Thursday, August 31, 2017

1942 မေလ 13 ရက် ရခိုင်များ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့နေ့


နိုင်ငံတစ်ကာ သမိုင်းပညာရှင်များ မသိချင်ယောင်ဆောင်ထားတဲ့ တစ်ကယ့်ဖြစ်ရပ်မှန်။ ။

၁၉၄၂ ခုနှစ် ရခိုင် သမိုင်းမှာ ဒီလို ပုံရိပ်တွေ ရှိခဲ့တယ် ။
(1942 ) ခုနှစ် ကုလားရခိုင် အထိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်။

အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပု ကုလားစစ်သားများက ရခိုင် အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ဘင်္ဂလီကုလား အရပ်သားများနှင့် ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး   စတင်ဖြစ်ပွါးလာ ရခြင်းဖြစ်လေသည်။

ယင်းပြဿနာသည် မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ် များသို့ ကူးစက်သွားသည်။ ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာသီဟ ၊ ဦးသာကျော် (ဘုံပေါက်) တို့က ဖြန်ဖြေပေးသဖြင့် အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။

သို့သော် အထက်ပါမြို့နယ်များမှ ဘူးသီးတောင် ၊မောင်တောမြို့နယ်များသို့ ထွက်ပြေးသွားကြသော ဘင်္ဂလီကုလားများနှင့် ဘူးသီးတောင် မောင်တောမြို့နယ်များမှ ပညာတတ် ကုလားခေါင်းဆောင် အချို့ ဦးဆောင်ကာ နယ်ခံ ကုလားများနှင့် ပူးပေါင်း၍ ယင်းဒေသရှိ ရခိုင် ၊ ရခိုင် မျိုးနွယ်စု တိုင်းရင်းသားများနှင့် ကျေးရွာများကို အမြစ်မကျန် ချေမှုန်း သုတ်သင် သတ်ဖြတ်ကြရန် နှိုးဆော် စည်းရုံးကြလေသည်။

ယင်းအချိန်တွင် မေဂျာ ဦးကျော်ခိုင် (အိုင်စီအက်) သည် ၄င်းကိစ္စကို ထိမ်းသိမ်းရန် စစ်တွေမြို့  မှ ကုလားခေါင်းဆောင်များဖြစ်သော ဦးယာဆိန်း (ရှေ့နေ) ဦးဆူတန်မာမတ် ၊ဦးဘိုးခိုင် စသော သူများ နှင့် ကြိုးပမ်းသော် လည်း မအောင်မြင်သည့် အပြင် (မေဂျာ ဦးကျော်ခိုင် ) ကိုယ်တိုင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ တွင် ကုလား များ၏ ပစ်ခတ် လိုက်သော သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားရလေသည်။

(၁၉၄၂) ခုနှစ် မေလ တွင် မောင်တောမြို့နယ်ရှိ ကုလားကျေးရွာ အားလုံးသည် လူစုရုံးပြီး လက်နက်ကိုင်များကိုင်ဆောင် လျက် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက် ဆီး မီးရှို့ခြင်းများ စတင်ပြုလုပ်လာကြသည်။ ရခိုင်ကျေးရွာ များကို ၀ိုင်းထားခြင်း ၊ လမ်းတံတားများအား ဖြတ်တောက် ဖျက်ဆီးထားခြင်းတို့ ပြုလုပ်ကြ သည်။

မောင်တောမြို့ကို ဒုတ် ဒါး လက်နက် ကိုယ်စီဖြင့် ၀ိုင်းရံထားသည့် ဘင်္ဂလီ အင်အားမှာ(၂၀၀၀၀)နှစ်သောင်း ကျော် လောက်ရှိမည်ဟု ခန်းမှန်းကြသည်။ မောင်တောမြို့ ၀င်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားကြ သည်။

မောင်တောမြို့နယ် ပတ်ဝန်းကျင် ကျေးရွာများကိုလည်း ကုလား များ ၀ိုင်းဝန်း ထိုးခုတ်နေကြသည်ဟု သတင်းများကြားကြရသည်။ ဒါး ဒါဏ်ရာနှင့် မောင်တော မြို့ပေါ်သို့ တက်လာ သော သူများမှာလည်း မနည်းလှပါ။
မောင်တောမြို့အလယ်ရွာက ဟု ထင်ပါသည်။ အိမ်ထောင်စု တစ်စု မနက် (၄နာရီ) လောက်တွင် ဘူးသီးတောင်သို့ ဖေါက်ထွက်ပြေးကြရာ ကညင်တန်းရွာမှ ကုလားများ ခုတ်လွှတ်လိုက်သောကြောင့် ပါသွားသော 
ပစ္စည်း များအားလုံးလည်း လုယူ ခံရပြီး သွေးသံရဲရဲ ဖြင့် မြို့ထဲသို့ ပြန်ဝင်ပြေးလာသည်ကို တွေ့ရှိခဲ့ရသည်။

ယင်းနေ့ မိုးလင်းသည့် အချိန်မှ စ၍ ရရာ ပစ္စည်းများကို ထုတ်ပိုးပြီး ထွက်လာခဲ့ကြ ရာ လမ်းများပေါ်တွင် မိမိကဲ့သို့ အထုတ် အပိုးများဖြင့် ဟိုဟို ဒီဒီ ပြေးလွှားနေကြသော ထိတ်လန့် ကြောက်လန့်နေကြသည့် ရခိုင်များ အုပ်စုလိုက် အုပ်စုလိုက် တွေ့ရပါသည်။






မောင်တော ဘင်္ဂါလီ အကြမ်းဖက် အဓိကရုဏ်းမှာ တာဝန်အရှိဆုံး ဘယ်သူလဲ



မြန်မာ့နိုင်ငံရေးက ရီရမလို ငိုရမလို၊
မူလတန်းကလေးတွေ ပါရဂူဘွဲ့ စာတမ်းတင်သလို ဖြစ်နေတယ်။

မောင်တောတိုက်ခိုက်ခံရမှုဟာ အစိုးရမှာ တာဝန်ရှိတယ် ။ တပ်မတော်မှာ တာဝန်ရှိတယ် ။အငြင်း အခုံဖြစ်နေကြတာ သာမန်လူထု မဟုတ်ဘဲ ဥပဒေပြုနေကြတဲ့ တစ်ချို့သော လွှတ်တော် အမတမင်းတွေ ကိုယ်တိုင်က တပ်မတော်မှာသာ တာဝန်ရှိတယ်ဆိုတဲ့ အယူအဆ တွေပြောကြားလာကြတာကို အံ့သြ စရာကောင်းအောင်တွေ့မြင်ကြားနေ ရပါတယ်။

တစ်ယောက်က တပ်မတော်ဟာ ကာကွယ်ရေး ဘက်ဂျက်တွေ အများကြီးသုံးပြီး ဘင်္ဂလီတွေကို ထိထိရောက်ရောက် မနှိမ်နှင်းနိုင်ဘူးပြောတယ်။ တစ်ယောက်က တပ်မတော်က အခြေခံဥပဒေအရကာကွယ်နိုင်မယ်ယုံကြည်လို့ ရခိုင်အရေးအဆိုကို မှတ်တမ်းတင်ရုံသာ တင်သင့်ကြောင်းထောက်ခံတာပါလို့ ပြောတယ်။


တစ်ယောက်က KIA,TNLA ကိုကျ မီးကုန်ယမ်းကုန် တိုက်ပြီး လွှတ်တော်က စစ်ပွဲတွေ ရပ်ခိုင်းတာတောင် မရပ်ဘဲ ကုလားအရေးကျမှ တပ်မတော်က နိုင်ငံရေး အမြတ်ထုတ်ဖို့ချောင်းနေတယ်ပြောတယ်။

အဲဒါ တိုင်းပြည်အတွက် ဥပဒေတွေ ပြုနေတဲ့ အမတ်တွေထဲကပြောနေကြတာပါ။ သာမန်နိုင်ငံရေး စိတ်မဝင်စား မလေ့လာတဲ့ လူထု မဟုတ်ပါဘူး။

အစိုးရမှာ တာဝန်ရှိတယ် ဆိုမှတော့....................
အစိုးရ ဆိုမှတော့ သမ္မတ ၊ ဝန်ကြီး ဆိုတဲ့ အစိုးရအဖွဲ့အားလုံးပါတာပေါ့။ ကာကွယ်ရေး ပြည်ထဲရေး ဝန်ကြီးတွေလည်းပါပြီပေါ့။ 


အစိုးရ ဆိုသည်မှာ ၂၀၀၈ ခြေဥအရနိုင်ငံတော် သမ္မတဦးဆောင်သော အစိုးရအဖွဲ့ကို ဆိုလိုခြင်းဖြစ်ပြီးမြေပြင်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သော အစိုးရအဖွဲ့ကို ဆိုလို ကြောင်း အားလုံး သိကြပါတယ်။




ဒီကနေ့ တိုင်းပြည်ကို ဦးဆောင်ပြီး တာဝန်ခံ လုပ်နေတာ NLD အစိုးရပဲ ။ ခြေဥ အရ သမ္မတက တာဝန်ခံရမှာဖြစ်ပေမယ့် လက်တွေ့ ဦးဆောင်တာဝန်ခံ လုပ်နေတာ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ တစ်ကမ္ဘာလုံးကသိတယ်။

ဦးနေဝင်း၊ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် တို့ ဦးဆောင်တဲ့ ကာလ အတွင်း ကောင်းသည်ဆိုးသည် အားလုံးသူတို့ တာဝန်ပဲ။ အခု၂၀၁၅-၂၀၂၀ ကာလအတွက် ဆိုးသည်ကောင်းသည် တိုင်းပြည်ကို တာဝန်ခံရမှာဒေါ်အောင်ဆန်းစုကြည်ပဲ။


တိုင်းပြည်ကောင်းရင်လည်း အောင်ပွဲခံဖို့ ရင်ကော့ထားလို့ရ သလိုတိုင်းပြည် ဆိုးရင်လည်း တာဝန်ရှိကြောင်း ခံယူဖို့လိုပါတယ်။ ပြည်သူ တင်မြှောက်တဲ့ အစိုးရ ဖြစ်လို့ပြည်သူ့တာဝန်လို့ လွှဲချလို့တော့မရပါဘူး။



အမှန်တရားက ဖိနပ်စီးနေတုန်းမှာပဲ မုသား က ကမ္ဘာ တစ်ပတ် ပတ်ပြီးသွားပြီ




ဆိုရေးရှိ၍ ဆိုပါရစေ။
အောက်မှာ ဖော်ပြထားတဲ့ ကမ္ဘာ့မြေပုံ ကတော့ လက်ရှိ ရခိုင် အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးမှာ ဘယ်လိုတွေ ပြောနေကြတယ်၊ ဘယ်လို သတင်းတွေ ပြန့်နှံ့နေကြတယ် ဆိုတာကို Data Crawling နဲ့ Analysis လုပ်ထားတာ ဖြစ်ပါတယ်။

အနီတွေ က Negative ပြောတာ ဖြစ်ပြီး အပြာတွေ က Positive ပြောတာ ဖြစ်ပါတယ်။ သတင်း အမှန်တွေက အပြာရောင် ဖြစ်ပြီး သတင်း အမှားတွေက အနီရောင် ဖြစ်ပါတယ်။ ကမ္ဘာကြီး တစ်ခုလုံးနဲ့ တစ်နိုင်ငံတည်း၊ တစ်နိုင်ငံတည်းမှာ မှ နေပြည်တော် ကွက်ကွက် ကလေးကနေ ထုတ်ပြန်နေရတာပါ။ တပ်ချုပ်ရုံး နဲ့ Information Committee နှစ်ခု ကနေ ထုတ်ပြန်နေတဲ့ သတင်းတွေဟာ Twitter မှာ သန်းနဲ့ ချီပြီး Tweet နေတာတွေကို မယှဉ်နိုင်ပါဘူး။

သတင်း မမှားရအောင်၊ အပြန်ပြန် အလှန်လှန် စိစစ်၊ တပ် နဲ့ ရဲ Double Check လုပ်ပြီး သေချာပြီ ဆိုမှ  ထုတ်ပြန်ပေးနေရတဲ့ အခြေအနေမှာ နိုင်ငံတစ်ကာမှာ ရှိတဲ့ သန်း နဲ့ချီတဲ့ လူတွေက ဟုတ်တာရော မဟုတ်တာရော ရှိရှိ သမျှ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို အစုလိုက် အပြုံလိုက် တင်ပြီး ထုတ်ပြန်နေကြတာပါ။ သတင်းဌာနတွေကို အဆက်မပြတ် အီးမေးလ်တွေ ပို့တယ်၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ပို့တယ်။

အကြမ်းဖက် သမားတွေ လက်ချက်နဲ့ သေသွားရတဲ့ တိုင်းရင်းသားတွေရဲ့ ဓါတ်ပုံတွေ (ဒီ ဓါတ်ပုံတွေကို ရေစာထိုးပြီး မှ တင်တာ ) ဟာ Tweeter ပေါ်မှာ လုံခြုံရေး တပ်ဖွဲ့တွေ အသတ် ခံရတဲ့ " ရကောက် " တွေပါ ဆိုပြီး ဖြစ်သွားနေပါတယ်။

နိုင်ငံရေး ပါတီတွေက အကြမ်းဖက် ဆန့်ကျင်ရေး တစ်သားတည်း ရပ်တည်ကြတယ်။ ပြည်တွင်းနေ လူငယ်တစ်ချို့ ကလည်း အကြမ်းဖက်မှုကို ရှုတ်ချတဲ့၊ ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြန်လာကြတာ တွေရတယ်။ ဒါကို ကြိုဆိုတယ်။ ဒီထက် ပိုပြီး ပြည်တွင်းနေ အဖွဲ့ကြီးတွေက ကန့်ကွက်ချက်တွေ ထွက်ပေါ်လာဖို့လည်း မျှော်လင့်ပါတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။

ဒီအချိန်မှာ မြန်မာ ဆိုတဲ့ စိတ်နဲ့ ပြည်သူတွေဟာ Report တွေ လုပ်ကြတယ်။ Twitter တွေ ဖွင့်ပြီး သတင်းမှန်တွေ ဖြန့်ကြတယ်။ ပြည်တွင်း မီဒီယာတွေ ကလည်း သတင်းမှန်တွေကို အပင်ပန်း ခံပြီး ထုတ်ပြန်နေကြပါတယ်။ ဘယ်နေရာမှာ ဘယ်သူတွေ ရိက္ခာပြတ်နေပြီ၊ ဘယ်နေရာမှာ ပိတ်မိနေပြီ စတဲ့ သတင်း အချက်အလက်တွေ တိုးတိုး တိတ်တိတ် တစ်မျိုး၊ ကျယ်ကျယ်လောင်လောင် တစ်ဖုံ ပေးပို့ပေးခဲ့ကြပါတယ်။ ဒီလိုမျိုး အားတက်သရော ညီညွတ်နေကြတာ တွေ့ရလို့ စိတ်ထဲမှာ လှုပ်ရှားရလွန်းလို့ ပြောမပြတတ်အောင်ပါပဲ။

ဒါပေမယ့် မီဒီယာပါး ဝနေပြီ ဖြစ်တဲ့၊ မီဒီယာတွေကို စီးနင်းထားနိုင်တဲ့ သူတွေက Information Committee က ထုတ်ပြန်ချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံ နာမည်နဲ့ သတင်းခေါင်းစဉ်တွေ တည်ဆောက်ပြီး ဖိအားပေးကြတယ်။ ဒါတွေကို ဖတ်ပြီး Information Committee က ဒီလို ပုံတွေနဲ့ Tweet တာ၊
ပြည်သူတွေ က မတောက် တစ်ခေါက်နဲ့ Tweet ကြတာတွေကို တွေ့တော့ ရှက်စရာကောင်းတယ် လို့
 ပြောကြတယ်၊ Post တင် Tag လုပ်ပြီး အသိပေးလာကြတယ်။

ကိုယ့်တိုင်းရင်းသားတွေ၊ ဒေသခံတွေ အသတ်ခံရတဲ့ ဓါတ်ပုံတွေ၊ ရုပ်ပျက်ဆင်းပျက် ဓါတ်ပုံတွေ အများကြီး ရှိပါတယ်။ ပြည်မကြီး ဘက်မှာ ပဋိပက္ခ မီး မကူးရလေအောင်၊ ဘာသာရေး-လူမျိုးရေးတွေ ကူးစက်လာမှာကို ချင့်ချိန်ပြီး ဓါတ်ပုံတွေ တင်တာတောင်မှ ရွေးချယ်ပြီး တင်နေပါတယ်။

  



Saturday, August 12, 2017

သမိုင်း စည်းရိုး ကာသင့်နေပြီ



အရေးကြီးသည်။ ဖတ်ပါ။ ဖတ်ပြီး ဖြန့်ဝေပါ။ 
အနောက်တံခါး လုံခြုံရေးကို တပ်မတော်က ကာကွယ်နေလျှင် .....
တို့တစ်တွေက သမိုင်း စည်းရိုး ကာသင့်နေပြီ ။
**********************************

ရို/ဂျာ သတင်းမှာ ဘာတက်လာလဲ ဆိုတော့ ရခိုင်မင်းတွေ လက်ထက်က သွန်းလုပ်ခဲ့တဲ့ ဒင်္ဂါးပြားတွေမှာ ပါနေတဲ့ အာရဗီစာတွေကို လက်ညှိုး ထိုးပြီး ရှေးခေတ်ကတည်းက ရို/ဂျာ ရှိတယ်ဆိုတာကို သမိုင်းလိမ်ထားတယ်။

သူတို့တတွေက သမိုင်းလိမ်တွေကို ကမ္ဘာနဲ့ ချီပြီး ဖြန့်ဝေနေတဲ့ အချိန်မှာ တို့လူမျိုးတွေက စာဖတ်ဖို့ ပျင်းနေ ကြ တယ်။ နိုင်ငံတစ်ခုကို လက်နက်နဲ့ ကျူးကျော်လို့ လက်နက်နဲ့ ပြန်တိုက်လို့ရပေမဲ့ သမိုင်း ကျူးကျော်ပြီး ဝါဒဖြန့်နေတာကိုတော့ လက်နက်နဲ့ တိုက်မရပါဘူး။ ဒါဆို ဘာနဲ့ပြန်တိုက်မလဲ။ သမိုင်းကို သမိုင်းနဲ့ပြန်တိုက်မယ်။ ကုလားတွေရဲ့ သမိုင်းလိမ်တွေကို တို့တစ်တွေဖော်ထုတ်မယ်။ တို့လူမျိုးတွေ သမိုင်း အလိမ် မခံရအောင် စာဖတ်ကြမယ်။
လက်ရှိ ရခိုင်သမိုင်း လိမ်လည်မှုတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေရင် တို့တစ်တွေရဲ့ အမှန်တရားဟာ လုံးဝပျောက်ကွယ်သွားမယ် ဆိုတာ သတိထားကြပါ။ အခုလက်ရှိ အလိမ် ခံထားရတဲ့ ရခိုင်မင်းများလက် ထက် က ထုတ်တဲ့ ဒင်္ဂါးပြားပေါ်က အာရဗီစာတွေ အကြောင်းကို ကျွန်တော် လက်လှမ်းမှီသလောက် ရှင်းပြပါ့မယ်။
မြန်​မာနိုင်​ငံ၏ ပြည်​နယ်​တစ်​ခုဖြစ်​​သော ရခိုင်​ပြည်​နယ်​သည်​ ဧရိယာ စတုရန်းမိုင်​​ပေါင်း ၁၄၂၀၀ ရှိသည်​။၂၀၀၈ ခုနှစ်​ စာရင်း အရ လူဦး​ရေ ၃ သန်း နီးပါး ရှိသည်​ကို​တွေ့ရသည်​။
ဓည၀တီ (စစ်​​တွေခရိုင်)၊ ရမ္မ၀တီ ​(ကျောက်​ဖြူခရိုင်​)၊ ​မေဃ၀တီ (မာန်​​အောင်​ခရိုင်​) စသည့်​ ၀တီ​လေးရပ်​ဖြင့်​​  ပေါင်းစည်း အပ်​​သော ရခိုင်​ပြည်​နယ်​တွင်​ ...............
ဓည၀တီ​ခေတ်​ ၊ ​ဝေသာလီခေတ် ​၊ ​လေးမြို့​ခေတ်​ ၊ ​မြောက်​ဦး​ခေတ်​ ဟူ၍​ ခေတ်​​လေး​ခေတ်​ ထွန်းကားခဲ့သည်​။ 

ရခိုင်​ သမိုင်းမှတ်​တမ်းများ အရ ဓည၀တီ​ခေတ် ​သည်​ ဘီစီ ၃၂၅ မှ ​အေဒီ ၃၂၇ အထိကြာရှည်​ခဲ့သည် ​။ အ​ထောက်​အထား အဖြစ်​ ဓည၀တီမြို့​ဟောင်း၏ မြို့ရိုးများ၊ နန်းရာများကို ယ​နေ့နိုင်​ တူး​ဖော်​​တွေ့ရှိ​နေရခြင်းဖြစ်​သည်​။ 

ဓည၀တီသည်​ ပထမ ဓည၀တီ ၊ဒုတိယ ဓည၀တီ ၊တတိယ ဓည၀တီ ဟူ၍ထွန်းကားခဲ့ရာ ဘီစီ ၅၈၀ တွင်​နန်းတတ်​​သော စန္စသူရိယမင်း သည် တတိယ ဓည၀တီကို တည်​ထောင်​၍ မြို့တော်​ကို ​​တောင့်​တင်းခိုင်​မာ​အောင်​ ပြုလုပ်​ပြီး သူရိယ မင်းဆက်​ကို တည်​​ထောင်​ခဲ့သည်​။ ဓည၀တီမြို့သည်​ ​အေဒီ ၃၂၇ အထိ မြို့​တော် ​အဖြစ်​ ဆက်​လက်​တည်​ရှိခဲ့ရာ ​နောက်​ဆုံးမင်းမှာ သူရိယ​ကေတု ဖြစ်​သည်​။ ထိုမင်း လက်​ထက်​တွင်​ ​ဝေသာလီ အရပ်​သို့​ပြောင်း​ရွှေ့ခဲ့ရသည်​။
ဝေသာလီ အပျက်​တွင်​ ငမင်းငတုံ​ ခေါင်းဆောက်သော သက်လူမျိုးတို့ အင်​အား ကြီးမားလာပြီး ​အေ​ဒီ ၇၉၄ တွင်​နန်း တက်ခဲ့သည်​။ မြို့​တော်​ကိုလည်း ​ဝေသာလီ မှ စမ္ပ၀က်​သို့ ​ပြောင်း​ရွှေ့ခဲ့ပြီး ​နောင်​အခါ ​လေးမြို့​ခေတ်​ ဟု ထင်​ရှားလာမည့်​ ​ခေတ်​တစ်​​ခေတ်​ကို စတင်​ခဲ့သည်​။ 






Friday, August 11, 2017

ကွန်ပျူတာမှာ ဒီအပိုင်းတွေ ပါဝင်တယ်



• အပြင်က Data တွေကို လက်ခံ ထည့်သွင်းတဲ့အပိုင်း ( keyboard, mouse)
• အထဲက Data တွေကို ပြန်ပြ၊ ပြန်ထုတ်ပေးတဲ့ အပိုင်း (monitor, printer)
• စက်ထဲမှာ အလုပ် လုပ်တဲ့အပိုင်း (system unit, processor)
• စက်ဖွင့်လိုက်တဲ့အခါ တစ်ချို့အရာတွေကို မှတ်ထားပေးတဲ့ အပိုင်း (short term memory)
• စက် ပိတ်လိုက်တဲ့အခါ တစ်ချို့ အရာတွေကို မှတ်ထားပေးတဲ့ အပိုင်း (long term memory)



ကီးဘုတ် ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ Function keys များ ရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက်



ကီးဘုတ် ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;F7;F8;F9 Function keys များ ရဲ့ 
အသုံးပြုနည်း လျှို့ဝှက်ချက် ၊

F1 = ဖွင့်ထားတဲ့ Application မှာ မိမိ မသိတာ ရှိတဲ့အခါ အကူအညီတောင်းလို့ ရပါတယ်။( Help Screen ပေါ်လာပါလိမ့်မည်။)
F2 = ဖိုင် တစ်ခုကို ရွေးပြီး F2 ကို နှိပ်ပါက ဖိုင် အမည်အား အလွယ်တစ်ကူ ပြောင်းလို့ရပါလိမ့်မည်။
F3 = ဖွင့်ထားသည့်  Application တစ်ခုမှာ စာသား Text တစ်ခုခု ရှာဖို့အတွက် အသုံးဝင်ပါတယ်။
F4 = လက်ရှိ ဖွင့်ထားသည့် Application ဖိုင်ကို ပိတ်လိုလျှင် F4 အား နှိပ်လိုက်ပါ။ ပိတ်သွားပါလိမ့်မည်။
F5 = F5 အား များများ နှိပ်ပေးလေ စက်ကို ပိုမို မြန်ဆန် သွက်လက်စေပါသည်။ (Refersh)


ရွှေတောင်ပံ ချွေရန်ခက်သည်






ရွှေတောင်ပံ ချွေရန်ခက်သည်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 
 တပ်မတော်(လေ)...ဂုဏ်ပြုဆောင်းပါး

အပိုင်း(၁)
ရေးသားသူ..........Star Shinester
တပ်မတော်လေ မွေးဖွားခဲ့သည်မှာနှစ်ပေါင်း ၆၉နှစ်ပြည့်မြောက်ခဲ့ပြီ ။ ဗမာ့လေတပ်မတော်(Burmese air force) အဖြစ် အင်္ဂလိပ် လက်အောက် ၁၉၄၇ခုနှစ် ဇန်န၀ါရီ ၁၆ ရက်နေ့မှ စတင်ကာ Airspeed Oxford  လေယာဉ် အစီး.၄၀၊ Havilland Tiger Moth လေယာဉ် ၁၆စီး၊ Auster လေယာဉ်လေးစီး၊ Supermarine Spitifire လေယာဉ်  ၃ စီးကို ဗြိတိသျှတို့ ထံမှ လွှဲပြောင်းရယူ ဖွဲ့စည်းခဲ့သော တပ်မတော်လေ ဟာ ၁၉၄၇ ခုနှစ် မှာ ဗမာ့ လေတပ်မတော် ဥပဒေကိုပြဌာန်းပြီး စတင် အသက်ဝင်ခဲ့တယ် ။

ရွှေတောင်ပံတပ် လေသူရဲတွေကို ကြည့်အုန်းမလား..
၁၉၄၀ ခုနှစ် အပျော်တန်း လေယာဉ်မောင်းကလပ်ကို တိုက်ဂါးမော့ လေယာဉ်တွေနဲ့ စတင်ဖွဲံစည်းစဉ် က တည်းက အိန္ဒိယတို့ နယူးဇီလန်တို့ကို သွားပြီး ပညာသင်ခဲ့သူတွေ ။

ဂျပန်အ၀င် အင်္ဂလိပ်တွေ အိန္ဒိယကို ဆုတ်ခွာတော့လဲ ဗမာ့ အပျော်တန်း လေတပ်က လေသူရဲတွေ လိုက် ပါ သွားပြီး အင်္ဂလန် ၊ဟော်လန်၊ ဂျာမန် လေကြောင်း တိုက်ပွဲကြီးတွေမှာ မဟာမိတ်တွေ ဘက်က ကူ တိုက်ပေးခဲ့ကြတဲ့ ဒေါင်ဒေါင်မည်တွေ ။

အင်္ဂလိပ်ဆီက၁၉၄၈ခုနှစ်လွတ်လပ်ရေးရတော့ဗမာ့လေတပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်ပြီး ပြည်တွင်းသောင်းကျမ်းသူတွေကို လက်စွမ်းပြခဲ့ကြတယ်..တံဆိပ်ကလဲ နဂါး တစ်ကောင် ပေါက်တော့မည့်ဟန် အမောက်ထောင်နေပြီး သတ္တိ ဆိုတဲ့ စာသားကပါသေးတယ် ။

၁၉၄၉ ခုနှစ် ဇန်န၀ါရီ.၁၀ရက်..
မြစ်ဝကျွန်းပေါ်ဒေသက သောင်းကျမ်းသူတွေကို တပ်မတော်က အကြီးအကျယ် ထိုးစစ်ဆင်တိုက်တဲ့အချိန်..

ဇန်န၀ါရီ.၂၀ ရက်မှာ ပန်းတနော်မြို့ အနီးက သောင်းကျမ်းသူတွေကို လေသူရဲ့ အဆင့်. ၄ ဗိုလ်စောဖြူ နဲ့  ဗိုလ်ထွန်းစိန် မောင်းတဲ့ အော်စကာ လေယာဉ်.၂စီး၊ က အပြင်းအထန် တိုက်ရာ ရန်သူ ပစ်ခတ်တဲ့ကျည်ဆံထိမှန်လို့ အော်စကာလေယာဉ်တစ်စီး ပေါက်ကွဲပြီး ဗိုလ်ထွန်းစိန်နှင့် သေနတ်သမားလှကြည်တို့ ကျဆုံးခဲ့ ရတယ် ။

၁၉၄၉.ခု ဒီဇင်ဘာလ.၁၅ ရက်နေ့မှာ ရန်သူရဲ့ စာဘူးတောင်း ခံတပ်ကြီးကို တောင်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇော ကိုယ်တိုင် ဦးစီးပြီး တိုက်ရာ တပ်မတော်လေကလဲ ပါဝင်တိုက်ခိုက်ခဲ့တယ် ။ ဒီတိုက်ပွဲမှာ အောက်စဖို့ လေယာဉ်ကို ရန်သူကျည်ဆံ ထိမှန်တာကြောင့် ဒုဗိုလ်ထင်ကြီးနှင့် သေနတ်သမား ၂ဦး ကျဆုံးခဲ့ပြန်တယ် ။

ပြည်တွင်းသောင်းကျမ်းသူကိုနှိမ်နင်းနိုင်လို့ ရန်ကုန် အစိုးရဘ၀က လွတ်မယ် ကျန်ရုံရှိသေးတယ် အရှေ့မြောက်နဲ့ မော်လမြိုင် ပင်လယ်ထွက်ပေါက်အထိ တရုပ်ဖြူ ကူမင်တန်တွေ ကျူးကျော် ၀င်ရောက်လာပြန်တယ် ။

ကုလသမဂ္ဂက မြန်မာ ၊ ထိုင်း ထိုင်ဝမ် နဲ့ အမေရိကန် တို့ပါတဲ့ ကော်မရှင်ကို ဖွဲ့ပြီး တရုပ်ဖြူတွေ ထွက်ခွာရေးဆောင်ရွက်ပေးပေမဲ့ အမေရိကန်၊ ထိုင်ဝမ် နဲ့ ထိုင်း တို့ ပါဝင်နေတာကြောင့် ကော်မရှင်ဟာ ထိထိရောက်ရောက်ဘာမှ လုပ်နိုင်ခြင်းမရှိခဲ့ဘူး ။





တစ်ခြားနိုင်ငံတွေက. ကိုယ့်ဖာသာကိုယ် တိုက်ထုတ်ပါလား ဘာလို့ ကုလသမဂ္ဂ တင်နေသေးလဲ ၊ ဘာလို့ လွတ်လပ်ရေး ယူသေးလဲ  ကျွန်းကလေး တစ်ကျွန်းပေါ် သွားနေကြပါလား လို့ မေးငေါ့ကြလို့ နိုင်ငံ ရဲ့ဂုဏ်သိက္ခာကျဆင်းခဲ့ရတယ် ။

ဒါကြောင့် တပ်မတော်ဟာ နဂါးနိုင် စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေး စတာတွေ နဲ့ တရုပ်ဖြူကို တိုက်ထုတ်ခဲ့ကြရတဲ့ နေရာမှာ တပ်မတော်လေဟာလဲ ပါဝင်ခွင့်ရခဲ့တယ်။ ၁၉၅၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီး အက်စ်ခင်ဟာ အောက်စဖို့ လေယာဉ်မှာ ဒုံးပျံ တပ်ဆင်ဖို့ စမ်းသပ်ရာက ကျိုင်းတုံလေယာဉ်ကွင်း အနီး လေယာဉ်တောင်ပံ ကျိုးကာ ကျဆုံးခဲ့ရတယ်။

 မြန်မာပြည်တွင်းက ကူမင်တန် တရုပ်ဖြူတွေကို ဖေါ်မိုဆာဟာ CIA အကူအညီ နဲ့ လက်နက် ရိက္ခာတွေကိုလေယာဉ်နဲ့ ချပေးလေ့ရှိတဲ့ သတင်းတွေ တပ်မတော်လေက ရတယ်။ ဗိုလ်မောင်သိန်း၊ ဗိုလ်ချစ်ခိုင်၊ ဗိုလ်ပီတာတို့ သွားသွားချောင်းနေခဲ့ကြတယ်။ 

တစ်နေ့တော့ ဗိုလ်ချစ်ခိုင်၊ ဗိုလ်မောင်သိန်း၊ ဗိုလ်ပီတာ တို့ရဲ့ Seefury လေယာဉ် ၃ စီးဟာ တိမ်တိုက်တွေကို မိတ်ဖွဲ့ရင်း သားကောင်ကို ချောင်းဖို့ထွက်ခဲ့ကြတဲ့ အချိန်မှာ အမှတ်အသားတွေ ဖျက်ထားတဲ့ အမေရိကန်လုပ်စက် ၄ လုံးတပ် BP.4.Y.Privateer.B.29 မျိုးကွဲလေယာဉ်ကြီး တစ်စီး ကူမင်တန်တွေကို လက်နက်ရိက္ခာ ချဖို့ Tree top level နှင့် သူခိုးချောင်း.ချောင်း ပြီးဝင်လာတာနဲ့ ဘွားကနဲ ပက်ပင်း တိုးတော့တယ် ။ 



Friday, August 4, 2017

တစ်ဘ၀ပဲ ဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့် မိတ်ဆွေ



အကြွေး ဆိုတာ မဆပ်ပဲ နေလျှင် တစ်ဘ၀ပါ။ သို့သော် တစ်ဘ၀ပဲ ဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့် 
မိတ်ဆွေ ။ ထို အကြွေးကို ကျေအောင် မဆပ်ခဲ့ရင် ဝဋ်ကြွေး ဖြစ်သွားပါလိမ့်မည် ။ ဝဋ်ကြွေး ဆိုသည် ကတော့ ထာဝရ ဆပ်ရမည်မှာ မလွဲပင် ။

ရစရာရှိသော သူများသည် မိမိတို့ ကြပ်တည်း လာတိုင်း ရရန် ရှိသော ငွေကြေးများကိုသာ အားကိုး တကြီး မျှော်လင့်ရသည် ။ ကိုယ့်ဆီက မရသောကြောင့် တစ်ပါးသူ အခက်အခဲပေါင်း များစွာနှင့် စိတ်ဆင်းရဲရလေလေ ကိုယ်ဆပ်ရမည့် ဝဋ်ကြွေး တန်ဖိုးကြီးမာလေလေ ဖြစ်မည်ကိုလည်း သိစေလိုပါသည် ။

သင်တို့ ရဟန်း ၀တ်ဖူးပေလိမ့်မည်။ သင်တို့ အသက် ၂၀ပြည့်ပြီးလို့ ဒုလ္လဘ ရဟန်း အနေနဲ့ သာသနာ့ဘောင် ကို ၀င်တော့မယ် ဆိုလျှင် သင်တို့ကို ရဟန်းပြု သိမ်ဝင်ပေးမယ့် ဆရာတော်က ” အသင်တို့ဟာ အမှန်တစ်ကယ်ကြွေးမှီများ ကင်းရှင်းသူများဖြစ်ကြပါရဲ့လား ” ဆိုပြီး မေးလာခဲ့သည် ရှိသော် ကြွေးမှီများ ကင်းပါတယ်   ဖြစ်ကြောင်းကို လိပ်ပြာ သန့်သန့်ဖြင့်ဖြေနိုင်ဖို့ အရေးကြီးသည် ။

ကြွေးပူများ ( မိမိမှ မပေးရင် တစ်ဖက်လူ ဒုက္ခရောက်တော့မယ့် အနေအထား ) ရှိနေခဲ့သော် မြင့်မြတ်သော ရဟန်း အဖြစ်သို့ မြတ်စွာဘုရား၏ သာသနာမှ လက်မခံပါ ။

ခြွင်းချက် အနေဖြင့် အကြွေးပင် ရှိနေသော်ငြားလည်း မကျေကျေအောင် ဆပ်မည်ဆိုသူများ သို့မဟုတ် ကြွေးရှင်မှ ကြွေးပူအဖြစ် မသတ်မှတ်ဘဲ အဆင်ပြေသည်အထိ စောင့်ပါမည်ဟု ခွင့်ပြုပေးထားသူများအား ရဟန်းအဖြစ်သို့ လက်ခံမည်ဟု ဆိုထားသော်လည်း ကြွေးမှီများလည်း မကင်းကြ ဆပ်ချင်စိတ်လည်း မရှိသူများအဖို့ကား နည်းလမ်း မရှိနိုင်ပေ ။

သူတစ်ပါးအား မျက်ရည်ကြီးငယ် ကျစေသော အကုသိုလ်ကံ အကျိုးပေး အဖြစ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရမည့် အခွင့်အရေးအား ယခုဘဝတွင် လောလော လတ်လတ် ဆုံးရှုံးရမည်ဖြစ်သည် ။ နောက်ဘဝများတွင်လည်း ကောင်းသော အကျိုးပေးများ ရရှိနိုင်မည်ဟု ရာနှုန်းပြည့် မျှော်လင့်၍ မရနိုင်တော့ပါ ။

ထို့ကြောင့် ကြွေးပေးရန်ရှိသူများ အနေနဲ့ မိမိသာ တိရစ္ဆာန် ဘ၀မျိုးရောက်နေခဲ့လျှင် မည်သို့သော နည်းဖြင့် ကြွေးဆပ်ရမည်ကို တွေးကြည့်ဖို့လိုသည် ။ အကြွေးများကင်းရှင်းရန်နှင့် ဝဋ်ကြွေးများဆပ်ရန်အကောင်းဆုံးအချိန်အခါဖြစ်သော လူဖြစ်နေတုန်းအခိုက်မှ မဆပ်နိုင်ခဲ့လျှင် သံသရာအဆက်ဆက်အထိ မကျေမချင်း ခန္ဓာနဲ့ရင်းပြီး ဆပ်ရန်သာရှိတော့သည် ။



သူ့ဖို့လား ကိုယ့်ဖို့လား ခွဲခြားမြင်နိုင်ကြပါစေ



ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ၏ နောက်ဆက်တွဲ မြင်ကွင်းများကို စာရေးသူ လက်လှမ်း မှီသလောက် ထောက်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် အတိတ် က ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်မှာ လူတိုင်း အသိ ပင်ဖြစ်ပါသည်။

မြန်မာ လူမျိုးတို့၏ မူရင်း သဘောမှာ သူတစ်ပါး အပေါ်မှာ စော်ကားလိုစိတ်၊ အနိုင် ယူလိုစိတ်၊ ဖိနှိပ်လိုစိတ် မရှိကြပါ။ မိမိနိုင်ငံသို့ ရောက်ရှိလာကြသော လူမျိုးခြား၊ ဘာသာခြားများ ကိုလည်း ကြည်ကြည် ဖြူဖြူပင် ဆွေ မျိုးရင်းခြာ သဘောထားကာ ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံခဲ့ကြသည်။

အတိတ်နှစ်ပေါင်းများစွာမှ စ၍ မြန်မာ့မြေပေါ်၌ နေထိုင်ခဲ့ကြသော “ခရစ်ယာန် ဘာသာဝင်” လူမျိုးခြား၊ ဘာသာခြား များနှင့် မြန်မာ ဗုဒ္ဓဘာသာများ ပဋိပက္ခဖြစ်ခဲ့သည်ဟု ယခင်ကလည်း မကြားသိခဲ့၊ ယခုလည်း မကြား သိ၊ ယင်းသို့ ပဋိပက္ခ မဖြစ်ရခြင်းမှာ တစ်ဖက်သားမှ “ မိမိ အမျိုး ဘာသာ သာသနာ ” ကို ဖျက်လို့ဖျက်စီး မလုပ်ခဲ့ခြင်းကြောင့်ဟု စာရေးသူမှ ယူဆပါသည်။

ယနေ့ မြန်မာနိုင်ငံနှင့်တစ်ကွ ကမ္ဘာအရပ်ရပ် ဒေသ အသီးသီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများတွင် လည်း မြန်မာ ဗုဒ္ဓဘာသာဝင်များ ပါဝင်သည်ဟု မကြားသိရပါ။ သမိုင်း မှတ်တမ်း၊ စာနယ်ဇင်း မှတ်တမ်းများ တွင် လည်း မတွေ့ရ၊ မသိရပါ။ ဤသည်ပင် မြန်မာ ဗုဒ္ဓဘာသာဝင်များ၏ “မူရင်း စိတ်ဓါတ်အဖြစ်” အထင်းသားမြင်နိုင်ပါသည်။

မြန်မာနိုင်ငံသားများသည် ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ဒေသခံများနှင့် လိုက်လျော ညီထွေ နေတတ်ကြသည်။ သူများအတွက် “ ၀န်ထုပ် ၀န်ပိုး ” မဖြစ်အောင် နေထိုင်တတ်ကြသည်။ “ရောမရောက်ရင် ရောမလို ကျင့်” ဆိုသည့် အတိုင်း လိုက်နာကျင့်သုံးကြသည်။

ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများမှာလည်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ စတင်ဖန်တီးခဲ့သည့် လုပ်ရပ် တစ်ခုမျှ မရှိ၊ သို့သော် တစ်ခြား တစ်ဖက်က “ ကိုယ့်လူမျိုးကို စော်ကားလာသည့် အခါ” မှာ ပြန်လည်တုံ့ပြန်တတ်သည့် သဘောသဘာဝ အတိုင်း တစ်ချို့လူငယ်များ ပါဝင် ပက်သက် လွန်ကျူးခဲ့ သည်များတော့ ရှိနိုင်ပါသည်။ “ အင်္ဂလန် ၊ အမေရိကန် ” စသော တိုင်းပြည်များတွင်လည်း ဒီသဘောများ တွေ့ရ တတ်ပါသည်။



သေးမွှား သည့် တိရိစ္ဆာန် ပုရွက်ဆိတ် သတ္တ၀ါပင် ဖြစ်စေကာမူ ကိုယ့် အင်အားရှိသလောက် တုန့်ပြန်တတ်သည့် သဘောမှာ “ လူမျိုးတိုင်း ၊ သတ္တ၀ါတိုင်း ” မှာ ရှိသည်။ မြန်မာ့မြေပေါ်တွင်ဖြစ်ပေါ်လာသည့် ပဋိပက္ခများကိုလည်း သက်ဆိုင်ရာ “ ဆရာတော် သံဃာတော်များ ” အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံး ၀ိုင်းဝန်း ထိန်းသိမ်းခဲ့ခြင်းကြောင့် ကြီးကျယ်တဲ့ ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ပွားသည်မှာလည်း အထင်အရှားပင်ဖြစ်ပါသည်။

“ဤသို့ တာဝန်ရှိသူများ၏ တာဝန် သိသိ ၀ိုင်းဝန်း ထိန်းသိမ်းသည့် အကောင်းကွက် ကိုတော့ မျက် ကွယ်ပြုထားကြသည်။ အဆိုး ဘက်ကို ဇောင်းပေးဖော်ပြနေသည်မှာလည်း တရားနည်းလမ်း ကျမည် မဟုတ်ပါ ”

လူသားတိုင်းမှာ ပြင်ပ အန္တရာယ်များ ထင်သလို စော်ကား မခံရစေရန် “ ကိုယ့်အိမ် ကိုယ့် ခြံစည်းရိုး
လုံအောင် ကာရမည့် နည်းလမ်း ” မှန်သမျှကိုတော့ မလွဲမသွေ လုပ်ဆောင် ရမည်သာဖြစ်ပေသည်။
ကိုယ့်အိမ် ကိုယ် ခြံစည်းရိုး မလုံလျှင် တစ်ဖက်သားက ထင်သလိုစော်ကားမည်။ အနိုင်ကျင့်မည်။
သိမ်းသွင်းမည်။ 


Sunday, July 30, 2017

ဗုဒ္ဓ ဘာသာဝင်တိုင်း သိသင့်သော သိမှတ်ဖွယ်ရာများ



သင့်ရဲ့ ကလေးငယ်ကပဲ မေးမေး ၊ ဘာသာခြားကပဲ မေးမေး ၊ ဘယ်သူ မေးမေး ဗုဒ္ဓဘာသာ အခြေခံ ၊ 
အတိုချုပ်လောက်တော့ သင်ဖြေနိုင်ရမယ်။ အဲဒီလိုဖြေနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ဘဒ္ဒ ကမ္ဘာတွင် ပွင့်တော်မူသော ဘုရား ငါးဆူ
********************************
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
သာသနာတော် သုံးရပ်
****************
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေ သင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီ ကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်း သိမြင်ခြင်း
ရတနာ သုံးပါး
***********
၁။ ဘုရား
၂။ တရား
၃။ သံဃာ
ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သော အချက်များ
*************************************************
မြတ်စွာဘုရား၏ ဖခမည်းတော်အမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ထမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီတော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင် ။
သံဝေဇနိယ လေးဌာန
****************
၁။ မြတ်စွာဘုရား ဖွားမြင်သည့် အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသော နေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစင်္ကြာတရားဦး ဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ
သတ္တဌာန ခုနှစ်ပါး
*************
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက် တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
ဘုရားဂုဏ်တော် ကိုးပါး
*****************
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။



Saturday, July 22, 2017

နိုင်ငံခြားဖြစ် အရက်များ အတုအစစ် ခွဲခြားနည်း



 ကမ္ဘာပေါ်မှာ အရက်သောက်ကြတဲ့ ဦးရေဟာ လူ ၁၀၀ မှာ (၈၇.၆) ဦး ရှိတာကို ၂၀၁၄ ခုနှစ်က ကမ္ဘာ့ စစ်တမ်းတွေမှာ တွေ့ ရပါတယ် ။

သောက်နုန်း များလာတာနဲ့  အရက်တွေကလည်း ပေါချောင်မူး အရက် ၊ ဈေးကြီး  အရက် ၊ အရက် အတုတွေ ပါ ထုတ်မလောက်ဖြစ်လာနေတော့ တာပေါ့ ။  အဆိုးဆုံး က ဈေးကြီးပေးဝယ် ကြတဲ့ တံဆိပ်ကောင်း  ၀ီစကီ အရက်တွေကို အတုထုတ် တာ များပါတယ်။

အာရှမှာ အများဆုံး ဖြန့် နေတဲ့ အရက် အတုဟာ ကံဆိုးရင် ချက်ချင်း အဆိပ်ဖြစ်တတ်ပြီး သေဆုံး တာကြောင့် ယမကာ နဲ့  ဒုက္ခ မရောက်အောင် အတုအစစ် ခွဲခြားနိုင်တဲ့ နည်းကို သိထားသင့်တယ်။

အရက် အတုတွေဟာ ပုလင်း အပြင်ပိုင်း ဘားကုတ်-အပေါ်ကနေ အုပ်ထား တာတွေ တံဆိပ်တွေ အားလုံးတူအောင် ကွန်ပြူတာ နည်းပညာ နဲ့  ထုတ်ထား တာ ဆိုတော့ ခွဲခြားရတာ ခက်ပါတယ်။
ဈေးကြီး အရက်တွေ ကို စစ်တဲ့ နည်း ကတော့ အရေးကြီးဆုံး ပုလင်းရဲ ခေါင်း ပိုင်းသာဖြစ်တယ်လို့  အတုအစစ် ခွဲပြတဲ့  ပညာရှင်တွေက ပြောပါတယ်။
ဥပမာ..  black or red whisky Johnnie Walker အရက် နဲ့  ပြပြီး ခွဲခြားသိနိုင်တဲ့  အချက်တွေက -
ခေါင်းပိုင်းက အဆက်နေရာ ကို သေခြာကြည့်ရင် အစစ် ဟာ Johnnie Walker လို့ ရေးထားတဲ့ စာတမ်း  နေရာ အနေအထား ပျက်မနေဘဲ အဆက်တုံးလေးတွေဟာ (အ၀ါ မြှားပြထား) အက်ကြောင်းမရှိ အဆက်ရာမရှိ တွေ့ ရမှာပါ၊


 (ပုံ ၁) အဖုံး ပါကင်ဖွင့်ထားပြီးသား ဆိုရင် ပုလင်းအဖုံး မျက်နှာပြင်ဟာ ပိန်ချိုင့်နေတာ အစင်းကြောင်း ခြစ်ရာတွေများနေတာတွေ့ ရပါလိမ့်မယ်။


Friday, July 21, 2017

မုန့်ဟင်းခါး အကြောင်း သိကောင်းစရာ (History of Monhinga)



မြန်မာ့ရိုးရာ အစားအစာ တစ်မျိုးဖြစ်သော မုန့်ဟင်းခါး သည် အချဉ်ဖေါက် ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ် (မုန့်ဖတ်) လေးများ နှင့် ငါးဖြင့် အဓိက ချက်လုပ်သော ဟင်းခါးရည် တို့ကို အတူတွဲဖက် စားသုံးရသည့် သရေစာ တစ်မျိုးဖြစ်သည် ။ 

မုန့်ဟင်းခါး အား မြန်မာနိုင်ငံ၏ အမျိုးသား စားဖွယ် အဖြစ် အချို့က ယူဆကြသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့ ၊ ရွာတိုင်း တွင် မုန့်ဟင်းခါး ရောင်းချ ကြပြီး နံနက်စာ မှ နေ့လည် နေ့ခင်း အစာပြေ အပြင၊် ညလည်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားသုံး လေ့ရှိကြသည် ။

ထို့အပြင် မုန့်ဟင်းခါးသည် အာဟာရအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ် နှင့် ဓာတ်ဆားများ ပါဝင်ပြီး ချက်ပုံ ချက်နည်း ရိုးရှင်းလွယ်ကူ သည့်အပြင် စရိတ်ပါ သက်သာ သောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစား အစာ လည်းဖြစ်သည် ။


သမိုင်းကြောင်း

ရှေးမြန်မာ့သမိုင်း တစ်လျှောက်တွင် မုန့်ဟင်းခါး နှင့် ပတ်သက်၍ ကျောက်စာ ၊ ပေစာများဖြင့် မှတ်တမ်းတင် ခဲ့ခြင်း မရှိသဖြင့် မုန့်ဟင်းခါး ပေါ်ပေါက်ရာ ဇာတိ နှင့် ခေတ်ကာလအား သိရှိရန် များစွာ ခက်ခဲလှသည် ။ 


မုန့်ဟင်းခါး အား အစောဆုံး အထောက်အထား ဖြင့် တွေ့ရှိရသည့် နေရာမှာ ကုန်းဘောင်ခေတ် စာဆို ဦးပုည ၏ လင်္ကာများ အနက်မှ တစ်ခုတွင် ဖြစ်ပြီး “မုန့်ဟင်း”ဟု သုံးနှုန်းခဲ့သည် ။ ယနေ့တိုင် အချို့ဒေသများ တွင် မုန့်ဟင်းခါး အား “မုန့်” “မုန့်ဟင်း” အစရှိ သဖြင့် ခေါ်ဝေါ် လျှက်ရှိဆဲ ဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါး ပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆကြသည် ။ 


တစ်ဖန် ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖေါက် ပြုလုပ်သော ကိရိယာ အများအပြား တူးဖေါ် ရရှိခဲ့သောကြောင့် ထမင်း အစားထိုး ၊ ဆန်ဖြင့် ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါး ပေါ်ပေါက်နေခဲ့ နိုင်ကြောင်း ကောက်ချက် ဆွဲကြသည် ။ 


ထို့အပြင် မုန့်ဟင်းခါး သမိုင်းကို စနစ်တစ်ကျ သုတေသန ပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့် ၏ အဆိုအရ ၊ မုန့်ဟင်းခါး ချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်း မျိုးစုံ စာရင်းတွင် ရှာမတွေ့ ခဲ့ခြင်းကြောင့် သာမန် အရပ်သား လူ အများတို့ ၏ အစားအစာ သာဖြစ် နိုင်ကြောင်း ။ ထို့ကြောင့် မည်သူတစ်ဦး တစ်ယောက်မျှ အရေးတစ်ယူ မှတ်တမ်း မတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည် ။

ယျေဘူယျ အသုံးပြုသောပစ္စည်းများ

မုန့်ဖတ်


ငါး
  အဖြစ် (ငါးခူ၊ ငါးကျည်း ၊ ငါးကြင်း ၊ ငါးသလောက် ၊ ငါးရွှေ ) အပြင် အခြားသော ငါးများလည်း အသုံးပြုလေ့ ရှိသည် ။ ငါးနှစ်မျိုး သို့မဟုတ် သုံးမျိုးစပ် အသုံးပြုခြင်းသည် ငါး တစ်မျိုးတည်း အသုံးပြုခြင်း ထက် ပိုကောင်းသည် ဟုဆိုသည်။ ငါးရှားပါးသော ဒေသများတွင် ကြက်သား ၊ အမဲသား တို့ကို အသုံးပြု လေ့ရှိ သည်။




သွေးကင်ဆာ ရောဂါ


ပဲခူးတိုင်း၊ သာယာဝတီမှ ဦးအောင်သိန်း ဟာ သွေးကင်ဆာရောဂါဖြစ်နေပြီ ဆိုတာကို ဆရာဝန် ဆီကနေကြား ရပြီးကတည်းက မိမိကိုယ်ကို သေလူဖြစ်ပြီဆိုပြီး စိတ်ဓါတ်ကျသွားပါတယ်။ အကြောင်းကတော့ သွေးကင်ဆာပျောက်အောင် ကုသရန် ငွေကြေး အခက်အခဲကြောင့်ပါပဲ။ 

စိတ်ဓါတ်ကျသွားသည့်အတွက် လူကလည်း တစ်နေ့ တစ်ခြား ပိန်ချုံးလာပါတော့တယ်။ မိတ်ဆွေများက စိတ်ဓါတ်မကျဖို့ ၀ိုင်းဝန်းဖြောင်းဖျပေးကြပါတယ်။

တစ်နေ့မှာ မြို့ကိုကြွလာတဲ့ အာဂန္တု ဆရာတော်တစ်ပါးမှိုင်းရင်းဆေးနည်းဖြင့် ကုသဖို့ ဆေးနည်းပေးခဲ့ပါတယ်။ ဦးအောင်သိန်းလည်း ၄င်းဆေးနည်းကို ယုံကြည်စွာ သောက်သုံးခဲ့သည့်အတွက် သွေးကင်ဆာရောဂါဟာ မယုံကြည်နိုင်အောင်ပျောက်ကင်းသွားပါတယ်။ 

တစ်ခုပြီး တစ်ခု ဖြစ်နေတဲ့ ၀မ်းချုပ်၊ ၀မ်းအောင့်၊ လေနာ၊ ၀မ်းဖော စသည့် ရောဂါများလည်း ပျောက်ကင်းသွားပြီး ပြန်လည် ကျန်းမာဝဖြိုးလာပါတော့တယ်။

ဒါ့ကြောင့် ဒီဆေးနည်းကို  အများသိအောင် မျှဝေပေးလို၍ မိတ်ဆွေများကိုလည်း မကြာခဏ ညွန်ကြားပေးနေပါတယ်။ အနာနဲ့ဆေး တည့်သွား၍ ပျောက်ကင်းသွားသော ဝေဒနာရှင် အမြောက်အများ ရှိနေပါပြီ။

- ဆေးနည်း

(၁) နာနတ်သီး အမှည့် ၅ လုံးခန့်ကို အခွံခွါပြီးလျှင် အရည်ကိုညှစ်ယူပါ။

(၂) ၄င်း နာနတ်သီး အရည်ကို သန့်ရှင်းသော အ၀ကျယ် ဖန်ပုလင်းများတွင် ထည့်၍ အဖုံး ဖွင့်ထားကာ (၄) ရက်ခန့် နေလှန်းပါ။ (နေဖြင့် ချက်သည့် ချက်ဆေးသဘောဖြစ်ပါတယ်။)

(၃) ၄င်း နာနတ်ရည်ကို တစ်နေ့ ၃ ကြိမ် လက်ဖက်ရည်ပန်းကန် တစ်လုံးစာခန့်စီ သောက်ပါ။




Thursday, July 20, 2017

လူတိုင်း သိထားသင့်သော Johnnie Walker ပုလင်းမှ အရောင်များ အကြောင်း




Johnnie Walker သည် အရက်ဈေးကွက်တွင် ကမ္ဘာ့ အရက်ဈေးကွက် အတွင်း အကြီးမားဆုံး  အရက်ဖြန့် ဖြူးရေး စကော့(ဒ်)တလန် ကုမ္ပဏီတစ်ခုဖြစ်ပြီး သက်တမ်းနှစ် ၂ဝဝ ကျော်ပြီ ဖြစ်သည်။ 

Johnnie Walker ဝီစကီ ၏ ထူးခြားချက်မှာ အခြား အရက်များကဲ့သို့ ကုန်ကြမ်းမှ တိုက်ရိုက် ချက်လုပ်ထားခြင်း မဟုတ်ဘဲ ဝီစကီများကို ကုန်ကြမ်းအဖြစ် အသုံးပြုကာ ထပ်မံ ချက်လုပ်ထားခြင်းဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် တစ်နှစ်လျင် Johnnie Walker ပုလင်းပေါင်း သန်း ၁၃ဝ ခန့် သောက်သုံးကြပါသည်။ 

Johnnie Walker ဝီစကီတွင် အရောင်အပေါ် မူတည်၍ အရည်အသွေးနှင့် ဈေးနှုန်းကွာခြားပုံကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။
၁။ Johnnie Walker Red Label
Red Label သည် ဆန်စေ့နှင့် မုယော ဝီစကီပေါင်း ၃၅ မျိုး ရောနှော ချက်လုပ်ထားသော ဝီစကီပင်ဖြစ် သည်။ Red Label သည် စကော့စလန် အနောက်ဘက် ကမ်းရိုးတန်းမှ အပြင်းစား Peat Whiskey နှင့်  စကော့တလန် အရှေ့ဘက် ကမ်းရိုးတမ်းမှ အပျော့စား ဝီစကီ တို့ကို ပေါင်းစပ်ချက်လုပ်ထားခြင်း ဖြစ် သည်။ Red Label သည် Johnnie Walker တံဆိပ်တွင် ဈေးအနည်းဆုံး ဖြစ်သည်။
၂။ Johnnie Walker Black Label
စနစ်တစ်ကျ ရွေးချယ်ထားသော စကော့တလန် ဝီစကီအမျိုးပေါင်း ၄ဝ ကျော်ဖြင့် Black Label ကို ပေါင်းစပ်ချက်လုပ်ထားခြင်းဖြစ်သည်။ Black Label ကို ချက်လုပ်ရာတွင် ကုန်ကြမ်း အဖြစ် ၁၂နှစ် သက်တမ်းရှိသော ဝီစကီ များကိုသာ အသုံးပြုထားသောကြောင့် Black Label တစ်လုံးသည် အကြမ်းဖျဉ်း အားဖြင့် အနည်းဆုံးသက်တမ်း ၁၂နှစ် ရှိပြီဟု ဆိုနိုင်သည်။
၃။ Johnnie Walker Double Black Label
Johnnie Walker မှ ထပ်မံ ထုတ်လုပ်လိုက်သော Double Black သည် Black Label ကို စည်ထဲတွင် ထည့် ပြီး မုယော သစ်ဆွေးများကိုလောင်စာ အဖြစ်အသုံးပြုပြီး မီးခိုးငွေ့ မှိုင်းတိုက်တာ ထပ်မံ ချက်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် Double Black သည် သင်းပျံ့သော ရနံ့၊ ထုံရီစေသော အရသာတို့ ပါဝင်နေခြင်း ဖြစ်သည်။
၎။ Johnnie Walker Green Label
Green Label သည် Linkwood ၊ Cragganmore ၊ Talisker နှင့် Caol lla ကဲ့သို့သော အရက်ချက်စက်ရုံကြီးများမှ အကောင်းဆုံးမုယောအရက်များကို ထပ်မံရောနှော ချက်လုပ်ထားခြင်းဖြစ်သည်။ ၁၅နှစ်သက်တမ်းရှိသော မုယောဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Green Label ကို အကြမ်းဖျဉ်းအားဖြင့် ၁၅နှစ်သက်တမ်းရှိသော ဝီစကီဟု ဆိုနိုင်သည်။




Wednesday, July 19, 2017

နယူးယောက်မြို့သားများ ဝယ်ယူဖို့ တန်းစီနေရတဲ့ မြန်မာ့အစားအစာ



အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကိုရိုနာ စီရင်စု(Corona borough) ရှိ Queens နိုင်ငံတစ်ကာ ညဈေး တွင်ရောင်းချနေတဲ့ မြန်မာလူမျိုး ကိုမျိုးလင်းသွေး ရဲ့ ပလာတာ ဟာ လူကြိုက်များလွန်းတဲ့ အတွက် ညဘက်ညဘက်ဆို နယူးယောက်မြို့သားများ တန်းစီပြီး ဝယ်ယူနေကြပါတယ်။ 

ကိုမျိုးလင်းသွေး ဟာ Diamond District ရှော့ပင်းမောလ်တွင် အလုပ် လုပ်နေသူ တစ်ယောက်ဖြစ်ပြီး စနေနေ့ ညတိုင်းမှာ New York Hall of Science ပြတိုက်ရဲ့ ကားပါကင် နေရာနားမှာ ပလာတာပြုလုပ်ရောင်းချလေ့ရှိပါတယ်။ 

ကိုမျိုးလင်းသွေး ဟာ ပလာတာ လုပ်နည်းကို သူ့ရဲ့ ဇာတိဖြစ်တဲ့ ဟသာင်္တမြို့ ရှိ သုံးဘီး ဆိုင်ကယ်မောင်းသမား တစ်ယောက်ဆီမှ သင်ယူ ထားခဲ့တာ ဖြစ်ပြီး အချိန် ရရင်တော့ ကိုမျိုးလင်းသွေးဟာ ထပ်တရာ မုန့်  ( htut thayar or hundred layers) ကိုပါ ပြုလုပ်ပြီး ရောင်းချတယ် လို့သိရပါတယ်။ 


Ref : Newyork Times,Insider News : New Yorkers are lining up for this Burmese street food 




ရွှေ့ပြောင်း လုပ်သားတွေ နေရပ်ပြန်လို့ ထိုင်း စားသောက်ဆိုင်ပေါင်း ၂၀၀၀ ကျော် ပိတ်သိမ်း

                   ပြည်တော်ပြန်လာသည့် မြန်မာ လုပ်သားများကို မြ၀တီ ကျောက်လုံးကြီး စခန်းတွင် တွေ့မြင်ရစဉ် ။ 



ထိုင်းနိုင်ငံမှာ ၂၀၁၇ အလုပ်သမား ဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် အထောက် အထား မညီညွတ်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ နေရပ်ပြန်ကုန်ကြလို့ စက်မှု လုပ်ငန်းတွေနဲ့ စားသောက်ဆိုင် လုပ်ငန်းတွေပါ ထိခိုက် ပြီး ဆိုင်ပေါင်းနှစ်ထောင်ကျော်ကို ပိတ်သိမ်းထားရတယ်လို့ tnnthailand တီဗွီ သတင်းက ဖော်ပြထားပါ တယ်။

အရင်တုန်းက နိုင်ငံခြား ခရီးသွား ဧည့်သည်တွေကို အဖွဲ့လိုက် လက်ခံရောင်းချပေးတဲ့ စားသောက်ဆိုင်တွေမှာ ရွှေ့ပြောင်း အလုပ်သမား ၇၀ ရာခိုင်နှုန်း ငှားရမ်း ခန့်ထားပေမယ့် အခု ဆိုရင် ၂၀ ရာခိုင်နှုန်းပဲ ကျန်ရှိပြီး အဲဒီ လုပ်သားတွေနေရာမှာ ထိုင်း အလုပ်သမားတွေ၊ အလုပ်သင် ကျောင်းသူကျောင်းသားတွေ အစားထိုးခန့်ထားရကာ လုပ်အားခပါ ပိုပေးရတဲ့ အတွက် အရင်းအနှီး ပိုမို ကုန်ကျတယ်လို့ ထိုင်းနိုင်ငံ စားသောက်ဆိုင် စီးပွားရေး လုပ်ငန်းရှင်များ ဥက္ကဋ္ဌ နန်းရတ်ဒါး ဆမ်ဖောင်းထောင်းန်က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းစားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းက ပြုစုထားတဲ့ စာရင်းဇယားတွေ အရ ၂၀၁၇ ခုနှစ်ထဲမှာ စားသောက်ဆိုင်ပေါင်း ၂၀၀၀ ကျော် ပိတ်သိမ်းခဲ့ရကာ အရင် ၂၀၁၆ နှစ်ကုန်ထိ ၁၀၀၀ ခန့် ပိတ်သိမ်းပြီး ဒီနှစ်ဝက်ကျော် အထိ နောက်ထပ် ဆိုင်ပေါင်း ၁၃၀၀ ပိတ်သိမ်း ခဲ့ကြောင်း၊ အဲဒီဆိုင်တွေထဲမှာ ထိုင်း အရှေ့မြောက်ပိုင်း အီဆန်ဒေသက ဆိုင်ပေါင်း ၇၀၀ ကျော်၊ မြောက်ပိုင်းက ၃၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။


                                        ဘန်ကောက် မြို့ရှိ စားသောက်ဆိုင်တစ်ခု မြင်ကွင်း


Saturday, July 1, 2017

ကံ = အလုပ်



လောက၌ ဖြစ်ပေါ်သမျှသော အရာများသည် အကြောင်းမရှိပဲ ဖြစ်လာကြသည် မဟုတ် ။ သက်ဆိုင်ရာ အကြောင်း များကြောင့် ဖြစ်ပေါ်လာသည်ချည်း ဖြစ်ကြ၏။

အကြောင်းကြောင့် ဖြစ်ပေါ်လာသော ထို အကျိုးများသည်လည်း တဖန် အကြောင်း အဖြစ်သို့ ရောက်ပြန်ကာ တစ်ခြား အကျိုးတစ်ခုကို ဖြစ်ပေါ်စေပြန်သည်။

ဤနည်းဖြင့် လောကကြီးသည် ကြောင်းကျိုးဆက် သဘာဝကြီးမျှသာ ဖြစ်နေတော့၏။

ပါဠိဘာသာ "ကမ္မ" ကို မြန်မာဘာသာဖြင့် "ကံ" ဟုခေါ်သည်။ "အလုပ်" ဟု အဓိပ္ပာယ်ရသည်။

ကမ္မ=ကံ=အလုပ်၊ ဤစကား သုံးလုံး အဓိပ္ပာယ် အတူတူဖြစ်သည်။

အလုပ် ဆိုသည်မှာ-
ကိုယ်ဖြင့် ပြုလုပ်သည့် အလုပ်=ကာယကံ၊
နှုတ်ဖြင့် ပြုလုပ်သည့် အလုပ်=ဝစီကံ၊
စိတ်ဖြင့် ပြုလုပ်သည့် အလုပ်=မနောကံ
ဟု အလုပ် ၃ မျိုး ရှိ၏။ ကံ ၃ ပါး ဟုလည်း ခေါ်၏။

ကာယကံ ကိုယ်ဖြင့် ပြုလုပ်သော အလုပ် ( ကာယကံ ) ဆိုသည်မှာ တစ်စုံ တစ်ယောက်ကို တုတ်ဖြင့်  ရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ လဲနေသူ တစ်ဦးကို ထူပေးခြင်း၊ တစ်စုံ တစ်ခု မ,ချီနေသည်ကို ကူညီ မ,ချီ  ပေးခြင်းမျိုးကို ခေါ်သည်။

ဝစီကံ နှုတ်ဖြင့် ပြုလုပ်သည့် အလုပ် ( ဝစီကံ ) ဆိုသည်မှာ တစ်စုံ တစ်ယောက်ကို ဆဲဆိုခြင်း၊ "ရိုက်လိုက်" ဟု ခိုင်းခြင်း၊ တစ်စုံ တစ်ယောက်ကို ချီးမွမ်း ပြောဆိုခြင်း၊ "ကူညီလိုက်ပါ" ဟု ခိုင်းခြင်းမျိုးကို ခေါ်သည်။

မနောကံ စိတ်ဖြင့် ပြုလုပ်သည့် အလုပ် ( မနောကံ ) ဆိုသည်မှာ တစ်စုံ တစ်ယောက်ကို ရိုက်ရန် ကြံစည်ခြင်း၊ သူ့ပစ္စည်းကို ခိုးရန် ကြံစည်ခြင်း၊ တစ်စုံ တစ်ယောက်၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်အောက်မေ့ခြင်း၊ သူ တစ်ပါးကို ကူညီရန်၊ ပေးကမ်းလှူဒါန်းရန် ကြံစည်နေခြင်းမျိုးကို ခေါ်သည်။

ရည်ရွယ်ချက်နှင့် တက်ကြွစိတ် ကိုယ်၊ နှုတ်၊ စိတ် တို့ဖြင့် ပြုလုပ်သော်လည်း ပြုလုပ်တိုင်း ကံ မဖြစ်ပေ၊ ကံ အရာ မမြောက်ပေ။ အကောင်း အဆိုး ရည်ရွယ်ချက် တစ်ခုခုဖြင့် တက်ကြွ ထက်သန်သော စိတ် ဦးဆောင်လျက် ပြုလုပ်မှသာ "ကံ အရာမြောက်၍" ကံ ဟု ခေါ်သည်။

ကံ မမြောက်သော အလုပ်များ 

တစ်ချို့ အလုပ်များကို အကောင်း အဆိုး ရည်ရွယ်ချက် အထူးတစ်လည် မပါ၊ တက်ကြွ ထက်သန်သော စိတ် လည်း မရှိပဲ မထင်ရှားသော စိတ် စေတနာဖြင့် လုပ်ရိုးလုပ်စဉ် အတိုင်း လုပ်ကြ၏။ အလုပ်ဖြစ်မြောက်စေသော စေတနာ အလွန်အားသေးလှ သဖြင့် သူ့အလိုအလျောက် လုပ်သွားမိသည်ဟုပင် မှတ်ထင်ကြရ၏။ 
ယင်း အလုပ်များမှာ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ ထခြင်း၊ လျောင်းခြင်း စသော အလုပ်မျိုး၊ နှုတ်ဆက်စကားပြောခြင်း စသော အလုပ်မျိုး ဖြစ်၏။ ဤကဲ့သို့သော အလုပ်မျိုးသည် ကောင်းကျိုး ဆိုးကျိုး တစ်စုံ တစ်ရာ ဖြစ်ပေါ် စေသော ကံများ မဟုတ်ကြပေ။ ကံ အရာမြောက်သော အလုပ်များ မဟုတ်ကြပေ။

အချုပ် ဆိုရလျှင် ရည်ရွယ်ချက်နှင့် တစ်ကွ တက်ကြွ ထက်သန်သော စိတ် ဦးဆောင်လျက် ပြုလုပ်သော အလုပ်သည် ကံမြောက်၍ မသိသာ မထင်ရှားသော သာမန် စိတ်ဖြင့် ပြုလုပ်သော အလုပ်သည် ကံ မမြောက်ပေ။

စေတနာသည် ကံ 

ယင်း တက်ကြွ ထက်သန်သော စိတ်ကို စေတနာ ဟု ခေါ်သည်။ ဤ တက်ကြွသည့် စိတ် သဘောကြောင့်ပင် ကိုယ်ဖြင့် ပြုလုပ်မိ၏။ နှုတ်ဖြင့် ပြောဆိုမိ၏။ စိတ်ဖြင့် ကြံစည်တွေးတော ဆင်ခြင်မိ၏။

ယင်း တက်ကြွထက်သန်သော စိတ်သဘော စေတနာသည် ကိုယ်၊ နှုတ်၊ စိတ် အလုပ်များ ဖြစ်ပေါ်ခြင်း၏ အကြောင်းရင်း အခြေခံ ဖြစ်၏။ ထို့ကြောင့် ထိုစေတနာ ( တက်ကြွသော စိတ်သဘော ) ကို "ကံ" ဟု မြတ်စွာဘုရားက နာမည် တပ်တော်မူ၏။