သင်ဟာ မိဘကို ချစ်မြတ်နိုးတဲ့ သားသမီးတစ်ယောက်ဖြစ်တယ်ဆိုရင်.. ..အောက်ပါစာလေးကို တခဏ အချိန်ပေးပြီး ဖတ်ကြည့်စေချင်ပါတယ်....။ ။တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွား...ခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ မင်းနဲ့ သွေးချင်းအရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ.... ဒါကြောင့် မိဘတွေရှိတုန်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ... မိဘတွေကို မင်းအတွက် စိတ်မပူ ပါစေနဲ့... မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ... ဘာလို့လဲဆိုတော့ သားသမီးတွေဆိုတာ မိဘတွေရဲ့ နှလုံးသည်း ပွတ်ဖြစ်နေလို့ပါပဲ။
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ မင်းကို စိတ်ရင်းစေတနာ နွေးထွေး တဲ့ အကြင်နာ နဲ့ ယုယစွာချစ်မဲ့သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ.... ဘယ်မိဘကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ သားသမီးတွေပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး.... ဒါကြောင့် အချိန်ရပြီဆိုတာနဲ့ အိမ်ကိုပြန်ပြီး မိဘတွေနဲ့ တွေ့ပါ....ကိုယ့်အိမ် မဟုတ်တဲ့ စားသောက် ဆိုင် ပျော်ပွဲစားရုံတွေမှာ အချိန်ကုန်နေမဲ့အစား မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ.... ဘာလို့လဲဆိုတော့ မိဘတွေဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ်လို့ပါပဲ....
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ မင်း ထမင်းမစားချင်တဲ့အခါ.. ဂရုတစိုက် ကျွေးမွေးမဲ့ သူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ.... ဒါကြောင့် အပြင်မှာ ဘယ်လောက် အလုပ်များများ...အိမ်ပြန်ပြီး မိဘတွေနဲ့ အတူတူ ထမင်းလက်ဆုံစားပါ... ဘာလို့လဲဆိုတော့ မိဘတွေမရှိတော့မှ သူတို့နဲ့အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ပါပဲ....
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ...မင်းကို နေကောင်းရဲ့လား ...အလုပ်အဆင်ပြေရဲ့ လား...ပိန်သွားလား..၀ နေလား..ဆိုပြီး ဂရုစိုက်မဲ့သူနှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ.... တကယ်တော့ လူတစ်ယောက်ကို ဂရုစိုက်ရတယ်ဆိုတာ အပင်ပန်းဆုံး ပါပဲ...တော်ရုံလူက မင်းကို အမြဲ ဂရုစိုက်နေဖို့ဆိုတာ မလွယ်ပါဘူး... ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ...သူတို့ကို အထူး ဂရုစိုက်ပါ...အဝေးရောက်နေခဲ့ရင် လဲ မိဘတွေနဲ့ အမြဲဖုန်းဆက်သွယ်ပါ...ကိုယ့်ရဲ့ အခြေအနေကို ပြောပြသလို မိဘတွေ ရဲ့ ကျန်းမာရေးကိုလဲ အလေးထားပါ... ဘာလို့လဲဆိုတော့ သူတို့ နာမကျန်းတဲ့ အခါ...အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ပါပဲ...
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်.... ဒီလောကမှာ မင်းကို အဆုံးအစမရှိ မေတ္တာအနန္တနဲ့ ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ.... ဒါကြောင့် မိဘတွေကို စိတ်မထိခိုက် ပါစေနဲ့...မိဘတွေရှိတုန်းမှာ ပျော်ရွှင်မှုများများပေးပါ....
မင်းမှာ အချိန်မရှိဘူးလို့စောဒက မတက်ပါနဲ့...အလုပ်အရမ်းများတယ်လို့ မညည်းတွား ပါနဲ့....ကိုယ့်ရဲ့ အချိန်တွေကို တခြားသူတွေ ဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့... မိဘတွေရဲ့ ရင်ထဲမှာ သင့်တစ်ယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ.... သူငယ်ချင်းဆုံးရှုံးသွားရင် ပြန်ရှာလို့ရတယ်...အလုပ်မရှိတော့ ရင်...အလုပ်အသစ်ရှာလို့ရတယ်... ယုတ်စွအဆုံး နှလုံးသားတစ်ခုဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ရပါတယ်... ဒါပေမဲ့ မိဘတွေမရှိတော့ဘူးဆိုရင်တော့ ဘယ်အရာနဲ့ မှ အစားထိုးလို့ရမှာ မဟုတ်တော့ပါဘူး....
{ မိဘကျေးဇူး ဆပ်နိုင်ကြပါစေ }
From...Facebook
No comments:
Post a Comment