နှစ်ပေါင်း (၉၀) ကျော် နစ်မြုပ်ပျောက်ဆုံးနေသည့် သင်္ဘော ဘာမြူ ဒါ ပင်လယ်ကွေ့တွင် ပြန်ပေါ်လာ
၁၁.၉.၂၀၁၅ ကမ္ဘာ ပေါ် မှာ လေယာဉ် နဲ့ သင်္ဘော များ အပျောက် အများဆုံး Bermuda Triangle ဘာမြူဒါ တြိဂံဒေသ ပိုင် ပင်လယ်ပြင်တွင် ယနေ့ နံနက်ပိုင်း ၌ သင်္ဘောပျက် တစ်စီး ရေပေါ်တွင် မျောပါနေကြောင်း ကမ်းခြေစောင့်တွေက သတင်းပို့ခဲ့ကြပါတယ်...
အဆိုပါ သင်္ဘောပျက် မှာ SS Cotopaxi ဖြစ်ပြီး ၊ ၁၉၂၅ ခုနှစ်
နိုဝင်ဘာလ(၂၉)ရက်နေ့တွင် သင်္ဘောသား (၃၂)ယောက် နဲ့ အတူ ကျောက်မီးသွေး များ
တင်ဆောင်သွားခဲ့ပြီး တောင် ကာလိုလိုင်းနားပြည်နယ်မှ ကျူးဘားနိုင်ငံ
ဟာဘာနာမြို့သို့ ခုတ်မောင်းသွားခဲ့ ရာ ပင်လယ်ပြင် ၌
ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။
နှစ်ပေါင်း (၉၀) ကျော် ရေပြင်အောက် ၌ ပျောက်ဆုံးနေခဲ့ပြီး ခုလို ဘာမြူဒါရေလက်ကြား မှာ ရေပေါ် သို့ ပြန်ပေါ် လာသည့်ဖြစ်ရပ် ဟာ ပညာရှင်များ အနေ နဲ့ အကြောင်း အရင်း အတိအကျ ဖြေရှင်း မရတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်နေပါတယ်...

Source ... Kesher Kosher Tours
Shwe Su

No comments:
Post a Comment