Saturday, May 16, 2015

ဂျာမဏီနိုင်ငံ မှ အသုံးဝင် သဘာဝဆေး။

 Winn Hlaing Oo's photo.


 ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေး အတွင်းရှိ အဆီ များ၊ အသက်ရှု လမ်းကြောင်း ကူးစက်ရောဂါ များနှင့် အအေးမိခြင်း တို့ကို ပျောက်ကင်း သက်သာစေရန် အတွက် သဘာဝ အသီးအနှံ များကို အသုံးပြု ၍ သောက်သုံးခြင်း ဖြစ်ပါတယ်။

ယင်း နည်းကို ဂျာမဏီနိုင်ငံ တွင် လက်ခံ သုံးစွဲကြတယ် လို့ ဆိုပါတယ်။ မိမိ အနီးနားတွင် ရှိသော နေ့စဉ် ထိတွေ့နေရ သည့် အစားအသောက် ၃မျိုး ကို ရောစပ် လိုက်ခြင်းဖြင့် ကျန်းမာရေး အတွက် အလွန်တန်ဖိုး ရှိတဲ့ အရာဖြစ်လာ ပါတယ်။

အဲဒီဖျော်ရည် မှာ လူအများ သိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။ 

ဒီ သဘာဝ ဆေးဖျော်ရည် ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး များ ကတော့ ထူးခြား စုံလင် များပြား လှပါတယ်။

အထူး အလေးပေး သုံးစွဲနိုင်တာ ကတော့ သွေးလွတ်ကြော များ ဆို့ပိတ်ခြင်း ကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာ အသုံးပြုနိုင်သည်။ 

Friday, May 15, 2015

ငွေပေးလို့တောင် အရှာရ ခက်တဲ့ ရှားပါး ဘာသာပြ န်စာအုပ် (၁၃၀) တင်ပေးလိုက်တယ်....


Yethuya Naing's photo.


(၁)သူသေကိုယ်သေ (မြန်မာပြန်)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?eehk5bux345f68v
 

(၂)အင်ဖာတိုက်ပွဲ (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?4y8v8pctbcgfma7
 

(၃)တိုင်တန်းနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?laz45o2adjaz6ak
 

](၄)ပျောက်ဆုံးနေသောကမ္ဘာ(ဌေးမောင်)
http://www.mediafire.com/?fomlkhbfbutj224
or
https://docs.google.com/…/d/0B5MWMa_nIbQOb2NaVkhzeWlJT…/edit
 

(၅)သန်းကောင်ယံ ခုနှစ်မိနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?soehqh7gf7rr3ik
 

(၆)ဘင်လာဒင်ရှာပုံတော် (စိန်ဝင်းစိန်)
http://www.mediafire.com/?r7b5brt2r9blkb8
 

(၇)ဂျူလိယက်ဖူးချစ် - ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဘာသာပြန်-အိုးဝေထွန်းအောင်နှင့်ဦးစံရွှေ)
http://www.mediafire.com/?5pih1dcttkly4vt
 

(၈)နေဝင်ဘုရင်များ (ကျော်အောင်)
http://www.mediafire.com/?j7em79774th5pbp
 

(၉)အို ဂျေရုဆလမ် (ကျော်အောင်)
http://www.mediafire.com/?9w964qgos05veef
 



ငလျင် လှုပ်ရင်......

နည်းစနစ်ကျကျအတွေးအခေါ်'s photo.


အခု အချိန်မှာ...သဘာဝဘေးအန္တရာယ် တွေ ဟာ နေရာတိုင်း မှာ ဖြစ်ပေါ်နေကြတာ ကို စာဖတ် သူတိုင်း သိရှိကြမှာပါ..... တကယ့် ကိုယ်တွေ့ကြုံလာတဲ့ အချိန်....ပျာယာ မခတ် ပဲ လုပ်ဆောင် သင့် သည်များကို အချိန် မှီ လုပ်ဆောင်နိုင် ဖို့အတွက် ဒီဆောင်းပါးလေး ကို ပြန်လည်ဝေမျှ လိုက်ပါတယ်........

၁။ ငလျင်လှုပ် လို့ အဆောက် အအုံ တစ်ခုပြိုတော့ မလို ဟန်ပြင်နေရင် လူ တော်တော် များများဟာ တစ်ခု ခု အောက်ထဲ ဝင်ပုန်း ဖို့လောက်ပဲ သိကြ လို့ အဆောက်အအုံ ပိသေ ကြရပါတယ်။ စာရေး စားပွဲတွေ၊ ကား တွေ အစ ရှိတဲ့ အရာတွေအောက်ဝင် ပုန်းသူတွေ ဟာ အဖြစ် ဆိုးနဲ့ ကြုံတွေ့ ကြရပါတယ်။

၂။ ခွေးတွေကြောင်တွေ နဲ့ ကလေးငယ် တွေဟာ သန္ဓေ သားလောင်း ပုံစံ အတိုင်း ခွေအိပ်လေ့ ရှိတာ ကို မြင် ဖူး ကြမှာပါ။ ငလျင်လှုပ်ပြီ ဆိုရင်လည်း အဲဒီလို အနေအထား နဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့် ပါတယ်။ ဒါဟာ သဘာဝ ကပေးတဲ့ ဘေးကင်း လုံခြု ရေး အသိပညာပါပဲ။

 ခွေခေါက်နေခြင်း အားဖြင့် နေရာ လွတ်သေးသေးလေး ထဲ မှာ အသက်လျှက် ကျန်ရှိ ဖို့ အခွင့် သာသွားစေ ပါတယ်။ အလွယ် တကူ ပြားချပ် မသွားနိုင်တဲ့ ဆိုဖာ ထိုင်ခုံ၊ ခုတင် အစရှိတဲ့ ထုထည်ကြီးကြီး အရာ တွေဘေး မှာ ခွေခေါက်နေလို့ ရမယ့် နေရာလွတ်မျိုး ရှိတတ်ပါတယ်။

ကျောက်ကပ် မကောင်း သူများ ကော်ဖီ မသောက်သင့်



 


ဆက်စပ်ရောဂါ ရှိသူများ၊ ရှိရန် အလား အလာ များသူများ အနေနဲ့ ကော်ဖီ မသောက် သုံးသင့် ဘူး လို့ ဆေး ပညာရှင် နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန် များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီ ဆိုတာ ထက် က ဖင်း ဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလက် နဲ့ လက်ဘက်ရည် တို့လည်း ပါဝင်ပါတယ်။

ကော်ဖီ ဟာ ကျန်းမာရေး အတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများ အတွက် က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့် ဆက်စပ်ရော ဂါ၊ နောက်ထပ် တစ်ခု ကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ 

ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဆီး မကြာ ခဏ သွားခြင်း (Urinate more often)
ကော်ဖီ မှာ ပါတဲ့ ကဖင်း ဓာတ်ဟာ ကျောက်ကပ် ရဲ့  လုပ်ဆောင်ချက် ကို တွန်း အားပေးပြီး တစ်ကိုယ် လုံးမှ ရှိတဲ့ ရေဓာတ် ကို အလျင် အမြန် စုပ်ယူ ပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။

 ရေဓာတ် ဆုံးရှုံးခြင်း (Dehydration)
ကဖင်း က ရေဓာတ် စုပ်ယူတဲ့ အတွက် ရေအမြဲ ဆာတတ် ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေ လည်း ပုံမှန်သောက်ဖို့ လိုအပ် ပါတယ်။ အကယ်၍ ရေသောက် နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင် ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။

Wednesday, May 13, 2015

လျှော့ မတွက် ပါနဲ့

 Golden Triangle's photo.


 သင့်မေမေ ဟာ သင့်ကို သူ့ဗိုက် ထဲမှာ ကိုးလ လွယ်ခဲ့တယ်။
သူမ ဟာ လေးလကြာအောင် ပျို့အန် ခဲ့ရတယ်။
သူမ ခြေထောက်တွေ ဖောရောင် ခဲ့တယ်။
သူမ အရေပြားတွေ ဆွဲဆန့် ခံခဲ့ရတယ်.။
သူမ လှေကားတွေ ကို အားစိုက်ပြီး တက်ခဲ့ ရတယ်။
သူမ နည်းနည်း လှုပ်တိုင်း အသက်ရှူ   မ၀ ဖြစ်ခဲ့ရတယ်။
သူမ အိပ်မပျော် တဲ့ ညပေါင်း များစွာကို ဖြတ်ကျော် ခဲ့ရတယ်။
သူမ သင့် ကို လူ့လောကထဲရောက်အောင် ပြင်းထန် တဲ့ ဝေဒနာတွေ နဲ့ ရုန်းကန်ခဲ့ရတယ်။

အဲဒီနောက် မှာ သူမဟာ သင့်ရဲ့..
* သူနာပြုဆရာမ
* စားဖိုမှူး


Tuesday, May 12, 2015

ဘိုဘိုဟန် ၇ဲ့ { ဆ၇ာမ } Vocal Music

ဘိုဘိုဟန် ၇ဲ့ ဆ၇ာမ သီချင်းလေးကို Vocal Music အဖြစ် တီးခတ် ခံစားကြည့်ခြင်းပါ... Lead Guitar { ကိုကျော်ကြီး } Bass & Rhythm Guitar { ၀င်းမြင့်ဦး}


Monday, May 11, 2015

လယ်သမားလို ကျင့်ကြံမလား၊ ကွန်ချက် သိတဲ့ ငါးဖမ်း သူလို ကျင့်ကြံမလား

JOB seekers Journal's photo.
 

ဆရာသုတ
JOB seekers Journal Vol.3, No.4

တစ်ခါက ပြောင်းဖူးစိုက် တဲ့ လယ်သမားကြီး တစ်ယောက်ဟာ နှစ်စဉ် ပြုလုပ်တဲ့ အကောင်းဆုံး ပြောင်း ဖူးပြိုင်ပွဲတွေမှာ အကြိမ်ကြိမ်ဆုရပါသတဲ့။ အဲဒါနဲ့ သတင်းထောက် တစ်ယောက်က လယ်သမားကြီးရဲ့ ပြောင်းစိုက် ပုံစိုက်နည်းတွေ ကို သတင်းဆောင်းပါးရေးဖို့ သွားပြီး လေ့လာတယ်။

အဲဒီမှာ လယ်သမားကြီးက သူ့ရဲ့ ဆုရ အကောင်းဆုံး ပြောင်းမျိုးတွေကို သူ့ရဲ့ လယ်နီးချင်း အခြား ပြောင်း ဖူး စိုက်တဲ့ လယ်သမားတွေကို ဝေမျှ ပေးနေတာတွေ့ရလို့ သတင်းထောက်က အံ့အားသင့်သွား တယ်။

“လယ်သမားကြီး ခင်ဗျား၊ အခုလို ဆုရ အကောင်းဆုံးပြောင်း မျိုးတွေကို အခြားသူတွေဆီ ပေးပစ်လိုက် ရင် နောက်နှစ် ပြိုင်တဲ့ အခါ သူတို့ရဲ့ ပြောင်းဖူးတွေ ကောင်းလာ မှာ မဟုတ်ဘူးလား၊ လာမယ့်နှစ် ပြိုင်ပွဲမှာ သူတို့စိုက်တဲ့ ပြောင်းဖူးတွေက ဆုရမသွားနိုင်ဘူးလား” လို့ မေးပါတယ်။

လယ် သမား ကြီးက ““သူတို့ စိုက်တဲ့ ပြောင်းတွေ ကောင်းသွား မှာ အမှန်ပါပဲ။ တကယ် လို့ သူတို့ စိုက်တဲ့ ပြောင်းတွေ က မျိုးကောင်းမျိုးသန့် မဟုတ်ဘူး ဆိုရင် ကျွန်တော် စိုက်တဲ့ ပြောင်းခင်း ထဲကို အဲဒီမကောင်း တဲ့ ပြောင်းတွေက ၀တ်မှုန်တွေ ကူးပြီး ကျွန်တော့်ပြောင်းတွေ လည်း မျိုးကောင်း မျိုးသန့် မဖြစ်နိုင်တော့ ဘူး။

Saturday, May 9, 2015

ဆီ ၊ရေ ၊လေ၊ ၀ိုင် ဆိုတဲ့ ဆိုရိုး စကား အတိုင်း

Motors.com.mm's photo.



 ဖော်ပြပါ ပုံ အတိုင်း မီးလင်းနေတာ က ရေနဲ့ ပတ်သတ်တဲ့ ပြဿ         နာကို အချက်ပေးနေတာဖြစ်ပါတယ်၊ ကား ရေတိုင်ကီကို ဖြည့်ပေးတဲ့  ပလတ်စတစ်ဘူး ထဲမှာ ရေကုန်သွားပြီး ရေထပ်မဖြည့်ပေးနိုင်တာကနေ
ရေနည်း သွားတတ် ပါတယ်၊


အထူး သတိထားရမှာ ကတော့ အင်ဂျင် ပူနေတုန်း ရေတိုင်ကီ အဖုံးကို လုံးဝ မဖွင့်ရပါ၊ ပန့်က ပေးထားတဲ့ ဖိအား မဆုံးရှုံးရအောင် ရေတိုင်ကီ အဖုံးကို အလုံပိတ် ထားပေးခြင်းဖြစ်ပါတယ်၊ 

ထိုအချိန်တွင် ဖွင့်လိုက်မိ ပါက ဖိအားက တွန်းကန် တာရယ်၊ ရေငွေ့တွေ တိုးထွက် လာတာ ရယ်ကြောင့် ရေ ပူတွေက ပန်းထွက် လာပြီးအပူလောင် တက်သောကြောင့်ဖြစ်ပါတယ်၊

ကိုယ်ပိုင် လုပ်ငန်းလေး တစ်ခု လုပ်မယ် ဆိုတဲ့ အခါ

 Inspire Myanmar's photo.



 ကိုယ်ပိုင် လုပ်ငန်းလေး တစ်ခု လုပ်မယ် ဆိုတော့ အရင်ဆုံး စဉ်းစားရမှာ က ကိုယ့်မှာ ဘာတွေ ရှိသလဲ ဆိုတာပါပဲ။
 

၁။ နေရာ ရှိသလား။
 

၂။ အတတ် ပညာရှိသလား။
 

၃။ လူ ရှိသလား။
 

၎။ ငွေ ရှိသလား။
 

 ကျောင်းမှာ သင်ရ တာတော့ Land, Labor, Capital ပေါ့။
 

ကျွန်တော့် မှာ ရုံးခန်း ဖွင့်လောက်တဲ့ နေရာ မရှိဘူး။ လက်ရှိနေတာ ကလည်း ရန်ကင်း တိုက်ခန်းဖြစ်နေ တယ်။ လေးလွှာ ဆိုတော့ ရုံးခန်း ဖွင့်ဖို့ မဖြစ်နိုင်။ မိသားစု နဲ့နေတာ ဆိုတော့ ပိုဆိုးတယ်။ ဒီတော့ နေရာက မဖြစ်နေ ရှာကိုရှာရမယ်။ မဝယ်နိုင်မှာသေချာတော့ ငှားဖို့ရှာရမှာပေါ့။

အတတ်ပညာ အနေ နဲ့ ..... ဘာတွေ တတ်သလဲ ဆိုရင် အသုံးတည့် တာ တိတိ ပပ ဘာမှ မတတ်ဘူး လို့ပဲ ပြော ရမယ်။ ပုံပြင် တစ်ပုဒ် ဖတ်ဖူးတယ်။ 


မိုးခေါင်ရေရှား နယ်တစ်ခု က စာတော် တဲ့ လူငယ် တစ်ယောက် ကို ရွာက လူတွေ ငွေစုပြီး မြို့ကို ပညာသင် လွှတ်တယ်။ ပညာတွေ တတ်ပြီး ရွာပြန် လာတော့ အားလုံး က အားကိုးကြတာပေါ့။ ဘာတွေသင် လာ သ လဲပေါ့။ 

လူငယ်လေး က သင်္ဘောဆောက် တဲ့ ပညာ သင်လာခဲ့တယ်။ သိပ်ကျွမ်း ဆိုပဲ။ ခက်တာ က သူတို့ဆီ မှာ ချောင်းတောင် မရှိဘူး။ အဲဒါ နဲ့ပဲ အဲဒီ ပညာ တတ်ကြီး ကို တစ်ရွာလုံး က ထမင်းတင်ကျွေးထားရသတဲ့။ 

ငါတို့ရွာက ပညာတတ်ကြီးကွ ဆိုပြီးတော့လည်း ဂုဏ်ယူ ရတာပေါ့လေ။ ကျွန်တော် လည်း အဲလိုပဲ။ ဘာတွေ တတ်သလဲ ဆိုရင် မစားရ ဝခမန်း ပြောစရာတွေ အများကြီး။ လေကြောင်းလိုင်း အကြောင်း နည်းနည်း သိ တယ်။ ဘဏ် အကြောင်း နည်းနည်း သိတယ်။ ကော်ပိုရေးရှင်းကြီးတွေ ဘယ်လို အလုပ် လုပ်ရတယ် နည်း နည်းသိတယ်။ အသံလွှင့် လုပ်ငန်း အကြောင်း နည်းနည်းသိတယ်။ ဖောင်ဒေးရှင်း တစ်ခုဘယ်လို အလုပ် လုပ်ရတယ် နည်းနည်းသိတယ်။ 

Thursday, May 7, 2015

လူတွေ ဘာကြောင့် အ၇ှုံး ပေးကုန်ကြသလဲ

U Thein Aye's photo.
 
 
 
လောကဓံတရား ရှစ်ပါး ကနေ ဘုရားသော် မှ မလွတ်ကင်း ခဲ့ပါဘူး။ မရှုံးဖူး တဲ့သူ မရှိသလို မနိုင်ဖူးတဲ့သူ လို့ လည်း မရှိပါဘူး။ လောကဓံ တရားက အားလုံး ညီတူ မျှတူ ပြဌာန်းထားတာပါပဲ။
 

သံသရာ လည်နေသမျှ  အပြုံးနဲ့ ရင်ဆိုင်ဖို့ပါပဲ။
Defeat into victory ဖြစ်အောင်ပဲ ကြိုးစားဖို့ပါ ။
 

မလိုချင်မှ ရတယ် ဆိုတဲ့ သဘောတရား ကို သေချာနား လည် ထားဖို့ပဲ လိုတာပါ။
နိုင်တုန်းမှာ ပြုံး ခဲ့ရင် ရှုံးတော့ လည်း ပြုံးဖို့ ကြိုးစားထားပါ။
 

Wednesday, May 6, 2015

ရှောင်ရှား သင့်သော အမှုအကျင့် များ




YoYarLay's photo.

၁။ သူတစ်ပါး ကို မသိစိတ် မှ မနာလို ဝန်တိုခြင်း။
 

၂။ ရှေ့တွင် မြှောက်ပြီး ကွယ်ရာ တွင် မကောင်းပြောခြင်း။
 

၃။ တစ်ခုခု ဆိုရင် မိမိ  အတွက်သာ ကြည့်ပြီး သူတစ်ပါး ခံစားချက် ကို လစ်လျူရှုခြင်း။
 

၎။ မိမိထက် သာမည် ကို စိုးရိမ်နေခြင်း။
 

၅။ မိမိ အား ဝေဖန်ရင် မကြိုက် ၍ တစ်ပါး သူအား အမျိုးမျိုး ဝေဖန်ပြောဆိုခြင်း။

အမှုမဲ့ အမှတ်မဲ့ နေတတ်လွန်းသော ဗမာ များသို့




A user's photo. 


ကျွန်ုပ်တို့ ဗမာလူမျိုးတွေ ဟာ အင်မတန်မှ အမှုမဲ့ အမှတ်မဲ့ နေတတ်လွန်းကြပါတယ်။ ကျန်တဲ့ တိုင်းရင်း သားတွေ နဲ့ ယှဉ်ရင် ကိုယ့် လူမျိုးစု၊ ကိုယ့်လူမျိုးတူ အပေါ်မှာ ထားရှိတဲ့ မျိုးချစ် စိတ်ဓါတ်ဟာ အနိမ့်ဆုံး အဆင့် မှာ ရှိပါတယ်။ 

ကိုယ်နဲ့ မဆိုင်သေးသရွေ့ ကိုယ့်ကို လာမထိပါးလာ သရွေ့ ဖင်မကြွချင်ကြသေး ပါဘူး။ လာစော်ကားနေ တာတောင် "အကောင့်တုနေမှာပါ၊ သွေးခွဲတာနေမှာပါ၊ မဖြစ်နိုင်ပါဘူး" နဲ့ ကိုယ့်ကို မထိမချင်း သတိမမူ တတ်ကြပါဘူး။ ဒါ့ကြောင့် ကျောချမှ ဓါးပြမှန်းသိကြတဲ့ လူမျိုးတွေလို့ ပြောလို့ရပါတယ်။

အိပ်ယာဝင် ပုံပြင်များ၊ ရှေးရိုးစွဲ စကားများ အပေါ် အင်မတန်နှစ်သက် ခုံမင်သူများလဲ ဖြစ်ကြပါတယ်။ ဗမာ ဘုရင်တွေ၊ ထီးရှင်နန်းရှင်တွေ ဘုန်းတန်ခိုး အင်မတန်ကြီးမားခဲ့ သလောက်၊ တိုင်းပြည် အင်ပါယာကြီးတွေ ထူထောင်နိုင်ခဲ့ သလောက် နောက်ပိုင်း မျိုးဆက်တွေမှာ ကိုယ့်ဗမာ ဘုရင်တွေကို ဂုဏ်ယူ ရကောင်းမှန်း မသိကြတော့ပါဘူး။ ကိုယ့်ကို ဘာလူမျိုးလဲ လို့မေးရင် ဗမာ လိုလို မြန်မာ လိုလိုနဲ့ ရောချပြီး ကိုယ့်ရဲ့ ခမ်းနား တဲ့ ဗမာ သမိုင်းကြောင်းကို မသိတော့ပါဘူး။

ဒါပေမယ့် အကြောင်းကြောင်းကြောင့် အင်အားကြီး လူမျိုး၊ မဟာ လူမျိုး အနေနဲ့ ရပ်တည် လာခဲ့တာ ယနေ့ အချိန်ထိ လို့ ပြောလို့ရပါတယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံတော် အချုပ်အခြာအာဏာ က ကိုယ့်လက်ထဲမှာ ရှိနေသေးလို့ပါပဲ။ သို့ပေသော်လည်း အသုံး မကျ၊ ညံ့ဖျင်း လွန်းတဲ့၊ မိုက်မဲ လွန်းတဲ့ စစ်အာဏာရှင် ဦးသန်းရွှေ မှသည် ဦးသိန်းစိန် လက်ထက် ၂၇နှစ်တာ ကာလအတွင်းမှာ လူမျိုးခြား၊ ဘာသာခြား နိုင်ငံခြားသား (တရုတ်၊ ဘင်္ဂါလီ) ဦးရေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာခဲ့ပါတယ်။

(စစ်အာဏာရှင် လို့ ပြောကြတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် မှာ တိုးလာဖို့နေနေ သာသာ အမိုက် ခံပြီး သူတို့နိုင်ငံပြန်ပို့ လို့ တရုတ် ကုလား မှန်သမျှ "နေဝင်း" လို့ ဆိုလိုက်တာနဲ့ ဘာပြောသလဲ သင်ကိုယ် တိုင်မေးကြည့်လိုက်ပါ)



Monday, May 4, 2015

၇န်ကုန် ပက်ပုန်းလမ်း

Image and video hosting by TinyPic


ဇိမ်ခန်း များ တစ်စု တစ်ဝေး တည်ရှိရာ ကမ္ဘာ သိ လိင်ဈေးတန်းကြီး အဖြစ် နာမည်ကြီးသည့် ပက်ပုန်းလမ်း သည် ဘန်ကောက်မြို့ ၏ နာမည်ကျော် လမ်း တစ်လမ်း ဖြစ်သည်။ ထိုနည်း တူ မြန်မာပြည်တွင် လည်း ရန်ကုန် ပက်ပုန်းလမ်း ဟူ၍ ရှိသည်။

ညဥ့် နတ်မိမယ်လေး များ ပျော်စံရာ ဇိမ်ခန်းပေါင်း များစွာ တစ်စု တစ်ဝေးတည်း တည်ရှိသော ရန်ကုန် ပက်ပုန်းလမ်း တွင် ပြည်တွင်းဖောက်သည်များ သာမက နိုင်ငံခြားသား ဖောက်သည် များပါ ဝင်ထွက် သွား လာ စည်ကားနေပြီ ဖြစ်သည်။

စမ်းချောင်းမြို့နယ် ဗဟိုလမ်း မပေါ်ရှိ တစ်ခုသော လမ်းသွယ် အတွင်းသို့ ကွေ့ဝင် လိုက်ပါက ရန်ကုန် ပက်ပုန်းလမ်း သို့ ရောက်ရှိမည်ဖြစ်သည်။

 
မီးမှိန်မှိန် ကွမ်းယာဆိုင်လေးများနှင့် မီးထိန်ထိန် ဘီယာဆိုင်များ ၏ အနောက် ဘက်ရှိ အဆောက် အအုံ များ ၏ အပေါ်ထပ် ရှိ စေ့ထားသော တံခါးများ ၏ နောက်ကွယ် တွင် အနီရောင်ဖျော့ဖျော့ မီးရောင် ထွန်းထား သည့် အခန်းကျယ် များ ကိုယ်စီရှိနေသည်။

အချို့ တံခါး တစ်ချပ်သာ ဟထားသော အခန်းများရှေ့တွင် ဧည့်ကြို ဟုခေါ်သော အမျိုးသားငယ် သုံးလေးယောက်က စောင့်ကြပ် ၍ လမ်းသွားလမ်းလာ များကို အချက်ပြကာ အကြိုထောက်နေကြသည်။

တာယာ များကို နေရာပြောင်းလဲ တပ်ဆင် အသုံးပြု ခြင်း

 Motors.com.mm's photo.

မော်တော်ယာဉ် တစ်စီး တွင် တာယာ တစ်လုံးကို တစ်နေရာတည်း ပွန်းစားမှု မဖြစ်စေရန် အတွက် ယင်း တာယာ များကို နေရာပြောင်းလဲ တပ်ဆင် အသုံးပြုသင့်ပါသည်၊

- တာယာ များကို ပြောင်းလဲ အသုံးပြုရာတွင် ပွန်းစားမှုများ၊ အက်ကြောင်း များကို  သေချာစွာ စစ်ဆေး ရပါမည်။

- ရှေ့နောက် တာယာ များကို ပြန်လည် တပ်ဆင် အသုံးပြုရာတွင် သတ်မှတ်လေပေါင်ချိန် အတိုင်းသာ ထည့်သွင်း အသုံးပြုရပါမည်။

လက်တွဲဖော် ဆိုသည်မှာ { အိမ်ထောင်ရေးတွင် ရှောင်ရှားနိုင်ရန် }


စပ်မိစပ်ရာဘာညာလာညာ's photo.




၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက် ကို အပြစ်တင်ခြင်း  
လင်နဲ့မယား လျှာနဲ့သွား ပါ။ အိမ်ထောင် သက် ရလာတာနဲ့ အမျှ အထစ် အငှော့လေးတော့ ရှိတတ်ကြ ပါ တယ်။ လူရှေ့သူရှေ့ မရှောင် တဘက်သား ကို အပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။ 

အဲဒီလို ရန်ဖြစ်တာ ပြဿ       နာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင် မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက် သလို ဖြစ်သွား တတ်ပါတယ်။ နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက် သွား တတ်ပြီး ပွဲသိမ်း ဖို့ ခက်ခဲသွားပါတယ်။ 

ဒါကြောင့်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။ လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။

၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း
မိဘ ဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလို ခိုလုံရာ လည်းဖြစ်ပါတယ်။ လင်မယားနှစ်ယောက် ပြဿ        နာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။ လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။ မိဘ ရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့ အတွင်းစိတ်ကို ထိခိုက်သွားနိုင်သလို သူတို့ရဲ့ အနာဂတ် အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါ ထိခိုက်နိုင်ပါတယ်။ 

တကယ်လို့ သားသမီးများဟာ အိမ်မှာ သာယာတဲ့ အရသာ ကို မခံစားရဘူးဆိုရင် နောင် မျိုးဆက် တစ်ခုလုံး ကို ထိခိုက်သွားစေနိုင်ပါတယ်။

Sunday, May 3, 2015

ဦးနှောက်သွေးကြောပြတ်ခြင်း ( ဖတ်ဖြစ်အောင်ဖတ်၊ Shareဖြစ်အောင်Shareပါ )

Sanda Zaw Teet's photo.

မိတ်ဆွေတို့...
မိမိ မဖြစ်လောက်သေးပေမယ့် အသက်ကြီး သူတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေ ဆုံးကြရ ပါသလဲ.ဆိုတာလေး သိရအောင်  ထပ်ဆင့်မျှဝေ တင်ပြလိုက်ပါတယ်...


၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက် က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေး တစ်ယောက် သူအရမ်း ချ စ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြော ပြတ်သွား တာကိုကြုံခဲ့ရတယ်..

ဘာမှ မသိသေးတဲ့ ကလေးလေး ဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေး လဲကျသေဆုံး သွားပုံ ကို မျက်စိ ထဲက မထွက်ခဲ့ဘူး..

ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ ခဲ့ပြီးတဲ့နောက်မှာ “ သောမတ်စ် ဗီးလ် ” ဟာ ဆရာဝန်ဖြစ်လာ ခဲ့တယ်..
သူ ငယ်ငယ် ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံး သွားတဲ့ အဖိုးအဖြစ် ကို  ဘာကြောင့် ဦးနှောက်သွေးကြောပြတ် ရတာလဲ လို့ သူ့လေ့လာခဲ့တယ်..... မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ....
.
ဘာကြောင့်လို့ ထင်ပါသလဲ သူငယ်ချင်း........

တစ်ခါ တစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေ ဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်.....

 မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီး ခဲ့ရတဲ့ လူတွေ အများကြီးပါ..သူတို့ ဟာ အဓိက အားဖြင့် ဘယ်လို အခြေအနေမျိုးမှာ ဖြစ်တတ် ပါသလဲ...

အမျိုးသားများ အတွက် အိမ်တွင်း လုပ် သဘာဝ အားဆေး


သတင်းဘုရင်'s photo.




အမျိုးသား ခွန်အား အတွက် အားတိုးဆေး အမျိုးမျိုး ကို ၀ယ်သောက် ရတာ ငွေကုန်နေလို့ စိတ်ညစ်နေ သလား ။ ဘာမှ မပူနဲ့ ကိုယ်တိုင်လုပ် အိမ်တွင်း ကုထုံးနည်းတွေ အများကြီးရှိတယ်။ တစ်ခါတည်း အများ ကြီးပြောပြလိုက်ရင် ရောသွားပြီး မမှတ်မိမှာစိုးလို့ တစ်မျိုးစီကိုပဲ ပြောပေးမယ်။

(၁) ငှက်ပျောသီး တစ်လုံး (ဖီးကြမ်းပိုကောင်း)
(၂) ကြက်ဥ တစ်လုံး (သဘာဝကြက်ဥပိုကောင်း)
(၃) ပျားရည် (မွေးပျား မဟုတ်၊ သဘာဝပျား)
(၄) သကြား (ဆေးမဆိုးထားသော သကြားညို)


 ဖျော်နည်း
ဖီးကြမ်း တစ်ဖီး ရဲ့ ဘေးအစွန်ဆုံး အလုံး (၃ ထောင့်သီး)ကို ရွေးယူပါ။ တစ်ဖီးလုံး မှာ အဲဒီ အလုံးက အကောင်း ဆုံးပဲ။

ငှက်ပျောသီး ကို အခွံခွါပြီး မတ်ခွက်၊ ဖန်ခွက် ထဲထည့်၊ ကြက်ဥဖောက်ထည့်၊ ပျားရည်ကို ထမင်းစားဇွန်း တစ်ဇွန်းထည့်၊ သကြား ကို တစ်ဇွန်းထည့်၊ သမနေအောင် ရောမွှေလိုက်ပြီး စားပါ။