Maori မျိုးနွယ်ဝင် နယူးဇီလန် အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာတွင် ဆေးမင်ကြောင် ရုပ်ထိုးထား သောကြောင့် အများပြည်သူရေချိုးရာနေရာသို့ ဂျပန် မှ ဝင်ခွင့် မပေးကြောင်း သိရသည်။
သူမ သည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေချိုးရာနေရာ သို့ တက် တူး ထိုးထား သောကြောင့် ဝင်ခွင့် မရကြောင်း AFP သို့ ပြောသည်။ သူမ သည် တိုင်းရင်းသား ပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေ သူဖြစ်ပြီး ထိုသို့ငြင်းပယ် ခံရခြင်းမှာ ယာကူဇာ ကဲ့သို့ မြေအောက်ဂိုဏ်း သားများ ဝင်ရောက်ခြင်း ကို ဟန့် တားသည့် စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။
မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့် လူမျိုး မည် သည့်ဒေသမှ လာ သူဖြစ်ကြောင်း လူအများ သိစေရန်ဖြစ်ကြောင်း၊ သူမ၏ မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမ မည်သူ မည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။
ရိုးရာ မင်ကြောင် ထိုးခြင်းသည် လူမှုရေး ဆန့်ကျင်သည့် သဘောမျိုး မဟုတ်ကြောင်း၊ သူမ ၏ ယဉ်ကျေးမှု ဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။
အသက် ၆ဝ ရှိ သူမ ၏နှုတ်ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုး အချို့သာ တက်တူး ထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကို အံ့ဩနေကြသည်။
Credit : YMG
http://www.lwinpyin.com/20…/…/erana-te-haeata-brewerton.html
http://goldenfuture999.blogspot.my/
http://www.lwinpyin.com/20…/…/erana-te-haeata-brewerton.html
http://goldenfuture999.blogspot.my/
လ ၇ိပ် ချို
No comments:
Post a Comment