Sunday, December 14, 2014

တစ်လင် တစ်မယား နဲ့ ဂေရှား


တစ်လင် တစ်မယား စနစ် ဥပဒေကြမ်း ကို အစိုးရ က လူသိ ထင်ရှားကြေညာ တင်ပြလာသော အခါ လှိုက် ခနဲ ဝမ်းသာ သွားသူများ က မြန်မာ အမျိုးသမီး အချို့ ဖြစ်ပါသည်။ အထူး သဖြင့် မြို့ပြ အသိုင်းအဝိုင်း က ဝင်ငွေကောင်းသော၊ ခင်ပွန်းဖြစ် သူ မယားပြိုင် ထားလာမည် ကို စိုးရိမ် စိတ်ပူနေကြသော အမျိုးသမီး များ ဖြစ်ပါသည်။ 

အဆိုပါ ဥပဒေကြမ်း အရ မြန်မာပြည် တွင် အမျိုးသား တစ်ဦးသည် အမျိုးသမီး တစ်ဦးနှင့် တရားဝင် ကွာရှင်း မပြတ် စဲကြောင်း မပြနိုင် သမျှ နောက်ထပ် မိန်းမ တစ်ယောက် ထပ်ယူခွင့် မရှိ။ မယားပြိုင် ဆိုတာ မရှိတော့ ပါ။
 
‘‘ကျွန်မ ကတော့ သိပ် ဝမ်းသာတယ်။ အဲဒီ ဥပဒေ ကို ကြိုဆိုတယ်။ နို့မို့ဆို အိမ်ထောင်ရေးဖောက်ပြန် တဲ့ မိန်းမတွေ က မယားငယ် မဟုတ်၊ မယားပြိုင် ဆိုပြီး သူများ အိမ်ထောင်ရေးတွေ ကို လိုက် ဖျက်ဆီးနေတာ။ ကျွန်မတို့ ပတ်ဝန်းကျင် မှာ ဒါမျိုးတွေ အများကြီး။ 

Saturday, December 13, 2014

တောင်ကိုရီးယား တက္ကသိုလ် က ဦးသိန်းစိန် အား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်

ဂုဏ်ထူးဆောင် ဘွဲ့ဝတ်စုံနှင့် သမ္မတ ဦးသိန်းစိန် ကိုတွေ့ရစဉ် (ဓာတ်ပုံ − Ye Htut FB)



 မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲရေး တွင် အောင်မြင်မှု များကြောင့် တောင်ကိုရီးယား နိုင်ငံ၊ ဘူဂယောင်း အမျိုးသား တက္ကသိုလ် က သမ္မတ ဦးသိန်းစိန် အား နိုင်ငံရေး ဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၁၁ ရက် က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် (၂၅) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ထိပ်သီး အစည်းအဝေး သို့ တက်ရောက်နေ သည့် သမ္မတ ဦးသိန်းစိန် အား အဆိုပါ တက္က သိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ချီး မြှင့်ခဲ့ကြောင်း သမ္မတ ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ် က ပြောသည်။ 

‘‘ပြုပြင်ပြောင်းလဲမှု များ အောင်မြင်မှုကြောင့် ပေးတာဖြစ် တယ်။ ဒီ ဂုဏ်ထူးဆောင် ဘွဲ့က လက်ရှိ ကိုရီးယား သမ္မတ (မစ္စ ပတ်ဂွန်ဟေး) ကို လည်း ဒီ တက္က သိုလ်က ပေးထားတယ်’’ဟု ၎င်း ကပြောသည်။


တန်ဖိုးနည်း အိမ်ရာနှင့် အိမ်ရာ ဝယ်ယူရေး ပံ့ပိုးရန် ဆောက်လုပ်ရေးဘဏ် က ဂျပန်ကုမ္ဗဏီ တစ်ခု ထံမှ နှစ်ရှည် ချေးငွေ ကန်ဒေါ်လာ ၁၀ သန်း ရယူမည်


ရန်ကုန် (မဇ္ဈိမ)။ ။ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များကို အကောင် အထည်ဖော်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က ဂျပန်နိုင်ငံ အခြေစိုက် Sawada Holdings Co., Ltd. မှ ကန်ဒေါ်လာ ၁၀ သန်း ချေးငွေ ရယူသွားမည် ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဇော် က မဇ္ဈိမကို ပြောသည်။

 Cheap-Building-1


ဒဂုံမြို့သစ်မြောက်ပိုင်း ဗိုလ်ဗထူး တန်ဖိုးသင့်အိမ်ရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)ဒေသအချို့တွင် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရန် နိုင်ငံတကာ ချေးငွေများ ထပ်မံရယူမည် ဖြစ်သည်။


ဒီဇင်ဘာ ၁၀ ရက် တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၌ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် Sawada Holdings Co., ltd. တို့ အကြား ချေးငွေ ဆိုင်ရာ နားလည်မှု သဘောတူ စာချုပ် လက်မှတ်ရေး ထိုး ခဲ့ပြီး ဖြစ်သည်။
 
ဂျပန် ကုမ္ပဏီ အုပ်စု မှ ရရှိသည့် ချေးငွေဖြင့် မြန်မာနိုင်ငံ အတွင်း လိုအပ်လျက် ရှိသည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များ တည်ဆောက်ရေး လုပ်ငန်းနှင့် အိမ်ရာ ဝယ်ယူရေး အတွက် အတိုးနှုန်း သက်သက် သာသာဖြင့် နှစ်ရှည်ချေးငွေ များကိုဘဏ် က ထုတ်ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက် သွားမည်ဟု ဘဏ် ၏ တာဝန် ရှိသူက ဆိုသည်။

Wednesday, December 10, 2014

Memory Card, SD ကဒ် များမှ delete လုပ် မိသော Data များ ကို ပြန် ရယူရန် နည်းလမ်း



 Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်ရယူရန် နည်းလမ်း 

ကွန်ပျူတာမှာ မမျော်လင့်ပဲ ဖျက်လိုက်မိလို့ ပြောင်းဆုံးသွားတဲ့ Data , file တွေကိုယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။

၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။

www.pandorarecovery.com/download/

၂။ Instll လုပ်ရပါမယ်။

၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။

၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။

၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။

၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။

၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။

၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။
---
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

#aungkham_yyl
#tech_yyl
.


ကွန်ပျူတာ မှာ မမျော်လင့် ပဲ ဖျက်လိုက် မိလို့ ပျောက်ဆုံး သွားတဲ့ Data , file တွေ ကို ယူဖို့ နည်းလမ်း မျှဝေပေး ခဲ့ပြီး ဖြစ်ပါတယ်။ 

ဒီ တစ်ခါ စာဖတ်သူတို့ အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာ သုံး SD ကဒ်များ အတွက် အချက် အလက် များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။

၁။ အောက်ပါ လခ့်တွင် ဒေါင်းလုခ်ဆွဲပါ။


Tuesday, December 9, 2014

အခန်း အရေ အတွက် တစ်သောင်း ရှိပေမယ့် တည်းခိုသူ မရှိတဲ့ ဟိုတယ်


10850065_747348678685160_3485055326975727525_n


ဂျာမနီနိုင်ငံ၊ ဘဲလ်တစ် ပင်လယ် (‪#‎Baltic_Sea‬)၊ ‪#‎Ruegen‬ ကျွန်းက သုံးမိုင်ကျော် ရှည်လျားတဲ့ သဲဖြူဖြူ နဲ့သောင်ကမ်း စပ် တစ်လျှောက် မှာ အခန်းအရေ အတွက် တစ်သောင်း ရှိတဲ့ကမ္ဘာ့ အကြီးဆုံး ဟိုတယ်ကြီး တစ်ခုရှိပါတယ်။ 

ဒါပေမယ့်လို့ စတင်ဆောက် လုပ်ပြီး ချိန်က စလို့ ယနေ့ အထိ သက်တမ်းနှစ် ၇၀ကျော် အတွင်း လာရောက်တည်းခို သူတော့ တစ်ဦး တစ်ယောက်မှ မရှိခဲ့ပါဘူး။
 

အဲဒါ ကတော့ Prora ဟိုတယ်ပါ။ ၁၉၃၉ ခုနှစ်မှာဆောက်လုပ်ပြီးစီး ခဲ့တဲ့ ဧရာမ အဆောက်အဦးကြီး တစ်ခု ဖြစ်ပြီး အဲဒီအချိန် ကနာဇီတွေ ရဲ့ (“Kraft durch Freude,” KdF) အစီအစဉ်ရဲ့ တစ်စိတ် တစ်ပိုင်းဖြစ် ပါတယ်။ 

 ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ ဂျာမန် လုပ်သားတွေ အတွက် အားလပ်ချိန်ဖျော်ဖြေ မှုနဲ့ နာဇီ ၀ါဒဖြန့်ချိရေးတို့အတွက်ပါ။
 


Prora ဟိုတယ်ဟာ ‪#‎Sassnitz‬ နဲ့ ‪#‎Binz‬ ဒေသကြားက ‪#‎Prora_Wiek‬ လို့ခေါ်တဲ့ ပင်လယ်ကွေ့မှာတည် ရှိပါတယ်။ 



ခြင်္သေ့ ၃ ကောင် ရဲ့ တရွတ်တိုက် ဆွဲခေါ်သွားခြင်း ကို ခံခဲ့ ရတဲ့ အမျိုးသား

 
 
လူ တစ်ယောက်ဟာ ဒီဇင်ဘာ ၇ ရက်နေ့က ဘာစီလိုနာ တိရိစ္ဆာန်ရုံ မှာ ခြင်္သေ့ လှောင်အိမ်ခြံဝန်း ထဲ ရောက် သွားပြီး ခြင်္သေ့တွေ ရဲ့ တိုက်ခိုက် ခြင်းကို ခံခဲ့ရပါတယ်။ 
 
ခန့်မှန်းခြေ အသက် ၄၅ နှစ် ၀န်းကျင်လောက် ရှိတဲ့ အမျိုးသားတစ်ယောက် ဟာ လှိုဏ်ခေါင်း တစ်ခုထဲ ကို ခြင်္သေ့ ၃ ကောင်ရဲ့ တရွတ်တိုက် ဆွဲခေါ်သွားခြင်း ကို ခံခဲ့ရပြီး ကြောက်မက်ဖွယ် တိုက်ခိုက် ခံခဲ့ ရပါတယ်။ 
 
သူ့ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပေမယ့် လည်း အကြိမ်ပေါင်းများစွာ ကိုက်ဖြတ် ခံထားရမှု ကြောင့် စိုးရိမ်ဖွယ် အနေ အထားနဲ့ ဆေးရုံ တင်ထားခဲ့ရပါတယ်။ မျက်မြင် သက်သေတွေရဲ့ ပြောကြားချက် အရတော့ ထို တိုက်ခိုက်ခံရသူ ဟာ သူ့သဘောနဲ့ သူ ခြင်္သေ့ လှောင်အိမ်ခြံဝန်းထဲ ကို ဆင်းသက် ခဲ့တယ်လို့ သိရပါတယ်။
 

Monday, December 8, 2014

ပြိုင်ကား ဝါသနာရှင် ကားများ ည မထွက်ရန် အချင်းချင်း သတိပေးထား ဟုဆို



 



ဒီဇင်ဘာ ၆ ရက် ညပိုင်းက ပြိုင်ကားများ ကို ဖမ်းဆီး စစ်ဆေးနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

 ပါဝါ အိတ်ဇော တပ်ဆင် ထားသည့် ကားများ ကို အရှိန်မြှင့် ဖမ်းဆီးနေ ၍ ပြိုင်ကား ဝါသနာရှင် များ စုစည်းထားသည့် MMSA အဖွဲ့ က ၎င်း၏ အဖွဲ့ဝင်  ကားများ ကို ညဘက် အပြင် မထွက်ရန် ညွှန်ကြား ထားကြောင်း သတင်း ရရှိသည်။

ယခု လက်ရှိ ဖမ်းဆီးနေသည့် ကားများ တွင် ပြိုင်ကား ပါဝင်မှု နည်းပါးပြီး ပြင်ပ ကားများ က ပါဝါ အိတ်ဇော များ တပ်ဆင်မောင်းနှင်ခြင်းဖြစ်ကြောင်း MMSA  တာဝန်ရှိ သူ ကိုမျိုးဟန် ကပြောသည်။


တစ်လင် တစ်မယား စနစ်နှင့် ပြည်သူ့အသံ



မျိုးစောင့် ဥပဒေကြမ်း များကို ယခု ရက်ပိုင်း  အတွင်း အများပြည်သူသို့ ချပြခဲ့သည်။ ဒီဇင်ဘာ ၃ရက် က ချပြ ခဲ့သည့် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်း  ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက် ၍ မြို့ပြနေ လူထု အကြား ကြိုဆို၊ ကန့်ကွက်၊ ဝေဖန် သံများ ညံသွား ခဲ့သည်။

တရားဝင် အိမ်ထောင် ရှိလျက်နှင့် ထပ်မံ လက်ထပ် ပါက ထိုသူ  ကို ထောင်ခုနစ်နှစ် အထိ ချမှတ်နိုင်သည် ဟု ယင်း ဥပဒေကြမ်းက ဆိုသည်။ ယင်း ဥပဒေကြမ်း အပေါ် အမျိုးသမီး၊ အမျိုးသား၊ ဥပဒေပညာရှင် တို့၏ ထင်မြင် ယူဆချက် များကို ယနေ့ ပြည်သူ့ အသံ ကဏ္ဍတွင် စုစည်းဖော်ပြလိုက် ပါသည်။

ဒေါက်တာ ဘုန်းမြင့်ဝင်း (ဌာနေ ကိုယ်စားလှယ်) (Burnet Institute)

တစ်လင် တစ်မယား စနစ်ပဲဖြစ်ဖြစ်၊ မယားပြိုင် ယူနိုင်တဲ့ စနစ်ပဲဖြစ် ဖြစ် အရေးကြီးတာ အပြု အမူပါပဲ။ စနစ် တစ်ခုကြောင့် ထိခိုက်မှုတွေ ရှိ တာ မဟုတ်ဘဲ အပြုအမူကြောင့် ထိခိုက်မှုတွေ ရှိတာပါ။ 


Sunday, December 7, 2014

Sexy Dance ဖြင့် ဖျော်ဖြေသည့် နေ့နှင့် ည ကလပ် များကို သတိပေး

ရန်ကုန်မြို့တွင် ပထမဆုံး အကြိမ် လူသိရှင်ကြားပြုလုပ် ခဲ့သည့် Sexy Dance ဖျော်ဖြေပွဲ တစ်ခု မြင်ကွင်း 
(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 
 
ရန်ကုန်မြို့ တွင်း ဖွင့် လှစ်လျက် ရှိသည့် နေ့ကလပ်နှင့် ညကလပ် များတွင် Sexy Dance ဖျော်ဖြေမှု များကို သတိပေး လိုက် ပြီး ထပ်မံတွေ့ရှိ ပါက လုပ်ငန်း လိုင်စင် ပိတ်သိမ်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၆ ရက် က နေ့ ကလပ် ဖွင့်လှစ် ထားသည့် လုပ် ငန်းရှင်ခြောက်ဦး ကို ဖိတ်ခေါ် သတိပေးရာ တွင် တစ်ဦး မှာ တက် ရောက်ခြင်း မရှိဟု သိရပြီး ယခုကဲ့ သို့ ဒေသန္တရ အမိန့် ကို သုံးလ တစ်ကြိမ် ထုတ်ပြန် သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘နေ့၊ ည ကလပ်တွေ ခွင့်ပြု ထားတာ မရှိဘူး။ ခိုးပြီး လုပ်နေကြ တာ။ ဒီတစ်ခါ မရတော့ဘူး။ လုပ် ငန်း ရှင်တွေ ကို လည်း တွေ့ဆုံ အသိပေး ထားတယ်။ Hotel Yangon ကိုလည်း အရေးယူထားတယ် ။ နောက် လုပ်ရင် လိုင်စင် ပိတ်တဲ့ အထိ အရေးယူမယ် ပြောထား တယ်’’ဟု အနောက်ပိုင်း ခရိုင်ရဲ တပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းကြည် ကပြောသည်။

Saturday, December 6, 2014

လူ ရေးတဲ့ ခွေး ဝတ္ထု





 (၁) လူတွေ ဟာ သိပ်ခက် တယ်ဗျ။  သူတို့ အကြောင်း အကောင်း ဘက်က ချီးမွမ်းပြောဆို ရင်သာ ပါးစပ် ကြီးဖြဲပြီး တဟဲဟဲ နဲ့ သဘောကျနေ တတ်တာ၊ အားနည်း ချို့ယွင်းချက်၊ အလွဲ အမှား တစ်စုံ တစ်ရာ ကိုများ သွားထောက်ပြမိလို့ ကတော့ ကမ္ဘာရန် လို့သာ မှတ်ပေတော့ဗျို့။ 

ရန်ငြိုး သိုတာ ၊ လက်စားချေ  တာ၊ လမ်းမှာတွေ့ရင် တောင် မခေါ်နိုင်၊ မပြောနိုင်ဖြစ်တတ် တာတွေ အများ သား ကလား။ ဒီတော့ လူတွေ အကြောင်း မပြောပဲ ခွေးတွေ အကြောင်းပြောတာ က နောက်ဆက်တွဲပြဿ    နာ ကင်းလောက်မယ်ထင်ပါရဲ့။

 “ငါ့ အကြောင်း မဟုတ်တမ်း တရား၊ အမနာပတွေရေးတဲ့ လူ” ဆိုပြီး လမ်းမှာချောင်းကိုက် မဲ့ ခွေးရယ် လို့တော့ မရှိလောက် ပါဘူး။ ဒီတော့ခွေး အကြောင်းပဲ ပြောကြ ပါစို့ ရဲ့။ 

အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း ၏ ပဉ္စမ ဇနီး ရတနာ နတ်မယ်

 Tomorrow's photo.


ရတနာ နတ်မယ် သည် ကနောင် မင်းသားကြီး ၏ မြစ်တော် ဖြစ်ပြီး ၄င်း၏ မိခင် မှာ မင်းမျိုး မင်းနွယ်  ဖြစ်သော လင်းပင် ထိပ်တင် မလတ်ဖြစ်ပါ သည်။ သူမ ၏ ဖခင် မှာ Mr.Herbert Bellamy ဖြစ်ပါသည်။ ရတနာ နတ်မယ် ကို ၄င်း၏ မိဘ များသည် အသက်ကြီး မှ မွေးဖွားသည့် အတွက် နတ် ကပေးသော ကလေး ဟု ဆိုကာ ရတနာ နတ်မယ် ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။

 ငယ်စဉ်က ရတနာ နတ်မယ် သည် ပြင်ဦးလွင်မြို့ စိန်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်း တွင် အထက်တန်း ထိ ပညာ သင်ကြားခဲ့ပြီး မြင်းစီးခြင်း၊ တန်းနစ် ရိုက်ခြင်း တို့တွင် ထူးချွန်သူ ဖြစ်ပါသည်။ အရပ် အမောင်း ကောင်းပြီး ဖခင် မှာ မျက်နှာဖြူ ဖြစ်သည့် အတွက် အသားဖြူပြီး၊ မိခင်မှာ မဟာမျိုးနွယ် ဖြစ်သောကြောင့် အလွန်နန်းဆန် သူ ဖြစ်ပါသည်။

ရတနာနတ်မယ် သည် သူ့ခေတ် သူ့ အခါက ယနေ့ စကားဖြင့် ပြောရလျှင် အလွန်လန်းပြီး၊ မိုက်သူဖြစ် ပါသည်။ ရတနာ နတ်မယ် သည် ၁၉၅၄ ခုနှစ် တွင် မန္တလေး သင်္ကြန်၌ ပြည်ထောင်စု အလံ ကို ဖက်ရှင် ထွင်ပြီး ထမိန် ချုပ် ၀တ်သည့် အတွက် ဒဏ်ငွေ ရိုက်ခြင်း ခံရပါသည်။ 


ထိုစဉ် ကာလ က ရတနာနတ်မယ် ၏ အလှ တွင် ယစ်မှုး ခဲ့သော ဗိုလ်ချုပ်ကြီး နေ၀င်း ၏ ကိုယ်ရံတော် တစ်ဦးဖြစ်သူ ဗိုလ်ကြီး တင်ဦး ဆိုသူ သည် ရတနာ နတ်မယ်  မရ ၍ မိမိကိုယ် ကို suicide လုပ်သွားခဲ့ ပါ သည်။ ထိုစဉ် အခါက ရတနာနတ်မယ်နှင့် အတွဲဆုံး သူမှာ ကွယ်လွန် ခဲ့ပြီ ဖြစ်သော ဗိုလ်မှူးကြီး ကြည်မောင် (Colonel G.S) ဖြစ်ပါသည်။ 

Friday, December 5, 2014

ထူးဆန်းသော ဝိညာဉ် ကမ္ဘာ

 












ကမ္ဘာကျော် ရုပ်ရှင် သရုပ်ဆောင် မင်းသားကြီး ရော်ဂျာမိုး သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာမှ အခန်း တံခါးကို တစ်စုံ တစ်ဦး လာခေါက်သည့် အသံကြောင့် လန့်နိုးလာသည်။ သူ့နဖူး တွင် ချွေးတွေ စိုရွှဲနေ သည်။ 

အီဂျစ်နိုင်ငံ ၏ ပူအိုက်သော ရာသီ ဥတု ကြောင့်လော ဟု ဝေခွဲ၍ မ ရဖြစ်နေသည်။ သူ့စိတ်တွင် တစ်စုံ တစ်ဦး သူ့ အခန်းတံခါး ကို ခေါက်သည့် အသံကို သေသေ ချာချာ ကြားရသည် ဟု ထင်မိသည်။ အိပ်မက် မက်နေ သလော။ သူသည် သတ္တိ အလွန်ရှိသော လူ တစ်ယောက် မဟုတ်သော်လည်း အကြောင်း မဲ့ ကြောက် တတ်သူ တစ်ယောက် မဟုတ်ပါ။ ထူးထူးခြားခြား ကြက်သီးမွေးညင်း များ ထနေသည် ဟုထင် မိသည်။

သူ တည်းခိုနေသော အိမ်ကြီး တစ်အိမ် လုံးမှာလည်း ကျောချမ်း ဖွယ် ကောင်းလောက်အောင် ငြိမ် သက်နေ သည်။ ခပ်လှမ်းလှမ်း ရှိ လမ်းမကြီးပေါ်မှ ကား တစ်စီးဖြတ်မောင်း သွားသော အသံ၊ ခွေးဟောင် သံနှင့် အိမ်ကြီး ၏ ခြံဝန်း အတွင်းရှိ ပန်းချုံ  များမျှ ကျင်းရိလေးတွဲ စွာ အော်နေသော ပုရစ် တို့ အသံသာ ကြားနေ ရ၏။


အဘပြောဘူး တဲ့ အနားယူခြင်း ပုံပြင်


တစ်ခါတုန်း က အလက်ဇင်းဒါး သဂရိတ် လို့ခေါ်တဲ့ စစ်သူရဲကောင်းကြီး တစ်ဦး ရှိခဲ့ ဘူးတယ်။ တစ်နေ့မှာ သူဟာ မြစ်ဆိပ် တစ်ခုကို လမ်းလျှောက်ရင်း မြစ်ကမ်း နဖူး သဲပြင်ပေါ် မှာ အ၀တ် အစား ဗလာကျင်း တုံးလုံး လှဲအိပ်နေ တဲ့ ဒိုင်အိုဂျင် ဆိုတဲ့ သူတောင်းစား တစ်ဦးကို မြင်တွေ့ရတယ်။

အဲဒီ စစ်သူရဲကောင်းကြီး ကလည်း အဲဒီ သူတောင်းစား ဒိုင်အိုဂျင် ကို သိပါတယ်။ အဲဒီ ဒိုင်အိုဂျင် ဟာ ကိုယ်လုံး ကိုယ် ပေါက် အလွန် လှတယ်။ မျက်နှာ ကလည်း ဥပဓိရုပ် အလွန်ကောင်းတယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်း ဒါးသဂရိတ် က...“ အို.... ဆရာသမား၊ ကျုပ် ဘာ များ ခင်ဗျား အတွက် လုပ်ပေး ရမလဲ ” လို့ ရိသဲ့သဲ့ စကားမျိုး နဲ့ မေး လိုက်တယ်။

အဲဒီ အခါ မှာ သူတောင်းစား ဒိုင်အိုဂျင် က “ အလက်ဇင်းဒါး သဂရိတ် ဆိုတဲ့ လူ ကို ပြောချင် တာက ဘာမှ လုပ်မ ပေးပါ နဲ့။ ဒီနား က နည်းနည်း ဖယ်ပေးစမ်း ပါ။ နေဆာလှုံနေတာ အရိပ်ကွယ် လို့ပါ။ ဒီ့အပြင် ဘာမှ လုပ်ပေးစရာ မလိုပါဘူး ” လို့ ပြန်ပြော လိုက်တယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်းဒါး သဂရိတ် က နေရိပ် မကွယ် အောင် နေရာ ဖယ်ပေး လိုက်တယ်။


Wednesday, December 3, 2014

လွမ်းညို့သွေးတဲ့ ဆောင်းလေပြေ



မနက် မိုးလင်းလို့ မျက်စိ ဖွင့်လိုက်ပြီ ဆိုတာနဲ့  မျက်စိရှေ့  မှာ မောင့်ကို  အပြေးအလွှား လိုက်ရှာ တတ်တာ အကျင့်ဖြစ်နေခဲ့ ပါပြီ။ မောင်အေးချမ်း စွာ အိပ်စက်နေတယ် ဆိုတာ ကို မြင်ရတော့ မှ ကျွန်မ အိပ်ယာထဲ ကနေ အသံ မထွက်အောင် ဖယ်ခွာ ခဲ့ပြီး လုပ်ရိုး လုပ်စဉ် ကိစ္စတွေ နဲ့ နေ့ သစ်တွေ ကို နှုတ်ဆက်ရ စမြဲပေါ့။ 

တစ်ခါ က ကျွန်မ ညဘက် စာရေးနေ လို့ အိပ်ယာ ၀င်တာ သိပ်နောက်ကျ သွားခဲ့ပြီး မနက်ကို ပုံမှန် အချိန် မနိုးပဲ အိပ်ပျော် သွားမိတယ်။ ကျွန်မ မျက်နှာပေါ် နေရောင်ခြည်နုနု က လာရောက် တိုးဝင်တော့ မှ ချက်ချင်း ဆိုသလို ရှေ့  မှာ မောင့် ကို အရင်ဆုံး ကြည့်မိတယ်။ 

အိမ်နောက်ဖေး ကို အမြန် ပဲပြေးဆင်း သွားပြီး ဂန္ဒမာ ပန်းခင်းတွေ ထဲ၊ စတော်ဘယ်ရီ ခင်းတွေထဲ၊ မက်မွန် ပင်တွေကြားထဲ မှာ မောင့်ကို အပြေး လိုက်ရှာ မိတယ်။ ရေမွှေးပန်းတွေ ကို ပန်းကိုက် တဲ့ ကပ်ကြေးလေး နဲ့ အသာ အယာ လိုက်ညှပ်နေပြီး လက်ထဲမှာ လည်း ပန်းတွေ တပွေ့  တပိုက် နဲ့ မောင့် ကို တွေ့ လိုက် ရတော့ မှ ကျွန်မ သက်ပြင်း ချနိုင်ခဲ့တာ ပါ။ 

ဘဝ ကို အရှုံး မပေးသော ၈၃ နှစ် အရွယ် အဖွားအို


ဘဝကို အရှုံးမပေးသော ၈၃ နှစ်အရွယ် အဖွားအို

အန္ဒိယနိုင်ငံ အရှေ့ ပိုင်း Pali မြို့ မှာ နေထိုင်တဲ့ အသက် ၈၃ နှစ်အရွယ် အဖွားအို ဖြစ်ပါတယ်။ 

သားတစ်ဦးတည်းရှိပြီး သားဖြစ်သူဟာ နှလုံးရောဂါကြောင့် ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ မကွယ်လွန်ခင်က တောက်လျှောက်သားဘေးမှာ နေပေးခဲ့ပါတယ်။ ယခုတော့ အလုပ်ပြန်လုပ်နေပါပြီ။ Pali မြို့ ကနေ Shila မြို့ ကို ဘတ်စ်ကားတိုးစီးပြီး ယခုလို ဈေးရောင်းစားပါတယ်။ 

သာမန် သူ့အရွယ်အမျိုးသမီးတစ်ယောက် သူ့ဒေသမှာဆိုရင် ဒီလို အားကိုးသူမရှိရင် တောင်းစားတဲ့ ဘဝကို အများစု ရောက်တယ်လို့ ဆိုပါတယ်။ သူမ ကတော့ အဲ့လိုမဟုတ်ပဲ မြို့ တစ်ခုကနေ တစ်ခု ကူးပြောင်းလို့ အပင်ပန်းခံပြီး ဈေးရောင်းပါတယ်။ 

အစိုးရအနေနဲ့ သက်ကြီး ရွယ်အိုများအတွက် ကျန်းမာရေး ပြုစုစောင့်ရှောင့်မှု မတတ်နိုင်သေးတဲ့ ခေတ်ကာလမှာ ယခုလို ကိုယ်အားကိုယ်ကို ရပ်တည်တဲ့ ၈၃ နှစ်အရွယ် အမျိုးသမီးဟာ အသက် ရှင်တဲ့ ဘဝတစ်လျှောက်လုံး အလုပ်လုပ်သွားမယ်လို့ ဆိုပါတယ်။ 
--
Ref:postivemed
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

#aungkham_yyl
#news_yyl
--

အန္ဒိယနိုင်ငံ အရှေ့ ပိုင်း Pali မြို့ မှာ နေထိုင် တဲ့ အသက် ၈၃ နှစ် အရွယ် အဖွားအို ဖြစ်ပါတယ်။
သားတစ်ဦး တည်း ရှိပြီး သားဖြစ်သူ ဟာ နှလုံးရောဂါကြောင့် ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။ 

မကွယ်လွန်ခင် က တောက်လျှောက် သားဘေး မှာ နေပေးခဲ့ ပါတယ်။ ယခုတော့ အလုပ်ပြန်လုပ်နေ ပါပြီ။ Pali မြို့  ကနေ Shila မြို့  ကို ဘတ်စ်ကား တိုး စီးပြီး ယခု လို ဈေးရောင်းစား ပါတယ်။


ဖုန်း ဘက်ထရီ နှင့် ပက်သက်၍ သတိထား ဆောင်ရွက်ရန်

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ သတိထား ဆောင်ရွက်ရန် 

ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်းနဲ့ ပက်သက်လို့ ရှောင်သင့်တဲ့အချက်လေးတွေ ကတော့ -

- အားသွင်းစဉ် ဖုန်းပြောခြင်း

Safety Factor ဘယ်လိုပဲ ထားထား အားသွင်းစဉ် ဖုန်းပြောတဲ့ အမူအကျင့် ကို ရှောင်ကိုရှောင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီရဲ့  အလုပ်ပိုပြီး အပူလွန်ကဲစေပါတယ်။

- အာမခံချက်မရှိသော ဘက်ထရီအစားထိုးခြင်း

ဘက်ထရီဝယ်တဲ့အခါ အော်ရီဂျင်နယ် သာ ဝယ်ရမှာ ဖြစ်ပါတယ်။ Power Voltage သတ်မှတ်ချက် တိတိကျကျရှိမှ ဖုန်းနဲ့သင့်တော်မှာပါ။ မဟုတ်ရင် ဖုန်းကိုလည်း ထိခိုက်ပြီး အသုံးပြုတဲ့သူကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ ဈေး သက်သာတာကိုပဲ ကြည့်ပြီး ဘက်ထရီ အတုများ၊ Official ထုတ်ကုန်များ မဟုတ်တာကို သုံးစွဲခြင်းဟာ recommend မပေးပါဘူး။

- ဖုန်းကို အပူချိန်ပြောင်းလဲထိတွေ့မှု သတိထားခြင်း

အားသွင်းပြီး ပူနေတဲ့ ဖုန်းကို ရုတ်တရက် အလွန်အေးတဲ့ ပတ်ဝန်းကျင်ဆီ ယူသွားလိုက်တာမျိုးကို ရှောင်ဖို့ ဖြစ်ပါတယ်။ ဒါက အအေးပိုင်းဒေသတွေ မှာ ပိုဂရုစိုက်ရမယ့်အချက် ဖြစ်ပါတယ်။ အပူချိန် ရုတ်တရက်ပြောင်းလဲမှုဒဏ်ကို ဘက်ထရီတို့ မခံနိုင်ပါဘူး။

- အားအလွန်အကျွံသွင်းခြင်း

အားပြည့်တဲ့အခါ ဖုန်းကို အားသွင်းခြင်း ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ဆက်တိုက်ဆီးဝင်နေမှုကြောင့် အားပြည့်ရင် ဖြတ်တောက်တဲ့ စနစ်မျိုး ဘယ်လိုပဲ ထားပေးထားပေး Manually လုပ်တာလောက် စိတ်မချ ရပါဘူး။ အခန့်မသင့်ရင် အပူချိန်လွန်ကွဲပြီး မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲ မှု ဖြစ်စေပါတယ်။ အားပြည့်ရင် စမတ်ဖုန်းရယ်မှ မဟုတ်ပဲ ဘယ် အီလက်ထရောနစ် ပစ္စည်းမဆို ခလုပ်ပိတ်ပြီး ပစ္စည်းဖြုတ်ရမှာ အခြေခံ သိနေရ၊ လုပ်နေရမယ့် အချက်ပဲ ဖြစ်ပါတယ်။

- အားမသွင်းမှီ ရေစိုမစို စစ်ဆေးခြင်း

အားသွင်းချိန်တင်မကပါဘူး။ ဘက်ထရီသာ ရေစိုနေရင် ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုဖို့မသင့်တော်ပါဘူး။ ရေငွေ့အရမ်းများနေရင်လည်း လျှပ်စစ်ရှော့ ဖြစ်တတ်ပါတယ်။

.
ဒီလောက်ဆိုရင် စမတ်ဖုန်း ဘက်ထရီနဲ့ ပက်သက်လို့ ရှောင်ရှာသင့်တဲ့ အကြမ်းဖျဉ်း သိသင့်တဲ့အချက်များ သိရှိပြီလို့ မျှော်လင့်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/science-tech/mobile/40258-be-aware-of-smartphone-battery

#aungkham_yyl
#tech_yyl
#knowledge_yyl
.


ဒီ တစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရ တဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ် ထဲမှာ ပေါက်ကွဲ တဲ့ သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှု နဲ့ ပက်သက်တဲ့ သတင်း များ၊ လူသေမှု သတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် က စလို့ သိသိ သာသာ မြင့်တက် လာတဲ့ သတင်းတွေ ပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည် မှာပါ။ အကြောင်း ကတော့ အာမခံချက် နည်း တဲ့ ပစ္စည်းကြောင့် မို့ ဖြစ်ပါတယ်။ 

ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန် လွန်သွင်း တာတွေကြောင့်ရော ဖြစ်ပါတယ်။
Apple ကတော့ ပြန်လည် စစ်ဆေးမှုပြုလုပ်နေတယ် လို့ ဆိုပါတယ်။ 

၇ နှစ် အတွင်း ကမ္ဘာ ပျက်မည် ဟု ခန့်မှန်း

၇ နှစ်အတွင်း ကမ္ဘာပျက်မည်ဟု ခန့်မှန်း

အမေရိကန်နိုင်ငံ အခြေဆိုက်တဲ့ American Christian အဖွဲ့တစ်ခုဟာ ကမ္ဘာကြီးက နောက်ထပ် ၇ နှစ်ပြည့်ပြီးနောက် ပျက်ဆီးတော့မှာ ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့ ပါတယ်။

ကမ္ဘာပျက်တဲ့ ယင်း Apocalypse ကြီး ဖြစ်လာတဲ့အခါ the Antichrist လို့ခေါ်တဲ့ Christian ဘာသာကို ဆန့်ကျင်သူတို့ ကြီးစိုးမယ့် အချိန်ကာလ ဖြစ်ပြီး ယင်း ကာလ ရောက်တဲ့အခါ ပျက်ဆီးသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ကမ္ဘာပျက်ရန် bible လာ အချက်များ အတိုင်း ကြည့်တဲ့အခါ လက္ခဏာရေး ၇ ချက် ပြသထားခဲ့ပြီး ဖြစ်ပြီး  လက်ရှိမှာ ၅ ချက်ဟာ ဆက်လက် ဖြစ်ပေါ်နေပြီး နောက်ထပ် ၁၅ ချက် ဟာလည်း ဆက်လက် ဖြစ်ပေါ်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ 

 President of the World Bible Society ဖြစ်တဲ့ Dr F Kenton Beshore ဟာလည်း  ‘the Rapture’ will occur between now and the year 2021, with Jesus arriving to lend a hand between 2018 and 2028. လို့ ဆိုပါတယ်။ 

ယခုလက်ရှိ စစ်ဖြစ်နေမှု၊ နိုင်ငံချင်း မပြေလည်မှုများကလည်း ကမ္ဘာပျက်ရန် လက္ခဏာရေးများထဲမှာ ပါဝင်တဲ့ အချက်များ ဖြစ်ကြောင်း ဆိုပါတယ်။

အသေးစိတ်ကို http://metro.co.uk/2014/11/28/the-world-will-end-within-seven-years-christian-group-predicts-4965947/ မှာ ဖတ်ရှု နိုင်ပါတယ်။ 

ဒါဟာ လူအားလုံးရဲ့ သဘောထားလည်း မဟုတ်ပါဘူး။ အမေရိကန်မှာ ရှိတဲ့ ဘာသာရေး အဖွဲ့ တစ်ခုရဲ့ ယူဆထင်မြင်ချက် တစ်ခုသာ ဖြစ်ပြီး ၎င်းတို့ ဘာသာ တူချင်းမှာပဲ ကွဲလွဲမှုများစွာ ရှိနေပါသေးတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ သတင်း ဂယက်က အတော်လေး ရိုက်ခက်ခဲ့ပြီး ၂၀၁၀၊ ၂၀၁၁ ကာလ တို့မှာ ယင်းကို ယုံကြည်သူ အင်မတန် များပြားခဲ့ပါတယ်။ ဒီတစ်ခါ အတွက်ကတော့ အခြား အဖွဲ့အစည်းများရဲ့ ထင်မြင်ချက်များ မသိရသေးပါဘူး။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
#aungkham_yyl
#news_yyl
.

အမေရိကန်နိုင်ငံ အခြေစိုက် တဲ့ American Christian အဖွဲ့ တစ်ခု ဟာ ကမ္ဘာကြီး က နောက်ထပ် ၇ နှစ်ပြည့်ပြီးနောက် ပျက်စီး တော့မှာ ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့ ပါတယ်။

ကမ္ဘာ ပျက်တဲ့ ယင်း Apocalypse ကြီး ဖြစ်လာတဲ့ အခါ the Antichrist လို့ခေါ်တဲ့ Christian ဘာသာ ကို ဆန့်  ကျင် သူတို့ ကြီးစိုး မယ့် အချိန်ကာလ ဖြစ်ပြီး ယင်း ကာလ ရောက်တဲ့ အခါ ပျက်စီး သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ 

ကမ္ဘာ ပျက်ရန် bible လာ အချက် များ အတိုင်း ကြည့်တဲ့ အခါ လက္ခဏာရေး ၇ ချက် ပြသ ထားခဲ့ပြီး ဖြစ်ပြီး လက်ရှိ မှာ ၅ ချက် ဟာ ဆက်လက် ဖြစ်ပေါ်နေပြီး နောက်ထပ် ၁၅ ချက် ဟာလည်း ဆက်လက် ဖြစ်ပေါ် မှာ ဖြစ်ကြောင်း ဆိုပါတယ်။ 


President of the World Bible Society ဖြစ်တဲ့ Dr F Kenton Beshore ဟာလည်း ‘the Rapture’ will occur between now and the year 2021, with Jesus arriving to lend a hand between 2018 and 2028. လို့ ဆိုပါတယ်။