အရေးကြီးသည်။ ဖတ်ပါ။ ဖတ်ပြီး ဖြန့်ဝေပါ။
အနောက်တံခါး လုံခြုံရေးကို တပ်မတော်က ကာကွယ်နေလျှင် .....
တို့တစ်တွေက သမိုင်း စည်းရိုး ကာသင့်နေပြီ ။
**********************************
ရို/ဂျာ သတင်းမှာ ဘာတက်လာလဲ ဆိုတော့ ရခိုင်မင်းတွေ လက်ထက်က သွန်းလုပ်ခဲ့တဲ့ ဒင်္ဂါးပြားတွေမှာ ပါနေတဲ့ အာရဗီစာတွေကို လက်ညှိုး ထိုးပြီး ရှေးခေတ်ကတည်းက ရို/ဂျာ ရှိတယ်ဆိုတာကို သမိုင်းလိမ်ထားတယ်။
သူတို့တတွေက သမိုင်းလိမ်တွေကို ကမ္ဘာနဲ့ ချီပြီး ဖြန့်ဝေနေတဲ့ အချိန်မှာ တို့လူမျိုးတွေက စာဖတ်ဖို့ ပျင်းနေ ကြ တယ်။ နိုင်ငံတစ်ခုကို လက်နက်နဲ့ ကျူးကျော်လို့ လက်နက်နဲ့ ပြန်တိုက်လို့ရပေမဲ့ သမိုင်း ကျူးကျော်ပြီး ဝါဒဖြန့်နေတာကိုတော့ လက်နက်နဲ့ တိုက်မရပါဘူး။ ဒါဆို ဘာနဲ့ပြန်တိုက်မလဲ။ သမိုင်းကို သမိုင်းနဲ့ပြန်တိုက်မယ်။ ကုလားတွေရဲ့ သမိုင်းလိမ်တွေကို တို့တစ်တွေဖော်ထုတ်မယ်။ တို့လူမျိုးတွေ သမိုင်း အလိမ် မခံရအောင် စာဖတ်ကြမယ်။
လက်ရှိ ရခိုင်သမိုင်း လိမ်လည်မှုတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေရင် တို့တစ်တွေရဲ့ အမှန်တရားဟာ လုံးဝပျောက်ကွယ်သွားမယ် ဆိုတာ သတိထားကြပါ။ အခုလက်ရှိ အလိမ် ခံထားရတဲ့ ရခိုင်မင်းများလက် ထက် က ထုတ်တဲ့ ဒင်္ဂါးပြားပေါ်က အာရဗီစာတွေ အကြောင်းကို ကျွန်တော် လက်လှမ်းမှီသလောက် ရှင်းပြပါ့မယ်။
မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း ၁၄၂၀၀ ရှိသည်။၂၀၀၈ ခုနှစ် စာရင်း အရ လူဦးရေ ၃ သန်း နီးပါး ရှိသည်ကိုတွေ့ရသည်။
ဓည၀တီ (စစ်တွေခရိုင်)၊ ရမ္မ၀တီ (ကျောက်ဖြူခရိုင်)၊ မေဃ၀တီ (မာန်အောင်ခရိုင်) စသည့် ၀တီလေးရပ်ဖြင့် ပေါင်းစည်း အပ်သော ရခိုင်ပြည်နယ်တွင် ...............
ဓည၀တီခေတ် ၊ ဝေသာလီခေတ် ၊ လေးမြို့ခေတ် ၊ မြောက်ဦးခေတ် ဟူ၍ ခေတ်လေးခေတ် ထွန်းကားခဲ့သည်။
ရခိုင် သမိုင်းမှတ်တမ်းများ အရ ဓည၀တီခေတ် သည် ဘီစီ ၃၂၅ မှ အေဒီ ၃၂၇ အထိကြာရှည်ခဲ့သည် ။ အထောက်အထား အဖြစ် ဓည၀တီမြို့ဟောင်း၏ မြို့ရိုးများ၊ နန်းရာများကို ယနေ့နိုင် တူးဖော်တွေ့ရှိနေရခြင်းဖြစ်သည်။
ဓည၀တီသည် ပထမ ဓည၀တီ ၊ဒုတိယ ဓည၀တီ ၊တတိယ ဓည၀တီ ဟူ၍ထွန်းကားခဲ့ရာ ဘီစီ ၅၈၀ တွင်နန်းတတ်သော စန္စသူရိယမင်း သည် တတိယ ဓည၀တီကို တည်ထောင်၍ မြို့တော်ကို တောင့်တင်းခိုင်မာအောင် ပြုလုပ်ပြီး သူရိယ မင်းဆက်ကို တည်ထောင်ခဲ့သည်။ ဓည၀တီမြို့သည် အေဒီ ၃၂၇ အထိ မြို့တော် အဖြစ် ဆက်လက်တည်ရှိခဲ့ရာ နောက်ဆုံးမင်းမှာ သူရိယကေတု ဖြစ်သည်။ ထိုမင်း လက်ထက်တွင် ဝေသာလီ အရပ်သို့ပြောင်းရွှေ့ခဲ့ရသည်။

ဝေသာလီ အပျက်တွင် ငမင်းငတုံ ခေါင်းဆောက်သော သက်လူမျိုးတို့ အင်အား ကြီးမားလာပြီး အေဒီ ၇၉၄ တွင်နန်း တက်ခဲ့သည်။ မြို့တော်ကိုလည်း ဝေသာလီ မှ စမ္ပ၀က်သို့ ပြောင်းရွှေ့ခဲ့ပြီး နောင်အခါ လေးမြို့ခေတ် ဟု ထင်ရှားလာမည့် ခေတ်တစ်ခေတ်ကို စတင်ခဲ့သည်။
လေးမြို့ခေတ် တွင် စမ္ပ၀က်မြို့မှ စမ္ပာမြို့ ၊ပရိန်မြို့. တောင်ငူနေရဥွရာ လောင်းကြတ်မြို့များသို့ အဆင့်ဆင့် ပြောင်းလဲ နန်းစိုက်ခဲ့ကြသည်။ လောင်းကြက်မြို့တွင် နောက်ဆုံးမင်း မှာ အေဒီ ၁၄၀၄ တွင် နန်းစံ သည့် မင်းစောမွန် နန်းတတ်ပြီး (၂)နှစ် အကြာတွင် အင်းဝ စစ်ရန် ကြောင့် ထွက်ပြေးပုန်းအောင်းနေခဲ့ရ သည်။
အေဒီ ၁၄၃၀ တွင် မင်းစောမွန် သည် ပြန်လည် သိမ်းယူခဲ့သည်။ သို့သော် မင်းစောမွန် သည် စစ်ဘေးစစ်ဒဏ် မကြာခဏ ကျရောက်သည့် လောင်းကြက်မြို့ တော်ကို စွန့်လွှတ်ကာ မြောက်ဦးမြို့တော် ကို ထိုနှစ် မှာပင် ပြောင်းရွှေ့တည်ထောင်ခဲ့သည်။
ခေတ်ဦး ရခိုင်တွင် တည်ထောင်ခဲ့သော ဓည၀တီ၊ ဝေသာလီ လေးမြို့ခေတ် များတွင် ကိုးကွယ်သော ဘာသာမှာ ဟိန္စူဘာသာ နှင့် ဗုဒ္ဓဘာသာ တို့ဖြစ်သည်။ ဗုဒ္ဓဘာသာ ထွန်းကားမှူကို ဒုတိယ ဓည၀တီနိုင်ငံ တည်ထောင်ပြီးနောက် စန္ဒသူရိယ လက်ထက်တွင် မဟာမုနိ သွန်းလုပ်မှုက သက်သေ တည်ခဲ့သည်။
ဝေသာလီကျောက်လှေကား မြို့တွင် မဟာစန္စြမင်း လက်ထက် သီလဂုဏ် ရှိသော မထေရ်ကြီး များ သောင်းသိန်း မကရှိခဲ့သည်။ သားတော် သူရိယစန္စြး မင်းလက်ထက်တွင် မဟာမုနိတွင် သိမ်ဆောက်လှူပွဲတွင် သိရိလင်္ကာနိုင်ငံမှ သံဃာများ ပင့်ဖိတ် လှူဒါန်းခဲ့ခြင်းကြောင့် ဝေသာလီတွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

မြောက်ဦးခေတ် မွတ်ဆလင်များ ၀င်ရောက်လာပုံ
••••••••••••••••••••••••••••••••••••••••
ရခိုင် သမိုင်းတွင် မြောက်ပြီးခေတ်သည် နောက်ဆုံး ပဒေသရာဇ်ခေတ် ဖြစ်ပြီး အေဒီ 1430 မှ အေဒီ 1785 အထိ အုပ်ချုပ်ခဲ့သည်။ အင်အားကြီး ရခိုင်မင်းများ လက်ထက်တွင် ဘင်္ဂလား ၁၂ နယ် အထိ သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့ရာ စစ်တကောင်းသည် ၁၆၆၆ ခုနှစ်တွင် မဂို တို့ မသိမ်းပိုက်မှီ အချိန်အထိ ရခိုင် ဘုရင်များ ပိုင် နက် ထဲတွင် ရှိခဲ့သည်။
ထို့ကြောင့် မြောက်ဦးခေတ် အစောပိုင်း မင်းများသည် ဘင်္ဂလားနယ် ကို ပိုင်ဆိုင်ထား သဖြင့် ဘုရင် ဘွဲ့ကို မြန်မာဘွဲ့ အပြင် မွတ်ဆလင် ဘွဲ့အမည်ကိုပါ ခံယူခဲ့ကြသည်။ တစ်နည်း အားဖြင့် မွတ်ဆလင်ဘွဲ့အမည် အသုံးပြုခြင်းဖြင့် သိမ်းပိုက် ထားသော ဘင်္ဂလားနယ်ပယ် ၏ ယုံကြည်မှုကို ရယူနိုင်ရန် စည်းရုံးရေး အသွင်ဆောင်သည့် သဘောသာဖြစ်သည်။
ထို့အတူ မိမိတို့ သိမ်းပိုက်ထားသော နယ်ပယ် ၏ ယုံကြည်မှုကို ရယူနိုင်ရန် ဒင်္ဂါး တွင် ရခိုင် ဘုရင် တို့၏ ဘွဲ့နာမည် သာမက မွတ်ဆလင် ဘွဲ့ အမည်ကိုပါ ထည့်သွင်း သွန်းလုပ်လေ့ရှိသည်။ ဒင်္ဂါးသွန်းလုပ်သည့် ဘုရင်တိုင်းသည် စစ်တကောင်း (ထိုဒေသ ကို စစ်နိုင်သော) ဘုရင် များသာ ဖြစ်သည်ကို တွေ့ရသဖြင့် မိမိ အုပ် ချုပ်သော ဒေသကို သြဇာ လွှမ်းမိုး လို သည့် သဘောဖြစ်သည်ကို တွေ့ရသည်။
ပါမောက္ခ ဆာရာဂျူဒင် က ရေးသားထားသည်မှာ ရခိုင်ဘုရင် မင်းစောမွန် ဘင်္ဂလားသို့ ထွက်ပြေး ခိုလှုံ သည် ဟူသော အထောက်အထားများ ဘင်္ဂလား သမိုင်းတွင် မရှိကြောင်း၊ ရခိုင်ဘုရင်များ က မွတ်ဆလင် စာပေ ယဉ်ကျေးမှုကို အားပေး လက်ခံသည် ဆိုသည်မှာလည်း ခိုင်မာသည့် အထောက် အထား မရှိကြောင်းရေးသားခဲ့သည်။

ထို့အပြင် ရခိုင်ဘုရင် အချို့ မွတ်ဆလင် ဘွဲ့ခံခြင်း၊ ဒင်္ဂါးတွင် နာမည်ကို အာရဗီ စာဖြင့် ရေးသားခြင်း ရှိ သည် ဆိုသော်လည်း မင်းစောမွန် ကို ဆက်ခံသော ဘုရင်းများသည် အေဒီ 1430 မှ ရခိုင် ကို ဗဒုံမင်း တိုက်ခိုက် သိမ်းပိုက်ပြီးသည့် အေဒီ 1784 အထိ မည်သူမျှ မွတ်ဆလင် မဟုတ်ကြောင်း၊ ရခိုင်တွင် ဘုရင် ၄၈ ဦး နန်းတက်ခဲ့ပြီး ၉ သီး သာ မွတ်ဆလင် အမည်ဖြင့် ဒင်္ဂါးသွန်းလုပ် ခဲ့ပြီး၊ ထို မင်း ၉ သီးသည် စစ်တကောင်းနယ် ကို သိမ်းပိုက်အောင်မြင်သော ဘုရင်းများဖြစ်သဖြင့် လက်အောက်ခံဒေသရှိ ပြည်သူတို့၏ ကြည်ညိုမှူကို ရရှိအောင် ဆောင်ရွက်ခြင်းသား ဖြစ်နိုင်ကြောင်း ထောက်ပြရေးသားခဲ့သည်။
ရခိုင် ဘုရင်လက်အောက်တွင် ရှိစဉ်က သုံ့ပန်း အဖြစ် ဖမ်းဆီးခေါ်ယူ လာသော မွတ်ဆလင် များကို လယ်ယာ လုပ်ငန်းတွင်လည်းကောင်း၊ အခြားအမှူထမ်း လုပ်ငန်းများတွင်လည်းကောင်း ၊ခိုင်းစေခြင်းဖြင့် ၊ ဘင်္ဂလား နယ်မှ အခြချနေထိုင်လာသော မွတ်ဆလင်များ သည် ရခိုင်ဒေသ တွင် ၁၅ ရာစု တွင် စတင် ၀င်ေ၇ာက် လာခဲ့ကြသည်။
17 ရာစုတွင် ပေါ်တူဂီနှင့် ရခိုင် ဘုရင်တို့ ကျွန် အရောင်းအ၀ယ် လုပ်ကိုင်ကြသဖြင့် ကျွန် ဈေးကွက် တင် ဖမ်း ဆီးရောင်းချ ခံရသော ဘင်္ဂလားနယ်မှ မွတ်ဆလင်များ ရှိခဲ့ရာ၊ ထို ကျွန်များကို လယ်ယာ လုပ်ငန်းတွင် လည်းကောင်း၊ လက်မှု လုပ်ငန်းများတွင် လည်းကောင်း၊ အသုံးပြုခြင်းဖြင့် ရခိုင်ဒေသသို့ မွတ်ဆလင် တစ်ချို့ စတင်ရောက်ရှိလာခဲ့ကြသည် ဟု ဆိုကြသည်။ ရခိုင်သို့ ရောက်ရှိလာသော မွတ်ဆလင် များသည် စစ်အတွင်း ရခိုင်ဗမာများ ဖမ်းလာသော ကျွန်များမှ ဆင်းသက်လာသူများသာဖြစ်သည်။

ဒေါ်စုကြည် ယောက်ျား မိုက်ကယ်အဲရစ် တို့ လူမျိုး ဗြိတိသျှ ကိုလိုနီ တို့၏ ပထမဆုံး စနက်
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
1785 ခုနှစ်တွင် ဗဒုံမင်း က ရခိုင် ပဒေသရာဇ်နယ်ကို သိမ်းပိုက်ပြီးနောက် အင်္ဂလိပ် တို့သိမ်းပိုက် ထားသော ဘင်္ဂလားပိုင်နယ်နှင့် ဆက်စပ် လာရာ အင်္ဂလိပ်-မြန်မာ ဆက်ဆံရေးမှာ တင်းမာမှုများဖြစ်ပွားလာခဲ့ သည်။
1824 တွင် ရှင်မဖြူကျွန်း ကို အကြောင်းပြုပြီး အင်္ဂလိပ်-မြန်မာ ပထမစစ် ဖြစ်ပွားခဲ့ရာ ရန္တပို စာချုပ်ဖြင့် စစ် ရပ်စဲခဲ့ရသည်။ ထိုစာချုပ်အရ ရခိုင်နှင့် တနင်္သာရီ သည် အင်္ဂလိပ်တို့လက်အောက်သို့ ရောက်သွားခဲ့ရာ
ရခိုင် သည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီးဖြစ်သော ဘင်္ဂလားနယ်များနှင့် တစ်ပေါင်းတည်း တည်ရှိ လာခဲ့သည်။
ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ပထမပိုင်းတွင် စီးပွားရေး အရ အကျိုးအမြတ် မရှိသဖြင့် ဘင်္ဂလား ဘုရင်ခံ၏ အုပ်ချုပ်မှူအောက်တွင် ထားခဲ့သည်။ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် တို့သည် ကျယ်ပြန့်ပြီး မြေသြဇာကောင်းသည့် မြစ်ဝှမ်းလွင်ပြင် ကို ပိုင်ဆိုင်ထားရာ မောင်တောမြို့ တစ်ခုထဲမှာ ပင် စိုက်ပျိုးမြေဧက (၈၀၀၀) ကျော်ရှိခဲ့သည်။ ထိုစဉ်က လူဦးရေမှာ ၆၅၄၈၇ ရှိပြီး တိုင်းရင်းသားများဖြစ်သော ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမွီး တို့နေထိုင်းသော ကျေးရွာပေါင်း (၁၇၂) ရွာရှိခဲ့သည်။ ယင်းတို့၏ စီးပွားရေးပုံစံသည် ၀မ်းစာ စီးပွားရေး စနစ်မှာပင် တည်ရှိခဲ့သည်။

1839 ခုနှစ်တွင် မြေရိုင်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဂရံကြီး ဥပဒေတစ်ရပ် ထုတ်ပြန် ခဲ့ရာ ထိုဥပဒေ အရ ချမှတ်ထားသည့် နယ်မြေ အမြောက်အများ ပေါ်ထွက်လာခဲ့သည်။ မြေပိုင်ရှင်များ အနေဖြင့် မြေအများအပြား ပိုင်ဆိုင်လာသဖြင့် အလုပ်သမား အများအပြား လိုအပ်လာရာ စစ်တကောင်းမှ ဘင်္ဂါလီ များ၊ မဒရပ် မှ ဆူရတီ များ အများအပြား ၀င်ရောက်လာသည်။
၁၈၆၉ ခုနှစ်တွင် စူးအက် တူးမြောင်း ဖောက်လုပ်ပြီးနောက် ဆန်စပါး လုပ်ငန်း တိုးတတ်လာရာ အုပ်ချုပ်သူ အင်္ဂလိပ် ကိုလိုနီ အစိုးရ အနေဖြင့် ပတ်တာဂရံစနစ် (ဂရံကြီး စနစ်) ဖြင့် တိုင်းရင်းသားနှင့်နိုင်ငံခြားသား အရင်းရှင် များအား မြေလွတ်မြေရိုင်း များတိုးချဲ့ လုပ်ကိုင်ခွင့်ပေးခဲ့သဖြင့် သုံးနှစ် အတွင်း အစိုးရသို့ မြေအခွန်မပေးရန် မလိုကြောင်း၊ သတ်မှတ်ပေးခဲ့သဖြင့် တိုင်းရင်းသားနှင့် နိုင်ငံခြားသား အရင်းရှင် များသည် မြေဧက (၃၀၀၀) အထိ တိုးချဲ့ စိုက်ပျိုးလာခဲ့သည်။
ထို့ကြောင့် အင်္ဂလိပ်ပိုင်နက်ဖြစ်သော ဘင်္ဂလားနယ် မှ စစ်တကောင်း မွတ်ဆလင်နှင့် ဘင်္ဂါလီ များ သည် ဗြိတိသျှ တို့၏ စီးပွားရေးမူဝါဒ အရ လယ်ယာ လုပ်ငန်း လုပ်ကိုင်ရန် ရခိုင်ဒေသ အတွင်းသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခဲ့ကြသည်။

ယခင်က လူနည်းစုမျှသာ နေထိုင်သော စစ်တွေ ခရိုင်တွင် နောက် ပိုင်းတွင် လူဦးရေး အများအပြား တိုး တက် လာသည်ကိုတွေ့ရသည်။
၁၈၇၂ ခုနှစ် သန်းခေါင်းစာရင်း အရ စစ်တွေခရိုင်တွင် မွတ်ဆလင်ဦးရေ (၅၈၂၃၅) ရှိရာမှ ၁၉၀၁ ခုနှစ်တွင် သန်ခေါင်းစာရင်း အရ (၁၇၈၆၄၂) အထိ ရှိလာခဲ့သည်။ အစပိုင်းတွင် စပါးစိုက်ပျိုး ရာသီ၊ ရိတ်သိမ်းရာသီ တို့တွင်သာ လာရောက် လုပ်ကိုင်ပြန်သွားကြသော်လည်း နောက်ပိုင်းတွင် အခြေချ နေထိုင်လာကြသည်။
ထို့ကြောင့် လူဦးရေစာရင်း အလျှင်အမြန် တိုးတတ်လာခဲ့သော အခြေအနေကို တွေ့ရသည်။ ဘင်္ဂလားဒေသတွင် လူဦးရေ များပြားပြီး လုပ်ကိုင် စားသောက်ရန် မြေနေရာ နည်းပါး သဖြင့် မြန်မာနိုင်ငံ အတွင်း ရခိုင်ဒေသသို့ တစ်ဖြည်းဖြည်း တိုးဝင်လာမှုသည် ကိုလိုနီခေတ်တွင် အများဆုံးဖြစ်သည်။
ပြည်သူ့ကျန်းမားရေးဝန် ၏ ၁၉၃၀ -၃၁ အစီရင်ခံစာ အရ သာမန် အားဖြင့် တစ်နှစ်လျှင် စစ်တကောင်း ကူလီပေါင်း ၄၀၀၀၀ ကျော် ၀င်လေ့ရှိကြောင်း၊ ၁၉၃၁ သန်းခေါင် စားရင်း အရ စစ်တွေ ခရိုင်တွင်း အိန္ဒိယ ယောင်္ကျာပေါင်း ၂၅၀၀၀၀ ကျော် ရှိကြောင်းသိရသည်။ စစ်တွေ တွင်နေထိုင်သော အိန္ဒိယ သားများ အနက် ၈၈ % မှာ စစ်တကောင်းသားများဖြစ်သည်။

၁၉၃၄ တွင် ရခိုင်ဒေသသို့ ၀င်ေ၇ာက်လာသော စစ်တကောင်း ကုလား ဦးရေမှာ ၂၀၀၀၀ ဖြစ်သည်။
မောင်တော မြို့နယ်တွင် ၁၉၂၁ ခုနှစ်က လူဦးရေ စာရင်းအရ ဘင်္ဂါလား နယ်မှ မွတ်ဆလင် ၆၈၀၃ ယောက် ရှိပြီး တိုင်းရင်းသားမှာ ၂၂၆၀၆ သာ ရှိခဲ့သည်။ ခုနှစ်အလိုက် မွတ်ဆလင် တိုးပွားလာပုံမှာ..

ခုနှစ် လူဦးရေ
၁၉၂၁ ၆၈၀၃၅
၁၉၃၁ ၁၀၄၃၀၈
၁၉၄၁-၄၂ ၁၂၄၄၅၂
၁၉၅၆ ၁၈၇၇၉၂
၁၉၇၈ ၂၃၅၀၆၇
၁၉၈၁ ၂၄၁၉၉၃
၁၉၈၆ ၂၆၄၅၀၇
ဖြစ်သည်ကို တွေ့ရသည်။
မောင်တောမြို့နယ် တစ်ခုတည်းမှာပင် ၁၉၈၆ ခုနှစ် လူဦးရေသည် ၁၉၂၁ ခု နှစ်က လူဦးရေထက် နှစ်သိန်းနီးပါးမျှ တိုးတက်လာသည်ကို တွေ့ရသည်။ သို့ရာတွင် တိုင်းရင်းသား ဦးရေသည် ကိုလိုနီခေတ် က ၂၇% ရှိရာမှ ပါလီမန် ခေတ်တွင် ၃ % အထိ ကျဆင်းသွားသည်။ တိုင်းရင်းသား တို့သည် မွတ်ဆလင် တို့၏ ငြိမ်းခြောက်မှုကြောင့် တစ်ဖြည်းဖြည်း ယုတ်လျှော့လာသည်ကို တွေ့ရသည်။
မောင်တောမြို့နယ် တစ်ခုတည်းမှာပင် ကျေးရွာပေါင်း ၉၈ ရွာသည် စစ် အပြီးတွင် ပြန်လည် ထူထောင်နိုင်ခြင်း မရှိတော့ချေ။ ဘူးသီးတောင်မြို့နယ်တွင် ဒုတိယ ကမ္ဘာစစ် အထိ မွတ်ဆလင် ရွာပေါင်း (၇၅) ရွာ ရှိခဲ့ပြီး ယခုအခါ မွတ်ဆလင်ရွာ (၁၃၈) ထိရှိလာသည်ကိုတွေ့ရသည်။

ဘူးသီးတောင်မြို့တွင် ၁၉၄၂ ခုနှစ် အထိ မွတ်ဆလင်အိမ် (၁၇) အိမ်သာ ရှိပြီး လူဦးရေ အားဖြင့် ၁၀၀ ကျော်သာ ရှိခဲ့ရာ ၂၀၀၉ ခုနှစ်တွင် ဦးရေ ၂၈၀၀၀၀ ကျော် ရှိလာခဲ့ပြီး ၊ရ ခိုင်ဦးရေမှာ ၅၁၀၀၀ ကျော်သာ ရှိတော့သည်ကိုတွေ့ရသည်။
ထိုသို့ စစ်တကောင်း ကုလားများ အများအပြား ၀င်လာခြင်းသည် ၁၉၃၇ ခွဲရေး တွဲရေး၊ နိုင်ငံရေး အပြောင်းအလဲကြောင့် ဖြစ်သည်ဟု သိရသည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ၏ ဥပဒေ အရ မြန်မာနိုင်ငံကို အိန္ဒိယ မှ ခွဲထွက်ရန် ဆုံးဖြတ်ချက် အရ အိန္ဒိယ မှ ခေါင်းဆောင် ဆာကာနှင့် မြန်မာနိုင်ငံ အစိုးရဘက်မှ ဂဠန်ဦးစောတို့က လူဝင် လူထွက် စာချုပ် တစ်ခုကို ကြိုတင် ချုပ်ဆိုခဲ့ကြသည်။
ထို ဥပဒေအရ ဖြစ်လာမည့် မြန်မာနိုင်ငံ လူဝင် လူထွက် ဥပဒေများ အရ လိုက်နာဆောင်ရွက်ခြင်းများကို စာချုပ်ချုပ်ဆိုသောနေ့မှ စ၍ သုံးနှစ် အတွင်း ရပ်တန့်ထားရန် ပါရှိသည်။ အဆိုပါ ခွဲထွက်ရေးကို စတင်ဆွေးနွေး လိုက်သည်နှင့် စစ်တကောင်း ဘက်မှ ကုလားများနောင်တွင် အခွင့်အရေး မရတော့မည်ကို စိုးရိမ်ကာ အလုံး အရင်းဖြင့် ၀င်ရောက်လာကြရာ မောင်တောနှင့် ဘူးသီးတောင် တစ်လျှောက် လမ်းများပေါ်တွင် ၀င်လာသည့် ကုလားများ မြင်မကောင်းအောင် များပြားလှသည်ဟု ဆို၏။
ဦးစော-ဆာကာ စာချုပ် ကို အကာအကွယ် ယူကာ အမြဲတမ်းနေထိုင်ရန် ရည်ရွယ်ချက်ဖြင့် သုံးနှစ်သုံးမိုး ကာလ အတွင်း အများအပြား ၀င်လာရာ ရှိရင်း ရွာများထက် နှစ်ဆ ၊ သုံးဆ ပိုမို များပြားလာပြီး အိမ်ခြေနည်းပါးသော ရခိုင် ရွာတွင်ပါ ၀င်ရောက်နေထိုင်လာကြသည်ကို တွေ့ရသည်။
စစ်တကောင်းသားများ ၀င်ရောက်လာမှုကို စိုးရိမ်ရသည့် အခြေအနေတွင် ဒုတိယ ကမ္ဘာစစ် စတင်လာသဖြင့် မည်သို့မှ အကောင်အထည် မဖော်နိုင်ခဲ့ချေ။

No comments:
Post a Comment