနေသည် မည်၏'' ။ (ဓမ္မပဒ) ပါဠိလို ကုသလ၊ မြန်မာလို ကုသိုလ် ဟုခေါ်တွင်သည်။ 

ဤ ကုသိုလ်၏ ဆန့်ကျင်ဘက် ဝိရောဓိ တရား မှာ အကုသလ - အကုသိုလ် ပင်ဖြစ်သည်။ ယင်း စက်ဆုတ် ဖွယ်ရာ အကုသိုလ် တရား တို့ကို ဖျက်ဆီးပစ်ခြင်း၊ စိတ်အစဉ် မှာ ကင်းကွာစေခြင်းကြောင့် ကုသိုလ် ဟုခေါ် သည်။ မှန်၏။

အကုသိုလ် တရားတို့ကို ဖျက်ဆီး ကာကွယ်ရာတွင် မဟာ ကုသိုလ် တို့က တဒင်္ဂပဟာန် အားဖြင့် အခိုက် အတန့် ပယ်ခွာသည်။ မဟဂ္ဂုတ် ကုသိုလ် တို့ကား ဝိက္ခမ္ဘန ပဟာန် အားဖြင့် အချိန် အခါကြာမြင့်စွာ ပယ်ခွာ သည်။ မဂ်ကိုသိုလ် တို့ကား သမုစ္ဆေဒပဟာန် အားဖြင့် နောက်ထပ် မဖြစ်ရန် အပြီးသတ် ပယ်ခွာ သည်။

ထို့ကြောင့် ကုသိုလ်သည်......
(၁) မဟာ ကုသိုလ်
(၂) မဟဂ္ဂုတ် ကုသိုလ်
(၃) မဂ် ကုသိုလ်
ဟု ကုသိုလ် သုံးမျိုး ရှိကြောင်းသိနိုင်ပါသည်။


လူသားတို့ သန္တာန်၌ ဤ ကုသိုလ် စိတ် တို့ဖြစ်ပေါ်နေလျှင် အခိုက် အတန့်ဖြစ်စေ၊ အချိန် ကြာမြင့် စွာဖြစ်စေ၊ လုံးဝဖြစ်စေ အကုသိုလ် တရား တို့ဖြစ်ပေါ် ခွင့်မရတော့ချေ။ အလားတူပင် ကုသိုလ် ကို ပုည - ကောင်းမှု ဟုခေါ်၍၊ အကုသိုလ် ကို ပါပ - မကောင်းမှု ဟုလည်း ခေါ်ကြသည်။


Tuesday, September 8, 2015

သူဌေးတွေ နဲ့ သာမန် လူတွေ တွေးခေါ်ပုံ ဘယ်လို ကွာခြားသလဲ


SFJ Strategy First Journal's photo.






၁။ သာမန် လူတွေက ပိုက်ဆံ စုဖို့ပဲ စဉ်းစားတယ်၊ သူဌေးတွေ ကတော့ ပိုက်ဆံ ဘယ်လို ၀င်အောင်လုပ်မလဲ ဆိုတာ ကိုပဲ စဉ်းစားကြတယ်။
 

ကျွန်တော်တို့ ကို ငယ်ငယ်လေးကတည်း က ပိုက်ဆံ စုဖို့သင်ပေးကြပါတယ်။ သင်ဟာ တစ်လ ကို ၅ သိန်းရ တယ် ဆိုပါတော့၊ လတိုင်း ၁၀ ရာခိုင်နှုန်း စုရင် တစ်နှစ်ပြည့်ရင် ၆ သိန်း ပဲ စုမိ မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘယ်တော့မှ သူဌေးဖြစ်မှာ မဟုတ်ပါဘူး။
 

သူဌေးတွေ ဟာ စုတော့ စုပါတယ်၊ ဒါပေမဲ့ ရလာတဲ့ ပိုက်ဆံကို တိုးပွားအောင် အရင်လုပ်ပါတယ်။

၂။ လုပ်ငန်းသစ် တစ်ခု တည်ထောင်တော့မယ် ဆိုရင် လူတွေက ရှုံးမယ်၊ မအောင်မြင်နိုင်ဘူး လို့ မြင်ကြ တယ်၊ သူဌေးတွေ ကတော့ အောင်မြင်မယ့် လမ်းစ လို့ မြင်ကြပါတယ်။ လူတွေ ဟာ ၀င်ငွေ နဲ့ ပတ်သက် လာ ရင် ရိုးရိုး တန်း တန်း စဉ်းစားကြပါတယ်။ အလုပ် အချိန်ပို လုပ်ရင် လစာ ပိုရမယ်၊ ရာထူး တိုးရင် လစာ တိုး မယ် လို့ပဲ တွေးပါတယ်။ 

ပညာကောင်းကောင်းတတ် တဲ့ မန်နေဂျာ တွေတောင် လစာ တိုး အောင် MBA တက်ရမယ် လို့ပဲ တွေး ပါတယ်။
 

သူဌေးတွေ ဟာ တခြား လူတွေ ရဲ့အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း အသစ်တွေကို ရှာဖွေ ပါ တယ်၊ ဒီလို နည်းလမ်း အသစ်တွေ အကြံဥာဏ် အသစ်တွေ ကပဲ ပိုက်ဆံ ၀င်တာဖြစ်ပါတယ်။

၃။ သူဌေးတွေ ဟာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမှာ ကို မကြောက်ကြပါဘူး။ ရင်းနှီးမြှုပ်နှံမှု လုပ်ရာ မှာ ငွေဆုံးမှာ ကို ကြောက်စရာ မလိုပါဘူး၊ ရင်းနှီးမြှုပ်နှံ မှုတွေကမှသာ အခွင့်အလမ်းကောင်းတွေ နဲ့ လုပ်ပိုင်ခွင့် အသစ်တွေ ရရှိလာ မှာဖြစ်ပါတယ်။